လတ်တလော မြန်မာ့နိုင်ငံရေးစာမျက်နှာတွင် အထူးရေပန်းစားနေသောကိစ္စတစ်ရပ်ကိုပြပါဆိုလျှင် ဧရာဝတီမြစ်အကြောင်းကို ချန်ထား၍ ဖြစ်မည်မထင်ပါပေ....၊ "ဖျားနေသောဧရာဝတီ" ၊ "ဧရာဝတီကိုကယ်တင်ပါ" ၊ "အသက်ငင်နေပြီဖြစ်သော ရာဇ၀င်များ၏သတို့သမီး" ၊ အစရှိသည်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကြောင်းပြု  နိုင်ငံရေး issue တစ်ခုလုပ်ကာ ရေးသားနေမှုများက အမှန်တကယ် ဧရာဝတီကိုချစ်သူများကရေးသားနေမှုများထက်ပင် ပို၍များနေပါသည် ။ 
အခြားတစ်ဖက်တွင်လည်း အစိုးရသတင်းစာများနှင့်တာဝန်ရှိသူများက "ကျွန်တော်တို့လည်း ဧရာဝတီကိုချစ်ပါတယ်" ၊" မြစ်ဆုံစီမံကိန်းအတွက် အခြားတစ်ဖက်မှ စဉ်းစားစရာများ" ၊ အစရှိသည်ဖြင့် ရေးသားကာ ဧရာဝတီသည် မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မည်သို့မျှ ထိခိုက်စရာမရှိပုံ ၊ ဆိုးကျိုးထက်ကောင်းကျိုးများပုံတို့ကို အချက်အလက်အထောက်အထားများ သုတေသနစာတမ်းများကို ခံတပ်ပြုကာ ကာကွယ်ရေးသားကြလေသည် ။
နှစ်ဘက်ရေးသားသောစာများကို သေချာစွာလေ့လာကြည့်သောအခါ ဧရာဝတီကို စိုးရိမ်သူများဘက်မှ စာများသည် အချက်အလက်များပေါ်အခြေမခံ ၊ ပိုက်ဆံအကုန်အကျမရှိတိုင်း အသားလွတ်စိုးရိမ်ကြ သူများကများလေသည် ၊ မကြာမီကမှပန္နက်ချကာ နောင် ၈နှစ်ခန့်ကြာမှ ပြီးမည့်ရေကာတာကြောင့် မိုင် ၄၀၀ကျော်ဝေးသော မန္တလေးနှင့် စစ်ကိုင်းအကြားတွင် ယခုမှစတင်ကာ ကြိုတင်သောင်ထွန်းနေပြီဟု ရေးသားမှုများလဲပါလေ၏ ။ ဧရာဝတီတိုင်းမှ ဒီရေတောများလျော့ပါး သွားကြသည်မှာလည်း မြစ်ဆုံရေကာတာ ပန္နက်ချမှုကြောင့်ဟုဆိုသူကဆိုကြပြန်လေသည် ။ အထက်ပိုင်းမိုး နည်း၍ ဧရာဝတီမြစ်ရေ လျော့ည်း ဆင်းသောအခါ ထိုပန္နက်ချမှုကိုပင် ရိုးမယ်ဖွဲကြပြန်လေသည် ။ မိုးများလာ၍ စိုးရိမ်ရေမှတ်သို့ရောက်ရှိလာသောအခါများတွင်လည်း ဒီမြစ်ဆုံရေကာတာပန္နက်ချမှုသည် အပြစ်မလွတ် ဒီရေကာတာဆောက်လို့အောက်ပိုင်းမှာရေစီးရေလာ မကောင်းလို့ခုလိုဖြစ်တာ ဆိုပြီး ရေးကြပြန်လေသည် ။

ထိုသူသို့ရေးသောစာများသည် ဧရာဝတီကိုချစ်၍ ရေးသားသောစာများနှင့်မတူ ဟာသများနှင့်ပို၍ တူလေသည် ။မြစ်တစ်ခု၏ ရေဦးရေဖျားတစ်နေရာတွင် ပန္နက်ချယုံဖြင့် ဤမြစ်ကြီးသည် ရုတ်တရက် အမျိုးမျိုးပြောင်းလဲသွားသည့်သဘောမျိုး ရေးသားကြလေသည် ၊ ယုံသူများကလည်းယုံကြလေသည် ၊ ထိုယုံသူများ၏ ဦးနှောက်အဆင့်အတန်းကိုလည်း အံ့အားသင့်မိလေသည် ။ဤသို့ဥာဏ်နည်းသူ အမြောက်အများရှိသောတိုင်းပြည်ပါတကားဟု တွေးမိရင်း တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရလေသည် ။
ထိုစာရေးသူများနှင့် ထိုစာများကိုယုံကြည်သူအပေါင်းတို့သည် မေခ ၊ မေလိခ အပါအ၀င် မြစ်ကြီးငါးသွယ် မြစ်ငယ် ငါးရာတို့မှ စီးဆင်းလာသောရေများ မြန်မာနိုင်ငံ အလည်တည့်တည့်မှဖြတ်ကာ  ပင်လယ်ထဲသို့ ချောချောမောမော အဟောသိကံ စီးဆင်းသွားကြသည် ကိုမြင်လိုကြသူ လူ့ငတုံးများသာဖြစ်ကြလေသည်  ။ဧရာဝတီလည်းချောချောမောမောအဓွန့်ရှည်ရှည် စီးဆင်းစေ ၊ အကျိုးလဲဖြစ်စေဆိုသည့် win - win အခြေအနေမျိုးကိုမစဉ်းစားကြ ။
ပိုဆိုးသည်မှာ ဧရာဝတီကိုကယ်တင်ရန်ဟုဆိုကာ လှုပ်ရှားမှုလုပ် ငွေရှာသူများသူများလည်း ပေါ်ပေါက် လာကြခြင်းပင်ဖြစ်သည်  ၊ ထိုသူတို့သည် ဧရာဝတီကိုမည်သို့မည်ပုံကယ်တင်ရန်လိုကြောင်း သူတို့သည်ဧရာဝတီ၏ ကယ်တင်ရှင်ကြီးတွေဖြစ်ကြောင်းရေးသားထားသည့်စာများကိုမိတ္တူကူးကာ ဈေး ၊ လမ်းဆုံလမ်းခွ စသည့်လူစည်ကားသော အရပ်များတွင် အလှူခံများကဲ့သို့ လှည့်လည်အော်ဟစ်ဖြန့်ဝေကာ ငွေရှာကြလေသည် ၊  မည်သူမျှငွေမထည့်သောအခါ မိတ္တူဘိုးဆုံးပြီး ၂ရက်ခန့်နှင့် အဆိုပါအော်ကြီးဟစ်ကျယ်လှုပ်ရှားမှုသည် ရပ်တန့်သွားပြန်လေ၏ ။
တစ်ဖက်မှစဉ်းစားကြည့်ရင်လည်း ဒီမြစ်ဆုံရေကာတာဆောက်ခြင်းမဆောက်ခြင်းသည် အစိုးရမင်းများ ၏ နေအိမ်မီးပျက်ခြင်းမပျက်ခြင်းနှင့် ဘာမျှဆိုင်မည်ဟုမထင်ပါ..၊ ဒီရေကာတာကြောင့် အစိုးရမင်းများ၏ ဆင်းရဲချမ်းသာကို အပြောင်းအလဲဖြစ်လာနိုင်မည်လည်းမဟုတ်ပါ ၊ အုပ်ချုပ်ရေးကိုလဲ လတ်တလော အထောက်အကူမပြုကြောင်း ဧရာဝတီအကြောင်းဖြေရှင်းရင်းမျက်ရည်ကျခဲ့ရ သည့် ပြန်ကြားရေးဝန်ကြီးက သက်သေခံနေပါသည် ။
ကဲ...ဒါဆိုရင်..အစိုးရကဘာလို့များဒီရေကာတာကြီးကို လူမုန်းသူမုန်းမုန်းခံပြီး တည်ဆောက်နေပါသလည်း..

ဒီမေးခွန်းထဲမှာ..အဖြေရှိနေပါသည် .....
ဒေါက်တာဆိတ်ဖွား


( မြစ်ဆုံရေကာတာစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၀၂ခုနှစ်မှစတင်ကာ စီမံကိန်းရေးဆွဲခဲ့သော်လည်း အကြိမ်ကြိမ် တိုင်းတာရေးများဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်နိုဝင်ဘာလရောက်မှသာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာရေးထိုးနိုင်ခဲ့ကြပါသည် ၊ ၂၀၀၆ ခုနှစ်ရောက်မှသာ နှစ်နိုင်ငံ ပူးပေါင်း၍ တိုင်းတာရေးများတရားဝင်ဆောင်ရွက် နိုင်ခဲ့ကြပါသည် ၊၂၀၀၆ ခုဒီဇင်ဘာလရောက်မှ ယခုမြစ်ဆုံစီမံကိန်းအတွက် နှစ်နိုင်ငံလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည် ။ နောက်ပိုင်းတွင် အသေးစိတ်တွက်တိုင်းတာမှုများ ၊ အကျိုးအမြတ်ခွဲဝေခြင်းများ ၊ ဈေးနှုံးတွက်ချက်အတည်ပြုခြင်းများ ပြုလုပ်ပြီး ၂၀၀၉ ခုနှစ်နှောင်းပိုင်းမှသာ မြေသားလုပ်ငန်းများ စတင်နိုင်ခဲ့ပါသည် ။ ဤသည်ကိုပင် လွန်ခဲ့သော ၉နှစ်ကစတင်ခဲ့သောမြစ်ဆုံရေကာတာကြီးဟု ကျက်သရေတုံးများက ဆိုနေကြခြင်းဖြစ်ပါသည် ။ )
ဒေါက်တာဆိတ်ဖွား

၂၈ . ၈ . ၂၀၁၁ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

ကုလားနှင့်ဗမာ ထိုးကြိတ်ရာမှ မကျေနပ်သည့် ဒေသခံများနှင့် အာဏာပိုင်များ ထိပ်တိုက်တွေ့ click
- နေပြည်တော် တောင်ကျရေ ၂ ဦး သေ click
- NPD ရဲ့ တောင်းဆိုချက် အမှတ် (၁) click
- “လယ်သမားတွေ ကျနော့်မျက်စိရှေ့မှာပဲ ငတ်နေပါတယ်” (ရှေ့နေ ကိုဖိုးဖြူနှင့် အင်တာဗျူး) click
- လစ်ဗျားအပြောင်းအလဲနဲ့ ရှေ့အလားအလာ (အင်တာဗျူး) click
- လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၄) (အသံလွှင့်ဆောင်းပါး) click
- ဦးသိန်းစိန်နှင့် လူစိမ်းတသိုက် (ဆောင်းပါး) click
- ဓားရိုးကမ်းလိုသူများနှင့် ကျွန်ပ်တို့၏ … (ဆောင်းပါး) click
- မြန်မာ့ရယ်သံ (ဆောင်းပါး) click
- ပုံ​​ပြောသူများ​​အဖွဲ့ (ဆောင်းပါး) click
- ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့် ကဗျာရေးတဲ့ ဒတ္ထ (ဆောင်းပါး) click
- တောင်ပြိုလက်ဝဲက ပို့လာတဲ့ ပေးစာ click
- မြန်မာပြည်မှာ ဖုန်းလိုင်း သန်း ၃၀ တိတိ ချပေးပြီးသောအခါ ... (ကာတွန်း) click
အိုင်ရင်း ဟာရီကိန်းကြောင့် သေဆုံးသူ ၄ ယောက်ထက်မနည်း ရှိပြီ click
- အယ်လ်ခိုင်းဒါး နံပါတ် ၂ ခေါင်းဆောင် သေဆုံး click
- စင်္ကာပူ သမ္မတရွေးကောက်ပွဲ ဒု-၀န်ကြီးချုပ်ဟောင်း အနိုင်ရ click
- လူထုပညာရေးအတွက် ချီလီသမဂ္ဂများ တိုက်ပွဲဝင် လှုပ်ရှား click
- ဒုတိယမြောက် မဟာဆုံးဖြတ်ချက် (ဆောင်းပါး) click

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий