အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊ ဟန်ပြနှင့် မရိုးသားမှုများ
 ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်
က ပြန်လည်ဖြေကြားခဲ့တယ်ဗျ။
      ဒေါ်စု အနေနဲ့ တာဝန်ယူမယ်ပြောရအောင် သူ့ဘက်မှာ ပြည်သူလူထုက ဘယ်လောက်ရှိနေပြီလဲ?
ဒေါ်စုပြောခဲ့တာတွေ၊ တာဝန်ယူခဲ့တာတွေ ၊ ကတိပေးခဲ့တာတွေကောဘယ်လောက်များနေပြီလဲဗျာ။
ကဲ ဘာဖြစ်ဖြစ်မြောက်မြောက်ရှိအောင် လုပ်ပြခဲ့တာရှိလို့လဲဗျ။
     လက်ရှိအချိန်မှာ ဒေါ်စုလုပ်နေတာကတော့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတာကို
လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊
 မင်္ဂလာဆောင်နဲ့ အသုဘ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့
အလုပ်တွေကို မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်စရာကောင်းလှတဲ့ မြင်ကွင်းလို့တောင်
ဆိုချင်ပါတယ်။
     ဒါလားလူထုခေါင်းဆောင်? သာမန်လူတွေထက် ဘာများထူးခြားတာများလုပ်ပြနိုင်လို့လဲ? အော်သိ
ပြီသိပြီ  ရွှေတိဂုံ မှာဘုရားလားဖူးတော့ ဘေးကလူတွေလက်ဆန့်ပြီး တားပေးတားလား ? ကျွန်တော်
အမြင်တော့ အဲဒါပဲထူးခြားတယ်ဗျာ။ဘယ်သူမှအဲလိုမလာဘူးဘူးလေ။
    ဟိုတလောကလဲ အီဂျစ်ကပြည်သူတွေကို အားပေးပါတယ်တဲ့။ဘာလို့များ သူများနိုင်ငံကိစ္စကို အားပေး
သလိုလို နှစ်သိမ့်သလိုလို လုပ်နေရတာလဲဗျ။သူများနိုင်ငံကိုစိတ်ဝင်စားနေပြီး ကိုယ့်နိုင်ငံအရေးကိုကော
စိတ်များမဝင်စားလေရော့သလားဒေါ်စုရေ...
     ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။
 ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊
သတ္တိရှိ ပါဆိုတဲ့ အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊
တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို မသိဘဲ ကယောင်ချောက်ချား
 အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို သတိမပြုမိလေလျော့သလား?
     “အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း
ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို
နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုနိုင်ပါတယ်။
      ဒေါ်စု မလွတ်မြောက်ခင်ကတော့ လွတ်မြောက်သာလာခဲ့မယ်ဆိုရင် ” ဟဲ့ ဥုံ ဖွ “ ဆိုပြီး မြန်မာနိုင်ငံ
ကြီး နေချင်းညချင်းများ တိုးတက်တော့မလိုလို  အခုတော့လဲ လွတ်မြောက်ခြင်း မလွတ်မြောက်ခြင်း
ကဘာများထူးခြားလို့လဲ ?
     လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ
ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊ မသမာတဲ့ ရွေးကောက်ပွဲ
ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက ‘အိပ်ခ်ျအိုင်ဗွီကို ကူညီပါ’ ‘လူမှုကယ်ဆယ်ရေးတွေကို
 အရှိန်မြှင့် လုပ်ပါ’ ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ
 အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ဘဲ ပြောချင်တယ်။
       ဒီကြားထဲလဲပြောလိုက်ပါသေးတယ် တိုင်းရင်းသား ရင်ကြားစေ့ပေးမတဲ့ ။ကိုမိသားစုအချင်းချင်းတောင်
စည်းလုံးအောင်မလုပ်နိုင်သေးပဲနဲ့ ဘယ်လိုများရင်ကြားစေ့ပေးမလဲတော့ မသိတော့ပါဘူး။နောက်တခု
လဲရှိပါသေးတယ်။THE LADY ဇာတ်ကားပေါ့ဗျာ..နာမည်တော့တော်တော်ကြီးသွားတယ်ဗျ။
      ဘာလဲဆိုတော့ ကမ္ဘာ့  ချာတူးအလန်းဆုံးကားအဖြစ်ပေါ့ဗျာ....ကျွန်တော်ပြောတာမဟုတ်ပါဘူး။
ဂါဒီယမ် သတင်းစာကပြောသွားတာပါ အကုန်တော့မပြောချင်ပါဘူး အပြည့်အစုံသိချင်ရင်တော့ ဒီမှာသာ
ကြည့်လိုက်ကြပါတော့ http://www.maukkha.org/index.php?option=com_content&view=article&
       အဲဒီတော့ ဘယ်ကိစ္စမှဖြစ်မြောက်အောင်မလုပ်နိုင်သေးဘဲ ၊ ပြည်သူလူထုကိုထောက်ခံမှုအပြည့်အဝ
မရပဲ တာဝန်ယူမယ်ဆိုတာ ဘာကိုတာဝန်ယူမှာလဲ ? တာဝန်ယူနိုင်လောက်တဲ့အဆင့်ဖြစ်နေပြီလား ?
ဆိုတာကိုယ့်ဘာသာကိုပဲ ဆန်းစစ်ကြည့်ပါတော့ လို့ပဲပြောချင်ပါတော့တယ်ဗျာ။

                                                                                                                   သူရိယကိုကို
                                                                                                                   17.9.2011 စနေ 
      

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий