ဒီလူတွေ ဘာတွေလုပ်

ဒီထက် ကိုယ့်အတွက်ရော နိုင်ငံအတွက်ရော အကျိုးရှိတဲ့အလုပ် မရှိတော့ဘူးလား


မြန်မာနိုင်ငံတိုးတတ်ဖို့ လူငယ်တွေ လက်တွဲဖို့လိုကြောင်း လက်တွေ့ပြ

အလုပ်မရှိ အကိုင်မရှိ ဘုရားပေါ်တက် ဝိုင်းကြီးပတ်ပတ် ဆော့နေသူများ
ဒီမိုကရေစီအမြန်ရဖို့ ဝိုင်းကြီးပတ်ပတ် ကစားစို့
ဘုန်းကြီးတွေ ရှိခိုးဦးချခံထားရတဲ့ မာတုကာမကို ဘုရားရိုက်မှာ စိုးလို့ ကာကွယ်တာများလား
ဒီယောက်ျားလူရွယ်တွေ အချိန်ဖြုန်းနေတာတွေ ရပ်ဖို့ကောင်းပြီ
လူငယ်တွေ တကယ် လုပ်နိုင်ပါပေတယ် (သောက်တလွဲ)

ဒီဓာတ်ပုံအထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် Myanmar Express မှ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ၁၀၉-၁၁၀ တွေ အများကြီးရှိကြောင်း ၊ ဘာမှအကျိုးမရှိတဲ့ အလုပ် တွေ လုပ်ရင်း အချိန်ဖြုန်းနေရကြောင်း၊ ဒီစိတ်ဓာတ် ဒီလုပ်ရက် ဒီအချိန်ဖြုန်းမှုတွေကို လုပ်နေသူများနဲ့ အားပေးနေသူများအနေဖြင့် အမြင်မှန် အမြန်ဆုံးမရပါက မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် ME အဖွဲ့ မှ စိုးရိမ်ရပါကြောင်း သတိပေးလိုက်ပါသည်။ - ပြည်သူ့အသံ နိုင်ငံအတွက် အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြီ click
- ပဲခူးခရီးစဉ်နဲ့ပတ်သက်ပြီး ဒေသခံအာဏာပိုင်တွေနဲ့ လူထုကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- ရာခိုင်နှုန်း​ ၉၀ ​ကျော်​ကျော်​လောက် ​အောင်မြင်သွား​တယ် (မေးမြန်းခန်း) click
- ဒီမိုကရေစီခေါင်းဆောင်၏ ပဲခူးခရီး (ဆောင်းပါး) click
- အစိုးရ၀န်ကြီးနဲ့ တွေ့ဆုံတဲ့ကိစ္စ အသေးစိတ်ပြောချိန် မရောက်သေး click
- အပြုသဘော နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူချက် အဖွဲ့ချုပ် ကြိုဆိုထောက်ခံ click
- အပြုသဘော ပူးပေါင်းဆောင်ရွက်ရေး လက်တွေ့အကောင်အထည်ဖော်ဖို့လို click
- တွေ့ဆုံဆွေးနွေးပွဲအပေါ် ကိုမိုးသီးဇွန်ရဲ့အမြင် (အင်တာဗျူး) click
- လူထုကြားထဲက သူတို့ နှစ်ဦး click
- အကျဉ်းသားတွေ ပြန်လွှတ်မလား click
- ဦးကျော်ဆန်း ပြောဆိုချက်များ အစိုးရသတင်းစာ ထိန်ချန် click
- အစိုးရပြောကြားချက် KIO ငြင်းဆို click
- ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲထပ်ဖြစ် click
- သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ် ၆ နာရီကြာ ပစ်ခတ်၊ ဒဏ်ရာရ များပြား click
- လက်နက်ကြီး ထိမှန်သဖြင့် အိမ်မီးလောင်၊ ရှမ်းရွာသား ၇ ဦး ဒဏ်ရာရ click
- လက်နက်လုပြေးသည့် SSA ကင်းထောက်အား ဖမ်းမရ၍ ရွာထဲသို့ လက်နက်ကြီး ပစ် click
- မြန်မာရဲက တရုတ်အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်သတ် click
- မူးယစ်ဆေးဝါးကိစ္စ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေး click
- ၈၈ မျိုးဆက်ကျောင်းသားလူငယ်များက မြစ်ဆုံရေကာတာ ကန့်ကွက်စာ ထုတ်ပြန် click
- ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာဝတီထုတ်ပြန်ချက် click
- မန္တလေးမှာ အင်တာနက်ဆိုင် ၁၀၀ လောက် ပိတ်လိုက်ရ click
- ၄၄ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့နှင့် ၂၁ နှစ်မြောက် ဦးဦးသာထွန်းနေ့ကို ဂျပန်၊ မလေးနှင့် အမေရိ ကန်တို့တွင် ကျင်းပ click
- ရေတပ်ကလည်း ငွေမလျော် မြေသိမ်းဟု မွန်လူ့အခွင့်အရေးအဖွဲ့ ပြော click
- မြန်မာနိုင်ငံတောင်ပိုင်းတွင် မြေသိမ်းမှုများ ဆက်လက်ရှိနေဆဲ click
- အများပိုင်မြေ ရောင်းချသည့်အပေါ် ဒေသခံများ မကျေနပ် click
- မုန်တိုင်းအကြိမ်ကြိမ် အတိုက်ခံရသည့် ပြည်တွင်းငြိမ်းချမ်းရေး (ဆောင်းပါး) click
- သီရီဇေယျာ (၂) (ဆောင်းပါး) click
- ခွဲခြားတံဆိပ်ကပ်ခံရသည့် မြန်မာအလုပ်သမားများ (ရုပ်သံ) click
- ရန်ကုန်လမ်းဘေးဈေးသည် ၅၀၀ ကျော် သမ္မတထံ စာရေးပေးပို့ click
- သိမ်းဆည်းခံရသော မြေဧက ၃,၀၀၀ ကျော်မှ ဧက ၂၃၇ ပြန်လည်ရရှိ click
- ရေမကျသေးသဖြင့် လယ်သမားများ အခက်ဖြစ် click
- ပြည်ပပို့ကုန် ၇ မျိုး အခွန်ကင်းလွတ်ခွင့်ပေး click
- FEC ရုပ်သိမ်းမည် click
- အကြိမ် (၂၀) မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော် (တောရကျောင်း၊ မဲဆောက်) (ဓာတ်ပုံ) click
- ဒဿနိကဆိုင်ရာ စာပေပညာရှင် နန္ဒာသိန်းဇံ ကွယ်လွန် click
- စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန် click
- ဒဿနဆရာ နန္ဒာသိန်းဇံ ကွယ်လွန် click
- မင်းသုဝဏ် (၁၉၀၉-၂၀၀၄) click
- မင်းသုဝဏ် အမှတ်တရ စာစုများ click
- ပျဉ်းမငုတ်တို (ကဗျာ) click
- အနိုင်မခံကဗျာ မင်းသုဝဏ် ကိုအောင်ဆန်း ညိုမြနှင့် မောင်သော်က (ဆောင်းပါး) click
- တင်မိုးနှင့် ကလေးကဗျာ (ဆောင်းပါး) click
- ထပ်စင် ဂျပန်ဗီဇာ ရ click
- အိန္ဒိယ၊ ပါကစ္စတန် (၆၄) နှစ်ကာလ လွတ်လပ်ရေးခရီး (ဆောင်းပါး) click

ရာနှုန်းပြည့်အပြင် ထပ်တိုးလို့ အမှတ်ပေးလိုက်ချင်


Internet သရဲ ကျုပ်တူတစ်ကောင် အိမ်ဘက်အပြေး ရောက်လာလို့ ထူးခြားတာတစ်ခု ကြားလိုက် ရပါရော။ ဒီနေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟာ ခန်းမထဲမှာ ရှင်းရင်းလင်းရင်း မျက်ရည်ကျလို့ ဆိုပြီး သင်းက အမောတကော ဟောဟဲ လိုက်လို့ ပြောပါရော။ မြတ်စွာဘုရား--- ဘယ်လိုများ ဖြစ်ရပါလိမ့်။ ကျုပ်တို့လည်း TV မှာ ဒီသတင်းကို ကြည့်ခဲ့တာပဲလေ။ ဒါတွေ အသေးစိတ် သတိ မထားမိပေါင်။ ဝန်ကြီး ဦးကျော်ဆန်း ရှင်းသွားလိုက်တာများ အသားရော အနှစ်ပါ ပြည့်လို့ ရိုးသားတဲ့ ကျုပ်တို့လို ပြည်သူတွေ အတွက်တော့ ကွက်ကွက်ကွင်းကွင်း စင်းစင်းကြီးကို ဖြစ်လို့ပါ။ ကချင်ပြည်နယ်က ပြည်သူတွေ အပါအဝင် ကျုပ်တို့ ပြည်သူတွေ အားလုံး အဲဒီ လက်တစ်ဆုပ်စာ KIA နဲ့ KIO အဖွဲ့တွေရဲ့ စိတ်ပျက်စရာ ဒုံးဝေးမှုအပေါ် စိတ်ကိုကုန် ပါရော။ ဘယ့်နှယ်ဗျာ---- နိုင်ငံတော် အစိုးရရဲ့ သဘောကောင်းမှု၊ စေတနာ ကောင်းမှုကို မမြင်နိုင်တာများ နွားကို ပလာတာ ကျွေးသလိုကြီးကို ဖြစ်လို့ပါဗျား။ တစ်ပြိုင်တည်းမှာပဲ အပြစ်မဲ့ ရှာတဲ့ ကချင်ဒေသက ပြည်သူတွေရဲ့ ထိတ်လန့်တကြား နေရ စားရ စီးပွားရှာရတဲ့ ဘဝကိုလည်း စိတ်ထဲ စာနာ သနားမိကြပါရဲ့။ နိုင်ငံတော် အစိုးရဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာ တကယ့် စိတ်ထားဖြူစင်စွာနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ကို ရှာနေ ခဲ့ပေသကိုး။ နိုင်ငံတော် အစိုးရ အနေနဲ့ ဒီလောက် ရိုင်းစိုင်းပြီး ကတိပျက်ကွက်သူ KIO KIA တွေအပေါ် ဒီလောက် သီးခံတာတောင် ကျုပ်တို့က အားမလို အားမရ ဖြစ်နေကြရသဗျ။
ဒါတွေအသာထား၊ ကျုပ်တူ အကောင်းစား အာချောင်သွားတဲ့ ဝန်ကြီးရဲ့ ဖြစ်ပုံကို သေချာ သိရဖို့အရေး သတင်းစာ ရှင်းလင်းပွဲ သွားတက်ခဲ့တဲ့ ကျုပ်အိမ်ရဲ့ နှစ်အိမ်ကျော်က နာမည်ရ ဂျာနယ် သတင်းထောက်ဆီ အပြေး ချီတက်လို့ ဒီဖြစ်စဉ် ဘယ်လို ဖြစ်သလဲ မေးခွန်းစစ်ပွဲ နွှဲမိ ပြန်ပါရောဗျား။ သူက အသေးစိတ် ပြောပြမှသာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းဟာ သတင်းထောက် တွေရဲ့ ကပေါက်တိ ကပေါက်ချာ အပေါက်ရှာ မေးမြန်းမှုတွေ အပေါ်မှာ တစ်ချက်ချင်း ကွင်းကွင်းကွက်ကွက် ပေါ်အောင် ဖြေကြားရင်း emotion ဖြစ်သွားတာလို့ သိလိုက်ရပါရဲ့။ ဒီသတင်းထောက် ကလေး ပြန်ပြောပြတာ ကြားရတဲ့အခါ ကျုပ်မှာပါ နိုင်ငံတော် သီချင်းကို နားထောင်ရချိန် ကြက်သီးထလို့ မျက်ရည် လည်မိရသလို ထပ်တူ ခံစားမိပြီး မျက်ရည်တွေ သီးလို့ အဆုံးစွန် ခရီးထိ သဘော ပေါက်လိုက်မိပါရဲ့။ ဘယ့်နှယ်ဗျာ။ နှစ်ပေါင်းများစွာ အတွင်း နိုင်ငံတော် အစိုးရရဲ့ ကြိုးပမ်း ဆောင်ရွက်မှုပေါင်း များစွာကို အဓိပ္ပါယ်မဲ့ အပြစ်ရှာ ကဲ့ရဲ့ရင်း ဝိုင်းဝန်းချိုးနှိမ် ချေနင်း ကြတာကို ခံပြင်းမိတဲ့ ဝန်ကြီး၊ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ ကြိုးပမ်း ဆောင်ရွက်မှု တွေကို ဖျက်လိုဖျက်ဆီး အကြံ ကြီးကြီးနဲ့ ခရီး မပေါက်အောင် ယုတ်ယုတ်မာမာ လုပ်ဆောင်နေကြတဲ့ အတားအဆီး တွေသာ မရှိရင် ဒီနိုင်ငံကြီး ဘယ်လောက် ကြီးပွားတိုးတက် လေမလဲလို့ ရင်ထုမနာ ဖြစ်ရတဲ့ ဝန်ကြီး၊ ခံစားချက်တို့ ကြီးမား ပြည့်သိပ်လို့ စကား ဆက်မဆိုနိုင် လောက်အောင် ဖြစ်ပေမပေါ့လေ။ ဒါပေမယ့် ကိုယ်မေးတဲ့ မေးခွန်းကိုတောင် အနှစ်မြင်အောင် မကြည့်နိုင် ရှာတဲ့ ဂျာနယ်သမား၊ သတင်းစာ ရှင်းလင်းပွဲကို စီးပွားရေး အကျိုးအမြတ် တစ်ခုတည်း အမြင်နဲ့ ဒီပွဲပြီးရင် ကိုယ့်ဂျာနယ်နာမည်ကြီးအောင် ဘယ်လိုလုပ်လိုက်မဟဲ့လို့ ကိုယ့်ဖို့ပဲ ကြည့်တတ်တဲ့ ဂျာနယ်သမား၊ သတင်းစာ ရှင်းလင်းပွဲ ကိုလာ၊ ကျွေးသမျှ ဟာတွေကို တနင့်တပိုးစား၊ မြင်သမျှ ဖြစ်ပွားပုံတွေကို ဆန့်ကျင်ဘက် မီဒီယာတွေဆီ အင်တာနက် အကူအညီနဲ့ သတင်း ချက်ချင်းပို့၊ ကျွတ်တို့ မျှော့တို့လို အင်မတန် ရွံရှာဖို့ ကောင်းလှတဲ့ အတ္တနှလုံးသား ဂျာနယ်သမား တစ်ချို့ ကြားမှာတော့ ပြည်ထောင်စု ဝန်ကြီးရဲ့ နိုင်ငံချစ်စိတ် အထွတ်အထိပ် ရောက်ခဲ့မှုဟာ ဝက်ကို ဖာလူဒါ တိုက်ရ သလိုများ ဖြစ်လေမလား၊ ကျုပ်စဉ်းစားရင်း ခံပြင်းမိပါရဲ့။ တကယ်တော့ နိုင်ငံနဲ့ နိုင်ငံသားတွေ အပေါ် တွယ်တာစိတ် ကြီးမား သူတွေဟာ အခြေအနေ တစ်ခုမှာ ဝမ်းနည်းမှုတွေကို ထိန်းဖို့ရာ ဘာသိဘာသာ အနေသာချည်း နေတတ်သူ တွေထက် ခက်တတ် ကြသဗျ။ ဥပမာ- သြစတေးလျ ဝန်ကြီးချုပ်၊ အိန္ဒိယ ဝန်ကြီးချုပ် စသဖြင့် ရှိခဲ့ကြသကိုး။
ကြားရသမျှ ဝန်ကြီး ပြောတာလေး ကျုပ်လည်း တွေးကြည့်မိပါရဲ့။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်က အာဟာရကို လွေးရင်း ကလေးဘဝက စတင် ကြီးပြင်းခဲ့ရတဲ့၊ မြန်မာ ပြည်သားတွေ ဖြစ်တဲ့ နိုင်ငံခေါင်းဆောင် တွေက နိုင်ငံ ပျက်ရအောင် ဘယ့်နှယ်လို့ လုပ်မှာတုန်း။ တစ်ဖက်က စဉ်းစားပြန်တော့ သူတို့ပြောတဲ့ အတိုင်းသာ ဧရာဝတီကြီး ပျက်စီးမယ်ဆို Niagara ရေတံခွန် ကြီးရော ဘယ့်နှယ်နေမလဲ။ သူလည်း ပိုတဲ့ရေက ရေတံခွန် အဖြစ် လျှံကျလို့ Niagara မြစ်ကြီး ဆက်ဖြစ်ရ တာကိုး။ ဒီလိုပဲ ဧရာဝတီလည်း ရေတွေ မကုန်မချင်း ဆက်စီးဆင်း ရဦးမှာ၊ ဒီလို စီးဆင်းရင်း ရေစီးကြောင်းက တာဘိုင်ကြီး တွေကို တွန်းလို့ လူသားတွေ အတွက် လျှပ်စစ် ဓာတ်အားတွေကို သဘာဝအမွေ အဖြစ် ပေးမှာလေ။ ဒါတွေအပြင် ဧရာဝတီ ရင်ခွင်မှာ မေခ၊ မလိခ သာမက ဖြတ်သန်းရာ လမ်းတစ်ခွင် စီးဝင်မယ့် မြစ်တွေ ချောင်းတွေ ကရော ဘယ်ပျောက် ကုန်မှာ ပါလိမ့်။ ဘာအတွက် ဧရာဝတီ ပျက်မှာပါလိမ့်။ ကျုပ်ကပဲ ဆိုက်ကားသမားလို တွေးမိသလား မသိ၊ လိုက်မမီတာတော့ အမှန်။ သို့သော် ကျုပ်လို ဝန်မခံ၊ သိသလို ဟန်ဆောင်တဲ့ ထန်းပလပ်ခြောက်မလို ဟာမျိုးတွေလည်း ရှိနေတာ တစ်ပုံတစ်ပင်။ ကျုပ်တို့ လမ်းထောင့်အိမ်က “ကြက်တူရွေးမ” ကြီးလို၊ သူများ ပဲပြုတ်အော်တိုင်း “ပဲပြုတ်” ၊ သူများ မုန့်ဖက်ထုပ် အော်တိုင်း “မုန့်ဖက်ထုပ်” လို့တော့ သံကြောင်လေးနဲ့ မအော်နဲ့ ပေါ့လေ။ အခုတော့ တစ်ယောက်က “ဧရာဝတီ” ဆိုတာနဲ့ သံကြောင်လေး တွေနဲ့ “ဧရာဝတီ” လိုက်အော် ပြန်တော့ ကျုပ်ခမျာလေ၊ ဆောင့်ကြောင့် ထိုင်နေတဲ့ ကြက်တူရွေးမကြီး အနီးကပ် မြင်ရသလို ခံစားရပြန်ရော။
ကဲ--ပြောနေကြာပါသလေ။
အဲဒီ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက် လာတဲ့ မီဒီယာ သမားတွေ၊ ကြီးကြီးကျယ်ကျယ် စတုတ္ထမဏ္ဍိုင် ဆိုတဲ့ လူတွေက ဒီကိစ္စကို အောက်တန်းကျ လှတဲ့ အတွေးအခေါ်နဲ့ အင်တာနက်ပေါ် တင်လိုက်တာဟာ မြန်မာ-အိုမန် နောက်တစ်ဖန် ကန်လိုက် ပြန်သလို မြန်မာ့မီဒီယာ ဆိုတာ သိက္ခာကျစရာ စိတ်ပျက်စရာ သတ္တဝါတွေရဲ့ ကမ္ဘာပါလို့ ပြောလိုက်သလို ပါပဲဗျ။ ဒီလို အခြေအနေထဲ ကိုယ်ပါ ဆွဲထည့် မခံချင်ရင်တော့ လက်ဆော့တဲ့ အဲဒီ သတ္တဝါကို ဖော်ထုတ်လို့ နောက်တစ်ခါ ဇယား မရှုပ်နိုင်ဖို့ ပညာပေးဖို့ ကျုပ်တို့လုပ်သင့်ကြောင်းပါ။
ဘယ်လိုပဲ ဖြစ်ပါစေ၊ ကျုပ်တွေးတာ ကတော့ ဒီလိုပွဲမျိုးမှာ လေအလာကို မျက်နှာလှည့် ပြုံးပြုံးကလေးနဲ့ နေလို့ Still ဓာတ်ပုံရိုက်ဖို့ ဟန်ကလေး ပေးရုံ နေလို့ရပါလျက်နဲ့ ခံစားချက် အပြည့်ထား နိုင်ငံအတွက် ကောင်းကျိုးတရား တွေကို တလေးတစား ဖော်ထုတ်ရှင်းပြ သွားတဲ့ ပြည်ထောင်စု ဝန်ကြီးအတွက် ကျုပ်တို့ရွာ ရပ်ကွက်ကတော့ ရာနှုန်းပြည့် အပြင် ထပ်တိုးလို့ အမှတ် ပေးလိုက်ချင်ကြောင်းပါ။
(အောင်ဘု)

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий