ဗိုလ်ချုပ်အောင်ဆန်း ကို အစိုးရ အဆက်ဆက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း လို့ ခေါ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်မြို့သူတွေကလည်း ဒီလိုပဲ ခေါ်ခဲ့သလို တခြား ပြည်သူပြည်သားအားလုံး၊ အစိုးရအဖွဲ့ဝင် အရာရှိများအားလုံးနဲ့ တပ်မတော်သားအားလုံးကပါ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ ဦးအောင်ဆန်း ဆိုပြီးပဲ ခေါ်ဝေါ်ခဲ့ကြတာ ဒီနေ့အထိပါတယ်။ အောင်ဆန်း လို့တော့ ဘယ်သူမှ ခေါ်ခဲ့တာ အရင်တုန်းက မတွေ့ခဲ့ဖူးပါဘူး။ အခုတော့ တွေ့နေရပါပြီ။ အမျိုးသားခေါင်းဆောင် (ခေါ်) လွတ်လပ်ရေးဖခင်ကြီး ကို အောင်ဆန်းလို့ အခုချိန်မှာ ခေါ်ဝေါ်သုံးစွဲကြသူတွေကတော့ အရင် တုန်းက အဖေ၊ အဖေ လို့ခေါ်နေတဲ့ အတိုက်အခံ တွေထဲကပဲ ဖြစ်ပါတယ်။ http://burma.irrawaddy.org/archives/2186 မှာ ကြည့်နိုင်ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူအများက ဧရာဝတီဘလော့ကို အလွန်တင်းမာနေကြပါတယ်။

"နာမည်ယူထားတာက ဧရာဝတီ လုပ်ပုံက မိုက်ရိုင်းလွန်းသည်၊ အောက်ပါသတင်းတင်ပြချက်ခေါင်းစဉ်ကိုကြည့်ပါ အလွန်ကိုဆိုးဝါးလွန်းသည့်အပြင် ပြောရန်ဝေါဟာရပင်မရှိတော့ပါ။ ပြည်ပသတင်းဌာနတွေဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရရှိရေး နှင့် လူ.အခွင့်အရေးများအတွက် မည်ဆို.မည်ပုံလုပ်ဆောင်ပါမည်ဟု အမျိုးမျိုးအဖုံဖုံစည်းရုံးလျက် နည်းပညာ၊စက်ကရိယာများနှင့် ငွေကြေးအထောက်အပံတွေရယူထားပြီး လုပ်ကိုင်နေကြသူတွေပါ။ ပြည်တွင်းမှာ ယုံကြည်ချက်ကြောင့်နှစ်ရှည်ထောင်ဒဏ်တွေကျခံနေသူတွေသာ ကျခံနေကြရ၊ ဘ၀တွေ မိသားစုတွေ ဒုက္ခဖြစ်နေလည်း၊ သူတို.တွေဟာ ပြည်ပမှာ ဟိုနိုင်ငံသွားလိုက် ဒီအစည်းအဝေးတက်လိုက်နဲ့ တိုင်းပြည်ကောင်းစားရေးတို.၊ ဒီမိုကရေစီရေးတို. အသံကောင်းဟစ်နေကြတာပါ၊ အဲဒီအချိန်မှာ
ပြည်ပမီဒီယာသမားတွေ စားသောက်နေထိုင်နိုင်မှုဟာ ပြည်တွင်းက ယုံကြည်ချက်ကြောင့်နိုင်ငံရေးလုပ်နေသူတွေရဲ. ကျေးဇူးတွေပါ၊ ရှင်းရှင်းပြောရရင် ထမင်းရှင်တွေပါ။"
"အခုတော့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို ( အောင်ဆန်း ) လို.တောင် မိုက်ရိုင်းစွာရေးသားလာကြပါပြီ၊ ကြည့်လေ ဒေါသထွက်လေ ခံစားရလေပါ၊ သူတို.ပြောနေ အော်နေတဲ့ ဆန်.ကျင်ဘက်ဆိုတဲ့ အဖွဲ.အစည်းကတောင် အောင်ဆန်းလို.မခေါ်ခဲ့ဖူးပါဘူး။
ှဗိုလ်ချုပ်အောင်ဆန်းလို.သာ ခေါ်ဝေါ်ခဲ့ကြတာပါ။"

"ကဲ....... နိုင်ငံကိုချစ်ကြသော အမျိုးဂုဏ်ကိုလေးစားကြသော ကျွန်တောတို.ညီအကိုမောင်နှမများခင်ဗျား- ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်းလို.သတင်းဖော်ပြချက်တပ်ထားသော ဧရာဝတီသတင်းဌာနကို ဘယ်လိုဖြေရှင်းခိုင်းကြမှာလဲ .................................."

ဆိုပြီး http://burma.irrawaddy.org/archives/2186 , http://www.deyea.org/2011/11/blog-post_11.html , http://www.ngunngemoe.net/2011/11/blog-post_12.html , http://www.hrmyanmar.info/2011/11/blog-post.html တွေအပြင် တခြား အတိုက်အခံ ဘလော့တွေ မှာနဲ့ facebook စာမျက်နှာတွေမှာ အလွန်မိုက်ရိုင်းသောသတင်းတင်ပြချက်။ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝါရင့်သတင်းစာဆရာကြီး တစ်ဦးက MEG အခုလိုပြောပါတယ်

"ဘာကြောင့် ဒီလိုရေးတာလည်းဆိုတာတော့ စဉ်းစားလို့မရဘူး... မြန်မာတစ်မျိုးသားလုံးက အတိုခေါ်ရင်တောင် ဗိုလ်ချုပ်လို့ပဲ ခေါ်ကြတာ... အောင်ဆန်း လို့တော့ ဘယ်လိုလူကမှ မခေါ်ဘူး... အခု ဧရာဝတီ ရဲ့ လုပ်ပုံက တခြားပြည်သူတွေပြောသလိုပဲ အလွန်မိုက်ရိုင်းပါတယ်.. ဖြစ်နိုင်ချေရှိတာကတော့ ဒေါ်စုက ခုချိန်မှ မလုပ်တတ်မကိုင်တတ်ဖြစ်နေတယ်... ပါတီကိုမှတ်ပုံမတင်ဘူးပြောပြီး ပြန်တင်ပြန်တယ်.. ဒေါ်စုခေါင်းဆောင်တဲ့ NLD ကလည်း ရည်မှန်းချက်တိတိကျကျမရှိဘူး... အရင်တုန်းက တစ်မျိုး၊ ခုတစ်မျိုး ပြောလိုက် လုပ်လိုက် ဖြစ်နေတယ်.... ဒါကိုမကျေနပ်လို့ ဒေါ်စုအဖေ ကို မိုက်မိုက်ရိုင်းရိုင်းခေါ်တာလည်းဖြစ်နိုင်တယ်..."

လို့ပြောပါတယ်။

ဘီဘီစီ ရဲ့ သတင်းလိမ်မှုကြောင့် ဘီဘီစီကို မြန်မာလူထုက တောင်းပန်ခိုင်းတုန်းကလည်း ဘီဘီစီက မတောင်းပန်တဲ့အပြင် facebook ပေါ်မှာ comment သီးသန့်ရေးလို့မရအောင် ပိတ်လိုက်ပါတယ်။ ပြည်သူကြားက ပြည်သူ့အသံတွေ နဲ့ တိုင်ကြားစာတွေကို လုံးဝလက်မခံခဲ့ပါဘူး။



အခု ဧရာဝတီဘလော့မှာလဲ ခေါင်းစဉ်အောင်မှာ ပြထားတဲ့ comment အရေအတွက်က အများကြီး ရှိပေမယ့် ဖော်ပြထားတာကတော့ နည်းနည်းလေးပဲ ရှိပါတယ်။

"ကျွန်တော် ကွန်းမန့်ပေးတယ်.. ဖျက်ခံရတယ်.. ဆဲတာမပါဘူး၊ ပုဂ္ဂိုလ်ရေးထိခိုက်တာ မပါဘူး... ဒါပေမယ့် အမြဲဖျက်ခံရတယ်..." လို့ သတင်းဖတ်သူတစ်ဦးက ဆိုပါတယ်။

ပြည်ပအခြေစိုက်သတင်းဌာနတွေ၊ လွတ်လပ်စွာပြောဆိုခွင့် နဲ့ ဒီမိုကရေစီ ဆိုတဲ့ ဘလော့တွေ အားလုံးဟာ သူတို့တွေကို ထိ တဲ့ ဝေဖန်စာတွေကို ဖျက်ပစ်တာတွေ၊ မတင်တာတွေ အမြဲလုပ်ကြပါတယ်။

ဧရာဝတီဘလော့က ထောက်ပံ့ကြေးယူပြီး အလုပ်လုပ်နေသူတွေကတော့ ဘာမှ တစုံတရာ ဖြေရှင်းခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း အောက်မှာ လာပေးတဲ့ ပြည်သူတွေရဲ့ မကြေနပ်ချက်တွေကိုတော့ ဆက်တိုက်ဖျက်နေပါတယ်။



မူရင်းလင့် 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий