စစ်အောင်
((ကို) စစ်အောင်က သတင်းဆု ပေးတာနဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကို ရေးပို့လာပါတယ်။ သူ့ Face Book မှာတင်ဖို့ ရေးတဲ့ ဆောင်းပါး ဖြစ်ပေမယ့် ပိုပြီး ကျယ်ပြန့်စေချင်လို့ ကျွန်တော်တို့ဆီကို ပို့ပေးလိုက်တာ ဖြစ်တယ်လို့ သူ့စာမှာ ဖော်ပြထားပါတယ်။)
အစိုးရသစ် လက်ထက်မှာ ဂျာနယ်တွေ အတော်လေး လွတ်လွတ် လပ်လပ် ရေးခွင့်ရလာတယ်။ သမ္မတနဲ့ လွှတ်တော်ဥက္ကဌတွေ ကိုယ်တိုင်က မီဒီယာတွေရဲ့ အသံကို နားထောင် ရမယ် ဆိုတာမျိုး ပြောလာပါတယ်။ နှစ်နှစ်ဆယ်လောက် နိုင်ငံ့ အကြီးအကဲတွေဆီက ဒီလို အသိအမှတ်ပြု ပြောတာမျိုး မကြားရခဲ့တော့ နားဝင် ချိုလိုက်တာလို့ ဆိုချင်တယ်။ လူကြီးတွေက ဒီလို ပြောလာလို့လည်း အတိုင်းအတာ တစ်ခုအထိ ပြန်ကြားရေး ဘက်ကလည်း လျှော့လျှော့ ပေါ့ပေါ့ ဖြစ်လာတာကို သတိပြုမိတယ်။ လုံးဝ လွတ်လပ်တာ မဟုတ်ပေမယ့် အရင်ကပြောလို့ ဖော်ပြလို့ မရတဲ့ အကြောင်းအရာတွေ စာမျက်နှာတွေပေါ် တင်ပေးလာ နိုင်တာကိုက အတော်လေး ဟုတ်လာပြီလို့ ဆိုချင်ပါတယ်။
အဲဒီလို တိုးတက်မှုတွေကို ကျေနပ်နေတဲ့ အချိန်မှာပဲ အမျိုးသား သတင်းဆု (National Press Award) ဆုပေးမယ် ဆိုတဲ့ သတင်း ထွက်လာပါတယ်။ တကယ်တော့ ဒီဆုဟာ ဆရာကျော်ရင်မြင့်၊ ဆရာကိုရိုးကွန့်၊ ဆရာညီပုလေးတို့ မနှစ်ထဲက ပေးဖို့ ရည်ရွယ်ထားတဲ့ ဆုပါ။ အဲဒီတုံးက အစိုးရက တားထားလို့ အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး။ အခုတော့ စာပေနဲ့ စာနယ်ဇင်းရယ်၊ ပုဂ္ဂလိက ဂျာနယ်တွေရယ် ပေါင်းပြီး အမျိုးသား သတင်းဆုပေးဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့မှာ နာယကအဖြစ်နဲ့ ဆရာကြီး ဖိုးသောကြာ၊ ဆရာ မောင်မိုးသူနဲ့ ဆရာ လယ်တွင်းသား စောချစ်တို့ တာဝန်ယူပြီး ဥက္ကဌ အဖြစ်နဲ့ ဆရာမောင်ဝံသ၊ အတွင်းရေးမှူးအဖြစ် ဆရာဝင်းငြိမ်းတို့ တာဝန် ယူပါတယ်။ အဖွဲ့ဝင်ထဲမှာ ပုဂ္ဂလိက ဂျာနယ်များ ဘက်က ဆရာရဲနိုင်မိုး၊ ဆရာကျော်ရင်မြင့်၊ ဒေါက်တာ ခင်မောင်ညို၊ ဆရာ ခင်မောင်ညို (ဘောဂဗေဒ) တို့ပါသလို စာပေ စာနယ်ဇင်းဘက်က ဒေါက်တာ တင်ထွန်းဦး၊ မြတ်ခိုင်၊ ကိုကို(စက်မှု) တို့ပါတယ်။ ပြန်ကြားရေး ကိုယ်စားလှယ် အဖြစ် စာပေစိစစ်က ဦးတင့်ဆွေနဲ့ ဦးမျိုးမြင့်မောင်တို့ ပါတယ်။ နောက်ထပ် အဖွဲ့ဝင်တွေ ရှိပေမယ့် ထင်ရှားတဲ့ သူတွေကိုပဲ ရေးပြတာပါ။
ဒီအမျိုးသား သတင်းဆုဟာ ဒီကနေ့ သတင်း လောကထဲကို စမ်းတ၀ါးဝါး ၀င်လာနေတဲ့ မျိုးဆက်သစ် လူငယ် သတင်းသမားတွေ အတွက် အားဆေးပဲ။ ပြီးတော့ ခေါင်းဆောင် လုပ်မယ့်သူတွေက ဆရာမောင်ဝံသ၊ ဆရာဝင်းငြိမ်းတို့လို လူတွေဖြစ်တဲ့ အတွက် စာပေစာနယ်ဇင်းနဲ့ ပြန်ကြားရေးဘက်က ခေါင်းဆောင်တာထက် စာရင် အများကြီး တိုးတက်မှု ရှိတယ်လို့ပဲ မြင်မိတယ်။ ဒီဖွဲ့စည်းမှုကိုလည်း ပြည်တွင်း ဂျာနယ်လောကက အတော်လေး သဘောကျကြပါတယ်။
ဒါပေမယ့်လည်း ဒီဆုနဲ့ ပတ်သက်ပြီး ပြည်ပက တစ်ချို့ကတော့ ဘ၀င်ကျပုံမရဘူး။ ပါဝင်တဲ့သူတွေကို ဖမ်းပြီး တံဆိပ်ကပ် ပေးတဲ့ အရေးအသား တွေကိုလည်း တွေ့မိပါတယ်။ သို့သော် ပြည်တွင်းကပါ ပြောလာတော တွေ့တော့ အတော်လေး အံသြ သွားမိပါတယ်။
နံမည်ကြီး Media Group ဖြစ်တဲ့ Eleven Media ရဲ့ ၀က်ဘ်ဆိုက်မှာ အမျိုးသား သတင်းဆုနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို တင်ထားပါတယ်။ သူတို့ထုတ်တဲ့ Eleven ဂျာနယ်မှာလည်း ဖော်ပြထားပါတယ်။ ဒီအထဲမှာ ပြောထားတာ နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က အမျိုးသား သတင်းဆု ချီးမြှင့်တဲ့ ကိစ္စမှာ သူတို့ Eleven Media Group က ဘယ်လိုမှ ပါဝင် ပတ်သက်တာ မရှိဘူးဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ ဒီဆုမျိုးကို လုံးဝ လွတ်လပ်တဲ့ မြန်မာဂျာနယ်လစ် အဖွဲ့အစည်းတစ်ခု ပေါ်လာမှ လုပ်သင့်တယ် ဆိုတဲ့ အချက်ပါ။
ပထမ အချက်ကတော့ ဘာမှ ဆွေးနွေးရန် မရှိပါဘူး။ သူမပါလို့ သူမပါကြောင်း ပြောတာကိုး။ သို့သော် စာပေကို စိတ်ဝင်စားတဲ့ စာဖတ်ပရိသတ် တစ်ဦးအနေနဲ့ ဒုတိယ အချက်ကိုတော့ ဆွေးနွေး ထောက်ပြ ချင်ပါတယ်။ ဒီအချက်က အမျိုးသား သတင်းဆု ဆိုတာကို ပေးဖို့အတွက် အခု ဖွဲ့စည်းထားတဲ့ အဖွဲ့ဟာ အဆင့်မရှိဘူး ဆိုတဲ့ သဘောလို့ပဲ နားလည်မိတယ်။ ကျွန်တော် သဘောကတော့ ဆုကို ဘယ်သူက ပေးတယ် ဆိုတာ အရေးမကြီးဘူး။ ရွေးတဲ့လူ၊ သမာသမတ် ကျတဲ့ စည်းမျဉ်းနဲ့ လူတွေက အဲဒီဆုအပေါ်မှာ လေးစားမှုရှိ မရှိဆိုတာက အရေးကြီးတယ်လို့ မြင်မိပါတယ်။ ဒီကနေ့ ဆရာ ဦးဝင်းငြိမ်းတို့ ပေးနေတဲ့ ရွှေအမြုတေဆုကို လူငယ် စာရေးဆရာများ တန်ဖိုးထားမှုဟာ အဲဒီ အကြောင်းတွေကြောင့်ပါပဲ။ အခုနေ Eleven Media Group ကနေ Eleven သတင်းဆုလို့ ပေးကြည့်စေချင်ပါတယ်။ အဲဒါဆိုရင် တန်ဘိုးထားမှုရဲ့ သဘောကို Eleven က တာဝန်ရှိသူတွေ နားလည် နိုင်မယ် ထင်ပါတယ်။ လွတ်လပ်တဲ့ မြန်မာ ဂျာနယ်လစ် အဖွဲ့ကြီး မပေါ်လာခင် ဆုပေးတော့ရော သတင်း မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုး မရှိပေဘူးလားဗျာ။ ပေါ်လာတော့လည်း အဲဒီအဖွဲ့ကြီးက နောက် တစ်ဆုပေးချင်ပေး၊ မဟုတ်ရင် ဒီဆုကို လွှဲယူလို့လည်း ရတာပါပဲ။ ရည်ရွယ်ချက်က သတင်းသမားတွေကို အားပေးဖို့ပဲ မဟုတ်လား။
နောက်ထပ် ထောက်ပြ ဆွေးနွေးချင်တဲ့ အချက်ကတော့ Eleven Media Group က မြန်မာ ဂျာနယ်လစ် အဖွဲ့ကြီးမှာ ဒီအရည်အချင်းများနဲ့ ကိုက်ညီသူများသာ ပါဝင်သင့်တယ် ဆိုပြီး ဖော်ပြထားတဲ့ အချက်များ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်များဟာ အခု ဖွဲ့ထားတဲ့ အမျိုးသား သတင်းဆု ရွေးချယ်ရေး အဖွဲ့ဝင်များဟာ ဒီအချက်တွေနဲ့ မကိုက်ညီဘူးလို့ သွယ်ဝိုက် ဆိုလို လိုက်တာဘဲလို့ နားလည်မိပါတယ်။ အဲဒီ အချက်တွေကို မဖတ်လိုက်ရသူတွေ သိနိုင်ဖို့ ထပ်ဖော်ပြချင်ပါတယ်။
(က) စာနယ်ဇင်း ကျင့်ဝတ်ကို နားလည်ပြီး ၎င်းကျင့်ဝတ်ကို အမှန်တကယ် လိုက်နာ ကျင့်သုံးသော သမိုင်းကြောင်း ရှိသူ ဖြစ်ရမည်။
( ခ) ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ နံမည်ပျက်မရှိသူ၊ အကျင့်စာရိတ္ထ ကောင်းမွန်ကြောင်း ဂုဏ်သတင်း ရှိသူ ဖြစ်ရမည်။ ငွေကြေး အရှုပ်အရှင်းကင်းသူ ဖြစ်ရမည်။
( ဂ) မိမိအလုပ်အပေါ် မိမိမြတ်နိုးမှု ရှိပြီး မိမိတို့ စာနယ်ဇင်း လောကသားများ အပေါ် ကာကွယ်လိုစိတ် ရှိရမည်။
(ဃ) ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သဘောထား ပျော့ပြောင်းမှုများ ရှိပြီး စာနယ်ဇင်းတို့၏ ရပိုင်ခွင့်၊ ကျင့်ဝတ်၊ Principle အပေါ်၌ နားလည်ကာ အခိုင်အမာ ရပ်တည်နိုင်သူ ဖြစ်ရမည်။
( င) ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရ။
( စ) အစိုးရ၊ နိုင်ငံရေး ပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သံရုံး၊ NGOs မှ အမှီအခိုကင်းပြီး Sponsor အထောက်အပံ့ကို သွယ်ဝိုက် (သို့) တိုက်ရိုက် ရယူသူ မဖြစ်ရ။
အဖွဲ့တစ်ခုမှာ ခေါင်းဆောင်သူ ရှိသလို၊ ငယ်သား ဒါမှမဟုတ် အဖွဲ့သားတွေ ရှိပါတယ်။ ခေါင်းဆောင်က ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ပေမယ့် ငယ်သားတွေ ထဲမှာတော့ အပြစ်အနာအဆာ ရှိသူတွေရှိမှာပဲ။ ဒီလူတွေကို မှန်ကန် ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ထိန်းကျောင်း ခေါ်သွားဖို့က ခေါင်းဆောင်ရဲ့ တာဝန် ဖြစ်ပါတယ်။ သာသနာ့ ၀န်ထမ်းတွေ ထဲမှာတောင် ဒီလို သဘော ရှိတာကို တွေ့ရပါတယ်။ ဒီတော့ အခု ဆုရွေးချယ်ရေး အဖွဲ့မှာ စုန်းပြူးတွေ ပါရင်တောင် ရွေးချယ်မှု မှန်ကန်စေဖို့ အတွက် နာယကများ အထူးသဖြင့် ဥက္ကဋ္ဌ ဖြစ်သူ ဆရာမောင်ဝံသက ဦးဆောင် သွားရမှာ ဖြစ်ပါတယ်။ ဒီတော့ အခု Eleven Media Group က သတ်မှတ်လိုက်တဲ့ စံများဟာ ဆရာမောင်ဝံသကို စိန်ခေါ် လိုက်တာလည်း ဖြစ်တယ်လို့ နားလည်မိပါတယ်။
ဒီတော့ ဆုရွေးချယ်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ဆရာမောင်ဝံသကို Eleven Media Group ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ သန်းထွဋ်အောင်က မေးခွန်း ထုတ်လိုက်တယ် ဆိုရင် ဘယ်သူက အထက်မှာ ဖော်ပြထားတဲ့ အချက်အလက်များနဲ့ ကိုက်ညီတယ် ဆိုတာ ချိန်ထိုးကြည့်ရင် ကောင်းမယ် ထင်ပါတယ်။ သူတို့ နှစ်ယောက် အကြောင်း ကျွန်တော် လေ့လာမိ သလောက် ရေးချပြ လိုက်ပါတယ်။ (မှားတဲ့ အချက်ရှိရင် ကျွန်တော့် Face Book, Sit Aung မှာ လာပြင်ပေးကြပါ။)
ဆရာမောင်ဝံသ
တက္ကသိုလ် ကျောင်းသားဘ၀ထဲက တက္ကသိုလ် သတင်းထောက် လုပ်ခဲ့တယ်ပြီး လမ်းစဉ်ပါတီ လက်ထက်မှာ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ လုပ်သား ပြည်သူ့နေ့စဉ် စတဲ့ သတင်းစာတွေမှာ အဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့တာ ဒုတိယ အယ်ဒီတာချုပ် အဆင့်ထိ ရောက်ခဲ့တယ်။ ၁၉၈၄ ခုနှစ်မှာ အတွေးအမြင် စာစောင်ကို ထုတ်ဝေခဲ့တယ်။ ဆရာရေးတဲ့ ကစ်ဆင်းဂျား၊ မိုရှေဒါယန်း စတဲ့ အတ္ထုပ္ပတိ စာအုပ်တွေဟာ ကျွန်တော်တို့ကို နိုင်ငံရေး စာပေတွေကို စိတ်ဝင်စားအောင် စတင်မိတ်ဆက် ပေးခဲ့တယ်။ ရှစ်လေးလုံးမှာ ဆရာ ပါဝင်လှုပ်ရှားခဲ့တဲ့ အတွက် ရာထူးက ထုတ်ပယ်ခံရတယ်။ အင်န်အယ်လ်ဒီ တတ်သိပညာရှင် အဖွဲ့မှာပါပြီး ၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတယ်။ ဂန္ဒီ ကြေညာစာတမ်းကို အကောင် အထည်ဖော်ဖို့ စီမံချက်ဆွဲတဲ့ အထဲမှာ ပါတယ်ဆိုပြီး ပုဒ်မ ၅ ညနဲ့ အဖမ်းခံရတယ်။ ၉၂ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်တယ်။ ၉၆ မှာ ပြန်အဖမ်းခံရပြီး ၂၀၀၁ ထဲကျမှ ပြန်လွတ်လာတယ်။ ဆရာ ထောင်ကျနေတုံး ဆရာမနဲ့ မိသားစုက ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်း လုပ်ပြီး ရပ်တည်ရတယ်။ ဆရာက ဘယ်လိုပဲ ဖြစ်ဖြစ် အတွေးအမြင်ကို ရအောင် ထုတ်ပါဆိုလို့ မဖြစ်မနေ ထုတ်ခဲ့တယ်။ စာရေးဆရာ တစ်ချို့က အခမဲ့ ရေးပေးကြတယ်။ ၂၀၁၀ မှာ ပြည်သူ့ခေတ် ဂျာနယ်ကို ထုတ်ဝေခွင့်ရပြီး နိုင်ငံရေး အကြောင်းအရာတွေကို အဓိက ထားရေးနေခဲ့တယ်။ ဆရာ့နောက်မှာ တစ်စုံ တစ်ယောက် ရှိတယ်ဆိုရင် အဲဒါဟာ ကျွန်တော် အပါအ၀င် ဆရာရဲ့ စာများ၊ သတင်းစာဆရာ စိတ်ဓာတ်များကို လေးစားသူများပဲ ဖြစ်ပါလိ့်မ်မယ်။
ဒေါက်တာသန်းထွဋ်အောင်
Eleven Media Group ရဲ့ ဂျာနယ်တွေဟာ အရေးအသား၊ တင်ပြပုံ အဆင့်မြင့်တယ် ဆိုတာ ဘာမှ ငြင်းစရာ မရှိပါဘူ။ ကိုယ်တိုင်လည်း အပတ်စဉ် ၀ယ်ပါတယ်။ သို့သော် ဒီဂျာနယ်တွေ ဖြစ်ပေါ်လာပုံ သမိုင်းနဲ့ ဒေါက်တာ သန်းထွဋ်အောင်ရဲ့ Attitude ကတော့ သိပ်ပြီး မရိုးရှင်းလှပါဘူး။
အဖေက သစ်တော အရာရှိဟောင်း ဖြစ်တဲ့အတွက် ၈၉ ၉၀ မှာ သစ်ပါမစ်တွေနဲ့ စပြီး စီးပွားရေး လုပ်တယ်။ First Elevne အားကစား ဂျာနယ်ကို ထောက်လှမ်းရေးရဲ့ ထုတ်ဝေခွင့်ကဒ်ကို သုံးပြီး စထုတ်တယ်။ အားကစား ဂျာနယ် အရမ်း အောင်မြင် သွားတော့ အရိပ်ဆိုတဲ့ ရုပ်ရှင် ကားကြီးကိုလည်း ထုတ်ခဲ့သေးတယ်။ ပန်းဖြူ အကယ်ဒမီရတဲ့ ကားပါ။ နောက်တော့ အားကစား ဂျာနယ်တစ်စောင် တိုးချဲ့ထုတ်တယ်။ နောက်တော့ Weekly Eleven သတင်းဂျာနယ် ထုတ်တယ်။ အဲဒီအချိန်က ထောက်လှမ်းရေး ခေတ်ကုန်သွားပြီ ဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကိုယ်ရံတော် ဗိုလ်မှူးကြီး စိုးရှိန်ရဲ့ ထောက်ခံမှုနဲ့ ထုတ်ဝေခွင့် ရခဲ့တယ်လို့ စာပေ အသိုင်းအ၀န်းက ပြောကြတယ်။ ဘယ်လိုမှ သက်သေမ ပြနိုင်ပေမယ့် ထုတ်ဝေခွင့်တွေ အရမ်းရှားနေချိန်မှာ သတင်းဂျာနယ် အသစ်တစ်စောင် ထုတ်ဝေခွင့် ရတယ်ဆိုတာ တပ်မတော် အစိုးရနဲ့ အဆက်အသွယ် မကောင်းရင် မရနိုင်ဘူး ဆိုတာတော့ မှန်းဆနိုင်ပါတယ်။ ဒေါက်တာ သန်းထွဋ်အောင်ဟာ Eleven Media ကို ကိုယ်ပိုင် စီးပွားရေးအဖြစ်နဲ့ လုပ်နေသလို ညီဖြစ်သူရဲ့ Gateways Group of Companies မှာလည်း နောက်ကွယ်က ပါတယ်လို့ ဆိုကြတယ်။ ဒီကုမ္ပဏီက တရုတ်နဲ့ ရုရှားက စစ်လက်နက် ပစ္စည်းတွေကို ရေတပ်နဲ့ လေတပ်အတွက် ၀ယ်ပေးနေတဲ့ ကုမ္ပဏီပါ။ ၈ မိုင် ကျိုက်ဝိုင်း ဘုရားလမ်းပေါ်က ဆိုင်းဘုတ် တပ်မထားတဲ့ သုံးထပ်တိုက်ဟာ အဲဒီရုံးချုပ်ပါ။ အင်မတန် လျှို့ဝှက်တဲ့ရုံးပါ။
ဒါက စီးပွားရေး နောက်ကြောင်းပါ။ ဘာနဲ့ စခဲ့ပြီး ဘာနဲ့ ဆုံးတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကျန်မီဒီယာ လောကသားများ ဆက်ဆံရေး ကတော့ သိပြီး ဖြစ်လို့ ထပ်မရေးတော့ပါ။
အထက်မှာ ဆရာမောင်ဝံသနဲ့ ဒေါက်တာ သန်းထွဋ်အောင် နောက်ခံ အချက်များကို နှိုင်းယှဉ်လိုက်ရင် Eleven Media က ကောင်းလှပါတယ် ဆိုပြီး သတ်မှတ်တဲ့ စံတွေနဲ့ ဘယ်သူက ပိုကိုက်ညီတယ် ဆိုတာ မှန်းဆနိုင်ပါတယ်။ တကယ်တော့ ဆရာ မောင်ဝံသနဲ့ အခု ဆုရွေးချယ်ရေး အဖွဲ့မှာ ပါတဲ့ အဖွဲ့ဝင်အများစု (ပြန်ကြားရေး ကိုယ်စားလှယ် နှစ်ဦးမပါ) ဟာ သတင်းမီဒီယာ အလုပ်ကို အသက်မွေးဝမ်းကျောင်း အဖြစ် စဉ်ဆက်မပြတ် လုပ်ခဲ့သူတွေပါ။ တစ်ချို့သူတွေမှာ အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ စာနယ်ဇင်းသမား အဖြစ် အသက်မွေးနေသူတွေ ဆိုတာတော့ ငြင်းလို့ မရပါဘူး။ အဖွဲ့ဝင်တွေထဲက ပြန်ကြားရေးနဲ့ အဆင်ပြေလှပါတယ် ဆိုတဲ့ ဒေါက်တာ တင်ထွန်းဦးတောင် စာနယ်ဇင်း အစမှာ ဘယ်သူ့ အကူအညီမှ မပါဘဲ သုသစွယ်စုံနဲ့ စခဲ့ရတာပါ။ ဒေါက်တာ သန်းထွဋ်အောင် ဆိုတာက သစ်နဲ့ အခြား လုပ်ငန်းတွေက ကြီးပွားလာမှ မီဒီယာ လောကထဲကို ခုန်ကူးဝင်လာတဲ့ မီဒီယာ လုပ်ငန်းရှင်ပါ။ အကျိုးအမြတ် အတွက်လား၊ နိုင်ငံရေး ရည်မှန်းချက် အတွက်လား၊ ဂုဏ်သိက္ခာ အတွက်လား။ ရည်ရွယ်ချက် တစ်ခုခုကြောင့် ၀င်လာခဲ့ပြီး အခုမှ သူ့နောက်ခံကို ဖုံးထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အဂတိ လိုက်စားမှု ပပျောက်ရေး၊ ဘောလုံး လောင်းကစား ပပျောက်ရေး၊ သန့်ရှင်းသော အစိုးရ ဆိုတာတွေကို ရှေ့တင်လာတာပါ။ ဒါတွေဟာ တကယ် ယုံကြည်ချက်ကြောင ပြောတာလား၊ မီဒီယာ အစွံထုတ်ရေး အတွက် လုပ်တာလား ဆိုတာတော့ သူမှပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူဟာ ဆရာမောင်သာရ ၀တ္ထုတစ်ပုဒ်ရဲ့ ခေါင်းစဉ်လို ယုန်နဲ့အတူပြေး၊ ခွေးနဲ့ အတူ လိုက်နေတာ များလားလို့တောင် ထင်မိပါတယ်။
သို့သော် ဘာပဲဖြစ်ဖြစ် ဒေါက်တာ သန်းထွဋ်အောင် ပြောတဲ့ မှတ်ကျောက် ခြောက်ချက်နဲ့ တိုက်ချ လိုက်ရင်တောင် ဇကာ တင်ကျန်နေမှာက ဆရာမောင်ဝံသ ဖြစ်ပြီး ဒေါက်တာ သန်းထွဋ်အောင် ကတော့ အဲဒီ အဖွဲ့အစည်းမှာ ပါဝင်ဖို့ အရည်အချင်း ကိုက်ညီမှာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။
အမျိုးသား သတင်းဆု အောင်မြင်ပါစေ။
မြာစစ်သား ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ click
- တောင်ယာစောင့် ရွာသား ၃ ဦးအား မြန်မာစစ်တပ် ပေါ်တာဆွဲ၊ ချောက်ထဲ၌ ပစ်သတ် click
- လက်နက်ကြီးဒဏ် မခံနိုင်၍ ရှမ်းရွာသား ၃၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင် click
- ကေအိုင်​အေနယ်​မြေထဲ အစိုး​ရတပ် အင်အား​တိုး​ချဲ့ click
- KIO အဖွဲ့တွင်း နိုင်ငံရေးရှင်းလင်းပွဲ ပြုလုပ် click
- သံဖြူဇရပ် ရဲစခန်း အပစ်ခံရ၊ ထိခိုက်သူမရှိ click
- သံဖြူဇရပ် ရဲစခန်းကို နေ့ခင်းပိုင်းတွင် ပစ်ခတ် click
- သံဖြူဇရပ် ရဲစခန်းကို အမည်မသိ သေနတ်သမား ၂ ဦး ပစ်ခတ် click
- သံဖြူဇရပ် ရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ click
- ပြန်ပေးဆွဲခံရသည့် ရွာသားနှစ်ဦး ပြန်လွတ်လာ click
- နယ်မြေခံစစ်တပ်က ရခိုင်ကွမ်းသီးခြံပိုင်ရှင်များထံမှ ငွေကောက် click
- ဂီရိဒေသပြည်သူများ အသုံးပြုသော ချောင်းကို စစ်တပ်က သိမ်းပြီး သက်သာ ရန်ပုံငွေရှာ click
- နှစ်နိုင်ငံရဲချုပ် တွေ့ဆုံပြီးနောက် သျှမ်းအရှေ့ရှိ မြောင့်လူမျိုးရွာအား မြန်မာစစ်တပ် မီးရှို့ click
- အာဏာပိုင်နှင့် လုပ်ငန်းရှင်များ အနိုင့်အထက်ပြုလျှင် DPM ကူညီမည် click
- ဗကသ ပြန်လည်ဖွဲ့စည်းခြင်း ၄ နှစ်ပြည့် click
- ရွှေဝါရောင် ၂၀၀၇ က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသများအဖွဲ့ချူပ် ၄ နှစ်ပြည့် click
- ဗကသ တရား​ဝင် ရပ်တည်ခွင့်​ရ​ရေး​ လုပ်​ဆောင်မည် click
- အစိုးရကို စမ်းသပ်သော နိုင်ငံရေးလှုပ်ရှားမှု လုပ်မည်ဟု ဗကသ ပြော click
- ဖွင့်​မရခဲ့​သည့်​ အင်တာနက်ဝက်ဘ်ဆိုက်အချို့ ဖွင့်​၍ရလာ click
- ပြည်တော်ပြန်သင့် မပြန်သင့် (၄) click
- အာမခံချက်ရှိလို့ ဒီခြေလှမ်းတွေ လှမ်းနေတာဖြစ်တယ် (ဆောင်းပါး) click
- မြစ်ရေစီးသံ နာခံလော့ (ဆောင်းပါး) click
- သနပ်ခါး အီဗော်လူးရှင်း (ဆောင်းပါး) click
- တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ကံကြမ္မာ (ဆောင်းပါး) click
- မြန်မာ့ဒီမိုကရေစီအရေးအတွက် အိန္ဒိယကို တိုက်တွန်း (ရုပ်သံ) click
- တ​ဒေါ်လာ ကျပ် ၉၀၀ နှင့်​ ၁၀၀၀ ကြား​ သတ်မှတ်ရန်ရှိဟုဆို click

- ကျပ်ငွေဈေးချရန် တရားမဝင်ကားများ ဒေါ်လာဖြင့် ဒဏ်တပ်မည် click
- MFWG အသေးစားချေးငွေလုပ်ငန်း ကျယ်ပြန့်စွာ မသိရှိသေး click
- ငွေရေးကြေးရေး click
- မူဆယ်- ကျောက်ဖြူ လျှပ်စစ်ရထား​လမ်း​ နှစ်ကုန်မှာ ​ဖောက်မည် click
- မြန်မာရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက် click
- ထားဝယ်ရေနက်စီမံကိန်းနယ်မြေမှ ကျေးရွာ ၅ ရွာ ပြောင်းရွှေ့ရန် ပြင်ဆင်နေ click
- မန္တ​လေး​၊​ အင်း​လေး​ဒေသနှင့်​ ​တောင်တွင်း​ကြီး​တို့၌ ​ရေကြီး​နေ click
- မန္တလေး ရေဘေးဒုက္ခသည်များ အခြေအနေ click
- ကျောက်ဆည်မြို့ ရေကြီး click
- ရခိုင်တွင် လျှပ်စစ်မီတာခ အဆမတန် ​ဈေး​ကြီး​ click
- ဆရာပါရဂူ စာအုပ်များ ခိုးထုတ်မှု စိစစ်ရန် “စာပေရဲ” အဖွဲ့ ဖွဲ့စည်း click
- ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်တွင် ကျင်းပမည် click
- ဥက္ကလံ၊ ဓမ္မအေးရိပ်ကျောင်း ၀ါဆိုပွဲနှင့် ကလေးသင်တန်းဆင်းပွဲ စည်ကား click
- ဧရာဝတီဂျာနယ် ထွက်မည် click
- ဆရာမောင်စွမ်းရည်ရဲ့ အမှာစာ click
- အိန္ဒိယရောက် မြန်မာကလေးများ ပညာရေး (ရုပ်သံ) click
- ဂျပန်ဝန်ကြီးချုပ်သစ် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာဖွယ်ရှိ click
- ဘဂ္ဂဒက်နဲ့ ကဘူးလ်လို အဖြစ်မခံဘူးဆိုတဲ့ ထရီပိုလီ click
- ဆိုးရွားပြင်းထန်တဲ့ ဟာရီကိန်းကို ကျော်ဖြတ်ခြင်း click
- နယူးဂျာစီပြည်နယ်က ရေဘေးဒုက္ခသည်တဦး ရင်ဆိုင်နေရတဲ့ ဒုက္ခ (အသံဖိုင်) click
- ကလေးတယောက် အရွယ်အစားရှိသော ဖားကြီး click

စည်းလုံး ရိုင်းပင်းကြဖို့ ဒေါ်စု ပြောသော်လည်း ပြည်ပရောက်မြန်မာများ အချင်းချင်းယုတ်မာနေကြဆဲ


လူထုခေါင်းဆောင် ခေါ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် အိပ်ဖွင့်ပေးစာ ပေးပြီး ၅ ရက်အကြာမှာ KIA က လက်နက်ငယ်များနဲ့ လူ ၇ ယောက်ကို ပစ်သက်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စစဉ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို KIA ကေ-ာက်ပေါကြီးဖြစ်အောင်လုပ်နေတယ် လို့ ဝေဖန်သူတွေအများအပြားရှိခဲ့ပါတယ်။ ဝေဖန်သူတွေထဲမှာ ပြည်ပရောက်မြန်မာတွေက အများဆုံးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ပရောက်မြန်မာတွေအတွက် အချင်းချင်းစည်းလုံးကြဖို့၊ ရိုင်းပင်းကြဖို့ အမြဲပြောဆိုတတ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်လိုပြောတတ်ပါတယ်။ ဒါပေမယ့်လည်း ပြည်ပရောက်မြန်မာတွေကလည်း KIA လိုပဲ ဒေါ်အောင်ဆန်းစုကြည်စကားကိုနားမထောင်ပဲေ-ာက်ပေါလုပ်တတ်ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား ချစ်ကြည်ရင်းနီးဖို့ပြောပြီးမှ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ ရန်ဖြစ်နေပြန်၊ အပြန်အလှန်တရားစွဲဆိုနေပြန်တော့ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုသလို ဖြစ်နေပါတယ်။ အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို ယူထားပြီး မြန်မာနိုင်ငံမှာ အနှစ် ၃၀ ကျော် မနေခဲ့တော့ ယနေ့နောက်လူတွေကို ”စောင့်လေမျိုးနွယ်” ဆိုတဲ့အတိုင်း အမျိုးဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ မဆုံးမနိုင်သလို၊ နိုင်ငံအတွက် အလုပ်အကျွေးပြုဖို့ ပြန်လာရန်မပြောနိုင်ပြန်ပါဘူး။ မြန်မာအချင်းချင်း စည်းလုံးကြဖို့သာ ပြောနိုင်ပေမယ့်လည်း အပြောပဲအဖတ်တင်ပါတယ်။ လောလောဆယ် အဖွဲ့ပေါင်းများစွာကွဲနေတဲ့ အတိုက်အခံ အဖွဲ့တွေတောင် အချင်းချင်းမတည့်ကြပြန်ပါဘူး။

အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေတင်ပြီး အမေစု အမေစု အမြဲခေါ်တဲ့ သားများ သမီးများက အင်တာနက်ပေါ်မှာ ရည်းစားတွေထားကြ၊ အပြင်ထိ လိုက်တွေ့ကြ၊ အင်တာနက်ပေါ်မှာ ပြချင်တာပြကြ၊ အပြင်ထိလိုက်ပြီး အတူနေကြ လုပ်နေကြတဲ့အပြင် မိန်းခလေးများကလည်း အရှက်မရှိ ပြောင်ပြောင်တင်းတင်းလုပ်နေကြသလို ယောက်ျားလေးများကလည်း ပြောင်ပြောင်တင်းတင်း ယုတ်မာနေကြပါတယ်။


မေစုကိုသိပ်ချစ်တဲ့ သမီးလေး မေကိုလတ် ရုရှားမှ စစ်ဗိုလ်များထံတွင် အတူသွားအိပ်စဉ်က


မဗေဒါ ရဲ့သမီး၊ မငယ်နိုင်ရဲ့ မွေးစားသမီးလေး ဒီဇင်ဘာ တစ်ယောက် ရုရှားက စစ်ဗိုလ်လေးတွေဆီင်္မှ အပြန် နောက်တစ်ယောက်နဲ့ ဒီမိုကရေစီဖော်ဆောင်နေစဉ်

ဒီမိုကရေစီဘက်တော်သားတွေဟာ အထူးသဖြင့် လိင်မှုကိစ္စတွေမှာ အမြဲ ရှုတ်နေတတ်ကြပါတယ်။ မဗေဒါ (ခေါ်) မအေးအေးခိုင် ဆိုရင်လည်း ဦးတင်စိုး နဲ့ ဦးစိန်ဝင်း ဆိုပြီး ယောက်ျားနှစ်ယောက်၊ မငယ်နိုင်ဆိုရင်လည်း ဦးကျော်နိုင်အပြင် မိုးသွေးငယ်နဲ့ နောက်မီးလင်းပြန် ၊ RFA က အင်ကြင်းနိုင်ဆိုရင်လည်း VOA က သားညွန့်ဦးအပြင် စိုင်းသိန်းဝင်း နဲ့ မောင်တွေ မ တွေ ဖြစ်ရ၊ RFA က မဆုမွန်ဆိုရင်လည်း ဘုန်းကြီးကိုတောင် အလွတ်မပေးပဲ အွန်လိုင်းမှာ ရည်းစားလုပ်နဲ့ ဒီ ကာမဂုဏ်လေးအတွက်နဲ့ အလုပ်များကာ သတင်းဆိုးနဲ့ ကျော်ကြားနေကြပါတယ်။

အခုနောက်ဆုံး စင်္ကာပူကပေးစာ တစ်စောင်ကို ပြပါအုံးမယ်။ စင်္ကာပူက မိန်းကလေး တစ်ယောက်က မြန်မာအချင်းချင်း အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ခံရတော့မယ့် အခြေအနေမှ လွတ်မြောက်လာကာ စင်္ကာပူက မြန်မာအမျိုးသားများရဲ့ အကျင့်ယုတ်မာပုံကို ပြောထားပါတယ်။ စင်္ကာပူမှာ ဒီလိုကိစ္စတွေ အမြဲလိုလိုဖြစ်နေတတ်ပါတယ်။ စင်္ကာပူက မြန်မယ ယောင်္ကျားလေးများက နိုင်ငံခြားယောက်မြန်မာ ယောင်္ကျားလေး များထဲမှာ မလေးရှားပြီးရင် စည်းကမ်းမရှိဆုံးလို့ ပြောလို့ရပါတယ်။ စင်္ကာပူက မြန်မ ယောင်္ကျားလေး တစ်ယောက်က အတူနေပြီးမှ လက်မထပ်လို့ ဆိုပြီး တိုက်ပေါ်မှ ခုန်ချခဲ့ရတဲ့ မြန်မာအမျိုးသမီးတစ်ဦး စင်္ကာပူမှာ ရှိခဲ့ဖူးပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ရေသိုလှောင်ရေး ကန်တွေကြားမှာလဲ မြန်မာတွေ လိင်ဆက်ဆံကြလို့ စင်္ကာပူအာဏာပိုင်တွေဆီကို အရေးယူဖို့ ဒေသခံတွေက တိုင်ကြားခဲ့ဖူးပါတယ်။

စင်္ကာပူက မြန်မာအမျိုးသမီးအများစုကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ အဝတ်အစားတွေကို အမြဲဝတ်တတ်ကြပြီး စကားပြောရင်လည်း တရှစ်ရှစ် (shit) တဖက်ဖက် (fuck) နဲ့ ပါးစပ်က မချတတ်ကြပါဘူး။ ယောက်ျားလေးများနဲ့ ပြောင်ပြောင် တင်းတင်းလက်မထပ်ပဲ အတူနေကြတဲ့အပြင် ညအချိန်မှာ ကလပ်တွေသွားတာ၊ ဖဲရိုက်ကြတာ၊ ဘီယာ အရက် သောက်ကြတာတွေကို လူ့အခွင့်အရေးအပြည့်အဝ ရသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ သောက်စား ပျော်ပါးတတ်ကြပါတယ်။

ဒီစာကတော့ စင်္ကာပူောက် အမျိုးသမီး တစ်ယောက်ရဲ့ ရင်ဖွင့်စာပါ။

" ဇော်ဇော်အောင် ကျမ chat box ထဲကို ပို့ လာတဲ့ စာပါရှင် .။ မိန်းခလေးတို့ ရေ..သူပြောသလိုပဲ စလုံးမှာ ရှိတဲ့ မိန်းကလေးတွေဟာ သူလူပျိုပါလို့ လိမ်လည်လှည့်ဖျားတာခံရလောက်အောင် မအပါဘူးဆိုတာ ကျမအတွေ့ အကြုံနဲ့ ဆိုရင်မှန်နိုင်ပါတယ်.။ ကျမ မအခဲ့လို့ ၊ သူ့ စိတ်ဓာတ် မကောင်းမှန်းသိလို့ ၊ သူမြူဆွယ်ဖျားယောင်းပီး မူးယစ်စေတဲ့ ဘီယာအရက်လိုမျိုးတွေကို မသောက်ခဲ့လို့  သူ့ စော်ကားတာ မခံခဲ့ရတာပါ.။ ကျမသူနဲ့ သာမာန်ပဲ သိတာပါ..။ အဲ့ဒီလို စင်ကပူ ရောက်ခါစ မိန်းကလေးတယောက်ကို ညီမလေး ညီမလေး နဲ့ အတင်းဆက်သွယ်ပီး တညကျတော့ သူ့ ဆိုင်ကို လိုက်ပြမယ်ဆိုပီး အိမ်ကို လာခေါ်ပါတယ်..။ သူ့ ကို ကျမမိန်းမရှိမှန်းမသိခင်တဲက ရွံရှာစက်ဆုပ်ပါတယ်.။ အဲ့ဒါကြောင့် သူကျမကို ခြေတော်တင်ဘို့ ကြံစည် ကြိုးပမ်းနေမှန်း သိလို့  သူ့ အကြံအစည်မှန်သမျှကိုလဲ သိချင်လို့ တမင်လိုက်သွားလိုက်ပါတယ်.။ လမ်းမှာ သူတိုက်သမျှ ဘယ်အရာမှ မသောက်ပါဘူး.။ ပထမဦးဆုံး လမ်းလျှောက်ရအောင်လို့ ပြောပီးခေါ်တဲ့ သူက ကလပ် ( Club ) ကို အတင်း ခေါ်ဘို့ ကြိုးစားပါတယ်.။ ကျမမလိုက်ပါဘူး.။ နောက်တော့ သူက ကျမကို သူ့ ဆိုင်ကို ခေါ်ပါတယ်.။ ကျမသူ့ ဆိုင်နားရောက်တဲ့ အချိန်မှာ သူ့ ဆိုင်ရှေ့ကဆိုင်မှာ လူတွေရှိနေတာကိုလဲ ကျမလုံခြုံရေးအရ ကြိုတင် အကဲခတ်ထားခဲ့ပါတယ်..။ သတင်းစာတွေကပ်ထားပီး မီးပိတ်ထားတဲ့ အခန်းကို " ညီမလေး ခဏဝင်နားပါလား " ဆိုပီး အတင်းခေါ်ပါတယ်..။ ကျမအေးဆေးစွာ ငြင်းပယ်ပါတယ်.။ မရပါဘူး..။ နောက်ဆုံး အတင်းခေါ်တော့ ကျမ သူ့ ကို ပိုးစိုးပက်စက် ပြောပီး ပြန်လာခဲ့ပါတယ်.။ သူနဲ့ မပတ်သတ်ချင်လို့ သူ့ ကို ကျမဆီကို ဖုန်းဆက်သွယ်ခြင်း မပြုလုပ်ဘို့ ပြောတဲ့ အချိန်မှာ သူ့ မိန်းမ ဖုန်းကိုင်လို့  သူ့ မိန်းမ နဲ့တောင် စကားပြောခဲ့ရပါသေးတယ်။ သူ့ မိန်းမကလဲ သူမိန်းကလေးမှန်သမျှကို ခြေတော်တင်နေမှန်းသိပါတယ်.။ သူ့ မိန်းမက ဒီမုဒိန်းကောင်ရဲ့ ယုတ်မာတဲ့ အကျင့်တွေကို ပြောင်းလဲလို့ မရခဲ့ပါဘူး..။ သူ့မိန်းမကိုယ်တိုင် ကျမကိုပြောပါတယ်.။ သူ့ ကြောင့် ဗိုက်ကြီးသွားတဲ့ မိန်းကလေးတွေ အများကြီးဆိုတဲ့ အကြောင်း ၊ ဖခင်မပေါ်ဘဲ မွေးလိုက်ရတဲ့ ကလေးတွေလဲ ရှိကြောင်း ပြောပြပါတယ်..။ သူ့ မိန်းမက အေးဆေးသိမ်မွေ့ ပါတယ်.။
နောက်ပိုင်းထပ် သိရတာက သူကမိန်းကလေးတွေ ၊ အပျို ၊ အအို မရွေး ခြေတော်တင်နေတယ်ဆိုတာပါဘဲ.။ ကျမနဲ့ သိတဲ့ အိမ်ထောင်ရှိတဲ့ အမတောင် သူခြေတော်တင်ခဲ့ပါသေးတယ်.။ အဲ့ဒီလိုပဲ ဘီယာတိုက်ပီးတော့မူးနေတဲ့ အချိန်မှာပါ။
ကျမပြောချင်တာက သူက မိန်းကလေးတွေကို အလိုမတူရင် ဘာမှလုပ်မရဘူးဆိုပေမဲ့ သူက အရက်ကဲ့ သို့ သော မူးယစ်စေတတ်တဲ့ အရာတွေကို သူငယ်ချင်း မိတ်ဆွေလိုမျိုး အရင်တိုက်တာပါ.။ စင်ကပူမှာ ရှိနေတဲ့ မိန်းကလေးတွေကလဲ ဘီယာလောက်ကို သောက်ဘို့ သိပ်ဝန်မလေးကြပါဘူး.။ အဲ့ဒီမှာ သူက စပီး ဘီယာ တခွက်လောက်တိုက်ပီးမှ နောက်ထပ် ဆက်ခါ ဆက်ခါ တိုက်ပီး ခြေတော်တင်တာပါ..။ မိန်းကလေးတွေက စော်ကားခံလိုက်ရပေမဲ့ သူ့ ကို လူပျိုဆိုပီး တခြားနိုင်ငံမှာ ဘာမှ မလုပ်တတ်လို့ သည်းခံလိုက်ကြတယ်.။ ဒါပေမဲ့ သူက အိမ်ထောင်ရှိမှန်းလဲ သိရော တော်တော်စိတ်မကောင်းဖြစ်ကြမယ်ဆိုတာ ကျမကဲ့သို့ သူ့ ထောင်ခြောက်ကို ဝင်မသွားခဲ့တဲ့သူတောင် စာနာ နားလည်နိုင်ပါတယ်.။

ဒါ့ကြောင့် မိန်းကလေးများ သတိပြုဆင်ခြင်ကြပါ.။ အဲ့ဒီလို မုဒိန်းကောင်ကို တတ်နိုင်သမျှ ရှောင်ရှားကြပါလို့  သတိပေးနိုးစော်ချင်ပါတယ်။ သူ့ ဆိုင်က printing and internet ဆိုင်မို့ လို့  ဝင်ထွက်သွားလာနေကြတဲ့ မိန်းကလေးများလဲ သတိထားကြပါလို့ . ။ သူပြောသလိုပဲ သူ့ ပတ်ဝန်းကျင်မှာ သူ့ အကြောင်း မေးလို့ ရတယ်လို့ ပြောထားတဲ့ အတွက် ကျမကလဲ ပြန်ပြောချင်ပါတယ်။ သူ့ ပတ်ဝန်းကျင်မပြောနဲ့ ပင်နီစူလာ ရောက်လို့ အောက်ထပ်မှာမေးလိုက်ရင်တောင် အပျို အအိုမရွေး ခြေတော်တင်တဲ့ သူ့ အကြောင်းကို ပြောပြကြပါလိမ့်မယ်.။

မိန်းကလေးများ ခံလိုက်ရမှာစိုးလို့  သတိပေးတာပါ.။"
  • အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတထံ တင် - ဧရာဝတီ click here
  • ဥရောပ ရုပ်ရှင်ပွဲတော် ရန်ကုန်တွင် ကျင်းပမည် - ဧရာဝတီ click here
  • ရွှေဝါရောင် ၂၀၀၇ က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသများအဖွဲ့ချူပ် ၄ နှစ်ပြည့် - မိုးမခ click here
  • ဗကသ တရားဝင်ရပ်တည်ခွင့်ရရေး လုပ်ဆောင်မည် - ဒီဗွီဘီ click here
  • ဟင်္သာတမြို့မှာ တင်းမာမှု ဖြစ်ပေါ်ခြင်းကို သံဃာတော်များ ကြားဝင် ဖြန်ဖြေပေးခဲ့ - အာရ်အက်ဖ်အေ click here
  • မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြ - ဘီဘီစီ click here
  • ရခိုင်တွင် လျှပ်စစ်မီတာခ အဆမတန် ဈေးကြီး - ဒီဗွီဘီ click here
  • မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက် - နိရဉ္စရာ click here
  • ဂီရိဒေသ ပြည်သူများ အသုံးပြုသော ချောင်းကို စစ်တပ်က သိမ်းပြီး သက်သာ ရံပုံငွေရှာ - နိရဉ္စရာ click here
  • လွှတ်တော်မှာ သတင်းယူလို့ရပေမယ့် ဖော်ပြလို့မရ - ဘီဘီစီ click here
  • ဒီမိုကရေစီ မိခင်ကြီးစာအုပ် မဲဆောက်မြို့မှာ စတင်ဖြန့်ချိ - အာရ်အက်ဖ်အေ click here
  • ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပုံနှိပ်ဖော်ပြခွင့် မရသေး - ဗွီအိုအေ click here
  • ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မဒေါ်ခင်ကြည် - မိုးမခ click here
  • ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် အဆိုတင်မယ် - ဘီဘီစီ click here
  • ကိုဌေးကြွယ်လွတ်မြောက်ရေး လှုံ့ဆော်ပေးတဲ့ ဒု ဝန်ကြီးချုပ် - ဧရာဝတီဘလော့ဂ် click here
  • ဟင်္သာတက ဗလီကျောင်းကို အရပ်သား ၃၀၀ ဝိုင်း - ဒီဗွီဘီ click here
  • ကိုနေမျိုးဇင် နှိပ်စက်၊ ထောင်ချခံရမှုအပေါ် တုံ့ပြန်ချက်များ - မိုးမခ click here
  • နေပြည်တော် တောင်ကျရေ ၂ ဦးသေ - ဧရာဝတီဘလော့ဂ် click here
  • အမေရိကားရောက် မြန်မာများ ဟာရီကိန်းမုန်တိုင်းကြောင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေ - ဒီဗွီဘီ click here
  • ဗကပ ပြန်လည်ဖွဲ့စည်းခြင်း လေးနှစ်ပြည့် - ဘီဘီစီ click here
  • NPD ရဲ့ တောင်းဆိုချက် အမှတ် (၁) - ဧရာဝတီဘလော့ဂ် click here
  • နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ - မိုးမခ click here
  • အယ်ဒီတာထံ ပေးစာ (တောင်ပြိုလက်ဝဲက ပို့လာတဲ့ ပေးစာ) - နိရဉ္စရာ click here
  • “ဓားရိုးကမ်းလိုသူများနှင့် ကျွန်ပ်တို့၏….” - နေ့သစ် click here
  • ဆွီဒင်နိုင်ငံ ညီလာခံမှ ပြန်လာသူများအား ဒုတိယ-ဥက္ကဌ လက်ခံတွေ့ဆုံ - NLD click here
  • ဆရာ မောင်စွမ်းရည်ရဲ့ အမှာစာ - မိုးမခ click here
  • မစ်ရှီဂန်ကပေးတဲ့စာ(၈၃) - မိုးမခ click here
  • ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၇ - မိုးမခ click here
  • လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၄) - မိုးမခ click here
  • ပုံ​​ပြောသူများ​​ အဖွဲ့ - မိုးမခ click here

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий