မြန်မာနိုင်ငံကို စကားလုံးတွေ စာလုံးတွေနဲ့ချစ်တဲ့သူတွေတော့ တော်တော်ပေါတယ်ဗျ။ဆိုဒ်တွေထဲမှာ ဝင်လိုက်ရင်သူတို့လောက် မြန်မာနိုင်ငံကို ချစ်တဲ့သူတွေရှိမှာမဟုတ်တော့ဘူး။ကောင်းစားစေချင်လိုက်တာလာသူတို့အပြင်နှစ်ယောက်မရှိပါဘူး။ဒါပေမဲ့ စိတ်ထဲက တကယ်ပါလို့ပြောတာလား ? ညာစားကောင်းရုံ တက်အော်နေတာလား ? ဆိုတာတော့ သူတို့ကိုယ်တိုင်တောင် အခုတော့ ရေရေရာရာ သိပုံမပေါ်တော့ပါဘူး၊၊
 
       နိုင်ငံကိုချစ်တဲ့သူတို့တွေကတော့ နိုင်ငံထဲမှာမနေကြပါဘူး။နိုင်ငံမှာ ဟိုဟာဖြစ်ပြန်ပြီ၊ဒီဟာဖြစ်ပြန်ပြီ နဲ့ စကားလုံးနဲ့ပဲအလုပ်လုပ်နေကြတာပါ။သူများနိုင်ငံတွေ အကြောင်းကို အကောင်းပြော အမွှန်းတင်ပြီး  ကိုချစ်တဲ့နိုင်ငံ အကြောင်းကိုတော့  မဟုတ်တန်းတရားသတင်းတွေနဲ့ အပုပ်ချနေကြတာကို နိုင်ငံချစ်တယ်လို့ ခေါ်ရမလားပဲ။သူတို့ချစ်လှပါပြီဆိုတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းကြီးပေါ့။မရပ်ရင်လဲ လဲသေရပါတော့မလိုလိုနဲ့ တစ်ကယ်တမ်းလက်မှတ်ကောက်တော့ သုံးရက်ပေါင်းအယောက် ၂၀၀  တောင်မပြည့်ပါ့လား။ပါးစပ်နဲ့ချစ်ကြတာပါ ။သူတို့အကောင်းပြောပြောနေတဲ့
 နိုင်ငံတွေ ဒီမိုကရေစီဘိုးအေ တို့ အင်အားကြီးနိုင်ငံ တို့ဆိုတာကဖြင့် ကြည့်လိုက်ရင် လူထုဆူပူလို့ ဆန္ဒပြလို့ငရုပ်ကောင်းရည်နဲ့ပက်လိုက်ပြန်ပြီ ရဲကပြည်သူကိုသေနတ်နဲ့ပစ်လိုက်ပြန်ပါပြီ ဆိုတဲ့သတင်းတွေမကြားချင်မှ အဆုံးပါပဲ။
      ဒါကျတော့ ရေငုံနှုတ်ပိတ်နေကြပါတယ်။မြန်မာနိုင်ငံမှာကျတော့ ဘာပဲဖြစ်ဖြစ်အစိုးရ မကောင်းလို့ပါ။လမ်းမှာခွေးချင်းခွေးချင်းကိုက်လဲ အစိုးရအုပ်ချုပ်တာမကောင်းလို့ ၊ အိမ်မှာဟင်းချက်လို့ ဆီပူလောင်ရင်တောင် အစိုးရကြောင့်ပါ။စကားပုံတခုရှိပါတယ်  မပြီးခင် ဗမာမမြင်စေနဲ့  တဲ့ ။ပြောချင်တာက မတရားဝေဖန် ထင်ရာမြင်ရာတွေပြောတတ်လွန်းလို့ပါ။ဒါပေမဲ့ အဲဒီစကားပုံထဲက အပြောခံရတဲ့သူတွေကတော့ ပြီးသွားတဲ့အချိန်မှာ ဘာမှပြောမှာမဟုတ်တော့ပါဘူး။
    ဒါပေမဲ့ ကျွန်တော်တို့ရဲ့   ပြည်ပနေထိုင်သူ နိုင်ငံအရမ်းချစ်တဲ့သူတွေကတော့ မပြီးခင်လဲ ပြောမှာပဲ ၊ ပြီးသွားလဲ ပြောဦးမှာပါ။သူများ ၈၈ ဆိုလိုက်ပြီး ၈၈ လို့အော်ပါတယ်။မင်းကိုနိုင်လို့ပြောရင် လိုက်ပြောပါတယ်။ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်မရှိကြတဲ့သူများပါ။အဲဒီလိုအော်နေတဲ့သူတွေထဲမှာ ၈၈ ကိုမှီတဲ့သူ ဘယ်နှစ်ယောက်ပါလဲ ? မင်းကိုနိုင်ကိုသိခဲ့တဲ့သူ ဘယ်နှစ်ယောက်ပါလဲ ? ၈၈ တုန်းက ဘာတွေများလုပ်ခဲ့လဲ ? မင်းကိုနိုင်က ဘာတွေလုပ်ခဲ့တာလဲ ? တိတိကျကျသိပါတယ်ဆိုတဲ့သူပြောဗျာ ၁၀၀ မှာ လက်ငါးချောင်းပြည့်အောင်မရှိပါဘူး။
   နောက်ပြီး ၈၈ မှာလမ်းပေါ်ထွက်ပြီး ဒို့အရေး ၊ ဒို့အရေး ဆိုပြီး အော်တာကို နိုင်ငံရေးလုပ်တယ်လို့ တယ်လာမပြောနဲ့ပေါ့။မင်းကိုနိုင်ဆိုတဲ့သူကတော့ ဆန္ဒပြတယ်ဆိုပြီး အလုပ်မရှိလို့ ထိုင်နေတဲ့ ဆိုက်ကားသမားတွေနဲ့ အထမ်းသမားတွေကို ထမင်းထုတ်တစ်ယောက်တစ်ထုတ်ဆီပေး၊ ပိုက်ဆံ ၁၅၀ ဆီ ပေးပြီး ခေါ်လာ ခေါင်းဆောင်ပြီး ဓာတ်တိုင်တွေ ဖျက်ဆီး၊ မီးပွိုင့်တွေ ရိုက်ခွဲ၊ ဂိုဒေါင်တွေ မီးရှို့ တွေပါ  လုပ်ပါတယ်။အဲတော့ သူရဲ့ ဆန္ဒအမှန်က အဲဒါတွေကိုပျက်စီးစေချင်တာပေါ့နော်။
       အဲတော့ ၈၈ ဆိုတာဘာမှန်းလဲမသိ ၊ မင်းကိုနိုင်ဆိုတာ ဘယ်လိုလူမှန်းမသိပဲ နဲ့သူများအော်လို့ လိုက်အော်နေတဲ့သူတို့ကို မြင်ရင်ကျွန်တော်တော့ ဟိုတစ်လောစာပေဟောပြောပွဲက ပြောသွားတဲ့ဥပမာလေးကို သွားသွားသတိရတယ်ဗျ။
       အခန်းနှစ်ခန်းရှိတယ်ဗျာ။ ဒီဘက်အခန်းမှာ မျောက်ငါးကောင် ထည့်ထားတယ်။ နောက်တခန်းမှာ မျောက်တစ်ကောင်ပဲရှိတယ် ။ နှစ်ခန်းလုံးရဲ့ အလယ်မှာ ငှက်ပျောသီးချိတ်ထားတယ်ပေါ့ဗျာ။အဲဒီကိုခုံပေါ်ကတက်ခုန်ရင်မှီတယ်ပေါ့။တစ်ကောင်ထဲရှိတဲ့ မျောက်ကတော့ ပြသနာမရှိဘူးလေ သူ့ဘာသာခုန်ယူပြီးစားလိုက်တယ်။ဒီဘက်မှကျတော့ မျောက်ကငါးကောင်လေ။အဲဒီတော့ အရင်ဆုံးခုန်ယူနိုင်တဲ့ကောင်ရတာပေါ့ ။အဲလိုတစ်ကောင်ကခုန်ပြီးလဲယူလိုက်ရော ကျန်တဲ့အကောင်တွေကို ရေနဲ့ပက်လိုက်တယ်ဗျာ။အဲတော့အောက်ကမျောက်တွေက ဟိုကောင်အဲဒီငှက်ပျောသီးကို ခုန်ယူလို့ငါတို့ ရေနဲ့အပက်ခံရတယ်ဆိုပြီး ဝိုင်းပြီးသမဲတယ်ဗျာ။အဲဒါနဲ့ အဲဒီမျောက်ငါးကောင်အခန်းထဲက ဝိုင်းပြီးသမဲတဲ့ လေးကောင်ထဲက တစ်ကောင်ကို အပြင်ထုတ် အစက တစ်ကောင်ထဲနေရတဲ့အကောင်းပေါင်းထည့် ငှက်ပျောသီး အသစ်ထပ်ချိတ်ပေးလိုက်တယ်။နောက်မှရောက်တဲ့အကောင်ကမသိဘူးလေ ဟိုဟက်အခန်းကလိုမှတ်လို့ ခုန်ယူမယ်လုပ်တာပေါ့။အဲဒီတော့ကျန်တဲ့ အကောင်တွေကဝိုင်းသမ သူလဲမယူရဲတော့ဘူးပေါ့ ။အဲဒါနဲ့ ပထမဆုံးသမဲလိုက်တဲ့ မျောက်တွေထဲကကျန်တဲ့သုံးကောင်ပေါ့ဗျာ အဲဒီထဲက တစ်ကောင်ထပ်ထုတ် မျောက်အသစ်တစ်ကောင် ထပ်ထည့် စောစောကအတိုင်းပဲဖြစ်။နောက်ဆုံးတော့ဗျာ ပထမဆုံး သမဲလိုက်တဲ့ မျောက်လေးကောင်မရှိတော့သလို သမဲခံရတဲ့ မျောက်လဲမရှိတော့ပါဘူး။ဒါပေမဲ့အခန်းထဲမှာလက်ရှိရှိနေတဲ့ မျောက်ငါးကောင်ကတော့ တစ်ကောင်က သာခုန်ပြီး ငှက်ပျောသီးကို ယူမယ်ဆိုရင် ဝိုင်းသမဲပါတယ်။ဘာလို့လဲ ဆိုတာကို တစ်ကောင်မှမသိပါဘူး။
        အဲလိုပါပဲ အခုလဲ " ၈၈ ၊ ၈၈  " " မင်းကိုနိုင် ၊ မင်းကိုနိုင် " လို့အော်နေတဲ့သူလဲ ဘာမှမသိပဲနဲ့ သူများအော်လို့အော်နေတာဆိုတော့ကာ  ဘာနဲ့တူသလဲဆိုတော့ စေ့စေ့တွေးရင် ရေးရေးတော့ပေါ် လာပါလိမ့်မယ်ခင်ဗျာ။

                                                                                                                                                                   သူရိယကိုကို 
 20.10.2011
    ဘုရားစူး  ကျနော် လမ်းပေါ်လေးပဲ ထွက်လျှောက်ခဲ့ တာပါ။
ကျနော်ဘ၀ကို မသနားတော့ ဘူးလားဗျာ။
မယုံမရှိနဲ့  ထောင်ကျရင်  မြန်မာနိုင်ငံမှာတော့  သူရဲ ကောင်းပဲ။


0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий