asean_banner




AddThis Social Bookmark Button

၂၀၁၄ ခုနှစ် တွင် အာဆီယံ ဥက္ကဋ္ဌနေရာကိုမြန်မာနိုင်ငံကတာဝန် ယူရန် အာဆီယံခေါင်းဆောင်များ က သဘောတူညီခဲ့ကြကြောင်း  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက နိုဝင်ဘာ လ ၁၇ ရက် ဒေသစံ တော်ချိန် ညနေ ၅ နာရီ ခန့်တွင် ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင်အတည် ပြုခဲ့သည်။
''အာဆီယံနိုင်ငံခြားရေးဝန် ကြီးတွေဆီက အဆိုပြုချက်ကိုရရှိ တဲ့ အာဆီယံခေါင်းဆောင်များဟာ တရားဝင်သူတို့ရဲ့အမြင်တွေကို ထုတ် ဖော်ခဲ့ကြပြီးတဲ့နောက် မြန်မာနိုင်ငံ ကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ နေရာပေးဖို့ သဘောတူညီမှုရခဲ့ပါ တယ်''ဟု နာတာလီဂါဝါကပြော ကြားခဲ့သည်။
''ဒီကနေ့တွေ့ဆုံဆွေးနွေးကြ ရာမှာ ခေါင်းဆောင်တွေ အားလုံးက မြန်မာနိုင်ငံရဲ့ ထင်သာမြင်သာတဲ့ အပြောင်းအလဲနဲ့ ဖွံ့ဖြိုးမှုတွေနဲ့ပတ် သက်ပြီး သဘောတူခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ဒီအပြောင်း အလဲတွေက မြန်မာနိုင်ငံ ဥက္ကဋ္ဌ နေရာယူဖို့အတွက်ပိုပြီးအဆင်ပြေ စေပါတယ်။ဒါပေမဲ့ အဓိက  အထောက်အကူပြုတဲ့အချက်က တော့ ဒီကိစ္စဟာ အတိတ်ကိစ္စမ ဟုတ်ဘဲအနာဂတ်ရဲ့ကိစ္စဖြစ်နေတာ ပါပဲ''ဟု နာတာလီဂါဝါကပြောကြား ခဲ့သည်။
'']ခေါင်းဆောင်တွေက အခု အခါ မှ မြန်မာနိုင်ငံကို ၂၀၁၄ အာ ဆီယံဥက္ကဋ္ဌနေရာ အတည်ပြုပေး လိုက်ခြင်းအားဖြင့်  ဒီအတွက် အပြောင်းအလဲတွေလုပ်ဖို့ရာမှာ သေချာစေဖို့ကျွန်တော်တို့ကြိုးစား သွားပါမယ်။ဒီအရှိန်အဟုန်ကို ဆက် ထိန်းရပါမယ်။ ဒီဖြစ် လတ္တံ့သောအခြေအနေဟာ မြန်မာ နိုင်ငံကို နိုင်ငံတကာအာရုံစိုက်ခံရ စေဖို့၊နိုင်ငံတကာရဲ့မျှော်လင့်ခြင်းခံ ရစေဖို့၊အထူးသဖြင့် လူထုတစ်ရပ် လုံးရဲ့မျှော်လင့်ခြင်းခံရစေဖို့ တစ် ခြားဆုံးဖြတ်ချက်တွေထက်အရေး ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ယုံ ကြည်ပါတယ်''ဟု ပြောကြားခဲ့ သည်။
ယင်းအပြင် ၂၀၁၅ တွင် အာဆီယံအသိုက်အမြုံ (ASEAN COMMUNITY) ကို ဖန်တီးရေး ရည် မှန်းထားရာ မြန်မာနိုင်ငံအနေဖြင့် ထပ်ဆောင်း တာဝန်ယူမှုများရှိလာ မည်ဖြစ်ကြောင်း၊အာဆီယံဥက္ကဋ္ဌ ရာထူးသည် ရုပ်ပိုင်းဆိုင်ရာ၊အ ဆောင်အယောင်သဘောထက် ပို မည်ဟုမျှော်လင့်ကြောင်း ပြောကြား သွားခဲ့သည်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий