ကျွန်တော်တို့ မြန်မာစကားပုံမှာ ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ ဆိုတဲ့ စကားပုံတခုရှိတယ်ဗျာ။အဲဒီစကားပုံ ရဲ့ အဓိပ္မါယ်ကတော့ကိုနဲ့ မတန်ရာမတန်ရာ မဝတ်ရဘူး ၊ မစားရဘူး ပေါ့ဗျာ။ရှင်းရှင်းပြောရရင်တော့ ကိုနဲ့မတန်ရာမတန်ရာမလုပ်နဲ့ပေါ့ဗျာ။သူများဘာပြောပြော ငြင်းနေတဲ့ ဘူး မဟုတ်ပါဘူး။

အခုပဲကြည့်လေ လွှတ်တော်မှာ သတင်းမီဒီယာသမားတွေ ဝင်ခွင့်မပေးတုန်းကတော့ တခါးပိတ်လွှတ်တော် ၊ ၁၅ မိနစ်လွှတ်တော် ၊ တပ်မတော်သားအမတ်တွေက ကျောက်ရုပ်တွေပါတဲ့ ။ အခုလ ၂၂ ရက်နေ့ကကျင်းပတဲ့ လွှတ်တော်မှာကြည့်ကြပါ သတင်းမီဒီယာသမားတွေ တက်ရောက်ခွင့်ပြုလိုက်ပါတယ် ။ ပထမနေ့တော့ သတင်းသမား ၁၀၀ လောက်ရှိတယ်ဆိုတော့ မဆိုးဘူးပေါ့ဗျာ ။ ဒုတိယနေ့ကျတော့ ၃ ပုံ ၁ ပုံလောက်ပဲရှိတော့တယ် ။တတိယနေ့ရောက်တော့ သတင်းမီဒီယာ ၃ ခုသာကျန်တော့ပါတယ် ။

ကဲ မတက်ရတော့ မတက်ရလို့ဆိုပြီး ပြည်ပကတဖုံ ၊ ပြည်တွင်းကတမျိုးအော်ကျတယ် ၊ လွတ်လပ်ခွင့်မရှိဘူးပေါ့ဗျာ။အခုတရားဝင်တက်ခိုင်းပြန်တော့လဲ မတက်ကျပြန်ဘူး။အခုကျသူတို့က မသိချင်ယောင်ဆောင်နေကျပြန်ရော။သေချာတာတခုကတော့ အစိုးရကဘယ်လိုကောင်းအောင်လုပ်လုပ် သူတို့ကတောပာနေမှာပါပဲ။

လွှတ်တော်မှာ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်များဆက်လက်ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို တင်သွင်းသွားခဲ့ပါတယ်။ထိုအဆိုကိုတင်သွင်းခဲ့ချိန်မှာ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦးတို့ကထောက်ခံဆွေးနွေးခဲ့ကြတာပေါ့။ ဒါ့အပြင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

အဲ့ ဒီသတင်းကို ကြားချိန်မှာတော့ လွှတ်တော်အမတ်အများစုအနိုင်ရထားသော ပြည်ခိုင်ဖြိုးပါတီ နှင့် ၂၅%သောတပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဘာလုပ်လုပ်ကန့်ကွက်နေမှာပါ ဘာမှအလုပ်ဖြစ်မယ့်လွှတ်တော်မဟုတ်ပါဘူး ဆိုသူများပင် အံ့အားသင့်သွားခဲ့ရပါတယ်။တစ်တိုင်းတစ်ပြည်လုံး အကျဉ်းကျ ခံနေရသူများနှင့်ဆွေမျိုးသားချင်းများ ၀မ်းမြောက်ကြရမည့်သတင်းကြီးအပါအ၀င် တိုင်းပြည်အတွက် အရေးပါလှသော သတင်းများကို ယူတဲ့သတင်းသမားကတော့ တကယ့်ကိုနည်းပါးလွန်းလှပါတယ်ဗျာ ။
ကျောက်ရုပ်တွေပါဆိုတဲ့ တပ်မတော်သားအမတ်တွေက ထောက်ခံခဲ့ချိန်မှာရောသူတို့ဘာပြောကြသလဲ ဆိုတော့ အလကားပါကွာ ၊ တမင် လူထုကိုလှည့်စားနေတာပါတဲ့ ။ဖြစ်ကြပြန်ပြီဗျာ... မလုပ်တော့လဲ မလုပ်လို့ ၊ မပြောတော့လဲ မပြောလို့ ၊ ပြောတော့လဲပြောပြန်ပြီ ၊ လုပ်တော့လဲ လုပ်ကြပြန်ပြီတဲ့ ။

ကျွန်တော်အမြင်ကို ပြောရမယ်ဆိုရင်တော့သားအဖသုံးယောက်နဲ့မြည်း ပုံပြင်လိုပဲ ဘာလုပ်လုပ်ပြောနေမဲ့ ပတ်ဝန်းကျင်က သူတို့ပဲပေါ့။

မပြောလို့လဲ မရဘူးလေ သူတို့က အစိုးရဘာလုပ်မကောင်းဘူး ၊ မဟုတ်ဘူးဆိုတဲ့ ဘူး တွေပြောမှ သူတို့ကို အလကားခေါ်တင်ကျွေးမွေးထားတဲ့သူတွေက ကြည် မှာကိုးဗျ။အဲဒီတော့ သေသေချာချာစဉ်းစားကြည့်ရင် သူတို့မှာ ဘာအလုပ်မှ မရှိကြဘူးလေဗျာ..။အစိုးရဘာလုပ်လုပ် ဘူး ပြောမယ်ဆိုတဲ့ အလုပ်ပဲရှိတယ်။အဲလိုပြောမှလဲ သူတို့ညာလိမ်စား လို့ကောင်းမှာပေါ့ဗျာ။

အဲတော့ ကျွန်တော်ကတော့ သူတို့ကို ဘူး ရောင်းစားနေတဲ့ အတိုက်အခံများ လို့ပဲမြင်
မိတော့တယ်ဗျာ .............။
သူရိယကိုကို

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий