KIA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ချို့ယွင်းပျက်စီးနေသော အင်းတော်ချောင်းကူး တံတား ပေါ်မှ ယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျသဖြင့် တစ်ဦးသေဆုံးပြီး ငါးဦး ပျောက်ဆုံး နေကြောင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

"ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ကထန်ယန်ကျေးရွာအနီး ကထန်ယန်-ဖားကန့် လမ်းပေါ်ရှိ အင်းတော် ချောင်းကူး တံတားအား KIA အဖွဲ့က မိုင်းထောင် ဖောက်ခွဲမှု (၃)ကြိမ် ပြုလုပ်ခဲ့မှုကြောင့် တံတားမှာ အလယ်မှ ကွေးညွှတ်ပြီး လူ/ယာဉ်များ သွားလာနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ၊ ထို့ကြောင့် အဆိုပါတံတားအား ယာယီ ဖြတ်သန်းနိုင်ရန် ယာဉ်မောင်းများ စုပေါင်းပြုပြင်ပြီး ဖြတ်သန်း သွားလာလျက် ရှိကြောင်း ၊ သြဂုတ် ၃၀ ရက် ည ဂနာရီ ကျော်ခန့်တွင် မိုးညှင်းမှ ဖားကန့်သို့ ပြေးဆွဲသည့် ယာဉ်မောင်း ဦးအေးနောင် မောင်းနှင်သော ခရီးသည်တင် ယာဉ်သည် အင်းတော် ချောင်းကူး တံတားပေါ်မှ ဖြတ်သန်း မောင်းနှင်စဉ် တံတား အလယ် အရောက်တွင် ကျိုးကျ သဖြင့် ပေ ၂၀ ခန့် နက်သည့် အင်းတော် ချောင်းအတွင်း ပြုတ်ကျ နှစ်မြုပ် သွားခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုးဦးအနက် သုံးဦး ရေကူး လွတ်မြောက်ပြီး ငါးဦး ပျောက်ဆုံးကာ တစ်ဦး သေဆုံး ခဲ့ကြောင်း သိရှိရပါသည်။" ဟု ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။


ဇွန်လဆန်း အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားချိန်က စပြီး ကေအိုင်အေ အဖွဲ့ဟာ စစ်ဘက် ပစ်မှတ်ထက် အရပ်သားတွေ အသုံးပြုနေတဲ့ ကားလမ်း၊ ရထားလမ်း တံတားများကို ဦးစားပေးဖျက်ဆီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ----

ကေအိုင်အေဘက်က ဇွန် ၉ ရက်နဲ့ ဇွန် ၁၈ ရက်နေ့ အတွင်းမှာ ဖောက်ခွဲ ဖျက်ဆီးမှု ၄၉ ကြိမ်လုပ်ခဲ့ တဲ့ အတွက် တံတား ၃၉ စင်း ပျက်စီးခဲ့ရပြီး အဲဒီထဲက ၁၅ စင်းဟာ ယာဉ်သွားလို့ မရအောင် ပျက်စီးခဲ့တယ်။ အဲဒါအပြင် တပ်မတော် တပ်ဖွဲ့တွေကို တိုက်ခိုက်မှု ၂၁ ကြိမ် လုပ်ခဲ့တဲ့ အတွက် စစ်သည်တွေ သေဆုံး ဒဏ်ရာရရုံမက ပြည်သူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ကြားမှာ ကေအိုင်အေ အနေနဲ့ ကားလမ်း၊ ရထားလမ်း တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး အရပ်သား နှစ်ဦးကို သတ်ဖြတ်၊ နှစ်ဦး ဒဏ်ရာရပြီး ၃၈ ဦးကို ဖမ်းဆီး သွားခဲ့တယ်။ တပ်မတော် တပ်ဖွဲ့တွေ အပေါ် တိုက်ခိုက်မှု ၂၅ ကြိမ် လုပ်ခဲ့တယ်။

ဇူလိုင်လ ၁ ရက်နေ့နဲ့ သြဂုတ်လ ၈ ရက် ကြားမှာလည်း ကားလမ်း၊ ရထားလမ်း တံတား၂၉ ခုကို ဖျက်ဆီးခဲ့ပြီး တပ်မတော် တပ်ဖွဲ့တွေကို တိုက်ခိုက်မှု ၈၄ ကြိမ်၊ မိုင်းထောင် တိုက်ခိုက်မှု ၃၈ ကြိမ် လုပ်ခဲ့တယ်။ နောက်ပြီး ကေအိုင်အေ တပ်ဖွဲ့များရဲ့ တိုက်ခိုက် ဖမ်းဆီးမှုများကြောင့် အရပ်သား ၁၄ ဦးသေ၊ ၂၂ ဦး ဒဏ်ရာရပြီး ၁၂၀ ဦး အဖမ်းခံခဲ့ရတယ်။

သြဂုတ်လ ၂ ရက်နေ့မှာ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံနေတုံးမှာပဲ တာပိန် ရေအား လျှပ်စစ် စက်ရုံမှာ လေအေးပေးစက် ပျက်တာ ပြင်ပြီး ပြန်လာတဲ့ ကားကို ၀ိုင်းပစ်လို့ ရဲတစ်ဦး၊ ပြည်သူ ၇ ဦး သေဆုံးခဲ့ရတယ် ဆိုပြီး ပြန်ကြားရေး ၀န်ကြီးက ရှင်းလင်း ပြောကြား သွားခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ထုတ် သတင်းစာမှာလည်း ကချင်ပြည်နယ် ဒေါ်ဖုန်းယန် မြို့နယ်ခွဲထဲက အောက်တာဆိုင် ကျေးရွာ၊ အထက်တာဆိုင် ကျေးရွာ၊ တိမ်းမကြိုင် ကျေးရွာနဲ့ မိုင်းမ ကျေးရွာတွေမှာ ကေအိုင်အေက တစ်အိမ် တစ်ယောက် စစ်မှုထမ်း ရမယ်၊ စစ်မှုမထမ်းရင် ရွာမှာ နေခွင့် မပြုဘူးလို့ အမိန့်ထုတ်ပြီး အဓမ္မလူသစ် စုဆောင်းနေကြာင်း ဖော်ပြထားပါတယ်။

ကေအိုင်အေ ၏ မထီမဲ့မြင်ပြုခြင်းကို ခံရသည့် ဒေါ်အောင်ဆန်းစုကြည်


ICBL ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွင်းရှိ လက်နက်ကိုင်အားလုံး လူသတ်မိုင်းအသုံးပြုမှုအား ရပ်တန့်ပစ်သင့်သည်ဟု ပြောဆိုခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် ပြဌာန်းခဲ့သော မိုင်းအသုံးပြုမှုတားဆီးပိတ်ပင်ရေးသဘောတူစာချုပ်ကို ဒေါ်အောင်ဆန်းစုကြည်က (ICBL က ငြိမ်းချမ်းရေးဆုလက်ခံသည့် ပွဲသို့ ပေးပို့လာသော ဂုဏ်ပြုစကားတွင်) ထောက်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် မြေမြုပ်မိုင်းအသုံးပြုမှုတားမြစ်ပိတ်ပင်မှုအား အချိန်အခါသင့်သလို မြှင့်တင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်အစိုးရအား မြေမြုမိုင်းအသုံးပြုမှုအား တားမြစ်ရန်အတွက်တောင်းဆိုသော သမ္မတ အိုဘာမားထံသို့ပေးပို့သော တောင်းဆိုချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တခြား ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၁၅ ဦးနှင့်အတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပူးတွဲနိုဘယ်လ်ဆုရှင် ဂျိုဒီ ၀ီလီယံက ယနေ့ထုတ်ဖေါ်ပြောကြားရာတွင် " ဒေါ်အောင်ဆန်းစုကြည့်က ၁၉၉၇ ခုနှစ် မိုင်းအသုံးပြုမှု တားမြစ်ပိတ်ပင်ရေးသဘောစာချုပ်အပေါ် ဆက်လက်ထောက်ခံပြောကြားပေးနေတဲ့အတွက် ကျနော်တို့အားလုံး အလွန်ကို အားတက်မိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်တွေအားလုံး မြေမြုပ်မိုင်းအသုံးပြုနေတာတွေ ရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ဟာ အထူးတလယ် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သဘောတူစာချုပ် စတင်လက်မှတ် ရေးထိုးပြီးကတည်းက စဉ်ဆက်မပြတ်မိုင်းအသုံးပြုနေတဲ့ တခုတည်းသော တိုင်းပြည်ဟာ မြန်မာနိုင်ငံဖြစ်နေလို့ပါပဲ။" ဟုဆိုပါသည်။

" တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ မမြုပ်မိုင်းတွေကို အသုံးမပြုသင့်ပါဘူး။ " ဟု မြေမြုပ်မိုင်းတာဆီးပိတ်ပင်ရေးအဖွဲ့သို့ ပေးပို့လာသော သူမ၏ သတင်းစကားတွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

"မိမိရန်သူက စလုပ်လာမှာကို မစောင့်နေဘဲ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ စစ်ရေးလုပ်ငန်းတွေမှာ မြေမြုပ်မိုင်းအသုံးပြုမှုကို ရပ်တန့်ခြင်းကို စတင်ပါလို့ " ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်အားလုံးအား တွန်းအားပေးခဲ့သည်။


ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားသတိပေးပြီးနောက်ပိုင်း ၅ လ အကြာမှာ KIA ရဲ့ မိုင်းကြောင့် ခုလိုဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကေအိုင်အေ ရဲ့လုပ်ရက်တွေက ဘယ်သူ့စကားမှ လက်မခံပဲ ထင်ရာဆိုင်းနေသလို နိုဘယ်ငြိမ်းချမ်းရေးဆုရင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ လှောင်ပြောင် သလိုဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခက်ရပ်စဲရေးအတွက် အိပ်ဖွင့်ပေးစာ ပေးပြီး ၅ ရက်အကြာတုန်းကလည်း KIA က အပစ်အခက်တွေ ဆက်လုပ်နေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလကားလူတစ်ယောက်သာ ဖြစ်ကြောင်း သက်သေပြခဲ့ဖူးပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးအလုပ်တွေမှာ ဘာမှ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း မရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်စကားက ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပေါ်မှာမှ သြောဇာသက်ရောက်မှု မရှိကြောင်း ဝေဖန်ထားကြပါတယ်။

အကြမ်းဖက်မှုကို လက်မခံသည့် ဒေါ်အောင်ဆန်းစုကြည်

ကချင်သောင်းကျန်းသူများကြောင့် ဒုက္ခရောက်နေသည့် ကချင် ဒုက္ခသည်များ






နိုင်ငံတော်သမ္မတ ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် က တော့ တဖက်နဲ့ တဖက် တိုက်ခိုက် နေ ကြမယ့် အစား ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်း က ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
  oppositeEyE    မှကူးယူဖော်ပြသည်

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий