အောင်မြင်သော  ယောက်ျားတယောက်နောက်မှာ   ထက်မြတ်တဲ့   မိန်းမရှိတယ်တဲ့ ။ဒါငဘ
ပြောတာမဟုတ်ဘူးနော်။စာရေးဆရာတွေပြောတာ ။ထက်မြတ်တဲ့  မိန်းမတယောက်ဆိုရင်လည်း  ရိုးရိုး
သားသားနဲ့  မာနကို သိုဝှက်နိုင်မှ   မိန်းမကောင်းတဲ့  ။မြန်မာနိုင်ငံမှာ   ဒီလိုမိန်းကလေးမျိုးတွေ  ရှားပါးနေ
ပြီဆိုတာ  ကို   မနိုးနိုး(ခေါ်) မနွဲ့ နှင်းရည်  နဲ့  အင်တာဗျူးမှာ  ထင်ထင်ရှားရှားကို  တွေ့ နိုင်သဗျ။

               ဘယ်နဲ့ ဗျာ။ထောင်ကျတာကို  ဂုဏ်ယူပြနေတယ်  ဆိုတာကတော့   ငဘထင်တယ် စိတ်ရော
မှန်သေးရဲ့ လားပေါ့။ထောင်ကျတာကို  ဘိုးစင်ဘောင်ဆက်  လိုလို  ၊ဆွေစဉ်မျိုးဆက်လိုလို  ။၊ပြောလိုက်
သေးတယ်  ။ဘာတဲ့ ။ကိုယ်ဘာသာအတွက်တဲ့   မှတ်တောင်ထားရမဲ့ ကိန်းဆိုက်နေပြီ။ထောင်ကျတာကို
ဘာသာရေးနဲ့   လာနှောတာကတော့   အဖေနေမကောင်းတာနဲ့  ခြေညောင်းတာ  မဆိုင်ဘူးတော့ ထင်
တာပါပဲ။

              နိုင်ငံရေးဆိုတာ   ကိုယ်ပိုင်ခံစားချက်နဲ့ ယုံကြည်ချက်ရှိမှ  လို့  ကိုဇာဂနာက ပြောခဲ့ ပေမဲ့  ခု
မနိုးနိုးကတော့    ရှေ့ ကလုပ်မှာ ။ရှေ့ ကဦးဆောင်မဲ့ သူမရှိရင် နောက်လိုက်ဆိုတာ  မရှိနိုင်ဘူးဆိုတော့ 
နိုင်ငံရေးသမား  တွေ အချင်ချင်းတောင်  ကွဲပြားနေပုံထောက်ရင် တနိုင်ငံလုံးကို စည်းရုံးဖို့  ဆိုတာ  နည်း
နည်း  ပုံပြင်ဆန်သွားသလားလို့ ပါ။ပြီးရင်  ကိုဇာဂနာတို့ က  တပည့် သားချင်းတောင် လူသိရှင်ကြားအမွေ
တွေ ဖြတ်မယ် တကဲကဲ လုပ်နေတာကတော့   အင်း စကတည်းက ယဉ်တကိုးတော့  ဖြစ်နေပြန်ပါပြီ။

              ငဘထင်တာပေါ့လေ။သမ္မတဆိုတာ  သူ့ ရဲ့ သက်တမ်းအတွင်းမှာ  ဘာလုပ်ပါမယ်လို့ ကတိပေး
ပြီး   ပြည်သူဆန္ဒရယူပြီးကာမှ  ဖြစ်ခွင့် ရှိတာလို့ ပေါ့။အတိုက်အခံတွေ အားကျတဲ့  (ဒေါ်လာများများ
တောင်းလို့ ရတဲ့ )အမေရိကန်တောင်  မဲဆွယ်ပြီး ပြည်သူတွေကို ဘာလုပ်ပေးပါ့ မယ်လို့  ပြောဆိုရတာ
မလား။ခုတော့  မြန်မာနိုင်ငံမှာတော့  တခြားဆီဗျာ။အစိုးရ လား။အင်းလုပ်လေ။ကြိုက်တာလုပ်။ကန့် ကွက်
ပြီးသားပဲ။ဆည်ဆောက်မှာလား။ဟင်အင့်  ဒီဆည်ကြီးပေါက်သွားရင်  ဘယ်လိုလုပ်မလဲ။ကန့် ကွက်ပါတယ်
ဗျာလို့ ပြောကျတာကများသား။မီးမလာ ဘူးလေ ဒိုနိုင်ငံက။ဂုဏ်ယူသလိုလို ပြောနေကျ၊ဂျာနယ်တွေမှာ
ရေးနေကျလိုက်တာများ။မီးလာအောင် လုပ်ပေးတော့ လည်း ဟင့် အင် လက်မှတ်လေးတွေလိုက်စုလိုက်ဦး
မယ်ဖြစ်ပြန်ရော။ကျောက်ပန်းတောင်လို နေရာမျိုးမှာ ဆိုင်းပုဒ်ထောင်ပြီး  ကန့် ကွက်လေ။လေးဘက်ကုန်း
ပြီးမပြန်လာရရင် ငဘကိုကြိုက်သလောက်ပြော။

             နိုင်ငံကို တိုးတက်အောင်  ဘာလုပ်ပေးမယ်မရှိဘူး။ကိုယ်ဖို့ ကြည့် ပြီး သူများနိုင်ငံမှာ ကျွန်ခံ။ရ
တာလေးကို  စု။အစိုးရတခုခုလုပ်ရင် သံ၇ုံးေ၇ှ့ ပြေး။ဆိုင်းပုဒ်လေးထောင်။လက်ကလေးဖြန့် ဒေါ်လာလေး
တောင်း။အလုပ်ကိုဖြစ်နေတာ။ကိုကိုယ်ကို  ပြန်မေးကြည့်  ငါနိုင်ငံအတွက် ဘာများလုပ်ပြီးပြီးလဲလို့ ပေါ့။
နေပြည်တော် ဆောက်တော့  ပိုက်ဆံကုန်တယ်ပြောတယ်။မြို့ တော်ရန်ကုန်က  အဆင့် မမှီတော့ တာကို
လူကြီးတွေက  အမြင်ဆန်းအောင်  လုပ်တော့လည်း ဟင်ပိုက်ဆံဖြုန်းပြန်ပြီ။လမ်းသစ်ဖောက်တော့ လည်း
ဟင် ကောင်းရောကောင်းရဲ့ လား။ယဉ်တိုက်မှု့ တွေ ဖြစ်တယ်ဆို။အိပ်ချိန်း  စင်တာတွေဖွင့် တော့လည်း
ဟင်ထူးပါဘူး  အပြင်နဲ့ ဘာကွာလို့ လဲ။မြစ်ဆုံစီမံကိန်း  ဟင်လုပ်ပါနဲ့  ပတ်ဝန်းကျင်ထိခိုက်ပါတယ်ဆိုနေမှ။
ရပ်လိုက်ပါပြီ။ဟင် အပြီးမဟုတ်ဘူလား။အတိုက်အခံတွေလွတ်ပေးပါ။လွတ်လိုက်ပါပြီ။ဟင် နည်းတာပေါ့။
လုပ်လုပ်။  ခင်ဗျားတို့ ပဲ  အကုန်သိ၊အကုန်တက်တယ်။

           မနိုးနိုး တို့  လုပ်ချလိုက်ပုံကတော့   ပြည်သူတွေက  တော်တော်  နားလည်ရခက်တယ်ေ တာင်
လုပ်ချလိုက်ပြန်ပြီ။အသက်ကလေးကြည့် တော့  အိမ်ကသမီးလောက်တောင် မရှိသေးဘူး။ထောင်လေး
ကျတာနဲ့  လူကြီးလိုလိုနဲ့ ပြောပြီ။မောင်ဇာဂနာတို့  ကေ၇ှ့ ကလူကြီးဆန်ဆန်လုပ်ပြတယ်လေ။ဒီတော့ 
နောက်ကလိုက်လုပ်တာ  မဆန်းပါဘူး။ပြည်ပရောက်ဒေါ်လာတောင်းစားသူများကလည်း  သူများယောင်
အမောင် မြောက်မှန်းမသိ။KIA က မြစ်ကြီးနားမှာ  သံတားတွေ ဖျက်ဆီး။မိုင်းတွေထောင်  ။အဲချိန်ဘယ်
တိုင်းရင်းသား၊ဘယ်ဒေါ်အောင်ဆန်းစုကြည်၊ဘယ်သတင်းဌာန ကမှ  မလုပ်သင့် ဘူး။မလုပ်ပါနဲ့ လို့ တာဝန်
သိသိ  တားမြစ်ခဲ့ ဖူးပါသလဲ။ရှိရင်  အဲသတင်းလေး  ငဘဖတ်ချင်လို့ ပါ။နောင်များ  အကျဉ်းသားတွေကို
အစိုးရက  သဘောထားကြီးစွာလွတ်ပေးခဲ့ သည်ရှိသော်............
ဒေါ်အောင်ဆန်းစုကြည်ပြီးတော့  
ဧရာဝတီ.........
ဧရာဝတီပြီးတော့ 
အကျဉ်းသား....
အကျဉ်းသားပြီးရင်........    ဟုတ်ကဲ့  မောင်နေဇော်နိုင် ပြောတဲ့ လေသံအတိုင်းပြောရမယ်ဆိုရင်တော့ 
စောင့် သာကြည့် ကြပါစိုးလားဗျာ။                                                                  
                                                                                                            ငဘ

                                                        ကို  ဇာဂနာက  မပျော်ပါဘူးတဲ့ 
                                     အောက် ကဘာနဲ့ မှတောင် နှိုင်းမရဘူးတဲ့   တခုခုတော့ လွဲနေပြီ

                    မြန်မာလွှတ်တော်အမတ်တွေကို မှိုချိုးမျစ်ချိုး၊စည်းကမ်းမဲ့ ပြောလိုက်တဲ့ စကားလုံး
                                      မနိုးနိုးကတော့   ပြည်သူဆိုတာ နည်းလည်ရခက်လာပါပြီတဲ့ 
                                           ရှေ့ ကဖြောင့် ဖြောင့် သွားမှ  နောက်ကလိုက်မယ်တဲ့ 

                             ထောင်ကျတာဂုဏ်ယူတဲ့   မြန်မာ့ မော်ကွန်းတင်  ခေတ်လူငယ်

မမြင်ရပါက  ပုံကို ကလစ်ပေးပါ

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий