မြန်မာနိုင်ငံတော် အစိုးရသည် မိမိ၏နိုင်ငံတွင်း ဆူပူအုံကြွမှု၊ သောင်းကျန်းမှုနှင့် တိုက်ခိုက်မှုများအား ကာကွယ်ရန်နှင့် အခြားနိုင်ငံများမှ ကြီးစိုးဝင်ရောက် လာနိုင်သော အဖျက် ရန်စွယ်များကို နှိမ်နှင်းရန် အစဉ်အလာ ကောင်းသော မြန်မာ့ တပ်မတော်ကို ကောင်းမွန်စွာ ဖန်တီး ထားရှိပါသည်။ တချိန်က တိုင်းတပါး လက်အောက်သို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံ တော်ကြီး လွတ်လပ်ရေး ရရှိခဲ့သည် မှာလည်း မြန်မာ့ တပ်မတော်သား များ၏ ကျေးဇူးတရားကြောင့် ဖြစ်သည်ကို မြန်မာနိုင်ငံ သားတိုင်း မမေ့မလျော့ သတိချပ် သင့်ပါသည်။ မြန်မာ့ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းရာတွင် အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သော အာဇာနည် ခေါင်းဆောင်ကြီး များ၏ ရဲစွမ်းသတ္တိကို လေးစားအတုယူ ကြသည့် အနေဖြင့် ယနေ့တွင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုသော မျိုးဆက်သစ် မြန်မာ့ စစ်သည်တော်များ တစ်နှစ်ထက် တစ်နှစ် များပြားလာခဲ့ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံ စစ်တက္ကသိုလ်သည် ထိုကဲ့သို့ အမိနိုင်ငံတော်၏ တာဝန်ကို ကိုယ်တိုင်ကိုယ်ကျ ထမ်းဆောင် တိုက်ပွဲဝင် လိုကြသည့် မြန်မာ့ စစ်သည်တော်များကို ပြုစုပျိုးထောင်ပြီး တာဝန်ကျေသော စစ်သားကောင်းများ ပေါ်ထွက်လာစေရန် စနစ်တကျ မွေးထုတ်ပေးသော ကျောင်းတော်ကြီး တစ်ခု ဖြစ်ပါသည်။ ထိုကျောင်းတော်တွင် တက်ရောက်ပြီး ပညာသင်ကြား နေသော ဗိုလ်လောင်းများသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အမျိုးသား အကျိုးစီးပွားအတွက် မည်သို့သော အခြေအနေ မျိုးတွင်မှ လက်နက်မချဟု ကတိက၀တ် ပြုထားကြပြီး သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စသော ဗလငါးတန်ဖြင့် ပြည့်စုံသူ များလည်း ဖြစ်ပါသည်။ သို့သော်လည်း ထိုသို့သော ဗိုလ်လောင်း အရည်အချင်း များနှင့် မပြည်စုံသူ၊ တိုင်းပြည် အပေါ် အမှန်တကယ် သစ္စာမရှိသူနှင့် ဦးတည်ချက်လွဲမှားကာ ဇွဲ၊ လုံ့လ၊ ၀ီရိယ မရှိဘဲ စောစောစီးစီး စစ်ပြေးဘ၀ဖြင့် လက်နက် ချသွားသူ အချို့လည်း ရှိပါသည်။
ထိုသူများမှာ လက်တွေ့ကျကျ တိုက်ပွဲဝင်ရန် ဖင်တုန်ရန် ကြောက်ရွံ့ နေသူများ ဖြစ်ပြီး မိမိအား မွေးထုတ် ပေးခဲ့သော နိုင်ငံတော်ကို ကျေးဇူးကန်း၊ သစ္စာဖောက်ပြီး အတိုက်အခံ လိုင်းဘက်သို့ ကူးပြောင်း ရောက်ရှိ ကုန်ကြသည်။ ယင်းသို့ သစ္စာ ဖောက်သွား သူများသည် ကိုယ့်အမှားနှင့်ကိုယ် အမိ တိုင်းပြည်တွင် မနေနိုင် ကြတော့ဘဲ အခြား နိုင်ငံများသို့ ထွက်ပြေး ခိုလှုံပြီး ၎င်းတို့ ခိုင်းသမျှကိုလုပ်၊ ပေးတာယူ၊ ကျွေးတာစား ဘဝဖြင့် အသက်ဆက် နေထိုင်ကြလျက် ရှိသည်။ တိုင်းပြည်၏ တာဝန်ကို မျက်နှာလွဲခဲပစ် လုပ်ပြီး ခေါင်းရှောင်ခဲ့သော စစ်ပြေး ထူးထူးဟန်သည် တိုင်းပြည်အပေါ် သစ္စာ ဖောက်ရုံတင်မက (၈၈) အရင်းအခင်းအား အကြောင်းပြပြီး စစ်ထောက်လှမ်းရေး တစ်ဦးအနေဖြင့် လူ(၁၀၀)ခန့်ကို သတ်ဖြတ်သည် ဟူသော သတင်းဆိုး များဖြင့် မြန်မာ့ တပ်မတော်အား ဂုဏ်သိက္ခာချ စော်ကားပြီး အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်အောင် လူစွမ်းကောင်း လုပ်လျက်ရှိသည်။ ၎င်းအနေဖြင့် မည်သည့် အရည်အချင်းမျှ မရှိပါဘဲ တစ်ဦး တစ်ယောက်တည်း နာမည် ကြီးလိုသော စိတ်ဖြင့် နိုင်ငံတော်အား တော်လှန် ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် သြစတြေးလျ နိုင်ငံတွင် သွားရောက်ခိုလှုံ နေထိုင်နေပြီး အတိုက်အခံ သတင်းဌာနများ၏ အမေးမြန်းခံ ဇာတ်လိုက်တစ်ဦး ဖြစ်ပြီး နိုင်ငံတော်အပေါ် အပုပ်ချသတင်းများ လွှင့်နေသူတစ်ဦး ဖြစ်သည့်အတွက် ပြည်သူများ သတိထားပြီး နားမယောင်မိကြရန် အကြံပေး ရေးသား လိုက်ရပါသည်။
ဖူးစုံထွေး

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий