ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဇွန်လက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး တို့အတွက် ရည်ရွယ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီး အသေးစား ငွေချေးမှု စနစ်များ၊ စိုက်ပျိုးနည်း စနစ်များ အစရှိသော လမ်းညွှန်ချက်များကို အကြံပေးခဲ့ပြီး အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ၎င်းပြင် သမ္မတကြီးသည် ယခုလတွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့် သတ်မှတ်ပေးခြင်း အပါအ၀င် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးများ၏ ၀န်ကြီးများအား ပြောင်းလဲ တာဝန် ပေးအပ်ခြင်း၊ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး The Honourable Kevin Rudd MP နှင့် အပြု သဘောဆောင် တွေ့ဆုံခြင်းနှင့် ပနားမား သမ္မတနိုင်ငံ၊ ကနေဒါနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ နော်ဝေးနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ စသည့် နိုင်ငံများမှ သံအမတ်ကြီးများ၏ ခန့်အပ်လွှာများကို ရရှိခြင်း စသော ပြုပြင်ပြောင်းလဲ မှုများကို ဆက်တိုက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
အခြားတစ်ဖက်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် မြန်မာ့အတိုက်အခံ ဒေါ်စုကြည်သည် ဇွန်လက အခြား နိုင်ငံများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ သော်လည်း သူမ၏ မွေးနေ့ပွဲ စည်ကားရန်၊ လူအများက သူမအား ပေးအပ်မည့် လက်ဆောင်များကို စောင့်မျှော်ရန်နှင့် မွေးနေ့ပွဲတွင် မည်သို့ သီချင်းဆိုမည်၊ ဖျော်ဖြေမည် စသည့် မိမိပုဂ္ဂိုလ်ရေး ကိုသာ ရှေ့တန်းတင် နေမှုကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများကိုမူ တစ်စွန်းတစ်စမျှ လုပ်ဆောင် နိုင်ခဲ့ခြင်း မရှိပေ။ တစ်ဖန် သူမ၏ မွေးနေ့ပွဲအပြီး တွင်လည်း နယ်ခရီးများအား သွားရောက် လည်ပတ်ချင်သည် ဟူ၍ သူမ၏ လုံခြုံရေးအား ဂရုစိုက်ပေးရန် နိုင်ငံတော် အစိုးရထံ လူလည်ကျစွာ တောင်းဆိုပြန် ပါသေးသည်။ ထိုသို့ နယ်ခရီးများ သွားရောက်ခဲ့ရာ ဇူလိုင်လသို့ ရောက်လာသည့် တိုင်အောင် မြန်မာ့နိုင်ငံ အရေးနှင့်ပတ်သက်ပြီး သူမ၏ လုပ်ဆောင်ချက် ဘာမျှ မရှိခဲ့ချေ။
နယ်ခရီး ထွက်ရသည့် သူမ၏ အကြောင်းအရင်း မှာလည်း တိတိပပ မရှိလှ။ ဘုရားဖူးမည်ဟု ခေါင်းစဉ်တပ်ပြီး နယ်ဒေသခံများ ဆူပူ အုံကြွအောင် လူလုံး ထွက်ပြခြင်းနှင့် သူမ ပြုလုပ်ခဲ့သော အတိုက်အခံ ပြစ်မှုများကို ကြောက်ရွံ့၍ အချိန်မှီ ဘုရားထံတွင် ဆုတောင်းရန် တို့သာ ဖြစ်သည်။ ယခုအခါ သူမသည် ပုဂံသို့ သွားရောက် အပန်းဖြေခဲ့ပြီး ထိုမှတဆင့် ညောင်ဦးမြို့ရှိ မကျည်းပင် တစ်ပင်အောက်တွင် အသေးစိတ် သုတေသန လုပ်လျက် ရှိသည်ဟု သိရသည်။ တစ်ဖက်တွင်လည်း အပျင်းပြေ ဈေးဝယ်ထွက်ခြင်း ကိုလည်း တက်ကြွစွာ ဆောင်ရွက်ရင်း အချိန် ကုန်မှန်းမသိ ကုန်ခဲ့ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမ လုပ်ဆောင်သည့် အလုပ်များနှင့် မြန်မာ့နိုင်ငံ အရေးမှာ လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်းကို ပြည်သူများ အားလုံး ကွင်းကွင်းကွက်ကွက် သိမြင်နိုင်ရန် နှိုင်းယှဉ် ရေသားလိုက်ရခြင်း ဖြစ်ပါသည်။

         sources:http://shwepyithit.blogspot.com/2011/07/blog-post_08.html
ဖူးစုံထွေး

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий