ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အကျယ်ချုပ်ကနေ လွတ်ပြီး ချင်ချင်းပဲ အကောင်အထည်ဖော်ဖို့ လုပ်ခဲ့တဲ့ အလုပ်ကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာပါပဲ။ ပထမဆုံး မိန့်ခွန်းမှာ တက်တက်ကြွကြွနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ လုပ်ပါမယ် ကြွေးကြော်ပြီး ဒုတိယပင်လုံညီလာခံ စီမံကိန်းမှာ ခေါင်းဆောင် ဖြစ်လာပါတယ်။ ပြည်ပအတိုက်အခံ စာမျက်နှာပေါင်းဆုံးမှာ ဒုတိယ ပင်လုံ ဆိုပြီး ပလူပျံအောင် ဆူညံနေပေမယ့် တစ်လတောင် မကြာခင်မှာပဲ ဒုတိယ ပင်လုံဆိုတာလည်း ကြက်ပြောက်ငှက်ပြောက် ဖြစ်သွားရပါတယ်။

တွေ့ဆုံဆွေးနွေးချင်ပါတယ် အကြိမ်ကြိမ်ပြောခဲ့ပြီးတော့လည်း ဦးအောင်ကြည်နဲ့ တစ်ရက်လောက်တွေ့လိုက်တာ ကျက်သရေမရှိတဲ့ မျက်နှာဖြစ်သွားရပြန်ပါတယ်။ သိက္ခာဆည်တဲ့အနေနဲ့ တိုင်းရင်းသား သောင်းကျန်းသူများနှင့် နိုင်ငံတော် သမ္မတဆီကို လိပ်မူပြီး အပစ်အခတ်ရပ်စဲရေးအတွက် အိပ်ဖွင့်ပေးစာ တစ်ခုပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာ ပို့ပြီးလို့ ၅ ရက်အကြာမှာပဲ KIA က ကားတစ်စီးကို စိမ်ပြေနှပြေ တည်ပြီး သေနက်နဲ့ ပစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပြက်ရယ်ပြုခဲ့ပါတယ်။

နိုင်ငံရေးမှာလည်း မဝင်ဆံ့၊ ထိထိရောက်ရောက်လုပ်ပြနိုင်တဲ့အရည်အချင်းကလည်းမရှိ၊ စစ်ရေးကျတော့လည်းေ-ာက်ပေါ အလုပ်ခံရဖြစ်နေတုန်းမှာပဲ နောက်ထပ် ဆိုးရွားတဲ့ ကိစ္စတစ်ခု ထပ်ဖြစ်ရပြန်ပါတယ်။ တခြားမဟုတ်ပါဘူး။ နိုင်ငံနဲ့ချီပြီး သင့်မြတ်ရေးလုပ်ချင်သူ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် မောင်နှမ ချင်း မသင့်မြတ် နိုင်သေးတဲ့ ကိစ္စပါပဲ။

ပြေးကြည့်လို့မှ ဒီမောင်နှမလေး နှစ်ယောက်တည်းရှိတာကို မတည့်နိုင်ပဲဖြစ်နေပါတယ်။ မြန်မာနိုင်ငံကို ခြေစုံကန်ပြီး အနှစ် ၃၀ ကျော် နိုင်ငံခြားမှာ လင်ယူ သားမွေး လုပ်လာခဲ့ပြီးမှ ခုမှ မြန်မာနိုင်ငံက အိမ်ကို အတင်း အပိုင်စီးနေချင်ပါတယ်။ ဆွေမျိုးဆိုလို့ ဒီမောင်နှမ ပဲရှိတာကိုပင် အစ်ကိုဖြစ်သူကို နဲနဲလေးမှ ဖဲ့မပေးချင်ပဲ တစ်ယောက်တည်း အပိုင်ဆီးချင်နေပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အမွေလုနေတဲ့ အမှုက ကြာပါပြီ၊ ပြောတော့ လူထုခေါင်းဆောင်ဆိုပြီး အမွေလုနေတာကတော့ ရုပ်ဆိုးတယ်ဗျ.. သူ့မှာ တခြားရထားတဲ့ အထောက်အပံ့တွေလည်းရှိတယ် ဒါလေးကို ကပ်သီးကပ်သတ်လုပ်နေတာကတော့ စိတ်သဘောထား သေးသိမ်ကြောင်း ပြသလိုကြီးဖြစ်နေတယ်" လို့ ဝါရင့်နိုင်ငံရေး ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပါတယ်။
သားတို့ စည်းလုံးကြပါ၊ သင့်မြတ်ကြပါ
အန်တီတော့ မောင်နှမ အရင်းချင်း မတည့်လို့ အမှုဖွင့်လိုက်အုံးမယ်

ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ၂၀၀၀ ပြည့်​နှစ်မှ စတင်ပြီး​ ​နေအိမ်နဲ့​ ခြံဝင်း​ အ​မွေပိုင်ဆိုင်လိုမှုနဲ့​ စတင်တရား​စွဲဆိုမှု ဖြစ်ပွား​ခဲ့​ပါတယ်။ "ဥပဒေ အရပြောရရင်တော့ ဦးအောင်ဆန်းဦးက သားလည်းဖြစ်တယ်၊ အကြီးလည်းဖြစ်တယ်.. ပြီးတော့ မောင်နှမ အရင်းလည်းဖြစ်တယ် ဆိုတော့ မွေကို အတူတူခွဲယူသင့်ပါတယ်။ ဦးအောင်ဆန်းဦးက အပိုင်စီးထားတယ်ဆိုရင်တောင် လက်ခံလို့ရပါသေးတယ်။ ခုတော့ ညီမအငယ်ဆုံးက နိုင်ငံခြားမှာ အနှစ် ၃၀ လောက်နေပြီးမှ ဒီမြေကို အပိုင်စီးနေတာက လုံးဝ မဖြစ်သင့်ပါဘူး။" ဟု ဥပဒေ ရေးရာ ကျွမ်းကျင်သူ ရှေ့နေ တစ်ဦးက ပြောပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ဒုတိယပင်လုံညီလာခံ၊ အပစ်အခတ်ရပ်ဆဲရေးအတွက် အိတ်ဖွင့်ပေးစာ... စတဲ့ စကားလုံးအကြီးကြီးတွေ ပြောပြီး မပြေလည်မှုတွေကို ညှိနှိုင်းဖို့ လေလုံးထွားနေပြီး မောင်နှမခြင်း မကျေနပ်တာကို ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူကို တရားစွဲသည့်အပေါ် မှာ ရယ်စရာကြီးဖြစ်နေကြာင်း ဝေဖန်သူတွေလည်း ရှိကြပါတယ်။ "ပြောတာတော့ အကြီးကြီးတွေဗျ..
့ အမျိုးသားရင်ကြားစေ့ရေး၊ ဒုတိယပင်လုံညီလာခံ၊ အပစ်အခတ်ရပ်ဆဲရေးအတွက် အိတ်ဖွင့်ပေးစာ.. ဆိုတာတွေ့ဗျ.. ခုတော့ အစ်ကိုကို မကျေနပ်လို့ တရားစွဲတယ်ပေါ့... ဟာသကြီးဖြစ်နေတာပေါ့ဗျာ... ကိုယ်ပိုင်ရပိုင်ခွင့်တို့၊ ချစ်ခင်သင့်မြတ်ဖို့တို့၊ အချင်းချင်းနာလည်ပြီး စိတ်ဝမ်းမကွဲပြားဖို့တို့ ဆိုတာတွေက သူလုပ်နေတာတွေနဲ့ တခြားစီဖြစ်နေတာဗျ.. ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုသလို ပုံစံကြီးပေါ့ဗျာ.. " ဆိုပြီး ဝေဖန်သူတွေလည်း ရှိပါတယ်။
တစ်တိုင်းပြည်လုံး စည်းလုံးစေတဲ့ ပင်လုံညီလာခံကို ဦးစီးခဲ့တဲ့ အမျိုးသားဖခင်ကြီး. ဗိုလ်ချုပ်အောင်ဆန်းရေ.. ဒီမှာ နိုင်ငံခြားသားကို ယူထားတဲ့ ဗိုလ်ချုပ်ရဲ့ သမီး နဲ့ မြန်မာအမျိုးသမီးကိုပဲ ယူထားတဲ့ ဗိုလ်ချုပ်ရဲ့ သား တို့ ရန်ဖြစ်နေတယ်ဗျ.. ခဏလောက်ထကြည့်ပါအုံး..

လွန်ခဲ့တဲ့ ၂၀ နှစ်ကျော်က ဦး​အောင်ဆန်း​ဦး​ရဲ့​ ​ရှေ့​နေ​တွေက ဘိုးဘွားအမွေဖြစ်တဲ့ ဒီအိမ်ခြံတွေကို နှစ်ယောက်အတူ စီမံခန့်ခွဲ ပြီး ထိန်းသိမ်းလှူတန်းရန်အတွက် ညှိနှိုင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံပဲ အပိုင်စီးထားတာကြောင့် တရားစွဲခဲ့ဖူးပါတယ်။ တရား​ရုံး​က ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေချိန်ဖြစ်တာကြောင့် ငှဲညှာပြီး မဆုံး​ဖြတ်​သေး​တာလည်း​ ဖြစ်ပါတယ်။ ဦးအောင်ဆန်းဦး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် လက်မခံခဲ့ဖူးလို့လည်း သိရပါတယ်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий