ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး အတွက် အိတ်ဖွင့်ပေးစာ ပေးပြီး ၅ ရက်အကြာမှာ KIA က လက်နက်ငယ်များနဲ့ လူ ၇ ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေနဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာမှာ-ပေါ ကြီးဖြစ်အောင်လုပ်၊ ကချင်ပြည်သူ တွေကြား အနှောင့်အယှက်ပေး လမ်းတံတား အဆောက်အဦး တွေ ကို မိုင်းထောင် ဗုံးခွဲ လုပ်ရပ်များဖြင့် အမျိုးမျိုး ဒုက္ခပေးခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အား ကြာလာတော့ ကချင်လူမျိုးချင်း ဖြစ်တဲ့ ဗန်းမော်သား တွေ ပါ စိတ်ပျက် စိတ်ညစ် လာပါတယ်။ ဘယ်လိုပဲကချင်လူမျိုးတိုးတက်ရေး ကချင်ပြည်နယ်ကောင်းစားရေး ဆိုပြီး မျိုးချစ်ပြပြီးကြွေးကြော်နေပေမဲ့ အစတည်းက အကြောင်းအရင်း အမှန်ကို သိနေတဲ့ ဗန်းမော်သားတွေက ကြာလာတော့ သည်းမခံနိုင် တော့ပါဘူး။ ဒါကြောင့်လည်း KIA အဖွဲ့ရဲ့ လက်နက်ကိုင်ဆိုးသွမ်းမှု အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်တော့တဲ့ ဗန်းမော် မြို့သူမြို့သားတွေဟာ ဗန်းမော်မြို့ အနှံ့မှာ KIA အဖွဲ့အပေါ် မိမိတို့ပြည်သူပြည်သားတွေရဲ့ လိုလားချက် ပိုစတာတွေနေရာ အနှံ့ကပ်လာပါတယ်။ ဘယ်လောက်ပဲ KIA အဖွဲ့က ကချင်ပြည်နယ်ကောင်းစား ရေးအတွက် တိုက်ပွဲဝင်နေတာပါ အော်နေ သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်ကို လက်မခံနိုင်တော့တဲ့ မြို့သူမြို့သားတွေက ဒီလိုသူတို့လုပ်ရပ်တွေကို မလိုလားဆန့်ကျင် မိမိတို့ရဲ့ လိုလားချက်အစစ်အမှန်တွေပါတဲ့ ပိုစတာတွေ ကပ်ပြီး သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြသ လာနေတာပါပဲ။ ဒါကို ပြည်ပရောက်အတိုက်အခံများက ကိုယ်က ကချင်ပြည်နယ်မှာ မနေဘဲ အကြောင်းအရင်းအမှန်ကို မသိ(သိလည်းဘဲ နှာစေးနေကြတာပါ) ကချင်ပြည်သူတွေရဲ့ ဒုက္ခကိုမသိဘဲ KIA ကိုထောက်ခံ ၊ပိုစတာတွေကို အစိုးရကပဲ ၀ါဒဖြန့်ကပ်သလိုလိုနဲ့ မြန်မာ ပြည်သူတွေကြား မီဒီယာမှိုင်းနဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ကြိုးစားနေတာ KIA ရဲ့ အကြမ်းဖက်မှုကို ကိုယ်တွေ့ သိမြင်နေတဲ့ ကချင်ပြည်သူတွေ အတွက် သည်းမခံနိုင်စရာပါပဲ။ ခံရတော့ကချင်ပြည်သူတွေ ခံရတယ်။ KIA ကိုထောက်ခံအားပေးနေတဲ့ ပြည်ပရောက် မီဒီယာသမား တွေကတော့ သတင်းတစ်ပုဒ်ရေးဘယ်လောက် ဆိုပြီး ရတဲ့ထောက်ပံ့ငွေတွေနဲ့ ပျော်မြူးနေကြတာပါပဲ။ ဒါကြောင့်မို့ ရွှေမြန်မာက ပြောပြလိုက်ချင်ပါတယ် KIA အဖွဲ့ ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပါ အစိုးရက တံခါးဖွင့်ကြိုဆိုထားတဲ့ ငြိမ်းချမ်းရေး ပန်းခင်းလမ်းပေါ်ကို လျှောက်လှမ်းပါ။ ကချင်ပြည်နယ်သားတွေရဲ့ ဆန္ဒပါ ပိုစတာထဲက အချက်(၉) ချက်ကို လေးစားတန်ဖိုးထားပါလို့ ဒုက္ခခံ ဗန်းမော်သူဗန်းမော်သား ကချင်သူ ကချင်သားနဲ့ ကချင် ပြည်နယ်မှာနေထိုင်တဲ့ လူမျိုးစုံ တိုင်းရင်းသားတွေ ကိုယ်စား တိုက်တွန်း လိုက်ချင် ပါတယ်။

     ၂၀.၈.၂၀၁၁ ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်
                                 လိုက်ကပ်ထားသော ဗန်းမော် မြို့သူမြို့သားတို့၏
                            ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အဖွဲ့အပေါ်တိုက်တွန်းစာ


(၁)     ဥပဒေဘောင်အတွင်းအမြန်လာခဲ့ပါ။
(၂)     နှစ်ဖက် အပစ်အခတ် ရပ်စဲပေးပါ။
(၃)     နှစ်ဖက် နားလည်မှု တည်ဆောက်ပါ။
(၄)     နိုင်ငံတော်နှင့် ပြည်သူတို့၏သဘောထားနှင့် စေတနာကိုနားလည်ပါ။
(၅)     ကချင်ပြည်နယ် ထာဝရတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပါ။
(၆)     ကချင်ပြည်နယ်တွင် လူမျိုးတစ်မျိုးတည်းနေထိုင်နေခြင်းမဟုတ်ပါ။
(၇)     ကချင်ပြည်နယ်တွင် လူမျိုးပေါင်းစုံအပြန်အလှန် နားလည်လေးစားမှုဖြင့် ချစ်ကြည်ရင်းနှီးစွာနေထိုင်လျှက်ရှိသည်။
(ဂ)     ပြည်နယ်အေးချမ်းမှု မရှိပါကဗန်းမော်ခရိုင်သည် ကချင်ပြည်နယ်အောက်တွင် မမှီလိုပါ။
(၉)     ကချင်ပြည်နယ်ရှိတိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒသဘောထားကိုအလေးထားပါ။

ဗန်းမော်ခရိုင်သား

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий