ဒီရက်ပိုင်းမှာ မြန်မာ့တပ်မတော်က သောင်းကျန်းသူ KIA ကို တိုက်ခိုက်ရာတွင် ဓာတုလက်နက် သုံးပြန်တယ်လို့ အော်သံတွေ ကြားလာရပြန်ပါတယ်။ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တွင်းမှ သူပုန်ဖြစ်သော KIA နှင့် မြန်မာ့ တပ်မတော် တို့တိုက်ပွဲဖြစ်ချိန်မှာ ရွှေညောင်ပင်၊ ဂါးရာယန်ဒေသမှ ဆုတောင်းတောင်(Akyu Hpyi Bum)နှင့် လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲတွေမှာ တွင် တပ်မတော်က ဓါတုလက်နက် သုံးတယ်လို့ စွပ်စွဲ ပြောဆို သံတွေ ကြားရတာ ဖြစ်ပါတယ်။

ဘာလို့ အဲဒီ တိုက်ပွဲတွေမှာ ဓာတုလက်နက် သုံးတယ်လို့ စွပ်စွဲရတာလဲဆိုရင်တော့ အဲဒီတိုက်ပွဲတွေမှာ သောင်းကျန်းသူ KIA ဖက်က ဝက်ဝက်ကွဲအောင် ရှုံးပြီး ကျဆုံး ဒဏ်ရာရသူများပြားကာ မရှုမလှ ခွေးပြေးဝက်ပြေး ပြေးရလို့ပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲအကြောင်းဖော်ပြတဲ့ မီဒီယာတိုင်းမှာတော့ တိုက်ပွဲတိုင်းမှာ မြန်မာ့တပ်မတော်မှ ရှုံးကြောင်းနဲ့ တစ်ပွဲလျှင် စစ်သား အယောက် ၁၀၀ ၊ ၂၀၀ ထက်မနည်း သေကြောင်းတွေ အမြဲဖော်ပြနေတတ်ပြီ KIA ဖက်က အကျအဆုံးကိုတော့ ဖော်ပြလေ့မရှိပါဘူး။ ဒါပေမယ့်လည်း တပ်မတော်ဖက်က ဓာတုလက်နက် သုံးတယ်လို့ စွပ်စွဲခြင်းအားဖြင့် KIA ဖက်မှာ အထိနာနေပြီဖြစ်ကြောင်း ဝန်ခံခြင်း ဖြစ်နေပါတယ်။

မြန်မာ့တပ်မတော်ဖက်က ဓာတုလက်နက် သုံးမသုံး ဆိုတာကို တိုက်ပွဲဝင်ပြီး ဒဏ်ရာရကာ ဆေးရုံတင်ထားရသည့် KIA အရာရှိတစ်ယောက်ကို မေးကြည့်ချိန်မှာတော့ ဓာတုကို သိပ်နားမလည်ကြောင်းနဲ့ ဖြစ်တော့ဖြစ်နိုင်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်

"ဓာတုလက်နက်လို့တော့ ပြောတာပဲဗျ.. ကျွန်တော်တို့က ဓာတုတွေ ရူပတွေတော့ ကြားပဲကြားဖူးတာ မသင်ခဲ့ရဘူး.. သင်္ချာလောက်ပဲ သိတာဆိုတော့ အလူးအလဲခံရတာပေါ့... ဓာတုနဲ့ဘွဲရထားတဲ့ ဗိုလ်ချုပ် နှစ်ယောက်လောက်တော့ ရှိတယ်.. သူတို့တွေကတော့ ခု ဘာမှမဖြစ်ကြဘူး.. တခြားလူတွေတော့ တော်တော်လေး ပွဲပျက်နေတယ်.."

လို့ ပြောပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မြန်မာ ရဲဘော်တစ်ဦးကတော့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း အခုလိုပြောပါတယ်။

"ဒါ သက်သက်စွပ်စွဲတာပါ.. ဓာတုလက်နက် ဆိုတာကို တပ်မတော်က တစ်ခါမှ မသုံးခဲ့ဖူးပါဘူး။ အခုချိန်မှာက ဒီကောင်တွေ တပ်ဦးကျိုးပြီး အလူးအလဲခံနေရတယ်... ဒီဖက်က ရိက္ခလည်း ကျွန်တော်တို့က ဖျက်တောက်ထားတယ်၊ တရုတ်ဖက်ကလည်း တင်ခွင့်မပေးဘူး.. ဒီတော့ စားရေးသောက်ရေးခက်ခဲပြီး အိပ်ရေးပျက်တာတွေနဲ့ ပေါင်းသွားတော့ လူတွေက အရင်ကတည်းက ကြောင်တောင်တောင်တွေ ဖြစ်နေတယ်။ ဆေးရုံတွေမှာလည်း ဆေးတွေ ပျက်ကုန်ပြီ... အဲဒီချိန်မှာ တပ်မတော် အမြှောက်တပ်ရင်းက ရည်မှန်းချက်ကို တိတိကျကျ လိုက်ပစ်လိုက်တော့.. ဒီကောင့်တွေ ကြောက်လှည့်ပြီး ရူးသလိုလို၊ ကြောင်သလိုလို၊ အတိတ်မေ့သလိုလို ဖြစ်ကုန်တော့တာပါ.. တချို့ကတော့ အမြှောက်သံ ကြားတာနဲ့ တကယ် လန့်ပြီး မူးနောက် အော့အန်ကြတာပါ... တချို့ကတော့ တပ်မတော်နဲ့ ဆက်ပြီး မတိုက်ရဲတော့လို့ ဟန်ဆောင်ကြတာဖြစ်နိုင်ပါတယ်..." လို့ပြောပါတယ်။



မြန်မာ့တပ်မတော် မြောက်ပိုင်းတိုင်း မှ စစ်သည်တစ်ဦး

စစ်ရေးကျွမ်းကျင်သူ တစ်ဦးကတော့ ဒီနှစ်ထဲမှာ SSA (Shan State Army) ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ လည်း အစပိုင်းမှာ မြန်မာစစ်သား ဘယ်နှယောက်ကို ဘယ်လို သက်နိုင်တယ် အော်ပြီး နောက်ပိုင်းမှာတော့ ဓာတုလက်နက် သုံးပါတယ် အော်ပြီး နိဂုံးချုပ်သွားကြောင်းနဲ့ အခု KIA အနေနဲ့လည်း အဲ့လို ဖြစ်နေကြောင်း ပြောပါတယ်။
"ဒီနှစ်ထဲမှာ လောက်ကိုင် ဖက်မှာ ဖြစ်ခဲ့တဲ့ SSA နဲ့ တိုက်ပွဲတွေတုန်းကလည်း အစပိုင်းတုန်းကတော့ မြန်မာစစ်တပ် က ယဉ်တန်းကို တိုက်ခိုက်လိုက်လို့ အရာရှိဘယ်နှယောက်သေတယ်၊ တပ်ရင်းမှူးဘယ်နှယောက်သေတယ် ဆိုပြီး အော်ခဲ့တယ်လေ... နောက်ပိုင်း သူတို့ရှုံးချိန်ကြတော့ ဓာတုလက်နက် သုံးတယ်လို့ အော်သွားတယ်.. အော်ပြီး သိပ်မကြာဘူး.. လုံးဝ ထွက်ပြေးပျောက်ကွယ်သွားတာဆိုတော့.. အခု KIA ဖက်က ဓာတုလက်နက် လို့ အော်တာက နိဂုံးချုပ်ဖို့ နီးနေပြီလို့ ထင်ပါတယ်... ပြီးတော့ KIA, KIO ဆိုတာက KNU, DKBA, SSA တို့လို့ တိုက်ပွဲအတွေ့အကြုံတွေ ရှိခဲ့တာ မဟုတ်ဘူးလေ.. ဒီတော့ တိုက်ရည်ခိုက်ရည် အရည်အချင်းလုံးဝ မရှိဘူး... လူအုပ်ကြီးနဲ့ ဖိတာလောက်ပဲ လုပ်နိုင်တာ.. အရင်တုန်းကလည်း ဆက်သွယ်ရေးရုံးတွေ မိုင်းခွဲတာ၊ တံတားတွေ ဖျက်ဆီးတာ နဲ့ တခြား ဖျက်ဆီး အကြမ်းဖက်တာလောက်ပဲ လုပ်လာခဲ့တာလေ... ဒီတော့ စစ်ဒဏ်ကို ဘယ်လိုမှ ကြာကြာခံနိုင်မှာ မဟုတ်ဘူး.. နောက်တစ်ခုက မြန်မာ့တပ်မတော်မှာ အမြှောက်တပ်ဆိုတာ ပထမ ရထားတာလေ.. အရမ်းကောင်းတယ်.. အခု အမြှောက်တပ်က MA 7 နဲ့ 81 တွေ သုံးတယ် ကြားတယ်.. အမြှောက်တပ်က အမြှောက်ဆံတွေက ခပ်လှန်းလှန်းမှာ ကျရင်တောင် နားစည်တွေကွဲပြီး မူးဝေ သွားတာ တည့်တည့်သာ ကျရင်တော့ ကုန်းတစ်ခု လုံး အပြောင်ပဲ.... ဒီပုံစံအတိုင်းဆိုရင်တော့ KIA က ဓာတုလက်နက်လို့ အားလုံးကြားအောင်အော်ပြီး မကြာခင်မှာ ပျောက်ကွယ်သွားနိုင်တယ်..." လို့ ပြောပါတယ်။

KIA ရဲဘော် လာဂွမ်းကတော့ ပြီးခဲ့တဲ့ စနေနေ့ တိုက်ပွဲတုန်းက မီးခိုးအနက်ရောင်တွေပျံ့လာကြောင်း၊ ခေါင်းမူးလာကြောင်းနဲ့ အန်ချင်လာကြောင်း ပြောပါတယ်။ အဲဒီနေ့ကပဲ လိုင်ဇာအနီးက အင်တပ်ဘွမ်(Ntap Bum) မှလည်း မြန်မာအစိုးရတပ်၏ အမြောက်ကျည်ကြောင့် KIA စစ်သားများ အချိန်အတော်ကြာ မူးဝေ အော့အန်ကြသည်တယ်လို့ ပြောပါတယ်။


ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရောက် ဓာတုပညာရှင် တစ်ဦးကို မေးကြည့်ချိန်မှာတော့ အခုလို ပြောခဲ့ပါတယ်။

"တိုက်ပွဲမှာ မီးခိုးအနက်ရောက် ထွက်တာနဲ့ ဓာတုလက်နက် လို့ ပြောတာကတော့ တော်တော်လေး ညံ့ဖျင်းလွန်းပါတယ်ဗျာ... ယမ်းကိုမီးရှို့ကြည့်ပါလား.. ပိုပြီး သိရတာပေါ့... အမြှောက်နဲ့ ပစ်တာပဲလေဗျာ.. ပန်းနဲ့ပေါက်တာမှ မဟုတ်တာ.. ခေါင်းမူးတာ အန်ချင်တာကတော့ အကြောက်လွန်တာနဲ့ ကိုယ်ခံအားနည်းတာတွေနဲ့ ဆိုင်တာပါ.." လို့ ပြောပါတယ်။

ချိနဲ့နေပြီဖြစ်သော KIA

ဓာတုလက်နက်နဲ့ ပတ်သက်ပြီးတော့ ၁၉၉၀ နောက်ပိုင်း ၂၀၀၀ ခုနှစ် အစောပိုင်းကာလတွေမှာ တုန်းကတည်းက ကယားပြည်နယ်ဘက်မှာ ဒီလို စွပ်စွဲချက်တွေ ရှိခဲ့ပြီး ခိုင်လုံတိကျတဲ့ သီးခြား အတည်ပြုချက်တွေတော့ တစ်ခုမှ မရှိခဲ့ပါဘူး။ ၂၀၀၅ ခုနှစ်အတွင်းကလည်း တပ်မတော်က ကရင်နီတပ်ဖွဲ့တွေကို ဓာတု လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေကို ဗြိတိန်အခြေစိုက် Christian Solidity Worldwide အဖွဲ့က စုံစမ်းစစ်ဆေးပြီး အစီရင်ခံ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ မရခဲ့ပဲ စွပ်စွဲမှု သက်သက်သာ ဖြစ်ခဲ့ပါတယ်။

ဒီနေ့ ဖြစ်နေတဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေမှာ တော့ မြန်မာ့တပ်မတော်က အမြှောက်ဆံတွေက KIA ဌာနချိုပ်ရှိရာ လိုင်ဇာ အနီးထိ ကျရောက်ပြီး KIA ကို အထိနာနေချိန်ဖြစ်တာကြောင့် KIA တစ်ဖွဲ့လုံး တုန်လှုပ်နေတယ်လို့လည်း သိရပါတယ်။ ဆေး၊ လက်နက်နဲ့ ရိက္ခာ တွေလည်း ပျက်တောက်နေနဲ့ အပြင် လူအင်အားပါ မရှိတော့တာကြောင့် ပြည်သူ့စစ်အဖွဲ့တွေကို ပြန်လာပြီး စစ်ကူပေးဖို့ ကမ်းလှမ်းထားရကြောင်း သိရပါတယ်။



KIA ဌာနချုပ် လိုင်ဇာ အနီးထိ အပစ်ခံရကြောင်း ဖော်ပြသည့် ကချင်သတင်းမှ ပုံတစ်ပုံ
မူရင်း လင့် 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий