အောက်တိုဘာ(၅)ရက်နေ့ ဒီနေ့မနက် (၂)နာရီလောက်က မိုးကောင်းမြို့ ၊ နမ္မတီးရွာနှင့် မရမ်းရွာကြား ရထားလမ်းပေါ်မှာ ဗုံး (၂) လုံး စတင်ပေါက်ကွဲခဲ့ပြီး မနက်(၄) နာရီလောက်မှာလည်းနောက်ထပ် မိုင်းတစ်လုံးထပ်မံ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မိုးကောင်း- ထိုမူးဘူတာကြားမှာလည်း မနက်(၄)နာရီခွဲလောက်က ဗုံး(၆)လုံးတွေ့ရှိခဲ့ပြီး ဗုံး(၅)လုံးမှမပေါက်ကွဲသေးဘဲ (၁)လုံးမှာ ပြင်းပြင်းထန်ထန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရထားလမ်းမှာတော်တော်လေး ပျက်စီးသွားခဲ့ပြီး ခရီးသည်များစီးနင်းလာသည့် ( မန္တလေး-မြစ်ကြီးနား )ရထားသည် ဆက်လက်မမောင်းနိုင်တော့ဘဲ နမ္မတီးဘူတာမှာဘဲ ရပ်ထားပြီး ခရီးသည်တွေလည်း စောင့်ဆိုင်းနေရတယ်လို့ မိုးကောင်းမြို့က ဦးဂန်နော်မိုက်ဆက်သွယ် အကြောင်းကြား လာပါတယ်။
“ ပြီးခဲ့တဲ့ ဇွန်လလောက်တုန်းကလည်း ယခုပေါက်ကွဲသည့် မိုးကောင်းနှင့် နမ္မတီးကြား မိုင်တိုင် ၆၉၁ မှာ ကေအိုင်အေက ဗုံးဖေါက်ခွဲ ဖျက်စီးခဲ့လို့ ရထားလမ်းတွေပျက်စီးခဲ့တာကြောင့် ပြင်ထားတာ မကြာသေးပါဘူး အခုလည်းထပ်လုပ်တာပါ ဒီလိုမျိုးလုပ်နေတော့ ကျွန်တော်တို့လည်းခဏခဏ ပြင်ရတယ် ခရီးသွားတွေလည်း ကြောက်လန့်နေကြရတယ်” လို့ မီးရထားဝန်ထမ်းတစ်ဦးမှ KDN ကိုပြောပြခဲ့ပါတယ်။
ကချင်နေစဉ်သတင်း

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий