မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ကို တည်ဆောက်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၂ နှစ်ကျော် ၃ နှစ် ရှိနေပါပြီ။ ဒါပေမယ့် ဒီနှစ်ထဲမှာမှ ဖုတ်ပူမီးတိုက် ကန့်ကွက်မှုတွေ ပေါ်လာပါတယ်။ နေ့ချင်းညချင်း ဆိုသလိုပဲ မြန်မာနိုင်ငံကြီး ပျောက်ကွယ်မှာလား၊ မြန်မာမျိုးဆက် ပျက်သုန်းသွားမှလား ဆိုပြီး အသံကျယ်ကျယ် အော်သံတွေထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီအတွက် ပန်ကြားချက် ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။

နေ့စဉ်နှင့်အမျှ ဆိုသလိုပဲ ဧရာဝတီကိုကယ်တင်ပါ၊ မငိုပါနဲ့ ဧရာဝတီ၊ ဧရာဝတီကို မသတ်ပါနဲ့၊ ဧရာဝတီအတွက် ပထွေးမလို ... စသည်ဖြင့် ပိုစ့်တွေ၊ အီးမေးတွေ ပလူပျံလာခဲ့ပါတယ်။ တစ်ခါမှ နားမထောင်ဖူးတဲ့ မှိုတက်နေတဲ့ ဧရာဝတီ သီချင်းတွေ ခေတ်ပြန်ထလာပြီး အချို့ဆိုရင် ဧရာဝတီအတွက် အကျိုးမရှိတဲ့ နိုင်ငံခြားမှာ သီချင်းဆိုရင်း ဧရာဝတီကို ကယ်တင်တာ၊ သီချင်းထဲမှာ သရုပ်ဆောင်ရင်း ဧရာဝတီကို ကယ်တင်တာတွေ လုပ်ခဲ့ကြပါတယ်။ ဧရာဝတီကို ကီးဘုတ်နဲ့ ကယ်တင်ဖို့ ကြိုးစားသူတွေ၊ ဘလော့ရေးပြီး ကယ်တင်ကြသူတွေ၊ facebook သုံးပြီး ကယ်တင်ကြသူတွေ ထောင် သောင်း မက ပေါ်လာပါတယ်။ ဒါပေမယ့် အင်တာနက်သုံးစွဲသူ မြန်မာအားလုံးထံမှ လက်မှတ်များ ကောက်ယူပြီး တရုတ်အစိုးရ၊ တရုတ်ပြည်သူများနှင့် CPI ကုမ္ပဏီ ကို ပို့ဖို့ ကြိုးစားချိန်မှာတော့ သေရေးရှင်ရေး ကယ်တင်လိုသူတွေ အားလုံး အတိတ်မေ့သလိုလို၊ ရွှေပျောက်သလိုလို ဖြစ်ကုန်ကြပါတော့တယ်။

မြန်မာပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဧရာဝတီချစ်သူများက ဧရာဝတီကို အမှန်တကယ်ချစ်သူများရဲ့ လက်မှတ် တစ်သန်းကျော် ကောက်ခံပြီး တရုတ်ကို ပို့ဖို့ ကြိုးစားနေပါတယ်။ အင်တာနက် သုံးစွဲသူများကို လက်မှတ်ရေးထိုးဖို့အတွက် မီးပြတိုက် ဦးစီးပြီး ကြိုးစားနေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း သုံးရက် ကြာချိန်ထိ လက်မှတ် ၂၀၀ တောင် မထိုးကြကြောင်း ကို http://www.mee-pya-tite.com/2011/10/blog-post.html မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဧရာဝတီကို ချစ်လှပါပြီဆိုတဲ့လူတွေ ဘယ်တွေများရောက်ကုန်ပါလိမ့်ဆိုတာ စဉ်းစားစရာပါပဲ။ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ရေးတွေ၊ ပိုစ့်တင်တာတွေ၊ အီးမေးနဲ့ ဝါဒဖြန့်တာတွေကိုတော့ လုပ်နေကြပြီး တရုတ်အစိုးရနဲ့ CPI ကို တိုက်ရိုက်ပို့မယ့် အချိန်ကျတော့ လက်မှတ် တစ်ခုတောင် မထိုးနိုင်ကြတာ အင်မတန်မှကို အံ့သြောစရာကောင်းပါတယ်။ (ဒေါ်စုလေသံဖြင့်)

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် အင်တာနက်သုံးပြီး ဧရာဝတီကိုချစ်သူ၊ အမျိုးသားရေးအတွက် ကြိုးစားသူ၊ နိုင်ငံနဲ့လူမျိုးအတွက် facebook သုံး၊ ဘလော့ရေးပြီး ဝါဒဖြန့်သူတွေရဲ့ သရုပ်မှန်ကို ပေါ်လွင်ထင်ရှားစေတယ်လို့ ထင်ပါတယ်။ သူတို့တွေပြောတဲ့ နိုင်ငံတော်ကို ချစ်တယ်၊ ဧရာဝတီကိုချစ်တယ် ဆိုတဲ့ စကားတွေနဲ့ လူထုအတွက် အလုပ်လုပ်တယ် ဆိုတဲ့ စကားတွေက သံသဖြစ်စရာပါပဲ။

ဧရာဝတီမြစ်ပေါ်က မြစ်ဆုံစီမံကိန်းကို ယာယီရပ်နားလိုက်တဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရအဖွဲ့ကို ပြည်သူတစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ကြိုဆိုမှုတွေရှိခဲ့ပါတယ်။ အချို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးအစ၊ ဧရာဝတီက လို့တောင် ကင်မွန်းတပ်ခဲ့ကြပါတယ်။ နောက်ထပ် ကင်မွန်းတပ်လို့ ရတာ ရှိပါသေးတယ်။ မြစ်ဆုံစီမံကိန်းမရပ်လျှင် ချက်ချင်းသေတော့မလို၊ မြန်မာနိုင်ငံကြီး ပျက်တော့မလို စိုးရိမ်ကြောင်း အကျိုးမရှိ ထိုင်ပြောနေကြပြီး၊ လက်တွေ့အကျိုးရှိဖို့ လက်မှတ် ကောက်ခံချိန်မှာတော့ လက်မှတ်ထိုးသူ ၂၀၀ တောင်မပြည့် ခြင်းကြောင့် "အင်တာနက်ပေါ်မှ နိုင်ငံ ချစ်သူများရဲ့ သရုပ်မှန်ဘဝ ဧရာဝတီက" လို့ ပြောလို့ရပါတယ်။ ဧရာဝတီကို အမှန်တကယ် ကယ်တင်လိုစိတ်မရှိပဲ ဧရာဝတီနာမည်နဲ့ ခေါင်းစဉ်တပ် လုပ်စားနေကြသူတွေကို ဧရာဝတီက ခွင့်လွှတ်မှာ မဟုတ်သလို၊ ဧရာဝတီကလည်း စိတ်ကောင်းမှာမဟုတ်ပါဘူး။

အရင်တုန်းက ချွေးသိပ်ပြီး မငိုပါနဲ့ ဧရာဝတီ လို့ သူတို့တွေ ပြောခဲ့ချိန်မှာ မငိုရပဲ ၊ ချွေးသိပ်သလိုလိုနဲ့ လုပ်စားသွားတာသိရင် ဧရာဝတီလည်း ခြုံးပွဲချ ငိုကြွေးနေမှာ သေချာပါတယ်။ ဧရာဝတီကို သက်သေထားပြီး အင်တာနက်ပေါ်ကနေ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ စကားသံတွေကို နားမယောင်စေဖို့ မြန်မာလူထု ကို အလေးအနက် သတိပေး လိုပါတယ်။ မီးပြတိုက် ရဲ့ လက်မှတ်ကောက်ခံမှု က တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
မူရင်းလင့်


မြစ်ဆုံအတွက် လက်မှတ်ရေးထိုးခြင်း (Petition for Irrawaddy Myitsone Dam project)

အင်တာနက် သုံးစွဲသူ မြန်မာပြည်သူလူထု တရပ်လုံးထံမှ သဘောထားလက်မှတ် များကို ကောက်ခံကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၊ CPI ကုမ္ပဏီ နှင့် တရုတ် ပြည်သူတို့ထံသို့ ပေးပို့မည် ဖြစ်သည်။ ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ယာယီရပ်နားရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် သို့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး၏ သဝဏ်လွှာကို အဖွဲ့အစည်း အသီးသီးမှ မြန်မာပြည်သူအားလုံးက ကြိုဆိုခဲ့ကြပြီး၊ ကမ္ဘာမှလည်း ကြိုဆိုမှုများ ရှိခဲ့သည်။ China Power Investment Corporation (CPI) ဥက္ကဋ္ဌ Mr. Lu Qizhou က မြစ်ဆုံဆည် စီမံကိန်း မှ အန္တရာယ် မရှိနိုင်ကြောင်းနှင့် အကျိုးအမြတ်များသာ ရရှိစေကြာင်း ကို တွေ့ဆုံမေးမြန်းချိန်များတွင် ပြောဆိုခဲ့သည့်အပြင် ရပ်ဆိုင်းမှုအပေါ် နားမလည်ကြောင်းလည်း ပြောကြားခဲ့သည်။ ဟောင်ကောင် Phoenix Satellite Television Holdings Limited (ifeng) ရဲ Phoenix Tv (凤凰卫视) သတင်းဌာနမှလည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းအား ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း စွပ်စွဲမှုများ နှင့် ချိန်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ သို့ဖြစ်ပါ၍ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုမှာ မြန်မာပြည်သူလူထုတရပ်လုံး၏ သဘောထား ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ သဘောထားသည် မြန်မာပြည်သူ အားလုံး၏ သဘောထား အစစ်အမှန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် သမ္မတကြီး၏ မြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်း ရပ်နားခြင်းကို မြန်မာပြည်သူအားလုံးက အပြည့်အဝ ထောက်ခံကြောင်း နှင့် မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကို ကန့်ကွက်ကြောင်းအား ကျွန်ုပ်တို့မှ စာရင်းပေးသွင်းကာ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပါသည်။ This petition is for Myitsone Dam project from all Myanmar internet users to Republic of China, CPI company via Chinese embassy. The statement of Our president U Thein Sein, to halt the project in his term, was send to Parliament on September 30 th and was appreciated by the whole nations, all organizations and other countries. Mr.Lu Qizhou , the president of CPI , said that project cannot cause major hazards as flood and earthquake. However he said that there would be some impacts on the environment and he cannot guarantee to the damages . Then Phoenix Tv (凤凰卫视) of Hong Kong-based Phoenix Satellite Television Holdings Limited (ifeng) made an accusation and threatening aganist the decision of Our persident saying that decision of suspending that project is not because of People's desire but because of other reasons. So,this petition is to confirm that the decision to halt Irrawaddy Myitsone Dam project is the desire of the whole nation, we heartily support the decision of Our president to suspend that project and we do oppose building Dam project at Irrawaddy Myitsone by signing this petition.
* Required





0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий