အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရရဲ့ အသုံးချ ခံရမှာကို မမှုကြောင်း ပြောဆိုအပြီးမှာ ဒီစကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ အထူးသဖြင့် အမေစု အမေစု ဆိုပြီး ထောက်ခံနေတဲ့ အတိုက်အခံအင်အားစုတွေနဲ့ ၊ တော်လှန်ရေးသမားတွေကပါ မကျေမနပ်ဖြစ်နေကြပါတယ်။ အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေက ရှေ့စကား နောက်စကား မညီတတ်တာကို အားလုံးကလည်း သတိထားမိပြီးသားလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရရဲ့ အသုံးချခံရမှာကို မကြောက်ဘူးဆိုရင် အရင်ကတည်းက အမျိုးသားညီလာခံကို တက်သင့်ကြောင်း၊ ရွေးကောက်ပွဲကို ဝင်သင့်ကြောင်း၊ အခုမှ သမ္မတ ဦးသိန်းစိန်နဲ့ နှစ်ယောက်တည်း စကားပြောခွင့်ရတာလေးနဲ့ ကြေနပ်နေခြင်းက အရင်တုန်းက လက်တွဲလုပ်ခဲ့သူတွေ၊ တော်လှန်ခဲ့သူတွေကို မထီမဲ့မြင် ပြုခြင်းဖြစ်ကြောင်းကို မြန်မာပြည်တွင်းက အမည်မဖော်လိုသူ မြေအောက် တော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်

"အသုံးချခံရမှာ မကြောက်ရင်ဘာလို့ အမျိုးသားညီလာခံမတက်ဘဲ ထွက်သွားရတာလဲ .. အမေစုရဲ့ .. မဟာဗျူဟာလား လက်နက်ကိုင် လမ်းစဉ်လမ်း မကောင်း .. လူထုတိုက်ပွဲကလည်း confrontation .. ဦးသိန်းစိန်နဲ့တွေ့ပြီး စကားပြောရတာ ကျေနပ် တယ်တဲ့ .. တောင်လှန်ရေး အင်အားစုတွေအတွက် ဒေါ်စုစကားလုံးတွေက အားရစရာပါဘဲ .. လစ်လပ်သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ထောက်လှမ်းရေး စိတ်ဓာတ်စစ်ဆင်ရေး ကဏ္ဍကို အမေစုက voluntary တာဝန် ယူပေးထားတယ်နဲ့ တူတယ် .. ၈၈ နဲ့ ၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုပ်ကိုင်ပြီး သေပွဲဝင်သွားတဲ့ ဘဘ ကြီးတွေ၊ ဖမ်းမှာကြောက်ပြီး နိုင်ငံခြားတွေမှာ ခိုလုံကျွန်ခံနေကြတဲ့ ကျောင်းသားတွေကို "ဘော"ပဲလို့ ပြောလိုက်တာလား .. ခုပဲ ငှက်ပျောသီး ... ခုပဲ ဦးသိန်းစိန် ...ီး"

ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်လာတာ လာမယ့် အင်္ဂါနေ့ ဆိုရင် ၁၀ လ ပြည့်တော့မှာဖြစ်ပြီး ခုချိန်ထိ ဘာမှ သိသိသာသာ အရည်ချင်းရှိရှိ လုပ်ပြနိုင်တာ မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ က အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးသမားတွေ အားလုံးက မကျေမနပ်ဖြစ်နေကြပါတယ်။ အထူးသဖြင့် ပြည်ပက အတိုက်အခံ အင်အားစုတွေ အတွက် ပိုပြီး အဆင်မပြေဖြစ်စေပါတယ်။

အရင်တုန်းက တော့ မြန်မာနိုင်ငံထဲက အန်တီစု လွတ်မြောက်ဖို့ နိုင်ငံခြားကနေ အော်ကြတယ်ပေါ့နော်... အန်တီစု လွတ်လာတော့လည်း... အစိုးရနဲ့ တွေ့ဖို့ အော်လို့ရသေးတယ်လေ... တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ပေါ့... ခုတော့ အစိုးရက အားလုံး လုပ်ပေးနေတော့ နောက်ထပ် ဘာအော်ရမှန်းမသိတော့ဘူး... ဆန္ဒပြစရာ ခေါင်းစဉ် ပြောက်တာပေါ့ဗျာ..."
ဆိုပြီး ဂျပန်ရောက် နိုင်ငံရေး ဘလော့ဂါ တစ်ဦး က ပြောပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေ စားဝတ်နေရေး ပြေလည်အောင် မလုပ်နိုင်တဲ့အပြင် နိုင်ငံခြားမှာ ဆန္ဒပြရင်း စားဝတ်နေရေးပြေလည်နေသူတွေကိုပါ ကြပ်တည်းအောင် လုပ်နေသလို ဖြစ်နေပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ လူထု ခေါင်းဆောင် ဆိုသူ များအားလုံးက အရည်အချင်း မရှိကြောင်း ကိုလည်း ဝေဖန်ထားတာတွေ့ရပါတယ်။

"အဲဒီ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတယ် ဆိုတဲ့လူတွေ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်း ရှိပါ့မလားဆိုတဲ့ မေးခွန်းကို မေးကြည့်ချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော့်မျက်စိရှေ့ မှာ လူထုခေါင်းဆောင်တွေ ပြည်သူကို စားဝတ်နေရေးပြေလည်အောင်၊ တိုင်းပြည်ကြီးပွားတိုးတက်အောင် ဘယ်သူမှလက်တွေ့ အကောင် အထည်မဖော်နိုင်သေးလို့ပါ။ ဒေါ်စု အခု ဘာလုပ်နေလဲ..။ ၁၀ လ အတွင်း လူ ၁၀ ယောက်ကို စားဝတ်နေရေး ပြေလည်အောင် လုပ်နိုင်ခဲ့သလား....။ နိုင်ငံရေးသမားတွေရဲ့ အရည်အချင်းကို ကျနော်တို့လက်တွေ့မမြင်ရသေးဘူး။ ဒီအထဲမှာ နာမည်ကြီးနေတဲ့ ဒေါ်စု၊ ကိုမင်းကိုနိုင် စတဲ့ လူတွေနဲ့ ပက်သက်ပြီး ဒီလိုတွေးမိတယ်...။ " လို့ အကျဉ်းကျခံဖူးသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် ဟောင်း တစ်ဦး က ပြောပါတယ်။

ဒါ့အပြင် "ဒေါ်အောင်ဆန်းစုကြည် အသက်က ၆၆ နှစ် ရှိနေပြီ။ တပ်ထဲမှာလို ၆၀ ကျော်ရင် ပင်စင်ပေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ဒေါ်စုလည်းမကြာခင် ပင်စင်သွားခါနီးပြီ။ အကျယ်ချုပ်ခံနေရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေတယ်။ ဒါ့ကြောင့် ဒေါ်စုအာဏာရရင်တောင် တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းမေးမိပါတယ်။ တခြားနိုင်ငံက ၊ နိုင်ငံရေးသမားတွေဟာ အကျယ်ချုပ်နဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ တချို့  တော့ရှိမှာပေါ့လေ။

ကိုမင်းကိုနိုင် နဲ့ အခြားကျောင်းသားခေါင်းဆောင်တွေလည်းဒေါ်စုထက်အခြေအနေဆိုးတယ်။ ပညာက ရန်ကုန်တက္ကသိုလ်ကပေးတဲ့ ပညာတပိုင်းတစပဲရှိတယ်။ ထောင်ထဲမှာနှစ်ပေါင်းနှစ်ဆယ်နီးပါး အကျဉ်းကျခံနေရတယ်။ ထောင်ထဲက ပညာပဲရှိနိုင်တယ်။ အတွေ့အကြုံ လည်းမရှိ။ ပြည်ပအတွေ့အကြုံ။ တိုင်းပြည်အုပ်ချုပ်နိုင်တဲ့အရည်အချင်းရှိပါ့မလား။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာအရည်အသွေးတွေကော ပြည့်မှီရဲ့ လား။ ဆိုလိုတာက စိတ်ရောဂါလိုဟာမျိုးတွေပါ။ အဓိကပြသနာက ပြည်သူကို စားဝတ်နေရေး ကိစ္စတွေ ပူပန်စရာမရှိအောင် လုပ်ပေးနိုင်တဲ့အရည်အချင်း၊ တကယ်လုပ်ပေးတက်တဲ့အရည်အချင်း၊ ဒါတွေကို ယနေ့ခေတ်နိုင်ငံရေးသမားတွေ အာဏာရရင်တောင် လုပ်နိုင်စွမ်းရှိပါ့မလား။

ခုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်လေ.. သူ့ကိုယုံလို့ ရွေးကောက်ပွဲ မဝင်ခဲ့သူတွေ၊ မဲမထည့်ခဲ့သူတွေ၊ အခြေခံဥပဒေကို အမှားခြစ်ခဲ့သူတွေ၊ သမ္မတသစ်ကို အသိမှတ်မပြုပဲ ဆန္ဒပြသူတွေ ပြည်တွင်း ပြည်ပမှာ အများကြီးပဲ။ ဒါပေမယ့် ခု အဲဒီလူတွေ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ အဓိကကတော့ဗျာ.. ကျနော်တို့ဘ၀တွေကိုဘယ်သူကိုမှ ယုံပြီး ပုံမအပ်သင့် ကြောင်းပါ။ အထူးသဖြင့် အတိုက်အခံ အဖွဲ့အစည်း အားလုံး နဲ့ နိုင်ငံရေး သမား အားလုံးကို သံသယနဲ့စောင့်ကြည့်တာပဲကောင်းပါတယ်...။ "
လို့ သူက ဆက်ပြောပါတယ်။

အစိုးရဖက်က တစ်နေ့ပြီး တစ်နေ၊ တစ်လပြီး တစ်လ ဆိုသလို အရည်ချင်းရှိရှိ လုပ်ပြသွားတာတွေ အများကြီးရှိလာပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ အကျယ်ချုပ်က လွတ်မြောက်တာ ၁ နှစ်ပြည့်တော့မှာ ဖြစ်ပြီး ဘာမှ သိသာထင်ရှားတဲ့ ပြောင်းလဲ မှုတွေ လုပ်မပြနိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်မှာ ၆၇ နှစ်ထဲကို ရောက်နေပြီဖြစ်ပြီး နေ့စဉ်လုပ်ငန်းကတော့ ပြည်ပအခြေစိုက် သတင်းဌာနတွေရဲ့ အစိုးရဆန့်ကျင်ရေး သတင်းတွေ နားထောင်ခြင်းနဲ့ တစ်ပတ်တစ်ခါ အမေးအဖြေလုပ်ခြင်းကိုသာ အလုပ်ကြီး အကိုင်ကြီး အလုပ်တစ်ခု အသွင်နဲ့ လုပ်ဆောင်နေပါတယ်။


အတော် အိုနေပြီဖြစ်သော ဒေါ်စု

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий