ကျွန်တော်တို့ ကျေးစေတမန်က အစဉ်တစိုက် ရေးလာခဲ့တဲ့ ပြည်ပမှာ ရောက်ပြီး မြန်မာနိုင်ငံအပေါ် ချစ်သယောင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် စေတနာ ထားသယောင် ဟန်တလုံး ပန်တလုံးနဲ့ နိုင်ငံရေး လုပ်စားနေသူတွေကို ပြည်ပမှာ တကယ်တမ်း နိုင်ငံရေးကို လေ့လာပြီး ခံစားချက်တွေနဲ့ ရေးပြ ဖော်ပြထားတဲ့ စိတ်ခံစားချက်လေးကို facebook ကနေ ကူးယူပြီ အခုလို ဖော်ပြပေးတာ ဖြစ်ပါတယ်။ ဒွါေဟာ တကယ့် ဖြစ်ရပ်တွေပါ။ အားလုံး သေသေချာချာ သိအောင် ကျေးစေတမန်က မျှဝေ ပေးလိုက်ပါတယ်။
ဦးနုယယ်အစ္စလမ် (ညာဘက်ဒုတိယလူ) အာရခန်နီရိုဟင်ဂျာ (UK) ဥက္ကဌ ၊ အဖွဲ့ကလူ နှစ်ယောက်နဲ့ တစ်ပိုင်းပါ။ ဒါပေမယ့် ငွေမျက်နှာကြောင့် Burma Campign UK ဘာပွဲဘဲလုပ်လုပ် တလေးတစားနဲ့ ဖိတ်ခေါ်စကားပြောခြင်းခံရသူ
ကျွန်တော် ဒီဆောင်းပါးကို ရေးချင်နေတာ ကြာပါပြီ။ ရေးသင့်၊ မရေးသင့် အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး စဉ်းစား ချင့်ချိန်မိလို့ အနည်းငယ် နှောင့်နှေးသွားရတာပါ။ အခုတော့ မရေးမဖြစ်လို့ ရေးရတော့မယ်။ ဘယ်နယ့်ဗျာ မြန်မာပြည်တွင်းမှာ ပြည်သူ လူထုကြီးက ဒီလောက် အတိဒုက္ခ ရောက်နေကြတာ ပြည်တွင်းက လူထု ခေါင်းဆောင် တွေ၊ 88 မျိုးဆက် ကျောင်းသားတွေက ပြည်တွင်းမှာ ဒုက္ခခံ၊ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ တိုင်းပြည်အတွက်၊ မြန်မာလူမျိုးတွေ အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက် နေကြတယ်။ ဒီအချိန်မှာ ပြည်ပရောက် မြန်မာ လူမျိုးတွေ အနေနဲ့ မိမိတို့ တတ်စွမ်းသရွှေ့ မြန်မာပြည် ငြိမ်းချမ်းအောင် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း ကျိုးပမ်း လုပ်ဆောင်ကြရမယ်။ အဲဒီလို ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ ပြည်တွင်းက လူထူ ခေါင်းဆောင်တွေ၊ 88 မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်ပြီး အချိန်ကိုက် လူပ်ရှားရမယ်။ အဲဒီ့လို ဟန်ချက်ညီညီ အချိန်ကိုက် လူပ်ရှားမှသာ မြန်မာပြည်မှာ အမြန်ဆုံး ငြိမ်းချမ်းရေးရပြီး၊ အတိဒုက္ခ ရောက်နေကြတဲ့ ပြည်သူလူထုတွေ အတွက် ကြိုးပမ်းမူဟာ ထိရောက် အောင်မြင်မှာပါ။
ဒီဆောင်းပါးဟာ ဘယ်သူတွေက ပြည်ပကနေ မြန်မာပြည်က ပြည်သူလူထုတွေ ဘယ်သူသေသေ ငတေမာရင် ပြီးရော၊ မြန်မာပြည်မှာ တော်လှန်ရေးကြီး အချိန်ကာလ ရှည်ကြာနေမှသာ ထောက်ပံကြေးတွေ၊ လုပ်စားဂွင်တွေ ဆက်ရနေပြီး ငါတကော ကောနေကြတဲ့ တစ်ကိုယ်ကောင်းဆန် အတုအယောင် လုပ်စားတွေကြောင့် တိုင်းပြည် ဘယ်လောက် နစ်နာလည်း၊ ပြည်သူလူထုတွေ ဘယ်လောက် ဆင်းရဲတွင်း နက်နေတာကို လှစ်လှူုရှူ ခဲ့ကြလည်း၊ ပြည်တွင်းက လူထူ ခေါင်းဆောင်တွေလည်း သူတို့ကြောင့် ဘယ်လိုမျိုး သွယ်ဝိုက်သောနည်းနဲ့ ဘေးကျပ် နံကျပ်ဖြစ်ခဲ့ ရလည်း ဆိုတာတွေကို မီးမောင်း ထိုးပြမှာ ဖြစ်ပါတယ်။
တစ်ကယ်တော့ မျိုးချစ်စိတ်ရှိပြီး မြန်မာနိုင်ငံရေးကို လုပ်ဆောင်နေတဲ့သူ ပြည်ပရောက် မြန်မာအများစုဟာ ပြည်တွင်း က လူတွေထင်သလိုမျိုး သက်တောင့် သက်သာ ဘဝမျိုးတွေ မရှိကြပါဘူး။ အမြဲတမ်း ကြိုးစား ရုံးကန်မှ တော်ရာကြတဲ့ သူတွေချည်းပါဘဲ။ အဲ ကြိုးစားခွင့်၊ လုပ်ဆောင်ခွင့်၊ လွတ်လပ်ခွင့် တော့ပိုရတာပေါ့ဗျာ။ ဆိုတော့ကာ ပြည်ပမှ မြန်မာနိုင်ငံရေးကို လက်ညိုးထိုး၍ ရောင်းစားနေသူ အများစုဟာ နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေပါ။ သူတို့ဟာ မြန်မာနိုင်ငံရေးကို ဗမ်းပြပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရရှိအောင် ဝိုင်းအော် ချင်ယောင် ဆောင်ပြီးတော့ သူတို့ရေရှည် ရည်မှန်းချက်ကတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ မြန်မာနိုင်ငံရေးကို အကြောင်းပြပြီးတော့ ငွေများများနဲ့ ကြာကြာ ရအောင် ရေရှည် စီမံကိန်းချပြီးတော့ လုပ်ဆောင် နေကြတာပါ။ ငွေရရှိရေး အဓိကသာဖြစ်လို့ မြန်မာပြည်အတွက် ဆိုးကျိုးဖြစ်စေမယ့် အရာတွေလည်း သူတို့ဂရူ မစိုက်ကြပါဘူး။ တစ်ကယ်တမ်း မြန်မာပြည်ကိုချစ်ရင် မြန်မာပြည်သူ လူထုတွေ ဘယ်လောက်ဆင်းရဲ ဒုက္ခရောက် နေကျလည်း၊ ဘယ်လောက် နာကျင်ခံစား နေရလည်း ဆိုတာကို ပထမဦးစားပေး စဉ်းစားရမှာလေ။
အင်း နိုင်ငံခြားသားတွေ မြန်မာပြည်ကို ချစ်တယ်လို့ပြောရင် မြန်မာလူမျိုးတွေက ရီတာပေါ့ဗျာ။ သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘာမှမလုပ်တာ မြန်မာပြည် စစ်ကျွန်ဘဝရောက် စစ်ဝဋ်တွေကို ခံစားနေရတာ ဆယ်စုနစ်ပေါင်း များစွာ ဘယ်သူတွေက ဘာတွေများ ထိထိရောက်ရောက် ကူညီကြလို့လဲ။ မြန်မာပြည်မှာ ရေနံကမထွက်တော့လည်း ဝေးဝေးက လေနဲ့ ကူညီတာပေါ့ဗျာ။
အဲဒီတော့ဗျာ မြန်မာပြည်မှာ အမြန်ငြိမ်းချမ်းရေး ရပြီးမြန်မာလူမျိုး သန်း၆၀ ရဲ့အကျိုး၊ အဲ့ဒီ့အကျိုးကိုဘဲ ပထမဦးစားပေး လုပ်ဆောင် မယ်ဆိုရင် မိမိတို့ဖာသာ မိမိတို့အားကိုး ရမယ်ဆိုတာကို မြန်မာလူမျိုး အားလုံးစွဲမြဲ ယုံကြည်စေချင်တယ်။ ဟုတ်ပြီ ဒီလိုမျိုး ကိုယ်ကို ကိုယ်သာအားကိုး ရမယ်ဆိုရင် ဘယ်လိုမျိုးနည်းလမ်း နဲ့ကြိုးပမ်းမလဲ လက်ရှိ အစိုးရကို အမာနည်းလမ်းဖြစ်တဲ့ ထိပ်တိုက်ရင်ဆိုင် စစ်တပ်ချင်း တိုက်မလား။ ဒီနည်းလည်း ဟန်နိုင်ဘူး တစ်သက်လုံး တိုက်လာတာ နိုင်မှ မနိုင်တာဗျာ။ ဘယ်မှာလည်း တူတူတန်တန် အတိုက်အခံဘက်က စစ်အင်အား ။ ဟုတ်ပြီ ဒါဆိုရင် လူထုအုံကြွမူနဲ့ ဖြိုချမလား။ ဒါလဲမဟန်နိုင်ပါဘူး။ မြန်မာပြည်မှာ လူထုအုံကြွမူတွေ အများကြီး ပေါ်ပေါက်ခဲ့တယ်၊ ပြည်သူ လူထုတွေလည်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတစ်ကာက လူထုအုံကြွမူတွေ အောင်မြင်တယ် ဆိုတာ နောက်က နိုင်ငံတကာရဲ့ စစ်တပ်တွေက အမြဲပါတယ်။ ဒါကြောင့် အောင်မြင်တာပါ။ မြန်မာပြည်မှာ လူထုအုံကြွမူတွေဖြစ်ရင် ဘယ်နိုင်ငံ တကာရဲ့စစ်တပ်ကမှ ဝင်မပါဘူး၊ ဒါကြောင့် မဟန်နိုင်ပါဘူး။ လူထု ခေါင်းဆောင်တွေရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ လက်ရှိဦးသိန်းစိန်အစိုးရ ရယ် သုံးပွင့်ဆိုင် တွေ့စုံ၊ ညှိနှိုင်းမှသာလျှင် အမြန်ငြိမ်းချမ်းရေး ရပြီး ပြည်သူလူထုရဲ့ နာကျင် ခံစားနေရတာတွေ ကိုရပ်တန့်နိုင်မှာ ဖြစ်တယ်။
ဟန်ညောင်ဝေတို့ (OIC) မှာလုပ်စားကွင်
လူထု ခေါင်းဆောင်တွေဘက်မှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ထောက်ခံမူရှိတယ်၊ လက်ရှိ ဦးသိန်းစိန် အစိုးရမှာ အာဏာရှိတယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေဘက်မှာ ကိုယ်စားပြုထားတဲ့ တိုင်းရင်းသား လူမျိုးစုတွေရှိတယ်။ အတိတ်ကပြီးခဲ့တဲ့ အကြောင်းအရာတွေထက် လက်ရှိမှာ မြန်မာပြည်သူလူထု သန်း၆၀ရဲ့ အနာဂတ် ဘဝကို ရှေးရှူပြီး ပထမဦးစား ပေးပြီးတော့ သန်း၆၀ရဲ့ မျက်နာတွေကို ငဲ့ကွက်ရမယ်။ ဒါဟာ ပထမဦးဆုံး ထိပ်တန်း အမျိုးသားရေးပါဘဲ။ အခုယနေ့ အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ ဦးသိန်းစိန် အစိုးရရယ် စတင် တွေ့ဆုံ ဆွေးနွေးနေပြီ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နှစ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမူ စကားဝိုင်းပေါ်ကို ရောက်အောင် ကြိုးပမ်းလာခဲ့ ရတာတွေ သမိုင်းအသိပါဘဲ။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးနေတာကို အားလုံးက မြန်မာပြည်သူလူထု သန်း၆၀ရဲ့ အနာဂတ်ဘဝကို ရှေးရှူပြီး ကြိုဆိုရမယ်၊ ပုဂ္ဂိုလ်ရေး မုန်းတီးမူတွေ၊ အကျိုးအမြတ်တွေထက် သန်း၆၀ရဲ့ မျက်နာတွေကို ငဲ့ကွက်ရမယ်။ ဒီနေရာမှာ အပြုသဘောကြတဲ့ ဝေဖန်မူတွေကို ကြိုဆိုရမှာပါ။ သို့သော် ပြည်တွင်းကလူထုခေါင်းဆောင်တွေ လက်နဲ့ရေးနေတာကို ခြေနဲ့မှားမဖျက်မိဖို့လိုတယ်။ အထူးသဖြင့် ပြည်ပက မြန်မာနိုင်ငံကောင်းကျိုးကို ဆောင်ရွပ်နေတဲ့ မြန်မာလူမျိုးတွေ သတိတစ်ရားနဲ့ ဘယ်သူဟာ တစ်ကယ် မြန်မာလူထု ကောင်းစားရေးကို ဆောင်ရွက်နေတယ်၊ ဘယ်သူကတော့ တော်လှန်ရေးကြီး အဓွန့်ရှည်ကြာမြင့် နေမှ ရေရှည်စား ပေါက်ချောင် မယ့်ပြော ပေါက်တွေလည်း ဆိုတာကို ကိုယ်ပိုင်ညဏ်နဲ့ စဉ်းစားဆင်ခြင် ကြဖို့လိုပါပြီ။
ကျွန်တော်တို့မှာ အမှန်တစ်ကယ် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး မြန်မာပြည်သူ လူထု ကောင်းစားရေးကို ဆောင်ရွက်နေတဲ့ ပြည်တွင်းက လူထုခေါင်းဆောင်ကောင်းတွေ ရှိနေပါတယ်။ အဲဒီ့ ခေါင်းဆောင်ကောင်းတွေရဲ့ လမ်းစဉ်တွေကို တတ်စွမ်း သရွှေ့ ပံပိုး ကူညီဆောင် ရွက်ရင်း လိုက်လံ လုပ်ဆောင်ရမှာက ကျွန်တော်တို့ရဲ့ အလုပ်ပါ။
စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI)
အခုတလော ပြည်ပမှာ အသံနဲနဲ ထွက်လာတာကတော့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ပါဘဲ။ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖို့ ထောက်ခံမဲတွေ ပေးပြီး လုပ်ဆောင်နေရတာကို မြင်နေရတော့၊ ပြည်ပရောက် မြန်မာအများစု သူများအော်လို့ လိုက်အော်တာထက် အဲဒီ့စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ဆိုတာဘာလည်း၊ မြန်မာလူမျိုးတွေအတွက် ဘာတွေများပို အကျိုးရှိမှာလဲလို့အရင်တွေးစေချင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်မူ တွေကို စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ (COI) ၊ ဖွဲ့ပြီးတော့ ကမ္ဘာ့ခုံရုံးကို တင်မယ် ဒီလောက်ဘဲ အများစုက ထင်ကြမှာပါ။ တစ်ကယ်တော့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖြစ်လို့ စုံစမ်းမူတွေမှာ စစ်အာဏာရှင်တွေ အပြင်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေလဲ အကုန်လုံး ပါမှာဖြစ်တယ်။ အကုန်လုံး ဒီစုံစမ်းရေး မှာပါဝင် ပတ်သက်ပါတယ်။ အဖွဲ့ ဖွဲ့ပြီးတော့လည်း အားလုံးကို စုံစမ်းစစ်ဆေးဖို့ အနစ်၄၀လောက်ကြာမြင့် အုံးမယ်။
Burma Campign UK လဲငွေရဖို့ ရိုဟင်ဂျာအရေး ရှေ့တန်းမှတက်တက်ကြွကြွ ပါဝင်ခဲ့ နောက်ဆုံးမှ Mark Farmanar၊ ရှေဆုံး ဝဲ မှ ယာ ဘွားဘွားဖန် (ဇိုရာဖန် ရဲ့ အမ)၊ ဇိုရာဖန်၊ ထွန်းခင်၊ ဝေနှင်းပွင့်သုံ၊ ဂျက်ကီဆံ၊ အန်နာ ရောဘတ်
ဒီ စုံစမ်းရေး ကော်မရှင်ဖွဲ့ (COI) ဖွဲ့လို့ မြန်မာပြည်သူလူထု အတွက် ဘာမှ အကျိုးမရှိပါဘူး။ တစ်ကယ် တရားစီရင်မူ အပိုင်းကို ရောက်ရင် စစ်အာဏာရှင်ခေါင်းဆောင်တွေ သန်းရွှေတို့၊ မောင်အေးတို့တွေ လူ့ပြည်မှာမရှိကြတော့ပါဘူး။ ဒါကြောင့်မိုလို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကအဲဒီ ဟာတွေ စုံစမ်းစစ်ဆေးဖို့ထက် ပြည်တွင်းက ကွန်ရက်လူပ်ရှားမူတွေရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွတ်ဖို့ တောင်းဆိုမူတွေ၊ မြန်မာပြည်ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ တိုက်တွန်းမူတွေ၊ မြန်မာပြည်က အကြောင်း အမျိုးမျိုးနဲ့ စွန့်ခွာသွားရတဲ့ နယ်စပ်ဒေသက စစ်ပြေးမိသားစုတွေကို အားပေးကူညီမူတွေ လုပ်ဆောင်ဖို့ လူထုနဲ့အမေးအဖြေ ကဏ္ဍကနေ ပြည်ပမှကူညီ လုပ်ဆောင်ကြဖို့ ပြောကြားပြီးသားပါ။ ဟုတ်ပြီ ဒီလိုမျိုး မြန်မာလူမျိုးတွေအတွက် အကျိုးမရှိရင် ဘယ်သူတွေ အတွက်အကျိုးရှိမလဲ၊ ရှင်းပါတယ် နိုင်ငံခြားသားတွေနဲ့ သူတို့ဦးဆောင်တဲ့ အဖွဲ့အစည်းတွေဘဲ နှစ်ပေါင်းများစွာ ငွေတွေဆက်ရပြီး အလုပ်ဖြစ်အုံးမှာပါ။ ဒါဆိုရင် ဒီလိုမျိုးအကျိုးအမြတ်တွေရဖို့ ဘယ်သူတွေက ဦးဆောင်ပြီးတော့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖို့ ပြည်ပကနေကြိုးစားနေကြတာလဲ။
လူထုခေါင်းဆောင် အကျယ်ချုပ်ခံနေရတဲ့ အချိန်၊ ကျောင်းသား ခေါင်းဆောင်တွေ ထောင်နန်းစံ နေရတဲ့ ၁၅နှစ်ကျော် ကာလမှာ ပြည်ပက စိတ်ဓာတ်မခိုင်မာတဲ့ လုပ်စားနိုင်ငံရေး သမားတွေဟာလဲ နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်း တွေက ပေးတဲ့ အရိုးအရင်းလေးတွေ ကိုက်ပြီး သခင်အားရအောင်များ အူနေလိုက်ရတာ ရှေ့မကြည့် နောက်မကြည့်ပါဘဲ။ အရိုးကျေးဇူး ကကြီးတော့ မဲမဲမြင်ရာ ဟောင်ကုန်တော့တာဘဲ၊ နောက်ဆုံး ပြည်တွင်းက ဒုက္ခခံပြည်သူလူထုနဲ့ ထောင်နန်း စံနေရတဲ့ နိုင်ငံရေးအကျဉ်း သားတွေရဲ့ ကျေးဇူးကြောင့် ပြည်ပမှာနေထိုင်ခွင့် လေးရကြ တာကို မေ့ပလိုက်ကြရောဗျာ။
Burma Campaign UK ( သို့ ) မြန်မာပြည် ဒီမိုကရေစီ ကြိုးပမ်းမှု၏ ဆူးညှောင့်ခုလုတ်
ဒီအဖွဲ့ဟာ လန်ဒန်အခြေစိုက်ပါ။ တည်ထောင်လာတာ ၁၇နှစ်ခန့်ရှိပါပြီ။ အပေါ်ယံကကြည့်ရင် မြန်မာပြည် ဒီမိုကရေစီ ရအောင် ဝိုင်းဝန်းကြိုးပမ်းပေးနေသလိုလိုနဲ့ တစ်ကယ်တော့ မြန်မာပြည်ရဲ့နိုင်ငံရေးကို အကြောင်း ပြပြီးတော့ ညာဝါး လုပ်စား နေတာကြာပါပြီ။ Director က Mark Farmanar အင်္ဂလိပ်လူမျိုးပါ။ ဒီအဖွဲ့ဟာ ထူထောင်လာတဲ့ အချိန်လည်း ကြာမြင့်ပြီး ထောက်ပံကြေး နှစ်စဉ်ရထားလို့ အတော် ငွေကြေးခိုင်ပါတယ်။ ဒါပေမယ့် ရေရှည်ညားဝါး စီမံကိန်းကြောင့် ၁၇နှစ်ခန့် ကာလအတွင်းမှာ လူများစုဗမာတိုင်းရင်းသားနဲ့ အနည်းစုအခြားတိုင်းရင်းသား တွေကြားမှာ သွေးခွဲမူ၊ ရေရှည်စားပေါက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဦးဆောင် ကြိုးပမ်းမူ၊ ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် မွတ်ဆလင် အဖွဲ့များနဲ့ Organization of the Islamic Conference (OIC) အဖွဲ့တို့က ငွေကြေးရယူပြီးတော့ မြန်မာပြည်မှာ ကျူးကျော် ဝင်ရောက် နေထိုင်နေတဲ့ ဘင်္ဂလီ မျိုးနွယ်ဖွားတွေကို ရိုဟင်ဂျာ ခေါင်းစဉ်တပ်ပြီးတော့ မြန်မာပြည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနယ်မြေနဲ့ နေထိုင်ခွင့်ရအောင် UN ကနေတစ်ဆင့် ဝိုင်းအော်ပေးနေမူ၊ နယ်စပ် ဒေသက စစ်ပြေး ဒုက္ခသည်တွေကို ငွေကြေး အမြတ်ထုတ်မှုတွေက သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံ နေပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေအတွက် ဓာတ်ပုံနဲ့၊ စာရွက်စာတမ်းတွေ သက်သေအထောက်အထား ခိုင်ခိုင် လုံလုံ ရှိနေပါတယ်။
ဆက်ရန်........
ဒီမိုကရေစီ ဘက်တော်သား
http://kyeesaytaman.blogspot.com/2011/09/blog-post_09.html မှ ကူးယူဖော်ပြပါကြောင်း

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий