အင်တာနက်ပေါ်က လူထုခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အကျယ်ချုပ်ကနေ လွတ်လာတာ ခုဆိုရင် ၁၀ လ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၀ လ ဆိုတဲ့ အတိုင်းအတာမှာ လူတစ်ယောက် သန္ဓေတည်ပြီး လူတစ်ယောက်ဖြစ်အောင် မွေးနိုင်ပါတယ်။ ဒါပေမယ့် အရည်အချင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ ၁၀ လ ဆိုတဲ့အချိန်က အလဟက်ဟက်ပဲ ကုန်ဆုံးသွားပါတယ်။ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့သလို၊ ဘယ်ပြည်သူတစ်ဦး တစ်ယောက်ကိုမှ အကျိုးရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

လူကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ပါပဲ၊ အချိန်ကတော့ ၁၀ လ ကျော်သွားပါပြီ။ အသက်ကလည်း ၆၇ နှစ်ထဲ ရောက်နေပါပြီ။ အလုပ်တွေကတော့ အဓိပ္ပါယ်မဲ့နေတုန်းပါပဲ။ တစ်လ ပြီး တစ်လ သာ တိုးသွားတယ်၊ ဒီ တစ်လလည်း အရင်ကိုးလ တုန်းကနဲ့ အတူတူပါပဲ။ ဘာမှ အကျိုးမရှိပဲ ကုန်သွားပါတယ်။ အရင် ကိုး လ တုန်းက မိုက်ကယ်အဲရစ် နဲ့ ရခဲ့တဲ့ သားငယ် ကင်မ်အဲရစ် နဲ့အတူ တောင်သွားလိုက်၊ မြောက်သွားလိုက် အချိန်ကုန်နေခဲ့ပါတယ်။ ၁၀ လ အတွင်းမှာတော့ ဒုတိယ ခရီးစဉ်အဖြစ် ပဲခူးမြို့ကို သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပဲခူးမှာ တခြား အာရှက မြို့တွေမှာလိုပဲ မိုးသည်းထန်ပြီး ရေကြီးနေချိန်ဖြစ်ပါတယ်။ ရေလျှံလို့ ဒုက္ခရောက်ကာ စိတ်ညစ်နေသူများ အများအပြားရှိနေတာကို ဒေါ်အောင်ဆန်းစုကြည်က သူနဲ့မဆိုင်သလို ဘာမှ ဂရုစိုက်ခြင်းမရှိပဲ စာကြည့်တိုက်ဖွင့်ပွဲ သွားလုပ်ခဲ့ပါတယ်။ အဲဒီချိန်တုန်းက ပဲခူးက ပြည်သူတွေအတွက် လိုအပ်နေတာ စာကြည့်တိုက်မဟုတ်ပါဘူး။ စာကြည့်တိုက်ကို မြန်မာလို ရိုးရိုးရှင်းရှင်းနာမည် မပေးထားလို့လည်း မကျေနပ်သူတွေ ရှိနေကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သွားလာရေးအတွက် နီးစပ်ရာလူများကို လက်ချင်းချိတ် တန်းစီခိုင်းပြီး ဝိုင်းကြီးပတ်ပတ် လုပ်ခိုင်းခဲ့ပြန်ပါသေးတယ်။ ဘယ်နိုင်ငံက ဘယ်ခေါင်းဆောင်မှ အဲ့လို သွားတာ လာတာ မတွေ့ဖူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးတွေ ယူပေးထားတာ ရှိပါလျှက်နဲ့ လူတွေ ဆန့်တန်းပြီး ဝိုင်းကြီးပတ်ပတ်လုပ်ခြင်းတွေကြောင့် လမ်းခရီးသွားလာသူတွေနဲ့ ဘုရားဖူးသူတွေအတွက် အနှောက်အယှုက်တွေ ဖြစ်စေခဲ့ပါတယ်။

ပြည်ပရောက် မြန်မာတွေကတော့ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ရေး ဆန္ဒပြခြင်း၊ အစိုးရနဲ့ တွေ့ဆုံရေး ဆန္ဒပြခြင်း၊ အစိုးရ လုပ်သမျှ ဆန့်ကျင်ရေး ဆန္ဒပြခြင်းတွေ လုပ်ခဲ့ပေမယ့်။ ခုတော့ ဘယ်ခေါင်းစဉ်နဲ့ ဆန္ဒပြရမှန်းမသိဖြစ်နေကြပါတယ်။ အစိုးရကို ဆန့်ကျင်ဆန္ဒပြဖို့ စဉ်းစားပေမယ့်လည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ညှိနိုင်းပြီး လုပ်ငန်းများကို လုပ်ဆောင်နေတာကြောင့် ဆန့်ကျင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ထောက်ခံ ပွဲ လုပ်ဖို့ ပြန်ပြောင်းစဉ်းစားကြပါတယ်။ ဒီလိုနဲ့ နိုင်ငံခြားရောက် အမေစုကို ချစ်သော မြန်မာ မိန်းခလေးများက အမေစု လိုပဲ နိုင်ငံခြားသားများနဲပ အတူနေပြီး အမေစုနဲ့ တစ်သားတည်းဖြစ်ကြောင်း ထုတ်ဖေါ်ခဲ့ကြပါတယ်။

အခုဆိုရင် အစိုးရဖက်မှ VOA, BBC, RFA, DVB တို့ကို ရန်တိုက်သွေးထိုးကြောင်း သတင်းစာမှာ မဖော်ပြတော့တဲ့အပြင် ၎င်း တို့ရဲ့ အင်တာနက် စာမျက်နှာတွေကိုပါ လွတ်လွတ်လပ်လပ် ကြည့်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အစိုးရဖက်က ပြောင်းလဲမှုတွေက အလွန် သိသာ လွန်းပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ NLD နဲ့ ပြည်ပအခြေဆိုက် သတင်းဌာနတွေကတော့ လွန်ခဲ့တဲ့ ၂၃ နှစ်ကအတိုင်း ပြောင်းလဲမှု တစ်စုံတစ်ရာမရှိသေးပါဘူး။ ပြောင်းလဲမှုမရှိပဲ လွန်ခဲ့တဲံ့ ၂၃ နှစ်က ခံယူချက် အတိုင်း အလုပ်လုပ်နေကြတာကြောင့် ရလဒ်ကလည်း ၂၃ နှစ် ကျော်တဲ့အထိ အောင်မြင်ခြင်း တစ်စုံတစ်ရာ မရခဲ့၊ မရသေးပါဘူး။

ဒီရက်ပိုင်းမှာ ဧရာဝတီရောဂါဆိုတဲ့ ရောဂါဆန်းတစ်ခု ပျံ့ပွားနေရာမှ ဒေါ်အောင်ဆန်းစုကြည်လိုက် ရောယောင်ပြီး ရောဂါရသွားကာ ဧရာဝတီ အတွက် ကြေခြာချက် တစ်စောင် ထုတ်လိုက်ရပါသေးတယ်။ အကျယ်ချုပ်က လွတ်ခါစတုန်းကလည်း သူများက ဒုတိယ ပင်လုံ ဆိုလို့ လိုက်ပြီး ရောရောင်ကာ ပင်လုံလိုက်ရာမှ ဘာမှ ခရီးမတွင်လို့ ခုချိန်ထိ ဒုတိယ ပင်လုံဆိုတာကြီးမှာ ကြက်ပျောက်ငှက်ပျောက် ဖြစ်ခဲ့ရပါတယ်။ ခုလည်း သူများ ဧရာဝတီ ဆိုတိုင်း လိုက် ဧရာဝတီ လိုက်ရပေမယ့် ကြောက်တော့ ကြောက်နေတဲ့ အနေအထားရှိပါတယ်။ အပစ်အခက် ရပ်စဲ ဖို့ ကြေငြာချက် ထုတ်ပြီး ၅ ရက်အတွင်းမှာ KIA မှ ဒေါ်အောင်ဆန်းစုကြည်ကို ငပေါကြီးလုပ်ခဲ့တာကြောင့်လည်း ကြောက်နေတာ ဖြစ်နိုင်ပါတယ်။

အစိုးရဖက်မှ နောက်ထပ် ပြောင်းလဲမှု တစ်ခုဖြစ်တဲ့ ပြည်ပရောက်သူတွေ ပြန်လာနိုင်ကြောင်း သမ္မတကြီးက မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ပြည်ပရောက် မြန်မာတွေအတွက် စိတ်တွေ ထွေပြား။ ဝေဝါး ကုန်ကြရပါတယ်။ ပြည်ပမှာ အလုပ်အကိုင် အတည်တကျဖြစ်ပြီး ကောင်းစားနေသူများကတော့ ပြည်တွင်းကို မပြန်ချင်တော့တာကြောင့် အကြောင်းအမျိုးမျိုးပြက မပြန်သင့်ကြောင်းတွေ ပြောကုန်ကြပါတယ်။ ပြည်ပမှ ဟိုကပ်လိုက်၊ ဒီကပ်လိုက်၊ ကျွန်ခံလိုက် နေနေကြရသူများကတော့ ပြန်ဖို့ စဉ်းစားလာကြပြန်ပါတယ်။ အဲဒီနောက်မှာ သီးလေး သီးအဖွဲ့မှ ၄ ယောက် က အရင်ဆုံး ပြန်သွားခဲ့ပါတယ်။ ပြန်ရုံတင်မကပဲ ပြည်ပက အဖွဲ့အစည်းတော်တော်များများက လုပ်စားနေကြကြောင်းကိုပါ ထုတ်ဖော် ဝန်ခံသွားပါတယ်။ ဒါကြောင့်လည်း ပြည်ပအဖွဲ့အစည်းတွေ ရဲ့ ဂုဏ်သိက္ခာတွေဟာ ပြည်တွင်းမှာ ရစရာမရှိအောင် ထိုးကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီ ပြည်ပ အဖွဲ့အစည်းတွေနဲ့ အဆက်အဆံ အစောကြီးကတည်းက မလုပ်ခဲ့တော့ ကံကောင်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၀ လ အတွင်း ပျော်စရာအကောင်း ဆုံးဖြစ်စဉ်ကတော့ နိုင်ငံတော် သမ္မတကြီးနဲ့ နှစ်ယောက်တည်း တွေ့ခွင့် ရလိုက်ခြင်းပဲဖြစ်ပါတယ်။ အဲလို တွေ့ခွင့်ရဖို့အတွက်လည်း နိုင်ငံတော် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ မဖိတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတအိမ်တော်ရှေ့မှာ အတင်းတွေ့ခွင့်တောင်းတာကြောင့် တွေ့လိုက်ရခြင်း ဖြစ်ပါတယ်။

အဲဒီနေ့က နြေ့ပည်တော်မှာ အလုပ်ရုံဆွေးနွေးပဲ စတင်နေချိန်ဖြစ်ပါတယ်။ သမ္မတကြီးက အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားပြီးသားဖြစ်ပါတယ်။ သမ္မတကြီးက ဆွေးနွေးပွဲသွားဖို့ ပြင်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က တစ် နာရီလောက် ဆွဲထားတာကြောင့် ဆွေးနွေးပဲ စတင်ဖို့ တစ်နာရီ နောက်ကျခဲ့ရပါတယ်။ ဆွေးနွေးပွဲမှာ စောင့်နေသူတွေ၊ လုပ်ငန်းရှင်တွေနဲ့ မီဒီယာ သမားတွေကတော့ တစ်နာရီ လုံး ရပ်စောင့်နေခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသားချင်းစာနာမှုမရှိ ပဲ အားမနာ လျှာမကျိုး အခွင့်အရေး ပိုယူချင်တဲ့ စိတ်အပေါ်မှာ အစည်းအဝေး တက်တဲ့ လုပ်ငန်းရှင်များနဲ့ မီဒီယာသမား တို့က ရှုံ့ချခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမနေ့ကို အစည်းအဝေး မတက်ခဲ့ပါဘူး။ ဒုတိယနေ့မှာတော့ ခဏ တက်ပြီး အစည်းအဝေး မပြီးခင် ပြန်လာခဲ့ပါတော့တယ်။ တတိယနေ့ကိုလည်း မသိချင် ဟန်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်အနာဂါတ်နဲ့ အမျိုးသား အကျိုးစီးပွားအတွက် လုပ်တဲ့ အစည်းအဝေးကို မတက်ခဲ့ပေမယ့် ဘောလုံးပွဲကိုတော့ ပါးစပ်ကြီးဖြဲ ပြီး သွားကြည့်ခဲ့ပါတယ်။ အသက် ၆၇ နှစ် ရှိနေတာတောင်မှ ဘောလုံးပွဲကို ပွဲအစ မှ ပွဲအဆုံးထိ ၂ နာရီလောက် အချိန်ပေးကာ အပြီးထိ သွားကြည့်ခဲ့ပါတယ်။




ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်သက်မှာ ပြီးခဲ့တဲ့ လထဲမှာပဲ ၂၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၃ နှစ်အတွင်းမှာ အောင်မြင်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူး။ ဒီအကြောင်းကိုလည်း ပြည်သူချစ်တဲ့ အနုပညာရှင် သီးလေးသီးမှ လူရွှင်တော် ဂေါ်ဇီလာ ကိုယ်တိုင်က ၂၃ နှစ် ကြာနေပြီ ဘာမှ တိုးတက်မှု မရှိကြောင်းကို ပြည်တွင်း မီဒီယာတွေ မေးမြန်းစဉ်မှာ ပြောဆိုသွားပါတာ်။

အစိုးရဖက်မှ ပြည်ပ အခြေစိုက် အစိုးရ မကောင်းကြောင်း အမြဲပြောနေတဲ့ မီဒီယာ စာမျက်နှာတွေကို ကြည့်ခွင့်ပေးတဲ့အပြင်၊ ပြည်ပ မီဒီယာ သမားတွေကိုပါ သတင်းလွတ်လပ်စွာယူခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်မှာတောင် မီဒီယာသမားတွေကို သတင်းယူခွင့် ပေးထားပါတယ်။ ဒါပေမယ့်လည်း မီဒီယာသမားတွေက ပထမဆုံး နေ့မှာ ယောက် ၁၀၀ ခန့် ရှိပေမယ့် တတိယနေ့မှာတော့ ၃ ယောက်ပဲ ရှိပါတော့တယ်။ မီဒီယာသမားတွေက အကျင့်ပျက်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဆောင်းပါးတွေ မီဒီယာမှာ ပေါ်လာပြန်ပါတယ်။
ပြီးခဲ့တဲ့ ၄ရက်နေ့ထုတ် The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေါချာချာ အဖြေတွေ ပါဝင်လာခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် ၊ နိုင်ငံရေးလုပ်သက် ၂၃ နှစ် ရှိတော့ နိုဘယ်ဆု ပိုင်ရှင် ကြီးရဲ့ အဖြေတွေထဲမှာ "အိပ်ချိန်လျှော့ပေါ့" "ဟန်းဖုန်းကိုင်တယ်ဆိုရင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်" " ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။" ဆိုတဲ့ အဖြေတွေက လူငယ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါ့အပြင် ”အပန်းဖြေနားရက်များ” ဆောင်းပါးမှာလည်း မြန်မာနိုင်ငံရဲ့ အပန်းဖြေနားရက်အကြောင်းက နည်းပြီး နိုင်ငံခြားမှာ အနှစ် ၃၀ လောက် ကျင်လည်ခဲ့စဉ် က ပျော်ပါးခဲ့မှုတွေနဲ့ နိုင်ငံခြားက အလှအပတွေ ကို ဖော်ကျူးထားတာကြောင့် စာဖတ်သူတို့ မကျေမနပ်ဖြစ်ခဲ့ရပြန်ပါတယ်။

ဒီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်က "အသုံးချခံရမှာကို မမှု" "အန်တီမှားရင် အန်တီတာဝန်ယူတယ်" ဆိုတဲ့ စကားတွေကိုလည်း ပြောခဲ့တာကြောင့် မေးခွန်းတွေ တစီတတန်းကြီး ထွက်လာကြပြန်ပါတယ်။ အသုံးချခံရတာကို မမှုဘူးဆိုရင် အစကတည်းက ရွေးကောက်ပွဲကို ဝင်သင့်ကြောင်း၊ အခြေခံဥပဒေ ကို ထောက်ခံသင့်ကြောင်း... စတာတွေနဲ့ အန်တီ တာဝန်ယူမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် စကားကို နားထောင်ပြီး မဲမထည့်ခဲ့သူတွေ၊ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ကြသူတွေအတွက် ဘာတွေ တာဝန်ယူပေးနိုင်မလဲ.. စတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ကိုယ်တိုင် အရည်အချင်းမရှိလို့ ဘာမှ ဖြစ်မလာ၊ အပြောတခြား အလုပ်တခြား ဖြစ်နေပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ကို နာမည် ကြီးစေဖို့ အနောက်နိုင်ငံတွေက ကူညီပြီး The Lady ဆိုတဲ့ ဇတ်ကားနဲ့ လူသိစေဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါပေမယ့်လည်း ဒီဇတ်လမ်းကို ဂါဒီယမ်း သတင်းစာ ကြီးက ချာတူးလန် ဇတ်ကား လို့ ခေါင်းစဉ်တပ်ပြီး ဇတ်လမ်းထဲက အကြောင်းတွေကို တစ်ခုချင်း ထောက်ပြကာ ဝေဖန်သွားခဲ့ပါတယ်။

အကျယ်ချုပ်က လွတ်တာ ၁၀ ပြည့်ပြီး၊ နိုင်ငံရေးလုပ်တာ ၂၃ နှစ် ပြည့်ပြီး၊ အသက် ၆၇ နှစ် ပြည့်ပြီးပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ခုချိန်ထိ အသုံးမကျကြောင်းကို တွေ့မြင်နိုင်ကြောင်းပါ ခင်ဗျား...

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий