သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုခွင့် အတွက် အစိုးရက ကြိုးစားနေချိန်မှာ အင်တာနက် ပေါ်က အစိုးရဆန့်ကျင်သူများက လွတ်လပ်စွာ သတင်းရေးနေတဲ့ စာမျက်နှာတွေကို ဖျက်ဆီးဖို့ ကြွေးကြော်မှု တစ်ခု လွန်ခဲ့တဲ့ ၁၂ ရက် က ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားနဲ့ မြစ်ဆုံအတွက် လို့ အကြောင်းပြချက်ပေးထားပါတယ်။ အစိုးရ ရဲ့ သတင်း နည်းပညာ နယ် များ နှင့် ၎င်း ၏ ခက်လက် များကို အလဲ ထိုး သွား မယ် လို့ ကြေညာထားပြီး အဖွဲ့နာမည်က Operation Burma လို့ ခေါ်ပါတယ်တဲ့။ Operation Burma အဖွဲ့မှာ နည်း ပညာ အဖွဲ့  ခြောက် ဖွဲ့  ကြီးတောင် ပါတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ ၉ ရက် ကြာတဲ့အထိ ဘာမှ အလဲထိုးခံရတာ မတွေ့ရပါဘူး။ အလဲထိုးအောင် ကြိုးစားရင် ကိုယ်တိုင် လဲနေလား မသိရသေးပါ။ အောက်တိုဘာလ (၄) ရက်နေ့ကတော့ http://www.news-eleven.com/index.php?option=com_content&view=article&id=10378:eleven-media-group-website-user-account-&catid=42:2009-11-10-07-36-59&Itemid=112 မှာ့  Eleven Media Group Website အား Cyber Attack ပြုလုပ်ခြင်းများ ရှိနေသောကြောင့် Website မှာ မကြာခဏ down ကာ ၀င်ရောက်ကြည့်ရှု၍ မရခြင်းများ ဖြစ်ပေါ်နေ ကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လဲကျ မသွားပါဘူး။

နည်းပညာ အဖွဲ့ကြီး (၆) ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ Operation Burma ဆိုတဲ့ အဖွဲ့က လေလုံးထွားရာဇသံပေးထားပြီး ဘာမှလည်း မလုပ်နိုင်တဲ့ အကြောင်းကို white hacker group မှ အမည်မဖော်လိုသူ တစ်ဦးက အခုလိုပြောပါတယ်။

"Cyber attack လုပ်မယ်၊ နည်းပညာအဖွဲ့ (၆) ဖွဲ့နဲ့ ဖွဲ့ထားတယ် ဆိုတာ တွေ့တော့ ကျွန်တော်တို့တောင် ဘာများပါလိမ့်လို့ စောင့်ကြည့်နေတာ... နောက်တော့လည်း လေလုံးထွား ရာဇသံပေးပြီး ဘာမှလည်း မလုပ်နိုင်ဘူး.. ဟာသကြီး ဖြစ်နေတာပေါ့ဗျာ.." လို့ ပြောပါတယ်။

နည်းပညာ အဖွဲ့ ဆိုတာ ဘယ်သူတွေဖြစ်နိုင်လဲ လို့ မေးချိန်မှာတော့ သူကပဲ အခုလို ဆက်ရှင်းပြပါတယ် "နည်းပညာ အဖွဲ့ဆိုတော့ ဘယ်လိုအဖွဲ့တွေလည်းတော့ မပြောတတ်ဘူး.. အရင်တစ်ခါ BHG အဖွဲ့တော့ ပျက်သွားတယ်... R Hacker အဖွဲ့က ပညာပေးလိုက်လို့ ပျက်သွားတယ်လို့တော့ ကြားတယ်.. BHG ရဲ့ website တောင် offline လုပ်လိုက်ရတယ်လေ... အခုလည်း သူတို့ ပြောတဲ့ နည်းပညာအဖွဲ့ဆိုတဲ့ အထဲမှာ ဇတ်ပျက်သွားတဲ့ BHG အဖွဲ့သားတွေ စုထားတဲ့ အဖွဲ့တွေလည်းဖြစ်နိုင်တယ်.. " တို့ ပြောပါတယ်။

အခုလို တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား တစ်ဦးက "စစ်ကို စစ်နဲ့တိုက်၊ မီဒီယာကို မီဒီယာနဲ့ တိုက်၊ ဆိုင်ဘာကို ဆိုင်ဘာနဲ့ တိုက်တာက ဘာမှ ပြောစရာမရှိဘူးလေ... ဒါပေမယ့် အခုချိန်ခါမှာ အစိုးရက အလုပ်ကောင်းကောင်းလုပ်ပြနေချိန်လည်း ဖြစ်နေတယ်၊ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေကလည်း ထောက်ခံ ကြိုဆိုနေကြချိန်ဖြစ်တော့ မီဒီယာက အရင်လို လုပ်ကြံအတင်းလွှင့်တာတွေ လုပ်လို့ မရတော့ဘူး... လွှင့်ရင်လည်း ဘယ်သူမှ လက်မခံကြတော့ဘူးလေ... ဒီတော့ အောက်လမ်းသုံးပြီး တိုက်ဖို့ကြိုးစားကြတာ ဖြစ်မှာပေါ့ဗျာ..." လို့ ပြောပါတယ်။

ဒါပေမယ့်လည်း weekly eleven ကို တိုက်ခိုက်သူက ဒေါက်တာလွဏ်ဆွေ ဖြစ်နိုင်ကြောင်းနဲ့ Operation Burma အဖွဲ့မှာ ဒေါက်တာ လွဏ်းဆွေလည်း ပါနိုင်ကြောင်း သုံးသပ်ကြသူတွေလည်း ရှိပါတယ်။ ဒေါက်တာလွဏ်းဆွေ ဘလော့မှာ စက်တင်ဘာ ၂၇ ရက်နေ့က weekly eleven ကို အကြီးအကျယ် ဒေါသထွက်ကြောင်း သတင်းတင်ခဲ့အပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ Freedom News Group မှာ ဆိုင်ဘာ အလဲထိုးမှု စတင်မယ်လို့ ချက်ချင်း တင်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ (၄) ရက်နေ့မှာတော့ weekly eleven က တိုက်ခိုက်ခံရကြောင်း ဖော်ပြခဲ့ပါတယ်။ ဘယ်သူက ဘယ်အချိန်မှာ ဘယ်လို တိုက်ခိုက်ခဲ့တယ်လို့တော့ မဖော်ပြထားပါဘူး။


အရင် BHG အဖွဲ့တုန်းကလည်း နည်းပညာတိုးတက်ရေးအတွက် နဲ့ အင်တာနက် လွတ်လပ်ခွင့်အတွက် လို့ အကြောင်းပြပြီး နည်းပညာ ကူညီရေး ဆိုက်တွေ၊ အဖြူရောင်သံဇဉ် ရေဒီယို ဆိုက်တွေ၊ လူမှုရေး ဖိုရမ် တွေ အများအပြားကို ဖျက်ဆီးခဲ့လို့ လူအများက မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ အခုလည်း Operation Burma ဆိုတဲ့ အဖွဲ့ကို ဘယ်သူကမှ မကြိုဆိုကြဘူးလို့ သိရှိရပါတယ်။ ဒါပေမယ့် ခုထိတော့ ဘာမှ လုပ်မပြနိုင်တာဟာ R Hacker အဖွဲ့ကို ကြောက်လို့ ငြိမ်သွားတာ ဖြစ်နိုင်တယ်လို့ ထင်မြင်ချက် ပေးနေကြသူတွေလည်း ရှိပါတယ်။
မူရင်းလင့်  https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT3RhKAw74a-Asz2Zd99WoezLqVi9R9BXqHLc45oCadGYwNSvq6ifMgNYnxo0FWvaN1DdXE1LvN-MKO9-LD6citUosacoSruKs94KjyXjhqkCFg3mm-MMQuHajRNWIPIZHyD8Plr1kU5Y/s1600/myanmarexpress.blogspot.com.jpg

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий