ကျွန်တော် ဒီပိုစ့်ကို ရေးသင့် ၊ မရေးသင့် ။ တင်သင့် ၊ မတင်သင့် စဉ်းစားနေတာပါ ။ ဦးကျော်သူ တို့ လို
စံပြပုဂ္ဂိုလ်ကြီးတွေ အတွက် ကျွန်တော်လို လူမျိုးရေးတာကို ရီ ကောင်းရီပါလိမ့်မယ် ။ သေးသေးလေး မှ
သည် အကြီးကြီးဆီသို့  ဆိုသည့်အတိုင်း ပညာရှိ သတိဖြစ်ခဲမှာစိုးလို့  တင်လိုက်ရခြင်းသာဖြစ်ပါသည် ။
                         ရုပ်ရှင်မင်းသား အကယ်ဒမီ (ဦးကျော်သူ) ဟာ ကျွန်တော်အတွက်တော့ အလွန်
လေးစားထိုက်သော လူတစ်ယောက်ပါ ။ ရုပ်ရှင်မင်းသား အကယ်ဒမီ (ဦးကျော်သူ) ဆိုတာနဲ့  နာရေး
ကူညီမှုအသင်း ကိုပါတွဲပြီးမြင်ယောင်မိကြမှာပါ ။ ဟုတ်ပါတယ် (ဦးကျော်သူ)ဟာ မြန်မာနိုင်ငံက လူ
ပါ ။ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို ရေးမယ်ဆိုတော့ အတော့်ကို သတိထားရပါတယ် ။
တစုံတခု မှားယွင်းခဲ့ရင် ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ် ။  ဦးကျော်သူ ရဲ့ ပေးဆပ်ခြင်းဟာ
တန်းဖိုးမဖြတ်နိုင်ပါဘူး ။ ဒါကြောင့်လည်း ပြည်သူ့ ဂုဏ်ရည်ဆု ကိုရရှိခဲ့တာပါ ။ ဦးကျော်သူ ဆိုတဲ့ နာမည်
ဟာ မြန်မာနိုင်ငံ ပြည်သူ ၊ ပြည်သားတွေရဲ့ ရင်ထဲမှာ အမြဲတမ်း မှတ်တမ်းတင်နေမည့် နာမည် တစ်ခုပါ ။
ဒါကြောင့်လည်း အမှားအယွင်းမရှိအောင် တင်ပြရခြင်းသာဖြစ်ပါတယ် ။ ဒီလို တင်ပြမှု မှားယွင်းခဲ့ရင်
တောင်းပန်ပါကြောင်း ထပ်လောင်းပြောဆိုပါရစေ ခင်ဗျာ ။
                        ကျွန်တော် တို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံလို့  အားလုံးက အသိအမှတ်ပြုထားကြ
ပါတယ် ။ မြန်မာနိုင်ငံမှာလည်း လက်ညိုးထိုးမလွဲအောင် စေတီ ၊ ပုထိုးတွေပေါများလှပါတယ် ။ ဘုရား ၊
တရား ၊ သံဃာ ကိုကြည်ညိုကြတာ မြန်မာနိုင်ငံ သူ၊ မြန်မာနိုင်ငံသားတွေကို ဘယ်သူမှလိုက်မမှီဘူးလို့ 
ကျွန်တော် ယုံကြည်ပါတယ် ။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ အဓိကအကြောင်းကတော့ ဗုဒ္ဓဘာသာ
ဝင်တွေဟာ ဘုရား ၊ တရား ၊ သံဃာ ဆိုပြီး တတန်းထဲထားကြပါတယ် ။ ဘုရားသားတော်တွေ ဖြစ်တဲ့
သံဃာတော်တွေ ကိုလည်း ဘုရားနဲ့ တတန်းထားပြီး ကိုးကွယ်ဆည်းကပ်ကြပါတယ် ။ ဒီလို ဘုရားနဲ့  တတန်းထဲထားပြီး ကိုးကွယ်ဆည်းကပ်ကြတဲ့ သံဃာတော်တွေကို ဘယ်လို ပူဇော်မှုမျိုးနဲ့  ကန်တော့
သင့်ကြပါသလဲ ။
                 အောက်ကပုံကို ကြည့်ပါ ။
ဒါဟာ ဘုရားသားတော် သံဃာတစ်ပါးနဲ့  အတူ ရုပ်ရှင်မင်းသား(ဦးကျော်သူ) နဲ့  အခြား တစ်ယောက်
တို့  ထိုင်ခုံတစ်ခုံမှာ အတူယှဉ်တွဲ ထိုင်နေကြတာပါ ။ ကျွန်တော် ပြောချင်တာက ဗုဒ္ဓဘာသာ မှာ ဘုရား နဲ့ 
အတူယှဉ်တွဲ ထိုင်ကြရတာလဲ ခင်ဗျာ ။ ဒါဆိုရှင် ဗုဒ္ဓဘုရားရှင် နဲ့  အတူယှဉ်တွဲ ထိုင်သလိုဖြစ်မနေဘူးလား ခင်ဗျာ ။
            တခြား သာသာဝင်တွေ အနေနဲ့ ကြည့်ရင် ဘယ်လိုအမြင်မျိုး ရှိမယ်ဆိုတာကိုပါ သုံးသပ်သင့်ပါ
တယ်။ ဦးကျော်သူ တို့ လို စံပြပုဂ္ဂိုလ်ကြီးတွေကတောင် ဒီလိုပြုမှုမယ်ဆိုရင် တခြားလူတွေ အနေနဲ့ .....? ။
မိမိ ကိုးကွယ်တဲ့ ဘာသာကို မိမိကိုယ်တိုင် လေးစားလိုက်နာကျင့်သုံးမှ တခြားဘာသာဝင်တွေဟာ လေး
စားလိုက်နာမှာပါ ။ ဒီလို အတူယှဉ်တွဲ ထိုင်နေတာကို တခြား ဘာသာဝင်တွေ အနေနဲ့  မြင်တွေ့ သွားရင်
မိမိတို့  ကိုးကွယ်ဆည်းကပ်နေကြတဲ့ သံဃာတော်တွေကိုလည်း အမြင်တမျိုးရောက်သွားနိုင်ပါတယ် ။
သံဃာတော်တွေ အနေနဲ့ ကလည်း ဒီလိုပြုမှုလာရင် ကျောသား ၊ ရင်သား မခွဲခြားပဲ ဆုံးမပြုပြင်သင့်ပါ
တယ်လို့ ထင်မြင်ယူဆမိပါတယ် ။ အလှူအတန်း ကိုမျှော်ကိုးပြီးလို့ ဘဲဖြစ်ဖြစ် ၊ အားနာလို့ ဘဲဖြစ်ဖြစ်
 ဆုံးမသင့်တာကို မဆုံးမဘူးဆိုရင်တော့ သံဃာတော်တွေပါ အပြစ်မကင်းဘူး လို့ ထင်မြင်ယူဆမိ
ပါကြောင်း ရေးစားလိုက်ရပါတယ် ခင်ဗျာ ။။။။။။။။။။
                                     လေးစားလျှက် ( စိုင်းမြင့်ထွန်း )
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий