www.nyinaymin.org ဆိုဒ်ကို နည်းပညာလေ့လာနေကြတဲ့ လူတိုင်း သိကြမယ်လို့မိုးထင်ပါတယ်။ အဲဆိုဒ်မှာ နည်းပညာနဲ့ပတ်သက်တာတွေ တော်တော်များများတင်ထားပါတယ်။ softwareတွေလဲစုံပါတယ်။ မိမိလိုချင်တဲ့ software ဒါမှမဟုတ် နားမလည်တာရှိရင်လဲ အချိန်မရွေးမေးလို့ရတဲ့ ဆိုဒ်ပါ။ ကိုညီနေမင်းက သူတတ်ထားတဲ့ပညာတွေကို မြန်မာလူငယ်တွေ နည်းပညာတိုးတက်စေချင်တဲ့ စေတနာတစ်ခုထဲနဲ့ အချိန်ကုန်၊ လူပင်ပန်းခံပြီး ထောင်ထားတဲ့ဆိုဒ်ပါ။ ဒီဆိုဒ်ကို Blink Hucker Group မှ ဖျက်ဆီးလိုက်ပြီလေ။

ဘာကြောင့်လဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တိုးတက်စေချင်တဲ့ စေတာနာကို မိုးတို့က ဆိုဒ်ရေးသူကို ကျေးဇူးတောင်တင်ရအုံးမယ်။ မိုးတို့က မြန်မာလူမျိုးတွေလို့တောင်ပြောရမှာရှက်လာတယ်။ အများအတွက်ကိုယ်မလုပ်ပေးနိုင်ရင်တောင်မှ သူများလုပ်ပေးတာကို ပီတိဖြစ်ရမှာမဟုတ်ဘူးလား။ မိုးတို့လဲလိုအပ်တဲ့software ရှိရင် အဲဆိုဒ်ကနေပဲ download လုပ်တာပါ။
ဘာကြောင့်ဖျက်ဆီးပစ်ရတာလဲ။ ဘာကြောင့်လဲ။ ဒီစာကို Blink Hucker Group မှတစ်စုံတစ်ယောက် ဖတ်မိခဲ့သည်ရှိသော်။ ဆိုဒ်ကို အရင်အတိုင်း ပြန်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ Blink Hucker Group ကိုမိုးမစော်ကားဘူးနော်။ ဒါပေမယ့် မိမိတတ်တဲ့ပညာကို ကောင်းတဲ့လမ်းကနေအသုံးချပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကောင်းစားဖို့ အတွက် လမ်းမှန်ကိုလျှောက်စေချင်ပါတယ်ရှင်။

မိုးပြောတာတစ်စုံတစ်ရာမှားယွင်းခဲ့ရင်လဲတောင်းပန်ပါတယ်။ ဒီစာကိုဖတ်မိတဲ့သူငယ်ချင်းများလဲ အခြားဆိုဒ်များသို့ တင်ပေးစေချင်ပါတယ်နော်။ မိုးတို့ www.nyinaymin.org ကိုပြန်လည်ရရှိအောင် စုပေါင်းပြီး ကြိုးစားကြရအောင်နော်။
Blink Hucker Group အဖွဲ့ဝင်များလဲ ပညာတွေဒီထက်မကတိုးတက်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းနိုင်ပါစေနော်။


မိုး
http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A307842&xgs=1&xg_source=msg_share_post

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий