သူငယ်ချင်းပို့ပေးတဲ့ ဟာသလေးပါ..မောင်ကောင်းထိုက် ဟာသပဒေသာထဲကလို ယူဆရပါတယ်..ဖတ်ကြည့်ပြီး တဲ့အခါမှာ အတွေးတစ်ခုရလာလိမ့်မယ်ထင်ပါတယ်..
မော်စကိုမြို့တစ်နေရာမှာ လူတစ်ဦးလမ်းလျှောက်လာသည်။ တိုက်ပေါ်မှ အုတ်ခဲတစ်ချပ် ပြုတ်ကျပြီး ထိုလမ်းလျှောက်သူ ခေါင်းပေါ်တည့်တည့် ပြုတ်ကျ၏။ လမ်းလျှောက်သူ သေသွား၏။ ဝိုင်းဝန်းကြည့်နေ သူများထဲမှ တစ်ယောက်ကပြော၏။
“ကြည့်ကြစမ်း... ဒီအစိုးရလက်ထက်မှာ ဘာကောင်းတာရှိလဲ..။ တိုက်ပေါ်ကအုတ်ခဲ ပြုတ်ကျပြီးတောင် လူသေရသတဲ့။ ဒီအစိုးရလက်ထက်လမ်းတောင် လွတ်လွတ် လပ်လပ် မလျှောက်ရဲတဲ့ဘဝ။”
ထိုစဉ် ကြည့်နေသူများထဲမှ တစ်ယောက်က ဝင်ပြော၏။
“သူ့ကို ကျနော်သိပါတယ်ဗျ။ သူက အစိုးရအဖွဲ့ဝင်လူတစ်ယောက်ဗျ”
ထိုသူ၏ စကားသံအဆုံး.. လူတွေထံမှ အသံများ တညီတည်းထွက်လာ၏။
“ကြည့်ကြစမ်း။ ဒီအစိုးရလက်ထက် ဘာကောင်းတာရှိလဲ။ လမ်းပေါ်ကို အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျခွင့်မရှိဘူး။”

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий