ငဘ ပြောရင်နည်းနည်းလွန်  များလွန်မလားမသိဘူးနော်။မပြောလို့ ကလည်းမနေ နိုင်ဘူးဗျ။ဘရီးဘရား  ပြောတာကို လက်မခံနိုင်တာပါ။နည်းနည်း  လေးလုံးထွားနေသလားလို့ ။
(၁)။            ထောင်ကထွက်ရင် မပျော်ဘူးတဲ့ ။ရှေးလူကြီးတွေပြောတာ  ဒါဆိုရင်  စောက်ပေါစကားတွေဆိုတာ  ကိုဇာဂနာပြောမှ ကျနော်  တော်တော်လေး  အသိဥာဏ်   နည်းသေးတာပဲဆိုတာသိသွားပြီ။ရှေးလူကြီးတွေ  ပြောကျတယ်လေ။ထောင်ထွက်တာကလည်း  ပျော်စရာအ
ကောင်းဆုံး  အချိန်ထဲက  ကာလတခုပါတဲ့။သွားပြီ။  ကိုဇာဂနာပြောမှ  ရှေးထုံးစကားက   ၂၁  ရာစုမှာ မြောင်းထဲေ၇ာက်သွားပြီ။
(၂)။                 ။ ဘုန်းကြီးဆွမ်းကပ်လို့  ဆိုတဲ့   စကားနောက်မှ  တကယ်ဆို ကိုဇာဂနာ  ခင်ဗျာကိုယ်ကိုယ်ကိုလိပ်ပြာလုံရဲ့ လားဆိုတာ ခင်ဗျာကိုယ်တိုင်ပဲသိမှာပါ  ။  ဆွမ်းကပ်တာမှန်ပေမဲ့   ခင်ဗျာဆွမ်းကပ်ခဲ့ တာက  မီးလောင်ဖို့  အောက်ဆီဂျင်ပေးနေတဲ့ အချိန်ဆိုတာကို  ခင်ဗျာပြောဖို့ မေ့ သွား
သလားဆိုတာ ထောက်ပါရစေ။ဆွမ်းလောင်လို့ ဖမ်းတာဆိုရင် မွတ်စလင်လုပ်မယ်လို့ ပြောခဲ့ တဲ့  ခင်ဗျားက ကျနော်  မိရိုးဖလာ   ဗုဒ္ဓဘာသာ  ဘာသာပါလို့ ပြောလိုက်တာနဲ့  အတူတူပဲမို့   ဘုရားကျောင်းကန်မှာများတွေ့ ခဲ့ ရင်  မြင်သူမရှက်ယိုသူရှက်ရမဲ့ အဖြစ်ဆိုတာ  ငဘဆိုတဲ့ ကျနော်  ရဲရဲ ပြောရဲတယ်။
(၃)။  ထောင်သားတွေအားလုံးကိုလွတ်ပေးစေချင်ရအောင် မြန်မာနိုင်ငံက တရားဥပဒေမဲ့ နိုင်ငံတခုမှမဟုတ်တာ။ယုတ်စွအဆုံးတောင်သာကတွေ၊မြင်းခြံကတွေနဲ့   ပေါက်ဖော်တွေ  အားလုံးကို ညွန်းနေမဲ့  အစား  ခင်ဗျာပြောလိုက်တဲ့   အားလုံးကို လွတ်စေချင်တယ်ဆိုတဲ့ စကားက
ဘောင်ကျော်နေတယ်ဗျ  တနည်းအားဖြင့် ဆိုရင်  မြန်မာနိုင်ငံမှာ ထောင်ဆိုတာ  မလိုအပ်ဘူးလို့  ခင်ဗျား သွယ်ဝိုက်ပြောနေသလို ဖြစ်မနေဘူးလား။
(၄)။              နောက်တချက်ကတော့ ။ဒေါ်အောင်ဆန်းစုကြည်လွတ်လာတော့   ဘာပြောလဲဆိုရင်  အရင်ဆုံးဘာလုပ်မလဲလို့ မေးတော့   ဆိုရှယ်နက်ဝေါ့   သုံးမယ်ဆိုပဲ။ပြီးတော့   အလုပ်မအားလို့ မသူံးနိုင်ပါဘူးဆိုပြီး လေပြန်လျော့ သွား၇ှာတယ်။ပြီးတော့  ဘောလုံးပွဲသွားကြည့် တယ် ။မဟုတ်ဘူးလား။
ငဘပြောတာနည်းနည်းလွန်လား။ရတယ် မမှန်ဘူးလို့ ငြင်းနိုင်ရင် ငြင်းလို့ ရပါတယ်။ခု ခင်ဗျာ က လေယာဉ်ပေါ်ကဆင်းဆင်းချင်း  ပြဇာတ်မကဖို့ သွားတားမယ်ဆိုတော့    ခင်ဗျားကြိုးစားမယ်ဆိုတဲ့   အတိုင်းအတာတခုကိုတော့   ငဘမပြောနဲ့ တော်တော်များများတော့ တွေဝေသွားကျမှာအမှန်ပဲ။နည်းနည်း
အလုပ်ကြီး အကိုင်ကြီးများဖြစ်နေသလားလို့ ပါ။
(၅) အဆိုးဆုံးက  ပြည်သူတွေအစား  လွတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ လွတ်တော်အမတ်တွေကို စော်ကားလိုက်တာပဲ။တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့   အစိုးရကို ကူညီဆောင်ရွက်ပေးတဲ့ လုပ်ငန်း ခင်ဗျာ  ဘာလုပ်ပေးဖူးပြီလဲဆိုတာ  ပြန်တွေးကြည့်ပြီးမှ   အိုင်ကျူလယ်ဘယ်သတ်မှတ်ပြီးစော်ကားလို့ ရချင်ရပါလိမ့် မယ်။တိုင်းပြည် အခက် တွေ့ နေ ချိန်မျိုးမှာပြည်သူသဘောကျအောင်  ဟာသနှောတာတော့  ခင်ဗျာ  မပြောနဲ့ ကျူပ်လည်းလုပ်တက်တယ်  ကို ဇာဂနာ။
(၆)။            (၈၈) တုန်းက  ကျနော်တို့ ဘာလို့ လမ်းပေါ်ထွက်ခဲ့   သလဲ။လိုချင်တာတောင်းဖို့ ပါလို့ ပြောခဲ့ တဲ့  စကားနောက်ကွယ်မှာ  ပေးကမ်းစာတွေကို  ယူခဲ့ ကျတာကိုလည်း  ကိုဇာဂနာမေ့ လျော့ ခဲ့ ဟန်ပါ။တီရှပ်တွေဝေ၊ထမင်းထုပ်တွေဝေ၊မုန့် တွေ ကျွေးနဲ့   တကယ်ဆို စစ်မှန်တဲ့ တောင်းဆိုမှု့ တွေမှာ  ဒါတွေကင်းဖို့ ကိုလည်း  ဘာလို့ များ  မထောက်ပြခဲ့ တာလဲ။လမ်းပေါ်မှာ  ငါကွဆိုတဲ့ အတွေးမျိုးနဲ့   လျောက်ခဲ့ ကျတဲ့ သူတွေ၊ဘုမသိဘမသိသူတွေပါခဲ့ တာကိုလည်း  ကိုဇာဂနာ  မပြောခဲ့ ပါဘူး။ငဘ ရွီးနေတာမဟုတ်ပါဘူး။ဆရာအောင်သင်းပြောတာ ပါ။လမ်းပေါ်လျောက် ဆန္ဒပြတော့   ဆရာအောင်သင်း  (၆)တန်းပဲရှိပါသေးတယ်။မြန်မာနိုင်ငံမှာ (၆)တန်းနဲ့  ဒီမိုကရေစီအကြောင်းနားလည် ရင်  ငဘကို ပါးလာရိုက်လှည့် ။နိုင်ငံရေးကို လုပ်ချင်ရင်သမိုင်းနဲ့  ဥပဒေကို ထမင်းစားရေသောက်လုပ်နိုင်မှသာ  နိုင်ငံရေးသမားလို့ ပြောလို့ ရတာပါ။လက်တီးလက်မောင်းတန်းပြီး  လမ်းလျောက်ရုံနဲ့  ယုံကြည်
ချက်နဲ့  နိုင်ငံရေးသမားလို့ ခေါင်းစဉ်တပ်ဖြစ်ရင်   ..................ဟုတ်ကဲ့  တွေးတာကြည့် တော့ ဗျာ။
(၇)။       ရူးချင်တဲ့သူကို  ဗုံတီးပေးတဲ့  အထဲမှာ မီဒီယာလည်းပါပါတယ်။BBC လုပ်ချလိုက်ပုံက  ကမ္ဘာကျော်လို့  ညွှန်းလိုက်တာတော့နည်း  လွန်သွားပြီထင်ပါတယ်။လက်ရှိကာလအခြေအနေအရသာ  ဟော့ ဖြစ်ခဲ့ ကောင်းဖြစ်နိုင်ပေမဲ့    မြန်မာနိုင်ငံကို
တောင် ဥရောပတိုက်သားတွေသိအောင်  မနည်းရှင်းပြနေရတာ  ။မြန်မာနိုင်ငံထဲက   လူရွှင်တော်တယောက်ကို   BBC မွမ်းလိုက်ပုံက  မက  က ချင်အောင်များ လုပ်ပေးနေရော့ သလားဆိုတာ   BBC သာ  အသိဆုံးနေမှာပါ။
(၈)၊         ABSDF   အဖွဲ့ ဝင်နဲ့ ဗျူးထားတာလေးလည်း ဖတ်ကြည့် ပါဦးဗျာ။  လူသတ်မှု့ ၊လက်နက်ငယ်မှု့ ၊မတရားအသင်း ဆက်သွယ်မှု့ တွေကြောင်းသူဖမ်းခံရတာပါ။လူသတ်မှု့ နဲ့ တင်  တကျွန်းချလို့ ရပါတယ်။အမှားဆိုတဲ့  စကားလုံးကို  ကာကွယ်ပေးဖို့ ရှေ့ နေ ဆိုတာ  မြန်မာနိုင်ငံမှာရှိသေးတယ်ဆိုတာကိုအောင်ကျော်စိုး  လစ်လျူရှု့ မိဟန်တူပါတယ်။သေဒဏ်ကနေ  တကျွန်း ၊။တကျွန်းကနေပြန်လွှတ်ပေးတာကိုကမှ အားမနာ  ကိုယ်ဘက်ကကြည့် တော့ လက်ဖ၀ါးတွေ၊သူ့ဘက်ကကြည့် တော့ လက်ဖမိုးတွေ လုပ်ပြနေတော့  နည်းနည်းတော့  မသတီလာတော့ဘူးဗျာ။
(၉)        ဟုတ်ကဲ့  ။BBC   ကတော့   ကိုဇာဂနာကြီးကို    ကမ္ဘာကျော်  မြန် မာ့ လရွှင်တော်   လို့ သုံးနှုန်းသွားပုံထောက်ရင် .......
                                                                                                                                       ငဘ
                                               နဂိုရပြီးသားလျော့ ရက်တွေပါ
                                     လျော့ ရက်မပါဘူးဆိုပြီး  ဗျောင်လိမ် ဗျောင်စား
                                       မြန်မာပြည် မှာထောင်မလိုဟု သွယ်ဝိုက်ပြောလိုက်သောကိုဇာဂနာ
                               ထောင်ကထွက်ရင်မပျော်ဘူးဆိုပြီး  ရှေးစကားကို ၂၁ ရာစုမှာ ပယ်ရှားလိုက်တဲ့               ကိုဇာဂနာ
                       BBC မှ   ချီးမွှမ်းသွားသော   ကမ္ဘာကျော်  မြန်မာ့ လရွှင်တော်  ဇာဂနာ
ပုံများကို မမြင်ပါက  ကလစ်နှိပ်ပြီးကြည့် ပါ။
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий