ဆန္ဒပြခဲ့ကြသူများအား လွှတ်ပေးရေ့း မြန်မာအတိုက်အခံများမှ ဦးဆောင်တောင်းဆိုသင့်
ဗြိတိန်နိုင်ငံမှာ ရဲက ၂၉ နှစ်အရွယ် ကလေးတစ်ယောက် အဖေကို ရဲက သေနက်ဖြင့် ရက်ရက်စက်စက် ပစ်သတ်ခဲ့မှုအပေါ် မဖြင့်သင့်ဘူးဟူသည့် ယုံကြည်ချက်ဖြင့် ကျောင်းသားတွေ က ဆန္ဒပြခဲ့ကြပါတယ်။ ဗြိတိန်အစိုးရ တာဝန်ရှိသူများက ရဲဝန်ထမ်း ပစ်သတ်ခဲ့သည့် ကိစ္စအတွက် တစ်စုံတစ်ရာဖြေရှင်းချက် မပေးသည့်အပြင် ဆန္ဒပြကျောင်းသားများကို ရဲအင်အားတွေ ထပ်တိုးချထားပြီး ဖမ်းဆီးခြင်းတွေ၊ ရိုက်နှပ်ခြင်းတွေ နဲ့ တုန့်ပြန်ခဲ့ကြပါတယ်။ ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ထရီဇာမေ က ဆူပူလုယက်မှု တွေ ဖြစ်ခဲ့တဲ့ အရပ်တွေ က လမ်းမတွေ မှာ လုံခြုံရေး အတွက် ရဲ ဝန်ထမ်း တွေ ကို ထပ်တိုး ပြီး ချထားမယ် လို့ ပြောလိုက် ပါတယ်။

အရင် ပုံမှန် အချိန် တွေတုန်းက စနေ နဲ့ တနင်္ဂနွေ လို အလုပ် ပိတ်ရက် တွေ ကျရင် လန်ဒန် က လမ်းမ တွေ အပေါ်မှာ ရဲ အရေ အတွက် ၂၅၀၀ ချထားလေ့ ရှိပေမယ့် အခုဆိုရင် ရဲ တပ်ဖွဲ့ဝင် ပေါင်း ၁၆၀၀၀ ချထားမယ် လို့ လန်ဒန် က ထိပ်တန်း ရဲ အရာရှိကြီး တဦး က ပြောပါတယ်။

အခုဆိုရင် အင်္ဂလန် က ယုံကြည်ချက်ကြောင့် အကျဉ်း ခံနေရသူပေါင်း ၁၅၀၀ ကျော်အဖမ်းခံ ထားရပြီး ဒီ အထဲ က လူ ၁၀၀၀ လောက် က လန်ဒန် မှာ ဖမ်းထားတဲ့ သူတွေပါ။ သူတို့ကို ပြစ်ဒဏ် ချရင် အရင် အလားတူ အပြစ်မျိုး ပြစ်ဒဏ်ပေး တာ ထက် ပိုပြင်းထန် တဲ့ အရေးယူမှု ကို လုပ်မယ် လို့ လည်း သိရ ပါတယ်။ ဒီနေ့ထိလည်း ဗွီဒီုယို ကင်မယာများကို ပြန်ကြည့်ပြီး ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသား လူငယ်များကို အိမ်တိုင်ရာရောက် ဖမ်းဆီးနေတုန်းဖြစ်တယ်လို့ ဘီဘီစီ က ပြောပါတယ်။

ကျောင်းသားတွေကို ဖမ်းဆီးသည့်အပေါ် မှာ ကျွမ်းကျင်သူများအနေဖြင့် သဘောထား အမျိုးမျိုးကွဲပြားလျှက်ရှိပါတယ်။ ကျောင်းသားတွေက သူပုန်တွေ၊ သခိုးတွေမဟုတ်ပဲ ယုံကြည်ချက်ကြောင့် ဆန္ဒပြခဲ့ကြသူများသာ ဖြစ်သောကြောင့် မဖမ်းသင့်ကြောင်း ဝေဖန်ကြသူတွေလည်းရှိပါတယ်။
"ဒီကျောင်းသားတွေက လူဆိုးတွေမဟုတ်ပါဘူး.. သူခိုးဓါပြတွေ မဟုတ်သလို၊ သူပုန်တွေလည်း မဟုတ်ပါဘူး.. သူတို့ဟာ ယုံကြည်ချက်ကြောင့် ဆန္ဒပြနေကြသူတွေပါ .. အခုဆိုရင် ဖမ်းထားတာ ၂၀၀၀ နီးပါးရှိပြီး.. အိမ်တိုင်ရာရောက် လိုက်ဖမ်းနေတုန်းဆိုတာ ကြားရလို့ အလွန်စိုးရိမ်မိပါတယ်... ဒီလို ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံနေရတဲ့ ကျောင်းသားလူငယ်တွေအားလုံး ချွင်းချက်မရှိ ပြန်လွတ်ဖို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံးက တောင်းဆိုသင့်တယ်.. လိုအပ်ရင် ကုလသမ္မက အထူးစုံစမ်း ကော်မရှင် ထိ တင်ပြသင့်တယ်" လို့ ဝါရင့် အကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။ "ဒါမျိုးတွေ ကို အမြဲ ငိုပြ တောင်းဆိုတတ်တဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက လုပ်နေကြဖြစ်လို့ ပိုမိုကျွမ်းကျင်ပြီး အတွေ့အကြုံရှိပြီးသားဖြစ်တယ်.. ဒါကြောင့် ဒီကိစ္စကို တခြားနိုင်ငံတွေက မတောင်းဆိုရင်တောင် မြန်မာ့အရေးလှုပ်ရှားသူတွေက ဦးစီးတောင်းဆိုသင့်တယ်" လို့ သူက ဆက်ပြောပါတယ်။

ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦးကို ရဲက ရိုက်နှပ်ဖမ်းစီးသွားစဉ်
ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦးအား လက်နက်သုံး အနိုင်ကျင့်နေသည့် ဗြိတိန်ရဲ

ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ဗြိတိန် ကျောင်းသားတစ်ဦး အား ရဲတပ်ဖွဲ့ဝင် လေးဦးမှ တရွတ်တိုက် ဆွဲခေါ်သွားစဉ်

ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး အား ရဲ သုံးဦးမှ လက်ပြန်ချိုးပြီး ခေါ်ဆောင်သွားစဉ်

ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦးအား ရဲအရာရှိ တစ်ဦးမှ လည်ပင်းညှစ် သတ်နေပုံ

ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားများကို ဗြိတိန် အာဏာရှင်အစိုးရမှ အာဏာတည်မြဲရေးအတွက် အင်အားသုံး နှိုမ်နှင်းစဉ်

ခေါင်းတွေ၊ လက်တွေမှာ သွေးတွေ ထွက်နေသည့် ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး
တိရစ္ဆာန်တစ်ကောင်လို ညှင်းပန်းခံနေရသည့် ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး

ပြည်သူအားလုံးရှေ့မှာ ဖိနိပ်ခံနေရသည့် ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး

တစ်ကိုယ်လုံး သွေးများထွက်ကာ လဲနေသည့် ရဲတွေကြားမှ ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး

ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦးအား အီရက်မှ လူအစုလိုက် အပြုံလိုက် သတ်ခဲ့သူ တစ်ဦးပမာ ရဲများက ဆက်ဆံစဉ်

လန်ဒန် မှာ ပြီးခဲ့တဲ့ စနေနေ့ ည က စပြီး ဆူပူလုယက်မှု တွေ ဖြစ်ခဲ့ပြီး နောက်ထပ် ၄ ရက် ဆက်တိုက် လန်ဒန် နေရာ တော်တော်များများ နဲ့ အင်္ဂလန် က အချို့ မြို့ တွေ ကို ပံျ့နှံ့ သွားခဲ့ ပါတယ်။ ပျက်ဆီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု အများအပြားရှိခဲ့ပေမယ့် ကုလသမဂ္ဂနဲ့ အနောက်အုတ်စုမှ တစ်စုံတရာ ပြောဆိုခြင်း မရှိခဲ့ကြပါဘူး။
ဒါမျိုးနေရာတွေမှာ အကျွမ်းကျင်ဆုံးဖြစ်သည့် မြန်မာအတိုက်အခံများ
ဗြိတိန်နိုင်ငံရှိ ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသား ၂၀၀၀ နီးပါးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငှတ်လွှတ်ပွဲကျင်းပဖို့လို

၁၃ - ၈ - ၂၀၁၁ ရက်နေ့ မြန်မာနိုင်ငံသတင်းများ


  • နစက ဗဟိုဈေးမီးလောင်၊ မသင်္ကာမူနှင့် လူ ၃ ဦးကို ဖမ်းဆီး တရားစွဲ - နိရဉ္စရာ click here
  • ၄၄ နှစ်မြောက် ရခိုင်ပြည် ဆန်ပြဿနာနေ့ - ဧရာဝတီဘလော့ဂ် click here
  • KIA နဲ့ ငြိမ်းချမ်းရေး ပြည်ထောင်စုအစိုးရ မျှော်လင့် - ဗွီအိုအေ click here
  • အမျိုးသားရင်ကြားစေ့ရေးနှင့် တွေ့ဆုံဆွေးနွေးရေး အစိုးရသစ် လုပ်ဆောင်နေဟုဆို - ဒီဗွီဘီ click here
  • KIA နှင့် NLD အကြောင်း ရှင်းလင်း - ဘီဘီစီ click here
  • ဝန်ကြီးဦးကျော်ဆန်း သတင်းစာရှင်းလင်းပွဲအတွင်း စိတ်ခံစားမှုကြောင့် မေးခွန်းအချို့ကို ဖြေကြားခြင်းမပြု - ဒီဗွီဘီ click here
  • တိုင်းပြည် ငွေကြေး လည်ပတ်မှုမှာ မထုတ်ပြန်သင့်သော အရာဟု ဝန်ကြီးပြော - မဇ္စျိမ click here
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်လက် ဆွေးနွေးမယ်လို့ မြန်မာအစိုးရ ပြောကြား - အာရ်အက်ဖ်အေ click here
  • ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့ ဆက်လက်ညှိနှိုင်းမည် - မိုးမခ click here
  • ပဋိပက္ခ အမြင်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုနှင့် အစိုးရ သဘောတူညီ - မဇ္စျိမ click here
  • ဒေါ်စုနဲ့ ဦးအောင်ကြည် သတင်းစာရှင်းပွဲ မေးခွန်းမေးခွင့် သိပ်မရ - ဘီဘီစီ click here
  • ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည် တွေ့ဆုံပွဲ နိုင်ငံရေး ခေါင်းဆောင်တွေ သတိနဲ့ ကြိုဆို - အာရ်အက်ဖ်အေ click here
  • အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်တွဲဆောင်ရွက်မယ်လို့ ပူးတွဲကြေညာ - အာရ်အက်ဖ်အေ click here
  • အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် ဒေါ်စုနဲ့အစိုးရ သဘောတူ - ဗွီအိုအေ click here
  • နှစ်ဘက် ပူးပေါင်းဆောင်ရွက်မည် - ဘီဘီစီ click here
  • ပူးပေါင်းဆောင်ရွက်မှုကနေ တိုးတက်မှုရရှိလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား - ဒီဗွီဘီ click here
  • လေဘေးသင့် သေဆုံးပျောက်ဆုံးသည့် ရေလုပ်သား မိသားစုဝင်များကို အန်အယ်လ်ဒီ ထောက်ပံ့ - ဒီဗွီဘီ click here
  • GW က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုံ့ဆော် - ဒီဗွီဘီ click here
  • နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး ကူညီဖို့ စာချိတ်ဆွဲ - ဧရာဝတီဘလော့ဂ် click here
  • နှိုးဆော်ပိုစတာ ချိတ်ဆွဲလှုပ်ရှားမှုတွေ - အာရ်အက်ဖ်အေ click here
  • ကနေဒါ နိုင်ငံသား မြန်မာနိုင်ငံက ဒုက္ခသည်တွေ အတွက် ရန်ပုံငွေရှာဖွေ - အာရ်အက်ဖ်အေ click here
  • ဧရာဝတီ ပျက်စီးမှု ကာကွယ်ရန် ရွေးကောက်ပွဲဝင်တွေလည်း ပြောပြီ - မဇ္စျိမ click here
  • မြန်မာအစိုးရစစ်သားတဦး မိမိကိုယ်ကို အဆုံးစီရင် - KNG click here
  • ကလေးစစ်သား ပြန်ခေါ်ဖို့ကြိုးစား - အာရ်အက်ဖ်အေ click here
  • ဒုက္ခသည်ဈေးဆိုင်များ ထိုင်းအာဏာပိုင်များထံ လစဉ်အခွန် ပေးဆောင်ရ - KIC click here
  • တာဆန်းရေကာတာအနီး ပျောက်ဆုံးခဲ့သည့် တရုတ်အင်ဂျင်နီယာများ ပြန်လွတ် - ဒီဗွီဘီ click here
  • သုံးလခန့် ကြာသော်လည်း မုဒုံ ဖုန်းလိုင်း ပြတ်တောက်နေဆဲ - မဇ္စျိမ click here
  • နိုင်ငံခြားငွေလဲ လက်မှတ်များ ပြန်ရုပ်သိမ်းမည် - ဗွီအိုအေ click here
  • ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အီလက်ထရောနစ်ဥပဒေဖြင့် တရားစွဲရန် အမိန့်ချ - ဒီဗွီံဘီ click here
  • ကရင့်အာဇာနည်နေ့ ကေအဲန် အယ်လ်အေနဲ့ ဒီကေဘီအေ ပူးပေါင်းကျင်းပ - KIC click here
  • ၆၁ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပ - ဒီဗွီဘီ click here
  • ၀န်ကြီးများ မြို့တော်ခန်းမရှေ့  ဆန္ဒပြ ငိုကြွေးမည် - ဧရာဝတီဘလော့ဂ် click here
  • ဦးကျော်ဆန်း ချုံးပွဲချငို - ဧရာဝတီဘလော့ဂ် click here
  • မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒုတိယအကြိမ်တွေ့ဆုံပွဲ (သတင်း၊ ဓာတ်ပုံ...) - ဒီမိုဝေယံ click here
  • ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကြည်ကို ဒုတိယအကြိမ်မြောက် လက်ခံ တွေ့ဆုံ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • ကြည်ကြည်ဆွေးနွေးပွဲ ဒုတိယပိုင်း ဓာတ်ပုံများ - ဧရာဝတီဘလော့ဂ် click here
  • ကရင့်အမျိုးသားအာဇာနည်နေ့ - ဧရာဝတီဘလော့ဂ် click here
  • SAW အဖွဲ့သို့ အမျိုးသမီးနှင့်ကလေး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလအ ထူးကိုယ်စားလှယ် Ms Joy Ngozi Ezeil၀ လာရောက်လေ့လာ (ဓာတ်ပုံ) - ဒေါက်တာလွဏ်းဆွေ click here
  • တပတ်အတွင်း စီးပွားရေးသတင်း - ဒီဗွီဘီ click here

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий