အခုတလော ဘီဘီစီ သတင်းဌာနကို အွန်လိုင်းတွေမှာရော အပြင်မှာပါ အမျိုးမျိုးဆန့်ကျင်ဆန္ဒပြနေတာ သိကြမှာပါ။ ဆန္ဒပြသူတွေအနေနဲ့လည်း ဘီဘီစီရဲ့ မဟုတ်မမှန် သတင်းလွှင့်မှု ၀ါဒဖြန့်မှု စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လှုံ့ဆော်မှု တွေကို မခံမရပ်နိုင် ဖြစ်လို့ ခုလိုပြင်းပြင်းထန်ထန် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဘီဘီစီအနေနဲ့လည်း ဗိုလ်ချုပ်ရှိစဉ်တည်းက မြန်မာပြည်သူတွေအပေါ် သဘောထားမမှန်ခဲ့ဘဲ ခုထက်ထိတိုင် အမျိုးမျိုး သွေးခွဲလှုံ့ဆော် မဟုတ်တဲ့ သတင်းတွေ လွှင့်နေတာ မြန်မာပြည်သူတွေတိုင်း သိကြပါတယ်။

ဒီလိုအနေအထားမျိုးမှာ ဘီဘီစီ အပေါ် နိုင်ငံတကာရုပ်သံနဲ့ အသံလွှင့်အဖွဲ့ကြီး ဖြစ်တဲ့ Association of International Broadcasting (AIB) ကနေ အကောင်းဆုံးသတင်းဖြစ်စဉ် တွေကို တင်ပြနိုင်တဲ့ သတင်းဌာနအဖြစ် ရွေးချယ်ဆုချီးမြှင့် ခဲ့တာဟာ ဘီဘီစီကို ဆန့်ကျင့်ဆန္ဒပြနေတဲ့ ပြည်သူတွေအတွက် ကတော့ ကမ္ဘာကျော် ပြက်လုံးတစ်ခုကို ကြားလိုက်ရသလိုပါပဲ။ ဘီဘီစီ ကနေ မဟုတ်မမှန် လိမ်ညာတင်ဆက်နေတဲ့ သတင်း တွေကြောင့် ပြန်လည် တောင်းပန်ဖို့၊ အမှားကို ၀န်ခံဖို့ နှိုးဆော်နေတဲ့ မြန်မာပြည်သူတွေအတွက် ဒီဆုကို ဘီဘီစီကို ပေးခြင်းဟာအစော်ကားခံလိုက်ရတာပါ။ မင်းတို့ ဘာပြောပြော ဂရုမစိုက်ဘူး။ အလေးမထားဘူး ဆိုတဲ့သဘောပါပဲ။ ဘီဘီစီကလည်း ကိုယ့်လိပ်ပြာ ကိုယ်မရှက်ဘဲ အရှက်မရှိ ဒီဆုကို ယူရဲတာ ရွံ့ဖို့ကောင်းလှပါတယ်။ ပေးတဲ့သူကလည်း အဆိပ်ပင် ရေလောင်းသလို ထောက်ခံ အားပေး ယူတဲ့သူကလည်း မျက်နှာပြောင်တိုက် ယူနဲ့ အပေးအယူ တည့်နေကြတာဟာ အမှန်တရားကို မြတ်နိုးတဲ့ မြန်မာပြည်သူတွေအတွက် သည်းမခံ နိုင် စရာပါ။ ဘီဘီစီရဲ့ လိမ်ညာမှုတွေကို ပြန်လည်တောင်းပန်ဖို့ ဘီဘီစီ Facebook စာမျက်နှာမှာ ရေးသားတောင်းဆိုခဲ့ ကြတဲ့ ရေးသားချက်တွေကို ဖျက်ပစ်ပြီး  comment ရေးသားခွင့်တွေ ပိတ်ပစ်တဲ့ အထိ ပြုလုပ်ခဲ့တဲ့ လွတ်လပ်ပါတယ်ဆိုတဲ့ မီဒီယာကြီးရဲ့ အပြုအမူတွေက ဒီဆုနဲ့ ထိုက်တန်ရဲ့လား မထိုက်တန်ဘူးလား ဆိုတာ ဘီဘီစီ က ၀န်ထမ်းတွေ ကိုယ့်ကိုကိုယ်သိကြမှာပါ။ 

မြန်မာပြည်သူတွေ အနေနဲ့လည်း ဒီလိုသတင်းဌာနမျိုးကို ခဏတာမဟုတ်ဘဲ အမြဲဆန့်ကျင်နေဖို့ လိုပါ တယ်။ ဒီလိုမှ မဟုတ်ရင် ဘီဘီစီက ကိုယ့်အမှားကို နောင်တရဖို့ မရှိဘဲ ရှေ့ဆက် လိမ်ညာနေဖို့ လုပ်နေအုံးမှာပါပဲ။ ဘီဘီစီကို AIB က အကောင်းဆုံး သတင်းတင်ဆက်နိုင်တဲ့ အတွက် ဆုပေးခဲ့သလို နောက်ထပ်လည်း ဆုပေးလို့ရရင် ပေးချင်ပါသေးတယ်။ အဲဒီဆုကတော့ ဘီဘီစီရဲ့ လိမ်ညာမှုကို သိနေတဲ့ ရွှေမြန်မာနဲ့ မြန်မာပြည်သူတွေကပေးတဲ့ အကောင်းဆုံးသတင်းလိမ်ညာ တင်ဆက်နိုင်မှု ဆုကြီးပါပဲ။

(ဘီဘီစီရဲ့ လိမ်ညာမှုတွေအပေါ် ဖော်ထုတ်ဆန့်ကျင့်နေကြတဲ့သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာကြည့်လို့ရပါတယ်။)

အရှက်မရှိ မျက်နှာပြောင်နဲ့ ဆုယူရဲတဲ့ ဘီဘီစီ



ဒီလို ရချင်များများလိမ် 
 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий