ဒီဆယ်စုနှစ်အတွင်းရန်ကုန်မြို့မှာလ္လိင်တူဆက်ဆံမှုတွေ တော်တော့ကိုတိုးတက်များပြားလာတာတွေ့ရပါတယ်။ ယောင်္ကျားချင်းချစ်ကြပြိးမိဘအိမ်ကဆင်းလာပြိး
တစ်အိုးတစ်အိမ်ထူထောင်တာတွေလဲတွေ့ရပါတယ်။ မိန်းမပုံ ၀တ်ထားတဲ့ ယောင်္ကျားနဲ့ ယောင်္ကျားပီ ပီ သသ ပုံယောင်္ကျားယူတာမျိုး ထက် ကျနော်ဆို လို တာ ယောင်္ကျားပီပီ သသ ပုံ ၂ယောက် ယူကြတာကို ပြောတာပါ။ မသိရင် တော့ ညီ အကို လား၊တူ အရီးလား၊သားအဖလား၊ ဆရာ တပည့် လား ၊သူ ငယ် ချင်းတွေ လားပေါ့ ။ သိရင်တော့ “လုပ်ဘော်ကိုင်ဘက်”ပါဘဲလို့ ကျနော်နဲ့ သိတဲ့ gayတစ်ယောက် က အရွှန်းဖောက်ပါတယ် ။ စစ ခြင်းကတော့ အံ့ သြပါတယ် ။

ဒီခေတ်ကြီးမှာဒီလောက်မိန်းမချောပေါတာလို့ပေါ့။ ဒါပေမဲ့မြင်တာကြားတာများလာတော့လဲရိုးလာပါတယ်။ မဆန်းတော့တဲ့ကိစ္စတစ်ခုပေါ့၊ တယောက်နဲ့တစ်ယောက်မေးရင်တောင် သူကဟိုဟာလား၊လို့မေးကြပါတယ်။ ဟိုဟာကတော“့gay”လ္လိင်တူဆက်ဆံသူပေါ့လေ။ gayတွေထဲမှာတချို့ကအမျိုးသမီးတွေ နဲ့ အိမ်ထောင် မပြု ကြပေမဲ့ အချို့ ကတော့ ဟန်မပျက် အိမ်ထောင် ပြု ကလေးယူကြ ပါတယ်။ သူတို့ရဲ့ ရာထူးအဆင့် အတန်းနဲ့ အိမ်ထောင်မပြုလို့
မဖြစ်လို့ (သို့)လူ ရို သေ ရှင် ရို သေခံ ဖို့ပါဘဲ။

ကွေးအောင် ပါ ကတတ်တဲ့ အလှဖန်တီးရှင် မာမီ အောင်မျိုးမင်း

အခုလိုgayယဉ်ကျေးမှုဖုံးလွှမ်းလာပြီဆိုရင်တော့နောင်ဆယ်စုနှစ်တစ်ခုထဲမှာကို ဆန့်ကျင်ဘက်လ္လိင်နဲ့ ဟန်ဆောင်လက်ထပ်တဲ့gayတွေရှိတော့မယ်မထင်ပါဘူး။ စီးပွားရေးလုပ်ငန်းအသိုင်းအ၀ိုင်းကgayတွေကြတော့သူတို့
အိမ်ထောင်ပြုမိန်းမယူတဲ့အခါမှမိဘလက်ငုတ်လက်ရင်း စိးပွားရေးကနေကိုယ်ပိုင်လုပ်ငန်းအဖြစ်ခွဲထွက်လို့ရသွားတယ်။ ကိုယ့်လက်ကိုယ့်ခြေဖြစ်ပြီးဟန်ဟန်ပန်ပန်ကိုယ့်ဝင်ငွေနဲ့ကိုယ်လှုပ်ရှားနိုင်သွားမှာမို့ အိမ်ကပေးစားတဲ့မိန်းမကိုယူကြပါတယ်။ ဒါမှသူငယ်နဲ.နွှဲလို့ရမှာကိုး(သူငယ်ဆိုတာသူတို့တိတ်တိတ်ပုန်း ချစ်ပြီးထောက်ပန့်ထားတဲ့ငယ်ငယ်ရွယ်ရွယ်ကောင်လေးတွေပေါ့။) ဒါမျိုးလုပ်စားနေတဲ့ကောင်လေးတွေရန်ကုန်မှာအများကြီးရှိပါတယ်။ gayတွေကပညာတတ်ငွေရှာ နိုင်သူဖြစ်လေလေသူတို့ဘေးမှာရုပ်ရည်လေးဘဲရှိပြီး၊ပညာမတတ်၊ အတတ်ပညာမရှိ၊ငွေမရှာနိုင်လို့ဒီတခုဘဲနသိုးကြိုးပြတ်လုပ်တတ်တဲ့ ကောင်လေးတွေကလင်လုပ်ဖို့အသင့်ပါဘဲ။ ဒါပေမဲ့သူတို့လဲတချိန်မှာ၂ဖက်ချွန်ဖြစ်လာကြပါတယ်။ ဒါနဲ့ဘဲလူပျိုgay…အိမ်ထောင်သည်gay…တဖက်ဘဲ ချွန်တဲ့ gay.. ၂ဖက် ချွန် gayကနေ ၃ဖက်ချွန် gay တွေ ကကမ္ဘာပေါ်ကနေ မြန်မာကို ပါ အရှိန် အဟုန်ကြီးကြီးမားမားနဲ့ ပျံ့ နှံ့ လာခဲ့ပါဘီ။ ယူကာစက မိန်းမ အပေါ် ကျားစိတ် ကျားမာန်တွေ ထားခဲ့ တဲ့ gayတွေ က ကလေးလဲ ရပြီးရော မောင် နှမလို ဖြစ်သွားကြတယ်လို့ မရိပ်မိတဲ့ ရိုးရိုးအအ မိန်းမတွေ ရှိတယ်။ ရိပ်မိတဲ့ မိန်းမ ကျတော့ ကွဲ ကြတာရှိသလို ရှက်လို့ ကြိတ်မှိတ်သည်းခံနေရတဲ့ မိန်းမတွေ လဲတပုံတပင်ပါဘဲ။

သိသိသာသာ လိုင်း ဝင်သွားတဲ့ ဒီဗွီဘီ က နားကပ်ကြီးနဲ့ အံ့ဘုန်းမြတ်

ဒီလိုgayတွေရဲ့အိမ်ထောင်ဖက်မိန်းမတွေကသူတို့ခင်ပွန်းရဲ့ဂုဏ်သိက္ခာကိုကာကွယ်တဲ့ခံတပ်ကြီးပါ၊ ဒိုင်းတခုလိုကာကွယ်ပေးတဲ့ခံတပ်ကြီးတခုလို တားဆီးပေးနေရတဲ့မိန်းမတွေရဲ့ကိုယ်မှာ နှိပ်စက်ခံရတာမရှိပေမဲ့စိတ်ဒဏ်ရာကအပြည့်ဘဲလို့ gayမိန်းမတစ်ယောက်ကပြောပါတယ်။ သူမတို့ရဲ့ချစ်ခင်ပွန်းတွေကတော့ကသူငယ်ချင်းလို့ပြောတဲ့သူ၊ တပည့်လို့ပြောတဲ့သူ၊ညီလို့ပြောတဲ့သူတွေနဲ့ဘဲလ္လိင်ဆက်ဆံပါတော့တယ်။ ယနေ့မြန်မာရဲ့နာမည်ကြီးအတိုက်အခံတွေ၊
တော်လှန်ရေးသမားကြီးတွေထဲမှာgayတွေအများကြီးရှိပါတယ်။

မသိမသာ ဝင်နေသည့် ဇာနည်မောင်

တချို.တွေကဆိုမိန်းမရှုပ်တယ်လို.နာမည်ထွက်ပါတယ်။ ဒါပေမဲ့သူတို့ကတခါတရံခံလဲခံပါတယ်။၂ဖက်ချွန်gayပါ။ Gayမှာက…..မွေးရာပါ။အပေါင်းအသင်းဖျက်။အကြမ်းဖက်ခံရ။ မလွန်ဆန်နိုင်သူမို့လိုက်ရောမိ တစ်ကြိမ်တို့အပြင်ရာဂသောင်းကြမ်းလွန်းရာကဖြစ်တဲ့ gayကလဲ ရှိသေးတာကိုး။ စာချိုးတောင် ရှိသေးတာဘဲ။ ဒါကြောင့် ဘယ်သူက ဘယ်လို ဆို တာ ကြိုတွေးလို့ ရတာ ရှိသလို မရတာတွေလဲ ရှိနေတာလက္ခံ ကြရမှာပါ။

လက်ရှိ gayတွေ ထဲအကြမ်းဖျဉ်း ၃မျိုးခွဲတယ်။ (၁) ကိုယ်က ချည်း ယောင်္ကျားနေရာကနေပြီးချသူပါ။( ဒါပေမဲ့ မိန်းမထက်ယောင်္ကျားကို ဘဲကြိုက်တယ်။) (၂)ယောင်္ကျားအချင်းချင်းမှာကိုယ်ကလဲချပေးတယ်။ ပြီးရင်ကိုယ်ကလဲခံတယ်။ (၃)ယောင်္ကျားတိုင်းနဲ့ ကိုယ်ကဘဲအမြဲ အခံဘက်ကဘဲနေတာပါ။ ဒါကြောင့်“gay ”ဆိုတိုင်း ကိုယ်ချတိုင်းညိမ် ခံမဲ့ကောင် ရယ်လို့ မထင်ပါနဲ့။အမျိုးသမီးထက် အမျိုးသားအချင်းချင်းမှာဘဲသူတို့ရဲ့စိတ်ဆန္ဒက အပြင်းပြဆုံးအပြည့်ဝဆုံးပါဘဲ။


ထည့်ချင်တာကို ထည့်ချင်သလိုသာ ထည့်သွားကြပါတော့....

Gayဆိုတာလ္လိင်တူဆက်ဆံသူဘဲဖြစ်တယ်။ မိန်းမယောင်္ကျားဘာတခုမှမဟုတ်ဘူး။ ယောင်္ကျားမိန်းမလို့သတ်မှတ်ထားတဲ့လ္လိင်မရှိဘူး။ အမျိုးသမီးအခြင်းခြင်းဆက်ဆံတာကြိုက်သူတွေ ကိုလဲgayလို့ခေါ်နိုင်ပါတယ်။ tomboyယောင်္ကျားရှာတွေလဲမြန်မာမှာရှိပါတယ်။ မိန်းကလေးကျောင်းထွက၊်အကိုမောင်တွေထဲကြီးပြင်းလာသူ၊ ခန္ဒာကိုယ်ထဲကျားဟိုမုန်းများသူတွေပေါ့။ ခေတ်ပညာတတ်ပြီးအတတ်ဆန်းတဲ့lesbianတွေကတော့စင်္ကာပူနဲ့ဂျပန်ပြန်
အမျိုးသမီးတွေထဲများပါတယ်တဲ့။gayလို့ခြုံခေါ်တဲ့အထဲဒါတွေလဲပါပါတယ်။ သူတို့ကလဲယောင်္ကျားတယောက်ထက်အချင်းချင်းမှာပိုညှိနှိုင်းလို့လွယ်တယ်။ အတွေ.အထိနူးညံ့တယ်။ကိုယ်ဝန်မရနိုင်တာအတွက်ကြိုက်တယ်လို့ပြောတယ်။ သူတို့ကတော့ကရိယာအကူအညီတွေနဲ့ယောင်္ကျားတယောက်နဲ့မိန်းမ တယောက်ဆက်ဆံသလိုလိုဆက်ဆံကြတယ်တဲ့။ ဒါပေမဲ့သူတို့အိမ်ထောင်အကြောင်းအမျိုးမျိုးနဲ့ကျတဲ့အခါ သူတို့နဲ့ရတဲ့ယောင်္ကျားကိုစိတ်မထင်ရင်သူတို့လက်ချက်မိနိုင်လို့မိန်းမယူမှ မိန်းမလျှာဘ၀လုံးလုံးရောက်သွားမှာစိုးရပါတယ်။

ဂျပန်မှ အတိုက်အခံအမျိုးသမီးများ အမျိုးသားများကဲ့သို့ အလုပ်လုပ်နိုင်

မြန်မာမှာဒီလိုမိန်းမတွေရှိနေပါတယ်။ နိုင်ငံခြားလောက်တော့မများသေးဘူးပေါ့။ သူတို့ကလုံအောင်အုပ်ထားနိုင်သေးလို့သတင်းကယောင်္ကျားgayတွေလောက်မပျံ.သေးပါဘူး။ မြန်မာကယောင်္ကျားလေးgayမြန်နှုံးကတော့နိုင်ငံခြားစံနှုံးကိုကျော်တက်နိုင်မယ်ထင်ရတယ်။
လက်ရှိမြန်မာgayထဲ အတိုက်အခံ၊ ဒုက္ခသည်တွေ၊ NGOတွေနဲ့သံဃာတချို.တွေတောင်တွေ့နေရပါတယ်။ သံဃာတော်တွေနဲ့ အတိုက်အခံတွေက အွန်လိုင်းကချစ်ဖော်ရှာကြတာတွေလဲများနေပါတယ်။

မလေးရှားမှာ အတိုက်အခံများက အရှက်ကြီးပြီး မျက်စောင်းထိုးတတ်ကြ

တစ်ခါက ဂျေဂျူဝိုင် ဆိုတဲ့ဘုန်းကြီး တစ်ပါးနဲ့ ဘန်ကောက်က အတိုက်အခံ သတင်းဌာနမှာအလုပ်လုပ်တဲ့ မဆုမွန်တို. သတင်းကို အားလုံးသိပြီးဖြစ်ကြပမှာပါ။ ကျွန်တော်ကကျနော့်ဘာသာဝင်သံဃာတွေကိုရော တော်လှန်ရေးသမားတွေကို gayလုံးဝမဖြစ်စေချင်ပါဘူး။

တခြားလူတွေကတော့Goodတယ်ထင်ရင်doသာdoပေါ့။ အခုနှစ်ပိုင်းတွေမှာgayရုပ်ရှင်တွေကလဲမြန်မာမှာရောကမ္ဘာမှာရောပျံနေပါတယ်။ brokeback mountain/ frozen flower/ I love you phillip morris/ Boat trip /The king and the clown စတာတွေပေါ့။ ဒါတွေက မိသားစုကြည့်တဲ့ ကားတွေ ဘဲ ရှိပါသေးတယ်။ man to man အပြာကားတွေ က အများကြီးပါ။ ဒီတော့ ကမ္ဘာကြီးမှာ ဒီ homosexual gay sexual တွေ ဟာအရေးပါပျံ့နှံ.နေပြီဆိုတာမြင်သာပါတယ်။ ကျနော်ကတော့မြန်မာရဲ့အပြောင်းအလဲမြန်နှုံးမြင့်ပုံကိုအံ့သြပါတယ်။

အရင်တုန်းကကျွန်တော်တို့ခေတ်ကဆိုအမတွေညီမတွေဘတ်စကားစီးရင် အနောက်ကထောက်တတ်တဲ့တဏှာရာဂအိုးတွေကြောင့်ရှက်တတ်ကြောက်တတ် သူမိန်းကလေးတွေငိုမလိုဖြစ်ရလို့“ထောက်ဆူးချွန်”တို့“တွယ်ချိတ်”တို့ဆောင်ကြရတယ်။ အခုခေတ်ပြောင်းပြီ။အနှိုက်အခံရဆုံး၊အထောက်အခံရဆုံးက ယောင်္ကျားလေးတွေဖြစ်သွားပါတယ်။ နယ်ဘက်ကကလေးတွေထဲမှာလဲဖြားယောင်းပြီးလ္လိင်ကိစ္စပြုကျင့်ခံရတာ ငယ်ရွယ်သေးတဲ့ယောင်္ကျားလေးတွေဖြစ်နေပါတယ်။

ဒါကြောင့်နီးစပ်ရာအရွယ်မရောက်သေးတဲ့ကလေးငယ်တွေကို တစိမ်းယောင်္ကျားတွေနိင်ငံခြားသားဧည့်သည်တွေနဲ့ယုံယုံကြည်ကြည်မလွှတ်ထားဖို့ အသိပညာဖြန့်ပေးဖို့လိုပါတယ်။နှိုက်ချင်လို့ဘတ်စ်ကားတက်စီးရတာနဲ့ ၊ထောက်ချင်လို့ဘတ်စကားတက်စီးတာနဲ့ယောင်္ကျားချင်းပေါ်ရည်ရွယ်ချက် တွေထား၇ှိလာတာဒီခေတ်ရန်ကုန်ပါတဲ့။
ဒါဆိုဒီsexကိစ္စတခုထဲနဲ့gaysexualကိစ္စတွေဖြစ်ကြသလားလို့မေးရရင် %ပြည့်တော့မဟုတ်ဘူး။ဒါပေမဲ့ အများအားဖြင့်ကတော့ဟုတ်တယ်။ ဒါပေမဲ့gayတွေဆိုတာတွေကလဲနှလုံးသားနဲ့လူသားတွေပါ.။ ကိုယ့်ဆိုးမျိုးအနွံအတာခံသ၊ူကိုယ့်ကိုတွယ်တာသူချင်း၊ အကျိုးအမြတ်ထုတ်သူသက်သက်မဟုတ်ဘဲနားလည်ပေးတတ်သ နဲ့ဆုံရင်တော့ချစ်မိကြတယ်။

မိန်းများအပေါ် စိတ်ဝင်စားမှုနည်းကာ လိုင်းပြောင်းသွားရာမှ မိန်းမက နောက်မီးလင်းသည်အထိ ဖြီစ်သွားရတဲ့ အမေရိကန် အစိုးရဝန်ထမ်းကြီး သားညွန့်ဦး

တကယ်ချစ်ပြီးတကယ်တည်မြဲသွားတဲ့gayစုံတွဲတွေရှိပါတယ် ။သတ္တိရှိကြတယ်ပြောရမှာပေါ့။ ဘာဖြစ်လို့“လ္လိင်တူ”ကြိုက်ရတာလဲမေးရင်“လ္လိင်တူ”လို့အကြိုက်တူတယ။် အလိုက်သိတယ။်နားလည်မှုပိုရှိတယ်။အထာပိတယ်။ အ၀တ်အစားရေမွှေးအသုံးအဆောင်ကအစတူတူသုံးလို့ရတာ
ဘယ်လောက်မိုက်လဲလို့ပြောကြတယ်။ နောက် ပြီးတခုပြောပြစရာကရန်ကုန်မှာ စားသောက် စရာ အရည် တခုခုထဲ ထဲ့တိုက်ရတဲ့ ဆေးတွေ ထဲ ---ခံချင် စိတ် ဖြစ်လာစေတဲ့ဆေး တွေ ရှိနေသေးတယ်။ ယေင်္ကျားချင်း လ္လိင်စိတ်ကို လှုံ့ဆော်ပေး ဖို့ ဒီခေတ်မှာအကြမ်းဖက် ဖို့တောင် မလို တော့ ပါဘူး။ ဆေး ၀ါး အကူတွေ က ရှိနေ တယ်လေ။ ဒါကြောင့်စိတ်မပါဘူးဆိုသူများတိုက်တာမသောက်နဲ့ အိမ်သာထသွားတုံးထပ်ဖြည့်ထားတဲ့ ဘီယာမျိုးကိုမသင်္ကာရင်မသောက်ပါနဲ့။

ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့gayတယောက်ကတော့ “မီးအပေါ်သစ္စာမရှိတဲ့ချစ်သူဟောင်းကိုလက်စားခြေချင်လို့ချော့မော့ပြီး လက်ဆောင်ပေးမယ်လို့ခေါ်တယ်။ပြီးတော့ထမင်းကြွေးအရက်တိုက်လိုက်တယ်။ အားဆေးဆိုပြီးဆေးတချို့လဲချော့တိုက်လိုက်တယ်။နောက်ပိုင်းအတွေ့မခံတော့ဘူး။ အဲဒီဆေးတွေက၂ပါတ်ကြာမှအစွမ်းပြတာ။ရင်သားစူထွက်လာတဲ့ဆေးတွေလေ”လို့ပြောတယ်။ ကျနော်လဲတော်တော်၇င်ဘတ်ယားပြီးကျောချမ်းသွားပါတယ်။ တော်သေးတာပေါ့။သူကပီဘိမိန်းမသားဘ၀ဖြစ်နေလို့မဟုတ်ရင်ဟိုခံချင်စေတဲ့ဆေးကြွေးပီး
ဖွင့်လိုက်မှာတွေးမိသေးတယ်။

Gayဘယ်လိုစဖြစ်ကြသလဲလို့တယောက်ကိုမေးတော့“gayတွေမှာ မွေးရာပါgayဗီဇမျိုးစေ့လေးတွေက မွေးကတည်းကပါပြီးသား။ တချို.က သိသာပေမဲ့ တချို.က မသိဘူး။ ရေခံ မြေခံလေးကလဲ ကောင်း၊ မိုးလေး က တပြိုက် နှစ်ပြိုက် ရွာချပြီ ဆို ရင်ဘဲ အဲ ဒီပန်းကလေးကထပွင့်တော့တာဘဲ။ မပွင့် ဘဲ ကို မနေနိုင်တော့တာ”လို့ gayတစ်ယောက်က အရွှမ်းဖောက်ပါတယ်။ gayတွေ က အပြောင် အရွှန်းနဲ့ စကားကို ထိမိအောင် တော်တော် ပြောတတ်သူတွေပါဘဲ။

gayဆိုတဲ့ မူရင်းဝေါဟာရ ကို က gay= carefree+ uninhibited, happy< bright and showy လို့ ဆိုပါတယ်။ အပြည်ပြည် ဆိုင် ရာ gay အဖွဲ့အစည်းကြီးအလံ ဖြစ်တဲ့ LGBT အလံ က သက်တန့် တခုလို အရောင် (၇)မျိုးနဲ့ပါ။ Gayတွေကယောင်္ကျားတွေအများစု နေ့ဓဒူဝဆုံတွေ့ရတဲ့နေရာတွေမှာပိုများတယ်။ ဥပမာ။ထောင်။ သင်္ဘေားသား၊ နိုင်ငံခြားရောက် မြန်မာအတိုက်အခံ အစု အဖွဲ့တွေ စတာတွေ က စတင်ခဲ့ပေမဲ့ အခုကတော့ နယ်စုံသွားပါပြီ။ ကျနော့်အသိgayတစ်ယောက်ကတော့သူ စပြီးယောင်္ကျားချင်း အတွေ့ အကြုံ ရသွားတာ ခင်မင်တဲ့ အကို ကြီးတွေနဲ့ အရက် အတူသောက်ရင်းမူးသွားချိန်မှာအနိုင်ကျင့်ခံလိုက်ရတာ။ စစ ခြင်း မှာရှက်ပြီး ကိုယ့် ဟာကိုယ် သတ်သေချင်သွားတယ် ၊ ဘယ်သူ့ ကိုမှလဲပြောမပြ ဖြစ်ဘူး.။ ဒီ ကြားထဲ မိန်းမသားတွေနဲ့ လ္လိင်ကိစ္စသွားလာတဲ့ ကိစ္စရှိခဲ့ပေမဲ့ ဟို ကိစ္စ ကို ပြန်ပြန်တွေးမိနေရင်း အဲဒီ အကို ကြီးနဲ့ ပြန်တွေ့ ဖြစ်တယ် ။ နောက် ပိုင်းတော့ ကိုယ့် ဘာသာ အမဲရှာ ဖြစ်တယ်လို့ပြောတယ်။ နောက်Gayတယောက်ကတော့ယောင်္ကျားလေးတန်မဲ့ ပိုင်းလုံးလုပ်စားသူပါ။ သူက အသက်ကြီးကြီး အိမ်ထောင်ရှိ(သို့) အိမ်ထောင်ပျက်မိန်းမတွေနဲ့ မိန်းမလျာလောကကို တားကက် ထားပါတယ်။ အဲ ဒီလူတွေ နဲ့ အခကြေးငွေ ကြောင့် မဟုတ်ဘဲချစ် ကြိုက် ဟန်ဆောင် လ္လိင်ဆက်ဆံပြီးနောက်မှ လို အပ်တဲ့ အ၀တ် အစား အသုံးစရိတ်အသုံးအဆောင် မှန် သမျှဝယ် ခိုင်းတတ်သူပါ။သူ သုံးတဲ့ ဖုန်းက အစပေါ့။ ၀ယ်တော့ မ၀ယ်ခိုင်းပါဘူး။ငှားခိုင်းပါတယ်။ အိမ်လဲ ငှားခိုင်းတတ်ပါတယ်။ ။သူနဲ့ချစ်ဖော်ပြောင်းသွားရင်သူ့နံပါတ်နဲ့သူ့အိမ်လိပ်စာကပြောင်းသွားတတ်ပါတယ်။ က“ဘာလာလာဒေါင်း”တဲ့ကောင်ပါ။ချဆိုချတယ်။ခံဆိုခံတယ်။ ဒါ ပေမဲ့မင်းဘာကိုပိုကြိုက်လဲမေးတဲ့အခါယောင်္ကျားချင်းပိုကြိုက်တယ် လို့ပွင့်ပွင့်လင်းလင်းဖြေတယ်။အဲဒီလိုပြောတဲ့အချိန်မှာကျနော့် ကို ကြည့်တဲ့ သူ့ အကြည့် ကတော်တော်လေးထူး ဆန်းပါတယ်။ ဘုရား-ဘုရား တ ရလောက်တယ်ပေါ့။

နောက် gay တစ်ယောက်ကတော့အစ ထဲကသိမ်မွေ့ နူးညံ့တဲ့ကောင်ပါ ။ အမတွေအမေတွေနဲ့ဘဲနေခဲ့တော့လေ။ သူ့ကိုမေးတော့ပထမဆုံးချစ်သူက ကျောင်းနေဖက်သူငယ်ချင်းအတန်းဖော်ယောင်္ကျားလေးပါဘဲ။ ဖြစ်ကြတာလဲကျောင်းအိမ်သာမှာပါဘဲ။ ၂ယောက်လုံးကတကယ်ချစ်တာ။ ဒါကြောင့်သူ့ပတ်ကင်ပျက်တဲ့ကိစ္စလုံးဝနောင်တမ၇ဘူးတဲ့။ သူ့ကောင်လေးကနိုင်ငံခြားထွက်သွားတယ်။ မိန်းမလဲယူသွားဘီ။။သူကတော့ဒီမှာရောက်လာတဲ့ဘိုတစ်ယောက်နဲ့ livingtogetherပါတဲ့။တခြားပွေ၂ရှုပ်၂ကဏ္ဍလုံးဝမရှိဘူးလို့ပြောပါတယ်။ နောက်တစ်ယောက်ကတော့သူ့အတွေ့အကြုံကိုပြောတာgayလို့တော့မခံယူဘူး။ ဒါပေမဲ့အတွေ့အကြုံရှိဘူးကြောင်းပေါ့။ ဒါကတော့သူ့အကြောင်းသူပြောတာဘဲဟုတ်မဟုတ်ကတော ခင်ဗျားတို့တွေးယူပေါ့လေ။ သူကအင်္ဂလန်ကျွန်းတစ်ကျွန်းရဲ့ကျောင်းကိုသွားတက်ရတဲ့မြန်မာကျောင်းသား ။အဲဒီမှာယောင်္ကျားလေးအချင်းချင်းအနိုင်ကျင့်တဲ့ကိစ္စအမြဲရှိတယ် ။လုပ်တဲ့သူတွေကအနောက်နိုင်ငံကကောင်တွေ၊အရှေ့ကအလုပ်ခံဘူးတဲ့သူတွေက ကြိုပြောပြီးအဲလိုအချိန်မှာခံနိုင်ရည်၇ှိမဲ့ရှုရတဲ့ဆေးတမျိုးပါကြိုပေးထားတယ်ပြောတယ်။ ဒီကျောင်းရောက်တဲ့ကျောင်းသားတိုင်းကြုံရတဲ့welcomeအတွေ့အကြံဖြစ်ပြီး နောက်တခေါက်အလိုမတူဘဲဘာမှထပ်မလုပ်ဘူးတဲအနှောက်အယှက်လဲမပေးဘူး ။ကြိုက်တတ်ရင်ဆက်သွယ်၊မကြိုက်တတ်ရင်စော်ထားပေါ့။

“ထူးဆန်းပါ့ကြားရတာ။မင်းခံခဲ့ရလား”ဆိုတော့“ခံရတာပေါ့”တဲ့ ပြန်ဖြေတဲ့မျက်နှာကခပ်တည်တည်ပါဘဲ။ ကြိုက်လား”ဆိုတော့“ကျနော်ကဖွန်သမား။စော်ဘဲကြိုက်တယ်” လို့ပြောသွားပါတယ်။ သြော်မိဘတွေကတော့ဘယ်သိမလဲနိုင်ငံခြားပို့ကျောင်းထားရတာငွေလဲကုန်၊ သားတော်မောင်လဲပွင့်၇တဲ့အဖြစ်ကိုဘယ်ကလေးမှလဲပြန်ပြောမှာမဟုတ်တဲ့ကိစ္စလေ။ သူကတော့ထမင်းစားရေသောက်တကြိမ်တခါလုတိုင်းကြုံဘူးမဲ့ကိစ္စလိုဘာမှ စိတ်အနှောက်အယှက်ဖြစ်စရာစိတ်ဓါတ်ကျစရာမဟုတ်ဆိုတဲ့ပုံစံပါဘဲ။

အတိုက်အခံအများအပြားနှင့် လက်ပွန်းတတီးနေဖူးသည့်
(သမန်းဝံပုလွေ)

1 ဦးကဆွေးနွေးသွားပါတယ်..

Unknown комментирует... @ 19 февраля 2016 г. в 20:49

ဘယ်​လို​ပြောရမလဲ​တောင်​မငိဘူး...ဖတ်​လိုက်​ရတာနဲ့တင်​အသက်​ရှုကျပ်​သွားတယ်

Отправить комментарий