သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်ကနေ သူများထက်စောပြီး လွတ်လာတဲ့ လူပျက်ဇာဂနာ တစ်ယောက်ဟာ SSA ကဗိုလ်ချုပ်ဆေထင်လို လွတ်လွတ်ချင်း ကျန်းမာရေး ဆေးစစ်ချက် ခံယူသင့်ပါတယ်။ ဇာဂနာအနေနဲ့ ဆေးစစ်သင့်တာကတော့ သူရဲ့ စိတ်ရောဂါ ကျန်းမာရေးကိုပါပဲ။ ဘာလို့လဲ ဆိုတော့ ထောင်ကထွက်လာလာချင်း သူ့ကိုလွှတ်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကို ကျေးဇူးတင် စကားမပြောဘဲ အဖွဲ့အစည်းပေါင်းစုံက မေးသမျှ ဟာတွေကို စိတ်လွတ်ကိုယ်လွတ် ပေါက်ကရ လျှောက်ပြောခဲ့လို့ပါပဲ။

အောက်က မေးခွန်းလေးတွေနဲ့ ပုံတွေကို ကြည့်ကြည့်ရင် ရှေ့နောက် အပြောမညီစွာနဲ့ စိတ်လွတ် ကိုယ်လွတ်ဖြစ်နေတဲ့ ဇာဂနာရဲ့ စိတ်အခြေအနေကို သိရှိနိုင်ပါလိမ့်မယ်။
 

၁။မြန်မာပြည်ပြောင်းလဲနေပြီဆိုတဲ့ မေးခွန်းကို "မယုံဘူး" ဖြေလိုက်၊"ယုံကြည်ပါတယ်" လို့ဖြေလိုက်နဲ့ အမျိုးမျိုး ဖြေနေတဲ့ ဇာဂနာက စိတ်ပုံမှန်မဟုတ်တော့လို့ ဒီလို အမျိုးမျိုးပြောနေတာလား။


၂။ပြည်ပရောက်ဖူးတဲ့ သီးနှစ်သီးနဲ့ ဂေါ်ဇီလာတို့က ပြည်ပကအတိုက်အခံ အဖွဲ့အစည်းတွေ မကောင်းကြောင်း ကိုယ်တွေ့ကြုံလာရလို့ ပြောဆို ဝေဖန်တာကို ပြည်ပကို လုံးဝမရောက်ဖူးတဲ့ ဇာဂနာက ပြည်ပကအတိုက်အခံတွေ ကောင်း၊မကောင်းကို ကိုယ်တွေ့ကြုံလာရတဲ့ ဂေါ်ဇီလာတို့ထက် ဘယ်လိုလုပ်ပိုပြီး သိနေတာလဲ။ အကြားအမြင်ရတာလား။ စိတ်ပုံမှန်မဟုတ်လို့ လျှောက်ပြောတာလား။


၃။ထောင်ကထွက်လာလာချင်း Facebook သုံးတဲ့ဇာဂနာက သူပြောခဲ့သလို မသုံးဖူးလို့ သုံးတာလား၊ ဒေါ်အောင်ဆန်းစုကြည် လို အကျယ်ချုပ်က လွတ်လာလာချင်း ပေါ်ပြူလာဖြစ်အောင် Social Network ကို သုံးမယ်ဆိုပြီး သုံးတာလား။ ဒါမှမဟုတ် တခြားအတိုက်အခံတွေလို အစိုးရမကောင်းကြောင်း Facebook ကနေ ကီးဘုတ်ပွဲဝင်မလို့လား။


၎။ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ဒီနှစ်မကုန်လွတ်အောင်လုပ်ပေးမယ်လို့ ပြောရအောင် ဇာဂနာက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ နိုင်ငံတော်သမ္မတလား။ ဒါမှမဟုတ် သမ္မတရူးရူးနေလို့ မိမိကိုယ်ကို သမ္မတထင်ပြီး ဒီလိုပြောတာလား။

အထက်ပါပုံတွေထဲက စကားတွေကတော့ ဇာဂနာ ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တာတွေပါပဲ။ သူပြောခဲ့တာတွေဟာ ရှေ့နောက်ညီမညီ၊ ကျိုးကြောင်းဆီလျော်မှုရှိမရှိ ကိုတော့ အသိဉာဏ်ရှိတဲ့ ရွှေမြန်မာများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ စဉ်းစားစေချင်ပါတယ်။ ရွှေမြန်မာကတော့ ဇာဂနာ ပြောခဲ့တာတွေဟာ ရှေ့နောက်မညီ တလွဲတွေဖြစ်နေတယ်လို့  ယူဆလို့ အထက်ပါမေးခွန်းတွေနဲ့ ဇာဂနာကို ရွှေမြန်မာက မေးလိုက်ရပါတယ်။
 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий