နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ခေတ်မီဖို့ ဆိုတာဟာ လျှပ်စစ်စွမ်းအင်ရဲ့ အခန်းကဏ္ဍဟာ အဓိကကျ အရေးပါလှတယ်ဆိုတာ ငြင်းစရာမရှိပါဘူး ၊ ဒါကြောင့် မြန်မာနိုင်ငံခေတ်မီချင်ရင် လုံလောက်တဲ့ လျှပ်စစ်ရှိရမယ်ဆိုတာ သေချာနေပါပြီ ၊ ဒါဆိုရင် နိုင်ငံမှာလျှပ်စစ်လုံလောက်အောင် ဘယ်လို လုပ်ကြမလဲ မစဉ်းစားခင် တစ်ကမ္ဘာလုံးမှာလျှပ်စစ်စွမ်းအင်ကို ဘယ်လို ထုတ်ကြသလဲ အရင် လေ့လာကြည့်ရအောင်ပါ ....

 Data from the BP Statistical Review 

ဒီပုံကိုကြည့်လိုက်ရင် ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအများဆုံးဟာ ကျောက်မီးသွေးကဖြစ်ပြီး တစ်ကမ္ဘာလုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုရဲ့ ၄၁ % ဖြစ်တယ်ဆိုတာတွေ့ရမှာပါ သူ့နောက်မှာမှ သဘာဝဓါတ်ငွေ့က ၂၁% နဲ့ ဒုတိယ ၊ ရေအားက ၁၆ % နဲ့ တတိယ ၊ ညူကလီးယားက ၁၄ %းနဲ့ စတုတ္ထ အသီးသီး ရပ်တည်နေတာကို တွေ့ရမှာပါ ။

အကြောင်းအရာတစ်ခုကို စဉ်းစားရင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကို စံထားပြီး နှိုင်းယှဉ်ချိန်ထိုးလေ့ရှိကြပါတယ် ။ ဒါဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအခြေအနေကို လေ့လာကြည့်ရအောင်ပါ ....

 Source: International Energy Agency 2011

ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအခြေအနေပါ ၂၀၁၀ ခုနှစ် စာရင်းအရ သူလည်း ကျောက်မီးသွေးကနေထုတ်လုပ်မှုဟာ ၄၅%နဲ့ အများဆုံးဖြစ်ပြီး သဘာဝဓါတ်ငွေ့ကနေ ၂၄% ၊ ညူကလီးယားကနေ ၁၉% ၊ ရေအားကနေ ၆% အစရှိသဖြင့် ထုတ်လုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ် ။

အိမ်နီးချင်းနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံးလျှပ်စစ်ထုတ်လုပ်မှု ရဲ့ ၇၉% ကို ကျောက်မီးသွေးကထုတ်ပါတယ် ။အိန္ဒိယနိုင်ငံကတော့ တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုပမာဏရဲ့ ၆၉% ကို ကျောက်မီးသွေးကနေထုတ်ပါတယ် ။

 Source: International Energy Agency 2011
 
ဒီဇယားကတော့ ကမ္ဘာ့ကျောက်မီးသွေးထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံတွေရဲ့ စာရင်းဖြစ်ပါတယ် တန်(သန်းပေါင်း) နဲ့ စာရင်းကိုပြထားပါတယ် ။ ဒီနိုင်ငံတွေဟာ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးတွေ ဖြစ်သလို ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အရေးတယူလုပ်တဲ့ နိုင်ငံတွေ ပါနေတာကို တွေ့ရမှာပါ ။  
 Coal Consumption by Country

ဒါကတော့ ကမ္ဘာ့ကျောက်မီးသွေး အသုံးအပြုဆုံး (၁၀) နိုင်ငံစာရင်းပါ ၊ ဒီစာရင်းအရဆိုရင် မြန်မာနိုင်ငံဟာ အဆင့် ၈၀ မှာရှိပါတယ် ၊ ဒီကမ္ဘာ့ကျောက်မီးသွေးအသုံးဆုံးပါဆိုတဲ့တိုင်းပြည်တွေကိုကြည့်ရင် ဒီမိုကရေစီစံနစ်အထွန်းကားဆုံးနိုင်ငံတွေ ၊ စီးပွားရေးအရ အတိုးတက်ဆုံးနိုင်ငံတွေ ၊ စက်မှုနည်းပညာအဆင့်မြင့်ထွန်းကားတဲ့နိုင်ငံတွေဖြစ်ကြလို့ ဒီနိုင်ငံတွေကို အုပ်ချုပ်နေတဲ့အစိုးရတွေနဲ့ အဲဒီမှာနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေဟာ သဘာဝပတ်ဝန်းကျင်ကို အလေးမထားပဲ နေမှာမဟုတ်ပါဘူး ၊ တစ်ချိန်တည်းမှာပဲ အမျိုးသားအကျိုးစီးပွားကိုလဲ လက်လွှတ်ပြီး စဉ်းစားကြမှာမဟုတ်ပါဘူး ဒီနှစ်ခုကိုအဘက်ဘက်က နှိုင်းယှဉ် ချိန်ထိုးပြီး  လုပ်သင့်တဲ့ဘက် ၊ အလေးသာတဲ့ဘက်၊ ကောင်းကျိုးပိုတဲ့ဘက် ကိုလုပ်နေတယ်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ် ။

ဒါဆိုရင် မြန်မာနိုင်ငံမှာကော ?????????
ဒေါက်တာဆိတ်ဖွား

( တကယ်တောင်းဆိုသင့်တာက ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တဲ့ နည်းစဉ်အမျိုးမျိုးထဲက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး နည်းစဉ်ကို သုံးပြီး ထုတ်လုပ်ဘို့ တောင်းဆိုသင့်တယ် )

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий