မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဆိုတဲ့ မြန်မာ့အကြောင်း နားစွန်နားဖျား အကြားနဲ့ ရမ်းတုတ်နေတဲ့ နှစ်ယောက် တစ်ပိုင်း အဖွဲ့က ကြေညာချက် ထုတ်လို့ တောင်းဆိုတယ်တဲ့ဗျား။ နားထောင် လိုက်ပြန်တော့လည်း တစ်ခါလာလည်း မွဲပြာပုဆိုး ဆိုသလို ခင်ဥမ္မာဆိုတဲ့ မျိုးဖျက်မက မြန်မာအစိုးရကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးမှာ အာဆီယံနိုင်ငံတွေ အနေနဲ့ ထောက်ခံ ပါဝင်ကြဖို့ ဆိုပြီးတော့ တောင်းဆိုတယ်ပေါ့လေ။
ကျုပ်ဖြင့်လေ၊ စိတ်ကုန်လိုက်တာ လွန်ပါရော။ ဒီနိုင်ငံမှာပဲ ဒီလိုလူတွေ ရှိနေကြတာလားမသိ၊ အရပ်တကာ လှည့်လို့ မရှိမဲ့ရှိမဲ့ ဗဟုသုတလေး နှစ်ကျပ်သားလောက်နဲ့ တိုင်းပြည် ဂုဏ်သိက္ခာကို လိုက်ဖဲ့ နေကြတာ။ ဒါမျိုး ဘယ်နိုင်ငံမှာမှ ရှိပုံမရ၊ ကြားတောင် မကြားဖူးရပါလား ဟရို့။ ပြည်တွင်း ဖြစ်စဉ်တွေကိုလည်း ဘာမှ သိတာမဟုတ်၊ သူများအပြောနဲ့ နားစွန်နားဖျား ကြားရတာလေး အရင်းတည်လို့ မြန်မာပြည် လူထုကပဲ သူတို့ကို ကိုယ်စားလွှတ်လိုက် သယောင်၊ ခပ်ကြောင်ကြောင် ဝင်ယောင်ပြန်တယ်ဗျ။ နိုင်ငံက အခုမှ ရုန်းထဖို့ ကြိုးစားနေရချိန်၊ ဒီလိုမျိုး လုပ်နေရပါတယ်လို့လည်း နိုင်ငံခေါင်းဆောင်တွေ က ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး အားထုတ် ဆောင်ရွက်နေတဲ့ အချိန်၊ ပတ်ဝန်းကျင်နိုင်ငံတွေက အားပေးကြလို့ ဝိုင်းဝန်းတွဲခေါ် နေချိန်မှာ ဒီ အရေးမပါလှတဲ့ သူတောင်းစားအဖွဲ့တွေက အကြွေစေ့များများ ရဖို့အရေး ခွက်သံ ပေးကြပြန်တယ်။ ဧည့်ကောင်း စောင်ကောင်းလာချိန် အိမ်ဝမှာ ဖွတ်က အမြီးခါပြတဲ့ ပုံမျိုးပေါ့လေ။
အောင်မာမင်း၊ ဒင်းက လာလာချေသေး၊ သူများပေးမှ စားရတဲ့ အခြေကိုမေ့လို့၊ အာဆီယံနိုင်ငံတွေထဲမှာ တစ်ချို့က တစ်ပါတီ အာဏာရှင်စနစ်နဲ့ ချုပ်ကိုင်ထားတဲ့ နိုင်ငံတွေ ရှိသတဲ့လေ။ ကျုပ်က နေရင်းထိုင်ရင်း ခင်ဥမ္မာလေး ကိုယ်စား ကြားထဲက စိတ်ပူရသေး၊ မောင်းများ ထုတ်ခံရရင် ဘယ်များ ပြေးမလဲပေါ့လေ။ သို့သော် ဒင်းက လည်တော့လည်သား၊ သူတို့ ခိုနားရာ ထိုင်းနိုင်ငံကို ကျတော့ ဖားလိုက်တာ အူတွေတောင် ယားလောက်တယ်ဗျ။ ဘယ့်နှယ်ဗျာ၊ ထိုင်းမှာ မနေ့တစ်နေ့ကမှ ပစ်ထားခတ်ထား လိုက်တာ၊ သွေးတွေတောင် လမ်းပေါ်မှာ မခြောက်သေးတာများ ခင်ဥမ္မာ ဝမ်းဟာတဲ့အခါ သွားလျက်လို့ တောင်ရသေးဗျား။
ဒီကြားထဲ ငပွကြီး RFA ကလည်း အထောင်ကလေးက အမိုက်သား။ “ခင်ဥမ္မာတို့ လူထု အခြေပြု အဖွဲ့အစည်း အနေနဲ့က------”ဘာညာပေါ့လေ။ အောင်မာ----သူ့အပြော တော်ရုံလူတော့ မျောသွားလောက်ရဲ့။ မသိလို့ကတော့ ခင်ဥမ္မာကို လွှတ်တော် ကိုယ်စားလှယ်လောက်ကို ထင်ရလောက်ရဲ့။ တကယ်တော့ ခင်ဥမ္မာဟာ လူထုကိုယ်စားလှယ် ဖြစ်မဖြစ် တော့မသိ၊ မြန်မာပြည်ထဲ ပြန်ဝင်လာရင် ထုတဲ့လူတွေရဲ့ ကိုယ်စားလှယ်တောု့ ဖြစ်ချင်ဖြစ်မှာဗျ။ (ထောင်ထဲမှာ ကျောက်ထုတဲ့ လူတွေကိုပြောတာ) ဘယ့်နှယ်ဗျာ၊ ပြည်ပြေးလေး နှစ်ယောက် တစ်ပိုင်း(ဝေစုမတဲ့တဲ့ သူတွေပါပေါင်းမှ)က သုံးယောက်တစ်ဖွဲ့နဲ့ နာမည်မျိုးစုံ တပ်ထားတဲ့ အဖွဲ့တွေလိုက်ဖွဲ့။ BBC, VOA, RFA တို့က အဖွဲ့ပေါင်းများစွာလို့ အမွှမ်းတင်၊ လက်မှတ်တွေကို ဘယ်လက်နဲ့ရော၊ ညာလက်နဲ့ရော၊ ဘယ်ခြေနဲ့ရော၊ ညာခြေနဲ့ရောထိုး၊ ဒါတွင်မက ဘောလ်ပင်ကို ပါးစပ်နဲ့ ကိုက်ပြီးထိုး၊ လူတစ်ယောက်က လက်မှတ်လေး ငါးဆယ်ခုထိုး (ကျုပ်ကြည့်ဖူးတဲ့ ထူးဆန်းထွေလာ ရုပ်ရှင်ထဲမှာဆို ဘောလ်ပင်ကို ဖင်ကြား ညှပ်ပြီးတောင် လက်မှတ် ထိုးပြသေး)၊ ပြီးရင် လက်မှတ်ပေါင်း သိန်းနဲ့ချီ ရပါပြီဆိုပြီး Clone လုပ်ပြီး လိမ်ဆင် ကြေညာချက်ထုတ်။ အရှုပ်သားပါကလား။ အဲဒီအရှုပ်ထုပ်တွေက မြန်မာပါ ဆိုတော့လည်း ဘယ့်နှယ်လုပ် ခေါင်းခါ ရမလဲဗျ။ ဒုက္ခ။ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းရတဲ့ အရသာက ခါးသီးပါ့ဗျား။
သူတို့ပြောလွန်းလို့ UN ကလည်း စုံစမ်းစစ်ဆေးဖို့ ကြည့်ပြန်တော့၊ မြန်မာပြည် ဖြစ်စဉ်ထက်ဆိုးတဲ့ နိုင်ငံတွေက ဒုနဲ့ဒေး၊ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်း၊ နေရာတိုင်းမှာ အစိုးရကို ပုန်ကန် သောင်းကျန်းသူတွေ ရှိနေကြသလို သူတို့ကို အစိုးရမင်းတွေက ပန်းကလေးတွေ ကမ်းမပေးတာလည်း UN ကြီးကအသိ၊ အာဏာကြီးသူမို့ မပြော သာလို့သာ၊ ဒီကိစ္စတွေ အားလုံး သူ့တပည့်ကို နေရာပေးချင်တဲ့ US ရဲ့ စနက်ကြောင့် ဖြစ်တာ ဆိုတာကိုလည်း UN ကအသိ၊ စုံစမ်းစစ်ဆေး ရမယ်ဆို US ရဲ့ Drone တွေကြောင့် အာဖဂန် အရပ်သားတွေ သေကြေကြတဲ့ ဒုက္ခကို အရင်လုပ်မှ ရမှာ ဆိုတော့လည်း ခင်ဥမ္မာတို့ တောင်းဆိုတာကို အပြုံးချို လေပြေနဲ့ OK, OK ထားခဲ့လေ။ ကမ္ဘာကြီး သူ့အလိုလို လည်ပါစေ လို့ တုန့်ပြန် လိုက်တာပေါ့ဗျား။ ဟားဟား---။
သူတို့ မှာလေ၊ အတိုင်အဖောက်တွေ ညီနေ လိုက်ကြတာများ၊ ဒီဘက်က တပ်မတော်ဘက်ကများ ထိသွားလို့ ကတော့ အပြေးအလွှားနဲ့ သေသွားကုန်ပဟဲ့ ဆိုပြီး ချက်ချင်းကြီးကို ဝမ်းသာအားရ ကြေညာ ကြတော့တာ။ သူပုန်ဘက်က အခြေ မလှတော့ရင်တော့ အဖေကြီး US နဲ့ ပထွေးကြီး UN ကို နှုတ်ခမ်း တစ်လံ ပန်းတစ်လံနဲ့ တိုင်ကြ တောကြပြန်ရော။ တကယ်တော့ ခင်ဥမ္မာတို့လို ငဖြီးမတွေဟာ KNU အကြောင်းလည်း ကိုယ်တွေ့ မကြုံဖုးလို့ မသိ။ ထို့အတူ KIA တို့ SSA တို့ အကြောင်းလည်း ကောင်းကောင်းမသိ၊ တကယ်များ ပေါင်းကြည့်ရင် ခင်ဥမ္မာဘဝ အဖေအမေ တ၊ ထဘီမ လို့ ပြေးရ လောက်အောင် ပြသနာ ရှာမယ့်ကောင်တွေ ဆိုတာ သိစမ်းစေချင် ပါဘိ။ တကယ်တော့ ခင်ဥမ္မာတို့ ခမျာ ကျုပ်တို့ အစိုးရ လုပ်တာကိုင်တာကို လက်ညှိုး နာနာ ထိုးပြရမှ စားကောင်း သောက်ဖွယ် ရရမယ့် အခြေအနေမို့ နှုတ်စလျှာစလေး ရှည်မိတာ ဆိုတာကိုလည်း နားလည်ပါရဲ့။ သို့သော် ဒီလောက်ကြီး မဟုတ်တမ်းတရားတွေ နှုတ်သီးကောင်း နေပြန်တော့လည်း အရပ် ထဲက ဆဲကြမပေါ့။ ဒါကြောင့် မရေရာ မသေချာတာတွေ လေဖွာနေမယ့်အစား လေအလာမှာ ထဘီကို မ လို့ feeling ရွရွလေးခံရင်း တောင်းရမ်းခြင်းကိုသာ အေးအေး သက်သာ ဆက်လုပ်ပါတော့ ခင်ဥမ္မာရေ လို့သာ အကြံပေးလိုက်ချင် ပါရဲ့ဗျား။
(အောင်ဘု)

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий