လူထုခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင်၊ နိုဘယ်ဆုရှင်ကြီး ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် နိုင်ငံရေးလုပ်သက်က အခုဆိုရင် ၂၃ နှစ် ပြည့်ခဲ့ပါပြီ။ ၂၃ နှစ် အတွင်းမှာ ဘာတွေလုပ်ခဲ့ပါသလဲ? ပြည်သူဘယ်နှယောက် ရဲ့ ဘဝ တွေကို တိုးတက်အောင် လုပ်ခဲ့ပါသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၂၃ နှစ် နဲ့ အခု အချိန်က တူတော့ မတူတော့ပါဘူး။ လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်က NLD ပါတီက လူရှေ့သူရှေ့ကိုထွက်ပြီး ခေါင်းမော့ ရင်ကော့နိုင်ခဲ့ပေမယ့် ခုချိန်မှာတော့ NLD ပါတီဟာ ပါတီရပ်တည်နိုင်ရေးကိုတောင် မနည်း ကြိုးစား မေတ္တာရပ်ခံနေရပါတယ်။ NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားထောင်လိုက်လို့ မှားသွားတယ် လို့ လူအများက သုံးသပ်ကြပြီး ရွေးကောက်ပွဲကို ဝင်မပြိုင်ခြင်းက မဟာ မှားယွင်းမှု ဆိုပြီး ထောက်ပြကြပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက် ၂၃ နှစ် အတွင်းက အကောင်းဆုံး ရလဒ် လို့လည်း ပြောကြပါတယ်။

အခုချိန်မှ NLD ပါတီက ပါတီရပ်တည်ရေး မနည်း ကြိုးစားနေရတယ် ဆိုတော့ အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ပါတီက ကောင်းကောင်းရပ်တည်နိုင်ရဲ့လား လို့ မေးစရာရှိပါတယ်။ အရင်တုန်းကတော့ အခုချိန်ထက် သာပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကြောင့်တော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျပြီး ပါတီနဲ့ ကင်းကွာနေလို့ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးလုပ်သက် ၂၃ နှစ် ရှိနေပြီ ဆိုပေမယ့် လူထုအကျိုးအတွက် ဘာမှထိထိရောက်ရောက် လုပ်မပေးနိုင်ခဲ့ပါဘူး။ စီးပွားရေး၊ နိုင်ငံရေး အပါအဝင် ပညာရေး ကျန်းမာရေးအားလုံးလည်း တိုးတက်အောင် လုပ်မပေးနိုင်ခဲ့ပါဘူး။ ဒီနေ့ အပြောင်းအလဲတွေအားလုံးက လက်ရှိ အစိုးရနဲ့ အရင်အစိုးရ လုပ်ခဲ့တဲ့ ပြောင်းလဲမှုတွေသာဖြစ်ပါတယ်။

နိုင်ငံရေးသက် ၂၃ နှစ် ရှိသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်က ၆၆ နှစ် ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၄၀ ကျော်မှ မြန်မာ့နိုင်ငံရေးလောကထဲကို ဝင်လာသူဖြစ်ပါတယ်။ အသက် ၄၀ ကျော်မှ မြန်မှနိုင်ငံရေးလောကထဲကို ဝင်လာတယ် ဆိုတာထက် အသက် ၄၀ ကျော်မှ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာသူဖြစ်တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အသက် ၄၀ အတွင်းမှာတော့ နိုင်ငံခြားမှာ လင်ယူ သားမွေး အလုပ်တွေနဲ့ ပျော်ပျော်ကြီးအ အချိန်ဖြုန်းခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်မလာခဲ့သလို ပြန်လည်း မလာချင်ပါဘူး။ မိုက်ကယ် အဲရစ် နဲ့လက်ထပ်ပြီး မြန်မာစကားမပြောတတ်တဲ့ သားနှစ်ယောက် မွေးခဲ့ပါတယ်။ အဲဒီနောက် ၄၀ ကျော် သွေးဆုံးချိန်မှ မိုက်ကယ်အဲရစ်နဲ့ အဆင်မပြေဖြစ်ပြီး ဒေါ်ခင်ကြည်နေမကောင်းတာကို အကြောင်းပြကာ မြန်မာနိုင်ငံထဲကို ပြန်လာခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်သက်မှာ ၂၃ နှစ် သာ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားမှာ ပျော်ပါးနေချိန်က အနှစ် ၃၀ ကျော် ရှိနေပါတယ်။ ဒီတော့ နိုင်ငံရေးလုပ်သက်အနေနဲ့ နိုင်ငံခြားမှာ ပျော်ပါးနေတဲ့ အချိန်ကို မှီဖို့ နောက်ထပ် ၇ နှစ် လိုပါသေးတယ်။ နိုင်ငံခြားမှာ အနှစ် ၃၀ ကျော်နေ၊ မြန်မာမဟုတ်တဲ့ နိုင်ငံခြားသားကို ယူပြီး ၊ မြန်မာစကားမပြောတတ်တဲ့ ကပြားလေးတွေ မွေးခဲ့ပြီးမှ မြန်မာနိုင်ငံကို ပြန်လာသူတစ်ယောက်အနေနဲ့ မြန်မာလူထု နဲ့ ထိတွေ့ပြီး မြန်မာလူထုကို ခေါင်းဆောင်ကာ မြန်မာလူထုအတွက် အလုပ်လုပ်မယ် ဆိုတာကြီးက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂ နှစ် သမီးမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတာဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထိတွေ့ပြောဆိုဆုံးမ တာတွေ မခံခဲ့ရပါဘူး။ ဒါ့အပြင် လူမှန်းမသိခင်မှာပဲ နိုင်ငံခြားကိုထွက်သွားခဲ့တာကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာလူထုအကြောင်း ဘာမှကောင်းကောင်းမသိပါဘူး။ နိုင်ငံခြားမှာ အနှစ် ၃၀ ကျော် နေပြီးမှာ ချက်ချင်း မြန်မာ့အရေးကို ဆင်ကန်းတောတိုး ဝင်လုပ်ချိန်မှာတော့ အားလုံး အလွဲလွဲအချော်အချော်တွေ ဖြစ်ခဲ့ရပါတယ်။ လွဲရင်းချော်ရင်းနဲ့ပဲ ခုဆိုရင် ၂၃ နှစ်တောင် ရှိခဲ့ပါပြီ.။ ပြောင်းလဲမှုတွေ က တိုးတက်မလာပေမယ့် အသက်တွေကတော့တိုးလာပါတယ်။ အရေးကြီးတာက နောက်ထပ် အလွဲလွဲအချော်ချော်တွေ တိုးတက်မလာဖို့ပါပဲဗျာ.....။
 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий