မီဒီယာကျင့်ဝတ်ဟူသည် သတင်းဌာနတိုင်း၊ မီဒီယာတိုင်း မဖြစ်မနေလိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်ဖြစ်ပေသည်။ မီဒီယာ ကျင့်ဝတ်နှင့် မညီသော သတင်းဌာနသည် မည်သို့မျှ တရားမျှတသော၊ အဂတိ တရားရှင်းသော၊ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိသော စတုတ္ထမဏ္ဍိုင် သတင်းဌာန တစ်ခု ဖြစ်လာမည် မဟုတ်ပေ။ တလောက 7 DAY NEWS ဂျာနယ်မှ "သုံးပေခွဲကျော်ရှိသည့် တောက်တဲ့ တစ်ကောင် ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် ၀ယ်ယူ" ဆိုသည့် သတင်းအား ဖော်ပြခေါ်ရာ လူအများကြား မယုံကြည်မှု၊ အံ့အားသင့်မှု၊ ဖြစ်နိုင် မဖြစ်နိုင် ဆိုသော အငြင်းအခုန် စကားများ ဖြစ်ပွားခဲ့သည်။ 7 DAY အပေါ်လည်း စာဖတ်ပရိသတ်၏ ဝေဖန်မှုများ အများအပြား ထွက်ပေါ်ခဲ့သည်။ 

ထိုတောက်တဲ့သတင်းကြောင့် စာဖတ်ပရိသတ်၏ ဝေဖန်မှုအများအပြားနှင့် ရင်ဆိုင်ခဲ့ရသော 7 DAY သည် မိမိ၏ သတင်းမှန်ကန်မှု ရှိမရှိအပေါ် ပြန်လည်ဆန်းစစ်ခဲ့သည်။ သုံးသပ်ခဲ့သည်။ ပရိသတ်၏ ဝေဖန်မှု တောင်းဆိုမှု များကို အလေးထားခဲ့သည်။ ထို့သို့ ပြန်လည်ဆန်းစစ်ပြီးနောက် မိမိသတင်း မှားယွင်း ကြောင်းကို စာဖတ်ပရိသတ်အား တောက်တဲ့ရှင်းတမ်း ဟူသော ခေါင်းစဉ်ဖြင့် ပြန်လည် တောင်းပန်ခဲ့သည်။ မီဒီယာ ဆိုသည်မှာ မှားတာလည်းရှိကောင်း ရှိမည်ဖြစ်သည်။ သို့သော် မိမိ၏ သတင်းအပေါ် မိမိတာဝန်ယူရဲသည့် စိတ်လည်း ရှိကို ရှိရမည် ဖြစ်သည်။ 7 DAY သည် ပြည်သူတွေအပေါ် မမှန်ကန်သော သတင်းကို တင်ပြခဲ့သည်။ သို့သော် မိမိသတင်းအပေါ် မိမိတာဝန်အပြည့်အ၀ယူ၍ သတင်းမှားကြောင်း ပြည်သူလူထုအပေါ် ၀န်ချတောင်းပန်ခဲ့သည်။ အမှားကို အမှားမှန်း သိ၍ တောင်းပန်တတ်သော စိတ်သည် အလွန်ချီးကျူးဖွယ်ကောင်းသည်။

ဒီလို တောင်းပန်ခဲ့ပါတယ်..


သို့သော် ပြည်ပသတင်းဌာနများသည်ကား ထိုသို့မဟုတ်။ မှားတာလည်း ဖော်ပြသည်။ မိမိသတင်း အပေါ် လည်း တာဝန်ယူလိုစိတ်မရှိ။ စာဖတ်ပရိသတ်များကား ဤသတင်းမှားကြောင်း ပြောဆို ဝေဖန်ကြသော် လည်း စာဖတ်ပရိသတ်အပေါ် အလေးမထား။ မိမိသဘောဖြင့် ထင်ရာစိုင်းနေကြသည်။ ထင်ရှားသော သာဓကများကို ပြရမည်ဆိုလျှင် ဘီဘီစီ နှင့် ဧရာဝတီ သတင်းဌာန တို့သည် မိမိသတင်းအပေါ် လုံးဝတာဝန်ယူစိတ် ကင်းသော၊ စာဖတ်သူပြည်သူလူထု၏ ဆန္ဒကို လုံးဝဂရုမစိုက်ဘဲ မိမိလုပ်ချင်ရာ လုပ်နေကြသည့် သတင်းဌာနများ အဖြစ် ပြည်သူများ သိကြပေလိမ့်မည်။ ဘီဘီစီ သတင်းဌာန၏ မြန်မာတိုင်းရင်းသားများ အပေါ် သွေးခွဲသော ရိုဟင်ဂျာ သတင်း လုပ်ကြံဖန်တီး ဖော်ပြမှုကို ပြည်သူများ မည်မျှပင် ဆန့်ကျင်နေပါစေ၊ ဘီဘီစီ အား တောင်းပန်ခိုင်းနေပါစေ ဘီဘီစီသည် တုတ်တုတ်မျှ မလှုပ်။ လူထု အပေါ်မလေးစား။ မှားမှန်းသိသော်လည်း အမှားကို ၀န်မခံခဲ့။ ပြည်သူလူထု၏ ဝေဖန်မှု ကို အလေးမထားခဲ့ပေ။

ရိုဟင်ဂျာလို သတင်းမှားများ ကြောင့်လည်း တောင်းပန်ခြင်းမရှိသည့် ဘီဘီစီ


ထို့အတူ ဧရာဝတီ သတင်းဌာနသည်လည်း မြန်မာပြည်သူလူထု၏ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အပေါ် ရိုင်းပြစွာဖြင့် အောင်ဆန်း ဟု ခေါ်ဆို သုံးနှုန်းခဲ့မှု၊ "We love our kyauk me" facebook group မှ ဓာတ်ပုံများကို ပိုင်ရှင်မသိဘဲ သုံးစွဲ ဖော်ပြခဲ့မှု၊ RFA မှ သတင်းထောက် ဦးစိန်ကျော်လှိုင် မြန်မာပြည် ပြန်ရာတွင် အောင်သပြေစစ်ကြောရေးစခန်းမှ ဖမ်းဆီးထားသည် ဆိုပြီး မဟုတ်မမှန် ဖော်ပြခဲ့မှု၊ နိုင်ငံကျော် အဆိုတော်မေဆွိအား သေဆုံးပြီ ဆိုပြီး ကောလဟာလ တင်ပြခဲ့မှု စသည့် ထင်ရှားသည့် အမှားများအပေါ် ပြည်သူလူထုမှ တောင်းပန်ခိုင်းမှု၊ ဖြေရှင်းခိုင်းမှု တို့အပေါ် နည်းနည်းမျှ အလေးမထားခဲ့။ သတင်းနှင့် သက်ဆိုင်သည့် ကာယကံရှင်တွေကိုပင် မတောင်းပန်ခဲ့သည် အထိ စော်ကားခဲ့ကြသည်။ ထိုအချက်များသည် ပြည်ပ သတင်းဌာနများ၏ အမှားများ၊  မိမိသတင်းအပေါ် တာဝန်ယူ ဖြေရှင်းနိုင်သည့် တာဝန်ယူစိတ်မရှိပုံ၊ မီဒီယာ ကျင့်ဝတ်ကျူးလွန်မှုများအား မြင်သာထင်သာ ရှိစေရန် အနည်းငယ်မျှသာ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုထက်မကသော သတင်းများ အများအပြားပင် ရှိနေသည်။ 

ပိုင်ရှင် ခွင့်ပြုချက်မယူဘဲ ဓာတ်ပုံများ ခိုးယူမှုကြောင့် ဝေဖန်ခံရသော ဧရာဝတီ

ဒီလိုရိုင်းပြစွာ သုံးနှုန်းခဲ့သော်လည်း ပြန်တောင်းပန်ရမှန်းမသိ


7 DAY သည် မိမိ၏ အမှားကို သိခဲ့သည်။ စာဖတ်သူတို့၏ ဝေဖန်စကားများကို အလေးထားခဲ့သည်။ မိမိ၏ သတင်းအပေါ် မိမိတာဝန်အပြည့်ယူခဲ့သည်။ သို့သော် လွတ်လပ်သော မျှတသော ယုံကြည်ရသော ဆိုသော ပြည်ပ သတင်းဌာနများသည်ကား မိမိအမှား မိမိမြင်လည်းဘဲ ဂရုမစိုက်ကြ။ စာဖတ်သူတို့၏ ဝေဖန်စကားအား အလေးမထားကြ။ မိမိသတင်းအပေါ်လည်း တာဝန်ယူစိတ်ကင်းမဲ့ကြသည်။ ထိုသို့သော သတင်းဌာနများအပေါ် မည်သို့သောလူက လွတ်လပ်သော စတုတ္ထမဏ္ဍိုင်၊ မှန်ကန်သော တရားမျှတသော စတုတ္ထမဏ္ဍိုင်များ ဟူ၍ ယုံကြည် အားကိုးလို့ ရမည်နည်း။ ထို့ကြောင့် ပြည်သူအတွက် အကျိုးမရှိ ၊ ပြည်သူ့ဆန္ဒကို အလေးမထား၊ လိမ်ညာသတင်းများဖြင့် ၀ါဒဖြန့် လှုပ်ရှားနေသော ထိုသို့သော သတင်းဌာနများကို ရွှေမြန်မာမှ ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ရပါသည်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий