အသုံးမကျ (၉) လ

ဒီနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် အကျယ်ချုပ်က လွတ်လာတာ ၉ လ ကြီးတောင် ပြည့်ခဲ့ပါပြီ။ ဘာတစ်ခုမှ ထူးခြားတိုးတက်ပြောင်းလဲ လာတာ မရှိပါဘူး။ အရင်တုန်းက NLD က လည်း ဒီတိုင်း ဒုံရင်းဒုံရင်းပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံယုံကြည်ပြီး အပြောင်းအလဲ တစ်ခုခုများဖြစ်လာမလား မျှော်လင့်နေကြသူတွေကလည်း ဆင့် ဟိုဒင်း ကို ခွေးမျှော်ရသလိုပဲ.. မျှော်တာသာ အဖက်တယ်တယ် ဘာမှမရခဲ့ကြရရှာပါဘူး။
ဒါက ဟိုတုန်းက အမြဲပြောနေတာပေါ့..ခုတော့ တက္ကသိုလ်ရိပ်သာလမ်းအတွင်း ပင်လုံဆိုတဲ့ စကားသံနဲ့ ခမောက်ဆိုတဲ့ စကားသံ ဘယ်သူမှ ထွက်မလာဖို့ စည်းကမ်းတင်းကြပ်ထားပါတယ်
အစိုးရအဖွဲ့ကတောင် လွှတ်တော်ကို ဒုတိယအကြိမ်ခေါ်တော့မယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၉ လ လုံးလုံး VOA နဲ့ RFA ပရိတ်သက်တွေ မေးသမျှ ထိုင်ဖြေရင်းနဲ့ပဲ နိုင်ငံရေးကို အကြီးအကျယ်လုပ်နေခဲ့ပါတယ်။ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ဒုတိယပင်လုံဆိုတဲ့ စကားကို ခုချိန်မှာ တစ်ယောက်မှတောင် ပြောသံမကြတော့ဘူး။ အရင်တုန်းကတော့ ဘလော့တွေ၊ မီဒီယာတွေမှာတော့ ဒုတိယ ပင်လုံးအကြောင်း မိုးလုံးပြည့်နေခဲ့ပါတယ်။ ခုတော့ အကုန်အမြီးကို ကုတ်လို့သာနေပါတော့တယ်။

ဒုတိယ ခြေလှမ်းဖြစ်တဲ့ အိပ်ဖွင့်ပေးစာကိုလည်း KIA ကေ-ာက်ပေါလုပ်လိုက်ပြန်တယ်။ ခုဆိုရင် KIA တင်မကဘူး တိုင်းရင်းသားလက်နက်ကိုင် အားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေငြာချက်ကို တစ်စက်လေးမှတောင် ဂရုမစိုက်ပဲ လုပ်ချင်ရာတွေ လုပ်နေကြပါတယ်။

ဒုတိယပင်လုံးစီမံကိန်းက ပျက်၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးက ပြောလို့မရခင်မှာ တစ်ဦးတည်းသော အစ်ကိုဖြစ်တဲ့ ဦးအောင်ဆန်းဦးနဲ့က ရန်ဖြစ်လိုက်ရပါသေးတယ်။

၉ လ အတွင်းမှာ နိုင်ငံရေးပြဿနာ၊ ပြည်သူတွေရဲ့ ပြဿနာတွေ ဖြေရှင်းဖို့နေနေသာသာ သူ့မိသားစု မောင်နှမချင်း ပြဿနာတောင် မဖြေရှင်းနိုင်ဘူးဖြစ်နေရပါတယ်။ ၉ လ အတွင်းမှာ နိုင်ငံခြားသားနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရထားတဲ့ ကလေးက မြန်မာနိုင်ငံကို ၂ ခေါက် လာသွားခဲ့ပြီး မြန်မာစကားမပြောတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးတော်မောင်ကို ဟိုလိုက်ပို့ရ ဒီလုက်ပို့ရတွေပဲ လုပ်နေခဲ့ပါတယ်။ အခုလည်း ပြေးကြည့်လို့မှ နှစ်ယောက်တည်း ရှိတဲ့ အစ်ကိုကို မကျေနပ်လို့ အမှုဖြစ်ရပြန်ပြီ။ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ အချိန်တွေကုန်နေတော့တာပါပဲ။ အသက် ၄၀ မကျော်ခင်တုန်းကလည်း အနှစ် ၃၀ လုံး မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို မေ့ပြီး နိုင်ငံခြားမှာ ယောက်ျားယူ ပျော်ပါးပြီး မိသားစုကိစ္စ လင်ယူ သားမွေး ကိစ္စတွေပဲ လုပ်နေခဲ့ရပြီး။ အကျယ်ချုပ်ကျခံရတော့ နိုင်ငံတော်ရဲ့ ကယ်တင်ရှင်ကြီးပဲ အကျယ်ချုပ် ကျသွားလို့ ဘာမှမလုပ်နိုင်သလိုလိုဖြစ်ခဲ့ပေမယ့် အခု လွတ်လာတဲ့ ၉ လ အတွင်းမှာလဲ ဒီမိသားစု ကိစ္စတွေနဲ့ပဲ ရုံးရောက်၊ ဂတ်ရောက်လုပ်နေရတုန်းပါပဲ။
ဗြိတိလျှဆီက လွတ်လပ်ရေးအတင်းတောင်း ယူခဲ့ရတဲ့ ဗိုလ်ချုပ်ကို ဗြိတိလျှနဲ့ ရတဲ့ သားတော်မောင် ကပြား ကို ခေါ်လာပြတဲ့ သမီးလိမ်မာလေး.. ဗိုလ်ချုပ်က ပါးထမရိုက်လိုက်တာ ကံကောင်း..

ဒါ့အပြင် အာဇာနည်ကုန်းကို နိုင်ငံခြားသားနဲ့ ရထားတဲ့ မြန်မာစကားမပြောတတ်တဲ့ ကပြား ကမ်အဲရစ်ကို ခေါ်သွားလို့ ဗိုလ်ချုပ်အောင်ဆန်းက ထပြီး ပါးရိုက်မလွှတ်လိုက်တာ ကံကောင်းတယ်လို့ ဝေဖန်နေသူတွေလည်းရှိပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လုပ်သမျှ ဘာနေနေ အမြဲထောက်ခံနေတဲ့ အားကိုးစရာ ဗြိတိန် အစိုးရကလည်း ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားများကို အိမ်တိုင်ရာရောက်လိုက်လံဖမ်းဆီးချုပ်နောင်နေတာကြောင့် မြန်မာနိုင်ငံရဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ လွတ်မြောက်ရေး စီမံကိန်းကလည်း နှုတ်ဆိတ်သွားရပြန်ပါတယ်။
ယုံကြည်ချက်ကြောင့် ဆန္ဒပြရင် ဗြိတိန်မှာ လည်ပင်းညစ်တယ်

ဒီကြားထဲမှာ ရှစ်လေးလုံးနှစ်ပတ်လည် ဆန္ဒပြပွဲလုပ်တုန်း နိုင်ငံရေးကျွမ်းကျင်သူ တစ်ဦးက ဆိုင်းဘုတ်ကို ဇောက်ထိုးဆွဲ ဆန္ဒပြခဲ့လို့ ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကြီးကလည်း ဟာသကြီးဖြစ်ပြီး ပြီးသွားခဲ့ရပြန်သေးတယ်။ ဒီထက် ဟာသ ဖြစ်တာလည်း ရှိပါသေးတယ်။ အဲဒီ ရှစ်လေးလုံးတုန်းက အော်ဇီယောက် ဆရာထူးထူးဟန်နဲ့ တပည့်မူးမူးလန် တို့က လူ ၁၅၀ ကျော်ကို ခေါင်းနောက်ကနေ ပစ္စတိုနဲ့ ခပ်ခွာခွာထားပြီး ချိန်ပစ်ခဲ့ပါတယ်တဲ့..။
ဟာသ ရှစ်လေးလုံး
ထိုင်းနိုင်ငံမှာ ရင့်လတ်ရှင်နာဝပ် ရွေးကောက်ပွဲနိုင်တော့ မျက်နှာလိုအားရ လှမ်းပြီးဖားလိုက်ရပါသေးတယ်။ ရင်လတ် ဆို့ သက်ဆင် တို့ မောင်နှမ ကို အတုယူမယ်ဆိုတဲ့ စိတ်ကူးမျိုးတော့ မရှိခဲ့ပါဘူး။ ရင်လတ်ရှင်နာဝပ်က အသက် ၄၀ ကျော်ပဲ ရှိပါသေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၀ ပြည့်ဖို့ ၃ နှစ်ပဲလိုပါတော့တယ်။ ဒါ့အပြင် အသက် ၆၃ နှစ်အရွက် သက်ဆင်က ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ သက်ဆင်က.. သူ့အသက်က ၆၃ နှစ်ရှိနေတဲ့အကြောင်း၊ ၆၃ နှစ်ဆိုတာ အသက်ကြီးနေပြီဖြစ်ပြီး နိုင်ငံရေးမှာ သူတို့ခေတ်ကုန်သွားပြီဖြစ်ကြောင်း၊ အေးအေးဆေးဆေးပဲနေတော့မယ့်အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အသက် ၇၀ ပြည့်တော့မယ် ဘွားဘွားစုကြည်ကတော့ မသေချင် ဝန်ကြီးတစ်နေရာများ ရလိမ့်မလားလို့ မျှော်လင့်နေတုန်းပါပဲ။

ပြည်ထဲရေးဝန်ကြီးက သတိပေးစာရောက်လာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် ကြောက်တတ်လ သိသာ ပေါ်လွင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ ချက်ချင်း တောင်းပန်စာရေးပြီး အသနားခံလိုက်ရပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လက်မခံလို့ ရွေးကောက်ပွဲတောင် မဝင်ခဲ့တဲ့ NLD က အသနားခံစာထဲမှာတော့ အခြေခံဥပဒေထဲက ဥပဒေတွေကို ရေးထားလိုက်တာ တန်းစီနေတာပါပဲ။ "ဒါတောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေကို လက်မခံဘူးဆိုလို့ ၂ မျက်နှာပဲ ရှိတာ လက်ခံတယ်ဆိုရင် စာအုပ်တစ်အုပ်တောင် ထုတ်ပြီး အကြောင်းပြန်နိုင်တယ်လို့" ဝါရင် နိုင်ငံရေးအကဲခက်တစ်ဦးက ဝေဖန်ခဲ့ပါသေးတယ်။ ဇတ်ကားတွေထဲမှာတော့ "သတ္တိရှိလိုက်တာ" လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတဲ့ အခန်းတွေ ရိုက်ကြပါတယ်။ အသနားခံစား နေ့ချင်းရေးပြီး ပြန်ပို့နေချိန်အှာ အဲဒီ
သတ္တိရှိလိုက်တာ ဆိုတဲ့ မျက်နှာကို ဘယ်လိုဖြစ်နေမလဲဆိုတာကို စိတ်ဝင်စားကြသူတွေလည်း ရှိနေပါတယ်။ နောက်ထပ် ကွဲပြားတဲ့ မျက်နှာတစ်ခုကတော့ ဦးအောင်ကြည်နဲ့ တွေချိန်ပါပဲ။ "မျက်နှာက တစ်စက်မှ ကျက်သရေမရှိဘူး" လို့ တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။ နိုင်ငံခြားသားတွေနဲ့တွေ့ချိန်များမှာတော့ သွား ၃၂ ချောင်းပေါ်အောင် ဖြီးနေခဲ့ပြီး ဦးအောင်ကြည်နဲ့မှ ကျက်သရေမရှိတဲ့ မျက်နှာ ဖြစ်နေလို့ ဘာကြောင့်လဲလို့ မေးခဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာကြောင့်လဲဆိုတဲ့အဖြေကို မပေးပဲ နောက်ဆို သတိထားပါ့မယ်လို့ပဲ ဖြေခဲ့ပါတယ်။ - ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးမှာ လူထုသောင်းချီကြို click
- ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးတွင် တခဲနက်ကြို click
- ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေးခရီးစဉ် click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးနေ့ချင်းပြန်ခရီးစဉ် click
- ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ် တိုက်ရိုက်တင်ဆက်မှု click
- ဒေါ်အောင်ဆန်းစုကြည် ပဲခူးနဲ့ သနပ်ပင်မှာ စာကြည့်ခန်းတွေ ဖွင့် click
- အောင်ဆန်းဂျာမွန်း click
- ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ် ပြီးဆုံး click
- ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ် အဆုံးသတ်၊ ရန်ကုန် ပြန်ရောက်ပြီ click
- ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ် ဓာတ်ပုံများ click
- ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူး၊ သနပ်ပင် ခရီးစဉ် (ဓာတ်ပုံသတင်း) click
- စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးသို့ (ဆောင်းပါး) click
- ကေအိုင်အိုနှင့် အစိုးရ အပြန်အလှန် စွပ်စွဲ click
- ကြံ့ဖွံ့အစိုးရစစ်တပ်အရာရှိတဦး ကျဆုံးတဲ့ အဇင်းရွာတိုက်ပွဲ click
- စစ်တွေ ဆန်ပြဿနာ ၄၄ နှစ်ပြည့် အခမ်းအနားများ ကျင်းပ click
- ဆန်ပြဿနာနေ့ နှစ်လည်အခမ်းအနားကို ရန်ကုန်၊ တောင်ကုတ်နှင့် နယူးဒေလီမြို့တို့တွင် ကျင်းပ click
- ဌာနဆိုင်ရာ အရာရှိရုံး အ၀င်ဝတွင် အထက်အမိန့်ကို မအာခံရ စာတန်းထိုး click
- အစိုးရသစ် သတင်းစာရှင်းလင်းပွဲ အာရဖွယ်ရှိဟု ပြည်တွင်းမီဒီယာများ​​ သုံးသပ် click
- သတင်းထုတ်ပြန်ရေးအဖွဲ့ ဆိုပါကလား (ဆောင်းပါး) click
- ပြည်ထောင်စုအစိုးရအဆင့် သတင်းစာရှင်းလင်းပွဲ (ဆောင်းပါး) click
- အတိတ်ပုံရိပ် တစေ့တစောင်းနဲ့ အားကောင်းတဲ့ အနာဂတ်မျှော်လင့်ချက် (ဆောင်းပါး) click
- ဒေါ်လာဈေးအကျ ပို့ကုန်အခွန် အကုန်လျှော့ဖို့လို click
- ပို့ကုန်ပစ္စည်းတချို့နှင့် အ၀ယ်အခွန် ကင်းလွတ်အမိန့် ကြေညာစာထွက် click
- မြို့လယ်ဈေးသည်တွေ ဒုက္ခရောက် click
- ရန်ကုန် ရခိုင်စာပေဟောပြောပွဲ ခွင့်ပြုချက်မရ၍ ဖျက်သိမ်းလိုက်ရ click
- ဒုတိယအကြိမ် အွန်လိုင်းရွှေဝတ္ထုတို ဆုရရှိသူများ click
- ငှက်ကြီး (ထူးအိမ်သင်) အတွက် အမှတ်တရ ... (ဆောင်းပါး) click
- ကွပ်ပစ်ဝါဒ ပေါ်ထွန်းခြင်း (ဆောင်းပါး) click
- ကောက်သင်းကောက် ပူဇာ (ဆောင်းပါး) click
- ခေတ်ပေါ်ကဗျာသို့ အမှတ်ရချက်များ (ကဗျာ) click
- ဇာဝီယာမြို့ မကျသေးလို့ အစိုးရ ပြော click
- ဆီးရီးယားမှ ဆေးရုံတွေလည်း အထိနာခဲ့ရ click
- ရစ်ခ်ပယ်ရီက သမ္မတ ၀င်ရွေးမယ်လို့ ဆို click
- ကမ္ဘာ့စီးပွားရေးအလားအလာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ သတိပေး click
- ထပ်စင်ရဲ့ သံတမန်နိုင်ငံကူးလက်မှတ် ပြန်ရရေး အစီအစဉ်မရှိဟု ၀န်ကြီးချုပ် ပြော click
- World Wide Web (WWW) နှစ် ၂၀ ပြည့် အထိမ်းအမှတ် (ဆောင်းပါး) click
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံမှု သတင်းစာ ရှင်းလင်းပွဲ (အသံ) - ယနေ့မြန်မာ click here
  • ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ (ယူတီကာ) (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • မန္တလေးမှ ကာရာအိုကေအသုံးပြုပြီး အလှူခံနည်းတခု - မိုးမခ click here
  • တောင်ကြီးတက္ကသိုလ် ရွှေရတု သီချင်း - ဧရာဝတီဘလော့ဂ် click here
  • အမေ့ရဲ့ ဒုက္ခအိုးလေး - ဧရာဝတီဘလော့ဂ် click here
  • ကြယ်တွေစုံတဲ့ည - ဧရာဝတီဘလော့ဂ် click here
  • ပျိုလေးတို့ ကောက်စိုက်ရာ - မိုးမခ click here

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий