facebook ပေါ်က လူတော်တော်များများဆီမှာ အထက်ဖော်ပြပါ ပုံမျိုးတွေ အများကြီး ကို တွေ့လိုက်ရတဲ့အချိန်မှာ လွန်စွာပဲ တုန်လှုတ်ချောက်ခြားမိပါတယ်။ စုံစမ်းကြည့်တော့ ဧရာဝတီ သတင်းဘလော့ကနေ ရတယ်လို့ သိရပြန်တယ်။ ဒီနေ့ မျိုးဆက်သစ်တွေ တော်တော်ကြောက်စရာကောင်းပါလား။ သတင်းဌာနတွေနဲ့ အတိုက်အခံတွေကလည်း အစိုးရကို အတိုက်အခံလုပ်ရရင်ပြီးရော ဆိုပြီး လုပ်ချင်တိုင်းကိုလုပ်နေကြတယ်။ သမိုင်းကိုလည်း ထည့်မတွက်ကြဘူး၊ လေးလည်းမလေးစားကြဘူး။ အတိုက်အခံတွေက တကယ်စိတ်ပျက်ဖို့ကောင်းနေပြီ။

အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းမင်းတရား ကြီးတို့ ရုပ်ထုတွေကို အစိုးရက မှတ်တမ်းတင်ထားလို့ အစိုးရလုပ်သမျှ ဆန့်ကျင်မယ် ဆိုတဲ့ စိတ်တွေနဲ့ လုပ်နေသမျှတော့ ဆန့်ကျင်ရေးသမားပဲဖြစ်မယ်။ မီဒီယာသမားလည်း ဖြစ်မလာသလို နိုင်ငံရေးသမားလည်း မဖြစ်လာဘူး။ အဲလိုလူမျိုးတွေကိုလည်း အထင်မကြီးကြနဲ့။

အသက်ငယ်တဲ့လူတွေက လုပ်လို့၊ အသက်ကြီးတွေက တားရကောင်းမှန်းလည်း မသိဘူး။ တစ်ခါတုန်းကလည်း http://nge-naing.blogspot.com/2011/07/blog-post_14.html မှာ အသက် ၄၀ ကျော် အမျိုးသမီးကြီးလုပ်နေပြီး ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာကို သူ့နာမည် တပ်ပြီး ဗေဒါလမ်း လို့ပေးထားတာတွေ့တုန်းက ဝင်ပြောမိသေးတယ်။

ဒီနေ့အတိုက်အခံတွေလုပ်မှပဲ သမိုင်းက သူရဲကောင်းတွေလည်း ကာတွန်းဖြစ်ပြီး နာမည်ကြီး ကဗျာတွေက ဟာသ တွေ ဖြစ်ရတယ်။ တကယ်စိတ်ပျက်တယ်။ သိတဲ့ တတ်တဲ့ လူတွေကလည်း လက်လှမ်းမှီသလောက် ထိန်းကြပါအုံး။

အစိုးရက အာဇာနည်နေ့ကို အရင်လိုခမ်းခမ်းနားနား မကျင်းပရင်တောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတွေကို ပြုပြင်နေတာတွေ တွေ့နေရတယ်။ ဘယ်အစိုးရဘက်တော်သားကမှ ဗိုလ်ချုပ်အောင်ဆန်းပုံကို ကာတွန်းမဆွဲဘူး။ မလှောင်ပြောင်ကြဘူး။ အောင်ဆန်းစုကြည်က ကျန်စစ်သား မင်းကြီးကို လေးစားတယ်ပြောလို့ ဘယ်စစ်ဗိုလ်ကမှ ကျန်စစ်သား ပုံကို ကာတွန်းမဆွဲဘူး၊ မလှောင်ပြောင်ဘူး။ စိတ်ဓာတ်နဲ့ အသိပညာအဆင့်အတန်း ဘယ်လောက်ကွာတယ်ဆိုတာ အဲဒီမှာ သက်သေပြတာပဲ။ အဲဒီလို အတိုက်အခံတွေကို စစ်ဗိုလ်လေးတွေရဲ့ ချီးပဲကျွေးသင့်တယ်။
အစိုး၇ ဘာလုပ်လုပ် အတိုက်အခံလုပ်တာ ဘာမှမပြောပေမယ့်.. သမိုင်းထဲက သူ၇ဲကောင်းတွေ မလှောင်ပြောင်သင့်ဘူးး
၇ုပ်ပြောင်ဖြစ်အောင်တော့ မလုပ်နဲ့...ကိုယ့်အမျိုးကို ကိုချစ်တတ်အောင် သင်ပါ...


ဒေါသဖြင့်
ဒေါက်တာလှိုင်မြင့်

မင်း (၃)ပါးကွ..မလေးစားချင်နေ မလှောင်ပြောင်နဲ့...

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий