၂၀၁၁ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော် ဒုတိယပုံမှန် အစည်းအဝေး အဋ္ဌမ နေ့အစီအစဉ်များ ကျင်းပပုံကို တရုတ် အစိုးရပိုင် CCTVရုပ်သံမှ လာရောက် သတင်း ရယူသည်ကို တွေ့ရှိခဲ့ရသည်။
တရုတ်အစိုးရပိုင် CCTVရုပ် သံမှ သတင်းထောက်နှစ်ဦး သတင်း တက်ရောက်ရယူခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ဖြစ်သည်။ လက်ရှိ ကျင်းပနေသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အစီအစဉ်များသို့ နေ့စဉ်သတင်း တက်ရောက်ရယူနေသည့် သတင်းမီဒီ ယာများမှာ Eleven Media Group နှင့်မြန်မာတိုင်းမ်တို့ ဖြစ်သည်။ သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ ပထမနေ့သို့ သတင်းထောက် ၉၀ ကျော်တက်ရောက် သတင်းရယူခဲ့သည်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий