အန်တီစု ဘာကြောင့် အလုပ်တွေသိပ်များ





ကချင်ပြည်နယ် တည်ငြိမ်အေးချမ်း သာယာရေး အောင်မြင်ရရှိ သည်အထိ သဘောထား ကြီးစွာဖြင့် ဆက်လက် ဦးဆောင် လမ်းညွှန်ပေးနိုင်ရန် မျှော်လင့်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာကြီး ဦးမဒိန်ဇုန်းကျန်းနှင့် အတွင်းရေးမှူး ဘုန်းတော်ကြီး ကင်နွန်အာဗြာဟမ် ဇော်ခေါင်တို့ လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၅ ရက် ရက်စွဲဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ထပ်မံဆန္ဒပြု မေတ္တာရပ်ခံခြင်း ခေါင်းစဉ်ပါ စာတစ်စောင်အား ပေးပို့ခဲ့ကြောင်း သိရှိရသည်။ အဆိုပါစာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
လေးစားအပ်သော နိုင်ငံတော် သမ္မတကြီး ခင်ဗျား၊
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးတည်လျက် ကြိုးပမ်း ဆောင်ရွက်နေခြင်းကို အောင်မြင်ရေး အတွက် မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီမှ ဆုတောင်းမေတ္တာ ပို့သလျက် ရှိနေပါသည်။
၂။ နိုင်ငံတော် အစိုးရနှင့် KIO တို့ နှစ်ဦးနှစ်ဖက် ဖြစ်ပွားနေသော ပဋိပက္ခများ အတွက် နိုင်ငံတော် အစိုးရ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ် အစိုးရမှ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့ဖြင့် ညှိနှိုင်း ဆောင်ရွက် နေသည်မှာ တိုးတက်မှု ရှိနေကြောင်း ကြားသိရပါသဖြင့် အထူးဝမ်းမြောက် ကျေးဇူးတင်လျက် ရှိကြပါသည်။
၃။ နိုင်ငံတော် သမ္မတကြီးထံသို့ မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီမှ ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ စာအမှတ် အမ်စီစီ ၁၆/၂ဝ၁၁ ဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းသာယာရေး အတွက် ဆန္ဒပြု မေတ္တာရပ်ခံ ခဲ့ကြပါသည်။
၎။ သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကြီးမှ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်း သာယာရေး အောင်မြင် ရရှိသည် အထိ သဘောထား ကြီးစွာဖြင့် ဆက်လက် ဦးဆောင် လမ်းညွှန်ပေးနိုင်ရန် အတွက် မျှော်လင့်လျက် လေးစားစွာ ဆန္ဒပြု မေတ္တာ ရပ်ခံအပ်ပါသည်။
(ဘုန်းတော်ကြီးကင်နွန်အာဗြာဟမ်ဇော်ခေါင်)
(သိက္ခာတော်ရဆရာကြီးဦးမဒိန်ဇုန်းကျန်း)
အတွင်းရေးမှူး
ဥက္ကဋ္ဌ
မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ
မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ
မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့
(၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)


ABSDF အဖွဲ့၏ တောင်ပိုင်းစစ်ကော်မရှင်ဥက္ကဌဟောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းဖတ်ကြားတင်သွင်း

ဒေါက်တာဇော်ဦး
 
ABSDF (All Burma Students Democratic Front) ခေါင်းဆောင်ဟောင်း  အမေရိကန်ရောက် မြန်မာစီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးသည်  နေပြည်တော်တွင် ကျင်းပပြုလုပ်လျက် ရှိသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌  ၂၀၁၅ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း အဖွဲ့ဝင်သစ်များအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ  ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် ဖတ်ကြားတင်သွင်းခဲ့ကြောင်း သတင်းရရှိပါသည် ။
ဒေါက်တာဇော်ဦးသည် ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူသားအရင်းမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်ခဲ့သော ABSDF ၏ တောင်ပိုင်းစစ်ဒေသ ကော်မတီ ဥက္ကဋ္ဌအဖြစ် ယခင်ကတာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်သည်။
 
ဒေါက်တာဇော်ဦးသည် အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်တွင် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့ပြီး ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမေရိကန် တက္ကသိုလ် စီးပွားရေးပညာ ဌာနမှလည်း ဖွံ့ဖြိုးမှု ငွေရေးကြေးရေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၉၈ မှ ၂၀၀၆ ခုနှစ်အထိ အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် သုတေသနနှင့် ပေါ်လစီများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပါသည်။

ယခုလ ၁၇ ရက်နေ့၌ နိုင်ငံတော်သမ္မတသည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား အားလုံးကို အမိနိုင်ငံ ပြန်လာခွင့် ပြုခဲ့ပြီး ပြည်တွင်းရှိ သဘောထားအမြင် မတူသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း မတူကွဲပြားမှုများကို ဘေးဖယ်၍ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုး စီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပြီး နောက် ဒေါက်တာဇော်ဦး၏ ပူးပေါင်းပါဝင်လာမှုသည် ထင်ရှားသော ပူးပေါင်းပါဝင်လာမှုဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေကြောင်း သိရှိရပါသည် ။
ဒေါက်တာဇော်ဦးကဲ့သို့ အစိုးရကိုလက်နက်ကိုင်တော်လှန်ခဲ့သော ABSDF အဖွဲ့၏ တောင်ပိုင်း စစ်ကော်မရှင်ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ဘူးသူကိုပင် ယခုကဲ့သို့ နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်လာတက်ရောက်ခွင့်ပြုခြင်းသည် နိုင်ငံတော်၏ ပြည်ပရောက်မြန်မာများ ပြန်လည်ဖိတ်ခေါ်မှုကို စိတ်ပူ သံသယရှိနေသူများ အတွက် စိတ်ပူမှုများနှင့် သံသယများကိုလျော့ပါးသွားစေခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် ကောင်းမွန်သော လက္ခဏာများအဖြစ် အပြုသဘောရှုမြင်လာသူများ တိုးပွားလာနေကြောင်းသတင်းရရှိပါသည် ။
Voice Of Myanmar
- ကချင်ပြည်နယ်တွင် ရှမ်းနှင့် ကချင်လူမျိုးများအကြား သွေးကွဲစေမည့် စာများဖြန့် click
- အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ် click
- စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရန် ဦးမြင့် ဖိတ်ကြားခဲ့ click
- ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးဖွံ့ဖြိုးမှု အလုပ်ရုံစည်းဝေးပွဲ တက်ရောက် click
- ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ မနေ့ကပွဲ (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအစိုးရ သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံ click
- ၁၉ ရက်နေ့ တွေ့ဆုံပွဲ ဓာတ်ပုံ click
- ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ပြီး ရန်ကုန်ပြန် click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှ ပြန် click
- အန်အယ်လ်ဒီ၏ လူထုခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ကျင်းပ click
- ကြံ့ဖွံ့သမ္မတ ကမ်းလှမ်းချက်အပေါ် ပြည်တွင်းလူငယ်နှစ်ဦးရဲ့အမြင် click
- ၁ နှစ်မြောက် နယ်ခြားစောင့်တပ် နှစ်ပတ်လည်အခမ်းအနား ရွှေကုက္ကိုမြိုင်တွင် ကျင်းပ click
- ယာဘာဆေးပြားများ သယ်လာသူ ၂ ဦး စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရ click
- မိုးကြောင့် မန္တလေး ရေလျှံ click
- ရေလျှံတယ် ဆိုလို့ .. (ကာတွန်း) click
- Apple ကထုတ်တဲ့ iPhone ကို Samsung က ဘယ်လောက်လုပ်ပေးသလဲ click
- အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် ၃၀ click

မိုးညှင်းခရိုင် ပြည်သူတို့၏ သဘောထားများ


၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့တွင် မိုးကောင်းမြို့၊ အလယ်ရပ်ရှိ စည်းလုံးညီညွတ်ရေး ရုပ်ထုအနီးတွင် လည်းကောင်း၊ ဈေးကုန်းရပ်ကွက်ရှိ မီးရထားဘူတာရုံ၊ ချစ်ကြည်ရေး လက်ဖက်ရည်ဆိုင်တွင် လည်းကောင်း၊ အရှေ့ ရပ်ကွက်ရှိ ကားဂိတ်များ၏ နံရံများနှင့် အထက(၁) ကျောင်းရှေ့ လမ်းမကြီးဘေး နေရာများတွင် ဖြန့်ကျဲကပ်ထားသည့် "မိုးညှင်းခရိုင် ပြည်သူတို့၏ သဘောထားများ" ခေါင်းစဉ်ပါ စာရွက်များအား ပေးပို့လာသဖြင့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေမှန်များအား သိရှိနိုင်ပါရန် ဖော်ပြလိုက်ပါသည်။
မိုးညှင်းခရိုင် ပြည်သူတို့၏ သဘောထားများ
၁။ ဥပဒေဘောင်အတွင်း အမြန်လာခဲ့ပါ။
၂။ နှစ်ဖက် အပစ်အခတ် ရပ်စဲပေးပါ။
၃။ နှစ်ဖက် နားလည်မှု တည်ဆောက်ပါ။
၎။ နိုင်ငံတော်နှင့် ပြည်သူတို့၏ သဘောထားနှင့် စေတနာကို နားလည်ပါ။
၅။ ကချင်ပြည်နယ် ထာဝရ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပါ။
၆။ တည်ငြိမ်အေးချမ်းမှု မရှိပါက မိုးညှင်းခရိုင်သည် ကချင်ပြည်နယ် အောက်တွင် မနေလိုပါ။
၇။ ကချင်ပြည်နယ် တိုင်းရင်းသား လူမျိုး အားလုံး၏ ဆန္ဒသဘောထားကို အလေးထားပါ။
မိုးညှင်းခရိုင် ပြည်သူများ
  • KIA နှင့် တိုက်ပွဲ မြန်မာစစ်သည် ၂ဦးကျဆုံး - သျှမ်းသံတော်ဆင့် click here
  • သျှမ်းတိုက်ပွဲများ၌ မြန်မာစစ်တိုင်း ၃ တိုင်း ညီညွတ်မှုမရှိ၊ တပ်မှူးအချို့ စစ်ခုံရုံးတင်ခံရ - သျှမ်းသံတော်ဆင့် click here
  • သမ္မတထံ ပေးပို့သည့်စာများအပေါ် သံသယရှိကြောင်း KIO ကပြော - သတင်းနှင့်မီဒီယာကွန်ယက် click here
  • စီပွားရေးအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန် အချိန်နီးကပ်မှ ဖိတ်စာရကြ - သတင်းနှင့်မီဒီယာကွန်ယက် click here
  • မြ၀တီတံတား ပြန်ဖွင့်တော့မည်ဟု မြို့ခံများပြောဆို - KIC click here
  • ဝင်ငွေခွန်လျှော့ပေမယ့် ဒေါ်လာဈေးကြောင့် မပျော်နိုင် - မဇ္စျိမ click here
  • သမ္မတ ကမ်းလှမ်းချက် ဒုက္ခသည်အမြင် - ဘီဘီစီ click here
  • ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာတယ် - ဒီဗွီဘီ click here
  • တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တော့မည်ဟု ဦးဝင်းတင် မျှော်လင့် - ဧရာဝတီ click here
  • သားရွှေအိုးထမ်းမယ့် ကိန်းလား - ဧရာဝတီဘလော့ဂ် click here
  • အိန္ဒိယမှ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြမှု ဒေါ်စုထောက်ခံ - မဇ္စျိမ click here
  • အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ - အာရ်အက်ဖ်အေ click here
  • ကချင်အမျိုးသမီးများနေ့ ထုတ်ပြန်ကြေညာချက် - ဧရာဝတီဘလော့ဂ် click here
  • ပဲခူးဗုံးခွဲမှုမှာ မတရား ဖမ်းဆီးခဲ့ကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်က ကုလသမဂ္ဂကို တင်ပြ - အာရ်အက်ဖ်အေ click here
  • ဗုံးခွဲမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ ၁၄ ဦးကို လွှတ်ပေးရန် တိုက်တွန်း - ဒီဗွီဘီ click here
  • တဖွဲ့ချင်း ဆွေးနွေးရန် ကမ်းလှမ်းချက် တိုင်းရင်းသား ညီညွတ်မှုကို ဖြိုခွင်းခြင်းဟုဆို - မဇ္စျိမ click here
  • “ ငြိမ်းချမ်းရေး မလုပ်လို့ မဖြစ်တော့ ” (အင်တာဗျူး) - မဇ္စျိမ click here
  • စစ်မှန်သည့် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်မဟုတ်ဟု တိုင်းရင်းသားများ ဝေဖန် - ဒီဗွီဘီ click here
  • အစိုးရကမ်းလှမ်းချက် တိုင်းရင်းသားတို့ လက်မခံ - ဧရာဝတီ click here
  • မြန်မာအစိုးရအဖွဲ့သစ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အား KIO ပယ်ချ - KNG click here
  • ကုလ လူ့ခွင့်ရေး ကိုယ်စားလှယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ် - အာရ်အက်ဖ်အေ click here
  • ငြိမ်းချမ်းရေးကိစ္စ ဗဟိုအစိုးရနဲ့ပဲ ဆွေးနွေးမယ်လို့ လက်နက်ကိုင် အဖွဲ့တွေပြောကြား - အာရ်အက်ဖ်အေ click here
  • ဒီမိုကရေစီ အင်အားစုကြား သဘောထားကွဲအောင်လား၊ တကယ်ဘဲ စည်းလုံးမှု ရချင်လို့လား (ဆွေးနွေးဖလှယ်) - ဘီဘီစီ click here
  • ဧရာဝတီမြင်ကွင်း - ဧရာဝတီဘလော့ဂ် click here
  • တရုတ်ကို သွယ်တန်းနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု အခြေအနေ - ဧရာဝတီဘလော့ဂ် click here
  • ဗိုလ်ကြီးဟောင်းနေမျိုးဇင် ရဲ့အမှု စီရင်ချက်ချတော့မည် - အာရ်အက်ဖ်အေ click here
  • ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို အလွတ်သဘော လက်ခံတွေ့ဆုံ - ယနေ့မြန်မာ click here
  • တနင်္သာရီတိုင်း တိုင်းစည်းနှင့် ကော့သောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင်တို့ တွေ့ဆုံဆွေးနွေး - NLD click here
  • အိမ်ဖြူတော်က အာရှပစိဖိတ်ရေးရာတာဝန်ခံနှင့် ဘေးဧရိယာမြန်မာတို့ တွေ့ဆုံပွဲမြင်ကွင်း - မိုးမခ click here
  • ယူနန်-မြန်မာ ရေကာတာ ပြဿနာ - ဗွီအိုအေ click here
  • ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာရွှေဈေး မြင့်တက် - ဗွီအိုအေ click here
  • မြန်မာ့ရွှေဈေး ထိုးတက် - ဧရာဝတီ click here
  • တစ်ပတ်အတွင်း စီးပွားရေးသတင်း - ဒီဗွီဘီ click here
  • ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည် - နေ့သစ် click here
  • NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူ - မိုးမခ click here
  • ကျွန်တော်တို့က လူတွေပါ ဗျာ (ဓာတ်ပုံအက်ဆေး) - ယနေ့မြန်မာ click here
  • စာရေးဆရာ နန္ဒာသိန်းဇံ ဈာပန အခမ်းအနား (ဓာတ်ပုံမှတ်တမ်း) - ယနေ့မြန်မာ click here

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий