မြန်မာနိုင်ငံအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့နည်းပပျောက်ရေး လုပ်ငန်းများကို အမျိုးသားရေး လုပ်ငန်းတာဝန်အဖြစ် ဒေသအသီးသီး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများအား ကိုယ်စားပြုသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အကောင်အထည်ဖော်ပြီး လေ့ကျင့်ပညာပေးရေး တာဝန်ကို လုပ်ဆောင်ခြင်းတို့သည် အဓိကကျသော အခန်းကဏ္ဍတို့တွင် ပါဝင်နေပါသည်။ အဆိုပါ လေ့ကျင့် ပညာပေးရေး စခန်းသည် နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က အသေးစိတ် လမ်းညွှန် ဆောင်ရွက်ထားသော လေ့ကျင့် ပညာပေးရေး စခန်းဖြစ်ပြီး ယင်းစခန်းတွင် ပညာရှင်များ၊ တာဝန်ရှိသူအရာထမ်း၊ အမှုထမ်းများ၊ သုတေသနကျွမ်းကျင် ပညာရှင်များ အားလုံးက အသိပညာများ ဖလှယ်ပြီးပေါင်းစပ် ညှိုနှိုင်းမှုများလည်း ပြုလုပ်သွားမည် ဖြစ်သည်။
သိပ္ပံနည်းကျ စိုက်နည်းစနစ် ၁၄ ချက်နှင့်အညီ ယင်းစိုက်ခင်းအတွင်း စိုက်ပျိုးထားရှိသော အထူးအထွက်တိုး စပါးခင်းကြီး များ၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်နှင့် မွေးမြူရေး ပေါင်းစည်း လယ်ယာစနစ်တို့ဖြင့် တောင်သူပညာပေး တစ်ပိုင်တစ်နိုင် နို့စားနွား၊ ခိုင်းနွား၊ ကျွဲ၊ ၀က်၊ ကြက်၊ ဘဲ၊ တီကောင်များအား မွေးမြူထားသည်ကိုလည်း လေ့လာကြရမည် ဖြစ်သည်။ စက်မှုလယ်ယာစနစ် ရှေ့ပြေးဧက ၅၀၀ စိုက်ခင်းကို ဗဟိုပြု၍ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီး/ ပြည်နယ်များ အပါအ၀င် တစ်ချိန်တည်း တစ်ပြိုင်တည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စံနမူနာယူ လုပ်နိုင်ကြရန် ရည်ရွယ်လျက် မိမိတို့နိုင်ငံတော် အစိုးရအသစ် စတင်ဖွဲ့စည်းခဲ့သည့် ၃၀-၃-၂၀၁၁ ရက်မှ ယခုငါးလကာလအတွင်း မြေပြုပြင်ခြင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း၊ ရေသွင်းရေထုတ် ဆည်ရေသောက်စနစ်များ တည်ထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ရိတ်သိမ်းချိန်လွန် လုပ်ငန်းစဉ်များ အပါအဝင် အကောင်အထည် ဖော်နေသည်များကိုလည်း လေ့လာ တွေ့ရှိရမည် ဖြစ်သည်။
ရေရှည် တည်တံ့ခိုင်မြဲသော လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် Sustainable Agriculture Development လုပ်ငန်းစဉ်များ ဖြစ်သည့် မြေသယံ ဇာတကို ရာသီမရွေး အကျိုးရှိစွာ စိုက်ပျိုး အသုံးပြုနိုင်ရေး စိုက်ပျိုးရေးကို ထိရောက်စွာ အသုံးချနိုင်ရေး အတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်း ဆောင်ရွက်ရေး လိုအပ်ချက်လုပ်ငန်း၊ တောင်သူများ ၀င်ငွေတွက်ချေကိုက်မည့် အထူးအထွက်တိုး မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးရန် လိုအပ်ချက် လုပ်ငန်း၊ နိုင်ငံတော်တစ်ဝှမ်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရပိုင်းကသာမက ပုဂ္ဂလိက လုပ်ငန်းရှင် များ၏ ပါဝင် ရင်းနှီးမြှူပ်နှံမှုနှင့် တောင်သူများ တစ်ဦးချင်း ကိုယ်တိုင် အခန်းကဏ္ဍမှ စံနမူနာပြ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း အကောင်အထည် ဖော်သွားမည် ဖြစ်သည်။ ထိုသို့ စိုက်ပျိုးရေးကဏ္ဍ၊ လယ်ယာကဏ္ဍနှင့် လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ကျေးလက်နေ ပြည်သူများအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်သည့်အပြင် မြန်မာနိုင်ငံ အတွက် ခေတ်မီ စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းလာနိုင်သော ချဉ်းကပ်မှုများလည်း ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий