ကမ္ဘာ့နိုင်ငံရေး သမိုင်းမှာ ယင်လတ်ရှင်နာဝပ် ဆိုတဲ့ အမျိုးသမီး ဝန်ကြီးချုပ် တစ်ဦး ထိုင်းငံမှ ပေါ်ထွက်လာ ပါတယ်။ ယင်လတ်ရှင်နာဝပ်ဟာ ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြူထိုင်းပါတီ ကိုယ်စားပြုသူ တစ်ဦးဖြစ်ပြီး သူမအနေနဲ့ ထိုင်းနိုင်ငံတစ်ဝန်း ကျင်းပခဲ့တဲ့ တရားဝင် ရွေးကောက်ပွဲတွေမှာ တရားမျှတစွာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူပါ။ ပြည်သူဆန္ဒနဲ့ အညီ တရားမျှတစွာ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံရေး အတွေ့အကြုံ နုနယ်တယ်လို့ သုံးသပ်မှုတွ ရှိနေတာကြောင့် သူအာဏာလွှဲယူပြီး နောက်ပိုင်း သူစွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ စောင့်ကြည့် ရဦးမယ်လို့ ဆိုကြပါတယ်။ ဘာပဲပြောပြော သူမရဲ့ပါတီဟာ ဥပဒေဘောင် အတွင်းမှာ တရားဝင် ရပ်တည်နေတဲ့ ပါတီဖြစ်ပြီး သူမ ကိုယ်တိုင်ကလည်း ဥပဒေကို လေးစား လိုက်နာကာ ဥပဒေဘောင် အတွင်းမှ အနိုင်ရခဲ့တာမို့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ရာထူးနဲ့ ထိုက်တန်တယ် ဆိုတာ ထပ်ပြောစရာ မလိုတော့ပါဘူး
အင်တာဗျူး တစ်ခုမှာ နိုင်ငံရေး သမားတွေ အပေါ် စာနာဖို့ ဒေါ်စုကြည်ကနေ ယင်လတ်ရှင်နာဝပ်ကို ပြောခဲ့တဲ့ လေပြေလေးတွေကို ကြည့်ရင် ထိုင်းနိုင်ငံရဲ့ အမျိုးသမီး ဝန်ကြီးချုပ် အသစ်ကို အားကျနေပြီလို့ ထင်ရပါတယ်။ မြန်မာနိုင်ငံမှ ဒေါ်စုကြည် ထိုင်းဝန်ကြီးချုပ် အသစ်ကို အားကျတာကို အပြစ် မပြောပါဘူး။ ယင်လတ်ရှင်နာဝပ် နိုင်ငံတော် အာဏာကို ရယူခဲ့ သလို ဒေါ်စုကြည်အနေနဲ့ နိုင်ငံတော် အာဏာကို ရယူယူချင်တယ် ဆိုရင်၊ အာဏာ လိုချင်တယ် ဆိုတဲ့ အသုံးအနှုန်း ဟာ ပိုမို ပြင်းထန်နေမယ် ဆိုရင် အာဏာကို ရယူပြီး နိုင်ငံတော်ကို ပြုပြင် ပြောင်းလဲဖို့ ဆိုရင် ဥပဒေပြင်ပမှာခုလို ငုတ်တုတ်ထိုင် နေရုံနဲ့တော့ ဘာမှဖြစ်မလာ နိုင်ပါဘူး။ ဒါဟာ ပြိုင်ပွဲတစ်ပွဲကို ပွဲကြည့်စင် ကနေပြီး ထိုင်ကြည့်နေတဲ့ အဆင့်ပဲ ရှိပါတယ်။ သူလုပ်ရပ်တွေက ဘေးထိုင်ဘုပြော သက်သက်ပါပဲ။
နိုင်ငံပြည်သူ အကျိုးကို ဆောင်ရွက်မယ့် သူမအနေနဲ့ စစ်မှန်သော လုံ့လဝီရိယတွေ အားထုတ်မှုတွေ မရှိဘဲ လိုရာ ပန်းတိုင်ကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။ စစ်မှန်တဲ့ အားထုတ်မှု သမ္မာဝါယမလည်း မရှိတဲ့အပြင် မှားယွင်းတဲ့ ရွေးချယ်မှုတွေက သူမအတွက်ကော တိုင်းပြည် အတွက်ပါ ဘာတစ်ခုမှ အကျိုးဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။
ဒေါ်စုကြည်ဟာ နိုင်ငံတော် အာဏာ ရယူဖို့ အတွက် ဘယ်လို အားထုတ်မှုတွေ ပြုလုပ်မှာလဲ။ အာဏာ ရခဲ့ရင်ကော ဘယ်လို ဆောင်ရွက် ပါ့မယ်လို့ ကတိတွေ ပေးပေမယ့် ကတိ ကဝတ်တွေကို အကောင်အထည် ဖော်ဖို့အတွက် နိုင်ငံတကာကို မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ဖို့ တောင်းဆို နေတာဟာ လုံးဝကို အကျိုးအကြောင်း ဆီလျှော်တဲ့ လုပ်ရပ် မဟုတ်ပါဘူး။
နိုင်ငံတော် တိုးတက်ရေး အတွက် လမ်းကြောင်းရွေးချယ် ပန်းတိုင် သတ်မှတ်ပြီး ချီတက်နေတဲ့ သူတိုင်း အဲဒီပန်းတိုင်ကို ဆုပ်ကိုင်နိင်မယ့် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ လိုအပ်ပါတယ်။ အရူး ချီးပမ်းလုပ်လို့ မရပါဘူး။ မဟာ ဗျူဟာ ဆိုတာ လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အတွက် ထိန်းကြောင်း တည့်မတ်ပေးမည့် ဦးခေါင်းပိုင်းဆိုရင် နည်းဗျူဟာဆိုတာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မယ့် ခြေတွေ လက်တွေပဲပေါ့။ နည်းဗျူဟာ မရှိတဲ့ မဟာ ဗျူဟာတွေဟာ ခြေလက်မပါတဲ့ ဦးခေါင်းလိုပဲ လိုရာခရီးကို ရောက်နိုင်မှာ မဟုတ်ပါဘူး။
ဒေါ်စုကြည်ဟာ နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားရမယ့် ဒီမိုကရေစီ ရည်မှန်းချက်ဆိုတဲ့ မဟာဗျူဟာ ပန်းတိုင်ကို ရောက်ရှိဖို့ ဥပဒေရဲ့ အပြင်ဘက်မှာ စည်းလွတ် ဝါးလွတ်နဲ့ နည်းဗျူဟာ ကင်းမဲ့စွာ ဆောင်ရွက်နေသမျှ ဒါဟာ နိုင်ငံတော်ကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေပဲလို့ သတ်မှတ်ရပါမယ်။ ယင်လတ်ရှင်နာဝပ် အနေနဲ့ ဥပဒေဘောင် အတွင်းက နည်းဗျူဟာ မှန်ကန်စွာ ထိုင်းနိုင်ငံ အာဏာကို ရယူခဲ့ သလို ဒေါ်စုကြည် အနေနဲ့ သူမရဲ့ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး ပန်းတိုင်ဟာ ဥပဒေဘောင် အတွင်း တရားမျှတစွာ ယှဉ်ပြိုင်ခြင်းဖြင့်သာ ကြိုးပမ်းသင့် ပါကြောင်းနဲ့ ဒီမိုကရေစီ ဆိုတာကို အသေအချာ နားလည်ဖို့ လိုကြောင်း ရေးသားလိုက် ရပါတယ်။ ကိုပြည်ချစ်

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий