ဒီနေ့၊ ၁၉ ရက်နေ့ နေပြည်တော်မှာ စတင်ပြုလုပ်မယ့် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကို တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက တရားဝင် ဖိတ်ကြားခဲ့ပြီးဖြစ်ပါတယ်။ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့တုန်းကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ဖိတ်စာ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ပါ့မလား၊ မဖိတ်ဘဲနေမလားဆိုတဲ့ ဝေဖန်မှု လေကန်တာတွေ အများအပြား ရှိခဲ့ပေမယ့် အစိုးရဖက်က ဒေါ်အောင်ဆန်းစုကြည်ကို လူရာသွင်းခဲ့ပါတယ်။ မမျှော်လင့်ဘဲ ဖိတ်စာရောက်လာချိန်မှာတော့ ဒေါ်ဆန်းစုကြည်ကို အကြပ်ရိုက်စေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက နေ့စဉ်နဲ့အမျှ ကျဉ်လည် ကျက်စားနေတဲ့ ပတ်ဝင်းကျင် တွင်းမှာပဲ ရှင်သန်နိုင်သူတစ်ဦးပါ။ ဘာမှန်းညာမှန်းမသိ ထောက်ခံသူတွေကို၊ ကိုယ်ပြောသမျှ လက်ခုတ်တီးသူ လူဗြိန်းတွေနဲ့ပဲ နေခဲ့ရသူဖြစ်ပါတယ်။ အခုတော့ အစည်းအဝေးကလည်း နိုင်ငံတကာအဆင့်အစည်းအဝေးဖြစ်တဲ့ အပြင် တက်ရောက်သူတွေက ဒေါ်အောင်ဆန်းစုကြည် နေ့စဉ်ဆက်ဆံနေနေတဲ့ လူဗြိန်းတွေလို တစ်ယောက်မှ မပါဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သတိထားမိသွားပါတယ်။ ဒါကြောင့် အစည်းအဝေးကို သွားဖို့မသွားဖို့ စဉ်းစားချိန်မှာ ဦးနောက်ခြောက်ခဲ့ပြီး အစည်းအဝေးခန်းတွင်း ပရိတ်သက်နဲ့ လူအများရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောနေကျစကားအတိုင်း ပွင့်လင်းမြင်သာပြီး သမ္မတအပါအဝင် အစိုးရအဖွဲ့နဲ့ တွေ့ဖို့ ဒူးတုန်လာပါတယ်။ ဒါကြောင့် ကူလီကူမာနည်းနဲ့ ဘယ်လို ခိုးချောင်ခိုးဝှက်နည်းကိုသုံးကာ အစည်းအဝေးကို နောက်ဖေးပေါက်က တက်ရမလား၊ သမ္မတအိမ်ကို နောက်ဖေးပေါက်က ခိုးဝင်ရမလား စဉ်းစားရပါတယ်။ NLD ဘက်က ပြောခွင့်ရ ဦးအုန်းကြိုင် ကို မနေ့က မေးမြန်းချိန်မှာတာ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ဖိတ်စာ လက်ခံရရှိတာကို အတည်ပြုပေမဲ့ တက်မတက် ဆုံးဖြတ်ချက်ကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။

“နေပြည်တော်မှာ ကျင်းပဖို့ရှိတဲ့ နိုင်ငံတော် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားရေးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၊ အဲဒီဆွေးနွေးပွဲကို ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ ဦးစီး ကော်မတီက မနေ့က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်စာ လာပေးပါတယ်။ ဖိတ်စာ လက်ခံရရှိပါတယ်။ ဆွေးနွေးပွဲ တက်မယ်၊ မတက်ဘူး၊ ကျနော်တို့ကို ဘာမှ မပြောသေးပါဘူး။ ကျနော်တို့ ဘာမှ မပြောနိုင်သေးပါဘူး။”

ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ဘယ်သူနဲ့မှ မတိုင်ပင်ပဲ ကြိတ်ကြံနေတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ သတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လေ့လာသူအနေနဲ့ တက်ရောက်ဖွယ် ရှိတယ်လို့ ထင်ကြေးပေးနေတာကြောင့် သွားမတတ်ရင်တော့ ပိုးစိုးပက်စက် ဝေဖန်ခံရမှာ ကျိန်းသေပါပဲ။ အစိုးရအဖွဲ့ကို ဒေါ်စုနဲ့တွေ့ဆုံဖို့ ဆန္ဒပြသူတွေအနေနဲ့ ဒေါ်စုကို အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ ပြန်ပြီး ဆန္ဒပြရမလိုဖြစ်တော့မှာပါ။

အလုပ်ရုံ ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်မယ့်အပြင် အစိုးရ အာဏာပိုင်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ၀န်ကြီးတွေ၊ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေနဲ့ နိုင်ငံခြား သံတမန် တချို့ကိုလည်း ဖိတ်ကြားထားတာဖြစ်ပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ၃ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် စီးပွားဖွံ့ဖြိုးရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ဒါ ပထမဆုံး အကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး အမျိုးသား စီမံကိန်း ၀န်ကြီးဌာနက အဓိက ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။

ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ ၃၇ ပါတီကိုလည်း ဖိတ်ကြားထားပြီး တပါတီလျှင် ၃ ဦးစီ တက်ရောက်ခွင့် ပြုထားသလို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဝန်ကြီး နှစ်ဦးစီနှင့် စီးပွားရေး လုပ်ငန်းရှင် ၃ ဦးစီ အထိ တက်ရောက်ရန်လည်း ညွှန်ကြားထားပါတယ်။သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒ ဖော်ဆောင်ဖို့ လက်တွေ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်မယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ယူဆထားပါကြတယ်။

နေပြည်တော်တွင်ပြုလုပ်သော အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် လာရောက်ခေါ်ဆောင်သော ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့်အတူ နံနက်ကိုးနာရီခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးခွန်သာမြင့်လိုက်ပါသွားပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ကြိတ်ကြံနေလဲဆိုတာ ဦးခွန်သာမြင့် မသိခဲ့ရပါဘူး။

အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် ရဲမှူးကြီးကိုယ်တိုင် သွားရောက်ခေါ်ယူစေကာ အဆင့်တန်းရှိရှိ အစည်းအဝေး တက်စေခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အစည်းအဝေးကို မတက်ပဲ စည်းမဲ့ကမ်းမဲ့ သမ္မတအိမ်မှာ နှစ်ယောက်တည်းတွေ့ဖို့ အတင်းဇွတ် တောင်းဆိုခဲ့ပါတယ်။

အစည်းအဝေးသွားရန် ပြင်ဆင်နေသော နိုင်ငံတော် သမ္မတကြီးကတော့ တွေ့ခွင့်တောင်း တာ မတွေ့ပြန်ရင် နိုင်ငံတကာကို ငိုပြနေအုန်းမှာ စိုးရီမ်လို့ထင်ပါတယ် တွေ့ခွင့်ပေးလိုက်ပါတယ်။ အခုပဲ အစည်းအဝေးခန်းမှာ လူသိရှင်ကြား ပွင့်လင်းမြင်သာ တွေ့ဆုံဆွေးနွေးရမယ့် ကိစ္စကို ချက်ချင်း နှစ်ကိုယ်ကြားပဲ တွေ့ချင်နေတာနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေက မနှစ်မြို့ခဲ့ကြပါဘူး။ အထူးသဖြင့် သတင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ဖို့၊ အရာရာပွင့်ပွင့်လင်းလင်း ရှိဖို့ အမြဲ လျှောက်နေနေတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေ မေးရင် ဘာမှသေချာမပြော၊ နိုင်ငံခြားက လူတွေလာမေးမှ အကုန်ပြောတတ်တာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်မိကြောင်း ပြောပါတယ်။

"အဲ့လိုကြီးတော့ ရုတ်ပျက်တာပေါ့ဗျာ.. အားလုံးက အတူတွေ့ဖို့စောင့်နေတယ်.. တစ်ယောက်ပြောတာ အားလုံးကြားရတယ်.. ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရှိတာပေါ့... ခုတော့ ဒေါ်အောင်ဆန်းစုကြည်က မရိုးသားဘူးဆိုတာ သိသာနေတယ်... သူ့ကို အစည်းအဝေးတက်ဖို့ ပြောဖို့ အများကြီး အစိုးရက လုပ်ပေးထားတာပဲ.. သူပြောချင်တာ ပြောနိုင်တယ်.. ဒါပေမယ်.. ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ဘယ်တော့ မပြောဘူး... လူရှေ့သူရှေ့ သူပြောနေတာတွေ ဆိုတာတွေက စကားလုံးအဆီအနှစ် တန်ဖိုးရှိတာ တစ်ခုမှ မပါဘူး... အပေါစားစည်းရုံးမှုနဲ့ ပရိတ်သက် ကြားချင်တဲ့စကားတွေ၊ ပရိတ်သက်ထောက်ခံမယ့်စကားတွေ ပြောနေတာပဲရှိတာ.. အဲဒီပရိတ်သက်အတွက် အကျိုးရှိတာ ဘာမှ မရှိဘူး..." လို့ သတင်းထောက် တစ်ဦးက ဝေဖန်သွားပါတယ်။

ဒါ့အပြင် "ကျွန်တော်တို့တွေ မေးရင်လည်း ဝေ့လည်ကြောင်ပတ်နဲ့ လိုရင်းမရောက်ဘူး လျှောက်ပြောနေတာ... အသက်တမျှ အရေးကြီးနေတာကြီးမို့ မပြောနိုင်သလိုလိုနဲ့.. နိုင်ငံခြားက တစ်ယောက်ယောက် သူ့အိမ်မှာ သွားမေးလိုက်ရင်တော့ ဘယ်လောက်အရေးကြီးကြီး အကုန်ပြောတယ်.... ဘယ်လိုနားလည်ရမှန်းကိုမသိဘူး..." လို့ အဲဒီ သတင်းထောက်ကပဲ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရက်တွေက အဆင့်အတန်းမရှိပဲတာတွေ၊ အစည်းအဝေးတက်ဖို့စောင့်နေတဲ့ အဖွဲ့အစည်းတွေးပေါင်းဆုံက အရေးပါတဲ့ ပုဂ္ဂိုလ်ပေါင်းဆုံအပေါ်မှာ အားနာမှု ကိုယ်ချင်းစာမှု မရှိတာတွေနဲ့ ပတ်သက်ပြီးတော့လည်း မကျေနပ်ကြကြောင်း ကို အလုပ်ရုံအစည်းအဝေးတွင်း သတင်းယူနေသူ သတင်းထောက်တစ်ဦးက ပြောပါတယ်။

"ဒီဖက်မှာ စောင့်နေကြတာ အကြာကြီးပဲ တစ်နာရီလောက်ရှိတယ်ဗျ... လုံးဝ အားနာမှုမရှိဘူး... ကျွန်တော်တို့ သတင်းသမားတွေကို နဲနဲလေးမှ လေးစားမှုမရှိဘူး... သတင်းသမားတွေကို ထားပါအုံး တခြားအဖွဲ့အစည်းပေါင်းဆုံက ပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းရှင်ကြီးတွေကိုတော့ လေးစားသင့်၊ အားနာသင့် တာပေါ့ဗျာ.... သူ့ကို တက်ခွင့်မပေးထားတာလဲ မဟုတ်ဘူး...။ ေ
ဒ်ါအောင်ဆန်းစုကြည်ကို စည်းကမ်းရှိစေချင်ပါတယ်၊ အဆင့်တန်းရှိစေချင်ပါတယ်...။ လူသားချင်းစာနာတတ်တဲ့စိတ်နဲ့ ကိုယ်ချင်းစာတတ်တဲ့စိတ်ရှိစေချင်ပါတယ်... မြန်မာချင်းအတူတူ လူသားချင်းအတူတူကို အခွင့်ထူးခံရမှ ကျေနပ်တဲ့ သူ့ရဲ့ မကောင်းတဲ့ အတွင်းစိတ်ကြီးကို ကျွန်တော်တို့ ရှုံ့ချပါတယ်...။ " လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ရက်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ သတင်းသမားတစ်ဦးက ဆိုပါတယ်။ သူ့လိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နားမလည်နိုင်တဲ့ အဆင့်တန်းမဲ့တဲ့လုပ်ရက်နဲ့ပတ်သက်ပြီး မကျေနပ်သူ အများအပြားရှိတယ်လို့လဲ သိရပါတယ်။
ဥပတိရုပ်နှင့် စိတ်ဓာတ်နှင့်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်

ဒါအပြင် မနက်ဖြန် အစည်းအဝေးနဲ့ နောက်ရက်အစည်းအဝေးများအပါအဝင် နောက်ထပ် အခြားအရေးပါတဲ့အစည်းအဝေးများကိုလည်း ဒေါ်အောင်ဆန်းစုကြည် စည်းပျက်ကမ်းပျက်၊ အားမနားပါးမနာ ဝင်ရောက်နှောက်ယှက်မှာကို စိုးရိမ်နေကြပြီး နောက်နောင် အစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်လျှင် တက်ဖို့ရန် ဝန်လေးနေကြကြောင်း လုပ်ငန်းရှင်များနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။
သျှမ်းတိုက်ပွဲများ၌ မြန်မာစစ်တိုင်း ၃ တိုင်း ညီညွတ်မှုမရှိ၊ တပ်မှူးအချို့ စစ်ခုံရုံးတင်ခံရ click
- ဗန်းမော်ခရိုင်တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦး ကျ click
- နေပြည်တော် ဆွေးနွေးပွဲ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာသွားပြီ click
- စီပွားရေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် အချိန်နီးကပ်မှ ဖိတ်စာရကြ click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သွားရောက် click
- ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို အလွတ်သဘော လက်ခံတွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် ခေတ္တတွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ click
- သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တနာရီကြာ တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံမှု နွေးထွေးမှုရှိဟုဆို click
- အိန္ဒိယမှ အဂတိလိုက်စားမှု ဆန့်ကျင်ရေးဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ click
- တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တော့မည်ဟု ဦးဝင်းတင် မျှော်လင့် click
- ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာတယ် (မေးမြန်းခန်း) click
- သား ရွှေအိုးထမ်းမယ့်ကိန်းလား (အယ်ဒီတာ့အာဘော်) click
- အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက် တရားမ၀င်ဟု ကရင်နီနှင့် ကရင် ပြော click
- စစ်မှန်သည့် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် မဟုတ်ဟု တိုင်းရင်သားများ ဝေဖန် click
- အစိုးရ ကမ်းလှမ်းချက် တိုင်းရင်းသားတို့ လက်မခံ click
- သမ္မတ မိန့်ခွန်းအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မခံနိုင် click
- တဖွဲ့ချင်း ဆွေးနွေးရန် ကမ်းလှမ်းချက် တိုင်းရင်းသားညီညွတ်မှုကို ဖြိုခွင်းခြင်းဟုဆို click
- သမ္မတထံ ပေးပို့သည့် စာများအပေါ် သံသယရှိကြောင်း KIO က ပြော click
- ငြိမ်းချမ်းရေးအသံ မကြားလိုသော သမ္မတဦးသိန်းစိန်အစိုးရ (အယ်ဒီတာ့ အာဘော်) click
- အယောင်ဆောင် လွတ်ငြိမ်းချမ်းသာခွင့်၊ ငြိမ်းချမ်းရေးကမ်းလှမ်းချက်၊ တွေ့ဆုံဆွေးနွေးမှု (ဆောင်းပါး) click
- တန်းတူရည်တူသဘောထားပြီး နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းတယ်ဆိုရင် ငြိမ်းချမ်းရေး ရနိုင်ပါတယ် click
- “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” နောက်ကွယ်မှာ ဘာတွေရှိသလဲ (ဆောင်းပါး) click
- “ငြိမ်းချမ်းရေး မလုပ်လို့ မဖြစ်တော့” (ကိုလေး-အင်းဝဂုဏ်ရည်နှင့် အင်တာဗျူး) click
- ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ၀မ်းမြောက်ဖွယ် (နိုင်ငံတော် သန်မဒကျီးမှ ပေးစာ) click
- ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေး လိုလားကြောင်း ဗမာတိုင်းရင်းသားများ တောင်းဆို click
- ၆၄ ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား (ရုပ်သံ) click
- ကချင်အမျိုးသမီးများနေ့ ထုတ်ပြန်ကြေညာချက် click
- ကွင်တားနား မြန်မာပြည် သွားဦးမည် click
- သတင်းထောက်များ လွှတ်တော်တွင်း သွားလာခွင့် ကန့်သတ်မည် click
- ဗိုလ်ရာဇာနှင့်ခေါင်းဆောင်(၆)ဦးကို လုပ်ကြံခဲ့သော အိန္ဒိယစစ်စုံထောက် မေမြို့တွင် ခိုလှုံခွင့်ပေးထား click
- ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည် (ဆောင်းပါး) click
- ဆောင်းယွန်းဂိမ္မာန် သို့မဟုတ် စာရေးဆရာနှင့် သံသရာ (ဆောင်းပါး) click
- တပတ်အတွင်း စီးပွားရေးသတင်း click
- မြ၀တီတံတား ပြန်ဖွင့်တော့မည်ဟု မြို့ခံများ ပြောဆို click
- မြန်မာ့ရွှေဈေး ထိုးတက် click
- ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ click
- ဝင်ငွေခွန် လျှော့ပေမယ့် ဒေါ်လာဈေးကြောင့် မပျော်နိုင် click
- လျှပ်စစ်ရုံးမှ ၀န်ထမ်းများ မီတာခကို ခန့်မှန်း၍ တောင်းနေကြ click
- ပြည်တော်ပြန်ဖို့ ခေါ်ပေမယ့် ဒုက္ခသည်တွေကို လက်ခံနေဦးမည် click
- ဖုတ်ဖရမြို့နယ်တွင် မြန်မာအလုပ်သမား ၂၅၀ အဖမ်းခံရ click
- မုဒိမ်းမှု၊ လူသတ်မှုတို့ဖြင့် မှားယွင်းချုပ်နှောင်ခံရသည့် မြန်မာအလုပ်သမား ပြန်လွတ် click
- သုံးလုံးထီ (ချဲ) မရောင်းရန် ရဲစခန်းမှ ခေါ်ယူသတိပေး click
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စုလှုပ်ရှားမှုများ click
- ဖျော်ဖြေရေးယဉ်ကျေးမှု (အသံလွှင့်ဆောင်းပါး) click
- ရွေးချယ်ခွင့် မရှိပေမယ့် ထူးချွန်ချင်သေးသည့် … သူ (ဆောင်းပါး) click
- ဘေဂျင်းတွင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းတွေကို ပိတ်ပစ် click
- အာရှသားတွေ ဘာကြောင့် လက်မထပ်သလဲ၊ အပျိုကြီးလုပ်တာ ရာဇ၀တ်မှုအားပေးလား click
- ဂန္ဒီကြောင့် ကမ္ဘာကြီးပြောင်းလဲသွားသလား (သုံးသပ်ချက်ဆောင်းပါး) click
  • သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ - မဇ္စျိမ click here
  • ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၆) ဦးကို လုပ်ကြံခဲ့သော အိန္ဒိယ စစ်စုံထောက်အား မေမြို့တွင် ခိုလုံခွင့်ပေးထား - နိရဉ္စရာ click here
  • ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သွားရောက် - ဒီဗွီဘီ click here
  • ကွင်တားနား မြန်မာပြည် သွားဦးမည် - မဇ္စျိမ click here
  • ပြည်တော်ပြန်ဖို့ ခေါ်ပေမယ့် ဒုက္ခသည်တွေကို လက်ခံနေဦးမည် - မဇ္စျိမ click here
  • ဖုတ်မရမြို့နယ်တွင် မြန်မာအလုပ်သမား ၂၅၀ အဖမ်းခံရ - ဒီဗွီဘီ click here
  • မုဒိန်းမှု၊ လူသတ်မှုတို့ဖြင့် မှားယွင်းချုပ်နှောင်ခံရသည့် မြန်မာအလုပ်သမား ပြန်လွတ် - ဒီဗွီဘီ click here
  • ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တိုင်းရင်းသားတွေ လက်မခံ - အာရ်အက်ဖ်အေ click here
  • သမ္မတ၏ ဖိတ်ခေါ်ချက်ကို အယုံကြည်မရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပြောဆို - KIC click here
  • မြန်မာတပ်နှင့် KIA ကြား ၀ါဝမ်ကွမ်ဘန် တွင် မနက် စစ်ပွဲဖြစ် - KNG click here
  • ပြည်နယ်အဆင့်နှင့်သာ ဆွေးနွေးလိုခြင်း အပေါ် KIO ဝေဖန် - မဇ္စျိမ click here
  • မြန်မာအစိုးရအဖွဲ့သစ်၏ ထုတ်ပြန်ချက်ကို KIO ပယ်ချ - KNG click here
  • ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန် - ဗွီအိုအေ click here
  • အယောင်ဆောင် လွတ်ငြိမ်းချမ်းသာခွင့်၊ ငြိမ်းချမ်းရေးကမ်းလှမ်းချက်၊ တွေ့ဆုံဆွေးနွေးမှုများ - မိုးမခ click here
  • တန်းတူရည်တူသဘောထားပြီး နိုင်ငံရေးအရဆွေးနွေးဖြေရှင်းတယ်ဆိုရင် ငြိမ်းချမ်းရေး ရနိုင်ပါတယ် - မိုးမခ click here
  • သမ္မတပြောသည့် ဌာနေပြန်ရေး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ မယုံကြည် - ဒီဗွီဘီ click here
  • ကျေးလက်လူထုအား ကာဗာလုပ် ရှေ့တန်းတိုက်ပွဲမှ မြန်မာစစ်ကြောင်း တပ်ဆုတ် - သျှမ်းသံတော်ဆင့် click here
  • သမ္မတပြည်တော်ပြန် မိန့်ခွန်း ပြည်ပရောက် အတိုက်အခံများ ဝေဖန် - ဒီဗွီဘီ click here
  • သမ္မတ ဦးသိန်းစိန် အစည်းအဝေးမှာ လက်တန်းပြောဆိုတာ ယုံကြည်လို့ မရနိုင် - နိရဉ္စရာ click here
  • ‘အစိုးရက မုန်းတီးရေး စကားသာ ပြောနေ’ ဟု KIO ဝေဖန် - KIC click here
  • DKBA မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲမယ် - ဧရာဝတီဘလော့ဂ် click here
  • ၂၀၀၈ ဖွဲ့စည်းပုံအရဆိုလျှင် ဆွေးနွေးမည်မဟုတ် - သတင်းနှင့်မီဒီယာကွန်ယက် click here
  • ငြိမ်းချမ်းရေးကို စစ်ရေးနည်းဖြင့် မတည်ဆောက်နိုင်ဟု မွန်ခေါင်းဆောင်ပြော - မွန်သတင်းအေဂျင်စီ click here
  • ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ကေအန်ယူ တုံ့ပြန် - ဘီဘီစီ click here
  • ဒီမိုကရေစီမိတ်ဆွေများပါတီနှင့် ဂျွန်ကယ်ရီ၏ အကြံပေး အဖွဲ့ တွေ့ဆုံခဲ့ - KIC click here
  • အမေရိကန် အထက်လွှတ်တော် အကြံပေးအဖွဲ့နှင့် ပြည်တွင်း ပါတီများ တွေ့ဆုံ - မွန်သတင်းအေဂျင်စီ click here
  • ဝင်ငွေခွန် လျှော့တဲ့အပေါ် အထည်ချုပ်လုပ်ငန်းရှင် ကြိုဆို - ဘီဘီစီ click here
  • မြန်မာအစိုးရက ငြိမ်းချမ်းရေးနဲ့ အခွန် ကြေငြာချက်များထုတ် - ဘီဘီစီ click here
  • ဧရာဝတီမြစ်ကာကွယ်ရန် လူထု ထောင်ချီ လက်မှတ်ထိုး - ဒီဗွီဘီ click here
  • လူ့အခွင့်အရေးကိစ္စ ပင်လုံစာချုပ်မှ စတင် - သျှမ်းသံတော်ဆင့် click here
  • သံတွဲမှ မွတ်ဆလင်များကို E တံဆိပ်ပါ အိမ်ထောင်စု စာရင်းများ ထုတ်ပေး - နိရဉ္စရာ click here
  • ၆ လ အခွန် လျော့ပေါ့ခြင်း - မဇ္စျိမ click here
  • ၀င်ငွေခွန်များ လျှော့ချပေး - ဗွီအိုအေ click here
  • ဧရာဝတီမြစ်ရေကာတာစီမံကိန်းများ ရပ်တန့်ရေး သမ္မတထံ မေတ္တာရပ်ခံသည့် လှုပ်ရှားမှု စတင် - သတင်းနှင့်မီဒီယာကွန်ယက် click here
  • ရွှေတွင်းမြေပြိုလို့ သေဆုံးသူ များပြား - အာရ်အက်ဖ်အေ click here
  • ပဲခူး ရေဘေးဒုက္ခသည်များ သောက်ရေသန့် မလုံလောက် - မဇ္စျိမ click here
  • ဦးအောင်ကြည်နဲ့တွေ့ဆုံမှု ကောင်းသော စတင်ခြင်းလို့ ဒေါ်အောင်ဆန်းစုကြည်ပြော - အာရ်အက်ဖ်အေ click here
  • ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သွားပြီ - ဧရာဝတီဘလော့ဂ် click here
  • နေပြည်တော် ဆွေးနွေးပွဲ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာသွားပြီ - မဇ္စျိမ click here
  • စီးပွားရေး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထား - ဧရာဝတီ click here
  • စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဗဟိုချုပ်ကိုင်မှူ လျှော့ချရေး ချင်းပါတီဆွေးနွေးမည် - ခိုနူမ်းထုန် click here
  • စီးပွားရေးဆွေးနွေးပွဲ ဒေါ်စုကို ဖိတ်ကြား - ဘီဘီစီ click here
  • စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စုကို ဖိတ်ကြား - ဗွီအိုအေ click here
  • ပြည်ပရောက်အတိုက်အခံတွေ ပြန်မှာလား - ဧရာဝတီ click here
  • ပြည်တော်ဝင်ဖို့ အခါတော်ရောက်ပြီလား - ဒီဗွီဘီ click here
  • မြန်မာပြည်မှာ Facebook ၏ တော်လှန်ရေး အသေးစား - မဇ္စျိမ click here
  • သမ္မတဦးသိန်းစိန် ကျော်သူ့ ပရိသတ်ပါတဲ့ - မဇ္စျိမ click here
  • အမျိုးသား သတင်းဆု ကော်မတီ ဖွဲ့စည်း - အာရ်အက်ဖ်အေ click here
  • ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း - မဇ္စျိမ click here
  • သတင်းများ မရရှိသည့် ကရင်နီပြည်တွင် ရေဒီယို ပေးဝေ - ကန္တာရဝတီတိုင်းမ် click here
  • ဒေါ်လာဈေးနှုန်းသတ်မှတ်သည့် ကောလာဟလသတင်းများ ထွက် - ဒီဗွီဘီ click here
  • လွှတ်တော်ကိုယ်စားလှယ်များကို မြန်မာမီနီဆလွန်းကား ရောင်းချပေး - ဒီဗွီဘီ click here
  • အမေရိကန် သံအမတ်တွေဟာ ကျနော်တို့အပေါ်မှာ နွေးထွေးမှု မရှိဘူး (အင်တာဗျူး) - မဇ္စျိမ click here
  • နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ - မိုးမခ click here
  • စကော်ပီယံဂိုဏ်းသားများ ပြန်လွတ် - ဧရာဝတီ click here
  • တရားခံ ဘယ်သူလဲဟေ့ - ယနေ့မြန်မာ click here
  • ရွှေည၀ါ ဆရာတော် နှင့် စာရေးဆရာ နန္ဒာသိန်းဇံ (နန္ဒာသိန်းဇံ အမှတ်တရ ဓါတ်ပုံများ) - ယနေ့မြန်မာ click here
  •  

ငြိမ်းချမ်းရေးပန်းခင်းထဲမှာ

သဂုတ်လ ၁၇ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို မျှော်တွေး ပြောကြားသွား ခဲ့တဲ့ မိန့်ခွန်းအပြီးမှာ ဒီနေ့ သြဂုတ်လ ၁၈ ရက်နေ့ ညနေမှာတော့ နိုင်ငံတော် အစိုးရက လက်နက်ကိုင် တိုက်ပွဲဝင်နေဆဲ လက်နက်ကိုင် တပ်ဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့ ကြေညာချက်ကို နိုင်ငံပိုင် မီဒီယာတွေကနေ ထုတ်ပြန်ကြေညာ သွားပါတယ်။
အဲဒီကြေညာချက်အရ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးရာမှ လတ်တလော ဆောင်ရွက်ရမယ့် ကိစ္စများနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ ပြည်နယ် အစိုးရများနဲ့ ဆွေးနွေးဖို့၊ အဲဒီအဆင့်မှာ သဘောတူညီချက် ရပြီး ကနဦး ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆောင်ရွက်ပြီးတဲ့ အခါကျရင်တော့ ပြည်ထောင်စု အဆင့်မှာ ကျန်တဲ့ကိစ္စများကို ဆက်လက် ဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပြည်နယ် အဆင့်မှာ ယာယီ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေး၊ ပြီးရင် ထာဝရ ငြိမ်းချမ်းရေး အတွက် ပြည်ထောင်စု အဆင့်မှာ ဆက်နွေးဖို့ ဖြစ်တယ်လို့ နားလည်မိပါတယ်။
ညနေသတင်းမှာ အဲဒီငြိမ်းချမ်းရေး ကမ်းလှမ်းချက် အပြင် ဘဏ္ဍာရေးနဲ့ အခွန် ၀န်ကြီးဌာနရဲ့ အခွန်စနစ်ဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်း ဆိုင်ရာ ကြေညာချက် နှစ်ခုလည်း ထုတ်ပြန်သွားပါတယ်။
ပထမတစ်ခုကတော့ အထည်ချုပ် စက်ရုံတွေက CMP စနစ်နဲ့ အပ်ထည်တွေ ချုပ်ပြီး ပြည်ပကို ပြန်ပို့တဲ့ အချိန်မှာ ရတဲ့ ချုပ်ခအပေါ် အခွန် ၁၀% ကောက်ခံ နေရာကနေ လာမည့် ခြောက်လ အတွင်း ၂% ပဲ ပေးဆောင်ဖို့ အတွက် ပြင်ဆင် သတ်မှတ် ပေးလိုက်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ ဒေါ်လာဈေး ကျဆင်းမှုအတွက် အခက်အခဲ ဖြစ်နေတဲ့ အထည်ချုပ် စက်ရုံများကို အကူအညီ ပေးမယ်လို့ သမ္မတက ကတိပေးပြီး ၂၄ နာရီအတွင်းမှာ အခု ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ပြည်ပနဲ့ ပြည်တွင်းမှာ အလုပ်လုပ်ရင် နိုင်ငံခြားငွေနဲ့ရတဲ့ လခတွေအပေါ်မှာ အခွန် ၁၀% ကောက်ခံ နေမှုကို လာမည့် ခြောက်လအတွင်း ၂%ပဲ ပေးဆောင်ဖို့ အတွက် ပြင်ဆင် သတ်မှတ် ပေးလိုက်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက် ကတော့ သဘောင်္သား အပါအ၀င် ပြည်ပမှာ တရားဝင် လုပ်ကိုင်နေသူများ အတွက်၊ ပြည်တွင်းမှာ နိုင်ငံခြား ငွေနဲ့ လုပ်ကိုင်နေသူများ အတွက် သတင်းကောင်း ဖြစ်ပါတယ်။
သမ္မတကြီးက မနေ့က မိန့်ခွန်းထဲမှာ ပြည်သူလူထု စိတ်ချမ်းသာစေဖို့ သူလုပ်ဆောင် သွားပါ့မယ်လို့ ပြောခဲ့ပါတယ်။ ဒီအသုံးအနှုန်းကိုပဲ ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် တွေ့ဆုံ ပြီးနောက် ထုတ်ပြန်ချက်မှာလည်း သုံးခဲ့ပါတယ်။
တကယ်လည်း အစိုးရသစ်အနေနဲ့ လူထု သဘောထားကို အလေးထား လုပ်ဆောင်နေတယ် ဆိုတာတော့ ထင်ရှားပါတယ်။ အခု ငြိမ်းချမ်းရေး ကိစ္စမှာလည်း အစိုးရဘက်က နောက်ထပ် ခြေလှမ်း တစ်လှမ်း လှမ်းခဲ့ပါပြီ။ ဒါကို တစ်ဘက် အဖွဲ့အစည်းများက ဘယ်လို တုန့်ပြန်မယ် ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ နှစ်ဘက်လုံးက စေတနာ မှန်မှန်နဲ့ ဆောင်ရွက် ကြမယ်၊ အပြန်အလှန် နားလည်မှု ရှိကြမယ် ဆိုရင်တော့ ငြိမ်းချမ်းရေး ပန်းခင်း ဖူးပွင့်ဖို့ မဝေးတော့ဘူးလို့ ထင်မိကြောင်းပါဗျာ။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий