အာရှမှာ အမျိုးသမီးခေါင်းဆောင်တွေ တော်တော်များများရှိပါတယ်။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည် လို နိုင်ငံခြားမှာနှစ်နဲ့ချီနေ ပညာသင်ယူခဲ့ကြပါတယ်။ ဒါပေမယ့် အဆိုပါထိပ်တန်းအမျိုးသမီးတွေဟာ မြန်မာပြည်က အတိုက်အခံတွေ ပြောနေကြ အတိုင်း ဒေါ်စုဟာ နိုင်ငံခြားမှာအနေကြာလို့ နိုင်ငံခြားသားနဲ့ ယူတာ ဘာဆန်းသလဲ ဆိုပြီး မည်သည့်နိုင်ငံခြားသားနဲ့မှ မယူခဲ့ဘဲ ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး ကိုယ်နဲ့ လူမျိုးတူ၊ ဘာသာတူ အမျိုးသားတွေနဲ့ပဲ လက်ထပ်ခဲ့ပါတယ်။ စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ်ကျင့်သုံးကြတဲ့ မြန်မာလူမျိုးဖြစ်တဲ့ ဒေါ်စုက ဘာလို့ နိုင်ငံခြားသား လက်ထပ်ခဲ့ရတာလဲ။


၁။ အင်ဒို နီး ရှား သမ္မတ မဂ္ဂါဝတီဟာ အမျိုးသမီးများကို နှိမ်ပါတယ်ဆိုတဲ့နိုင်ငံမှာ ခေါင်းဆောင်ဖြစ်လာခဲ့တယ်၊ မွတ်ဆလင်ကိုပဲ လက်ထပ် ယူခဲ့တယ်၊ ယဉ်ကျေးမှု နဲ့  အမျိုးသားရေးပြဿနာ ကင်းတယ်။


၂။ သီိရိလင်္ကာသမ္မတ ကုမာရာတွန်ဂါ ခေါင်းဆောင် ဖြစ်ခဲ့တယ်၊ သီဟိုနိုင်ငံသားကိုပဲ လက်ထပ် ယူခဲ့တယ်။ ဗုဒ္ဓဘာသာ အမျိုးသမီးဖြစ်တယ်။


၃။ပါကစ်စတန်က ဘနာဇီယာဘူတို အောက်စ်ဖို့ ဒ် တက္ကသိုလ်မှာ ပညာသင်ခဲ့တယ်၊ ဒါပေမယ့် ပါကစ်စ်တန်နိုင်ငံသား ပညာရှင်ကိုပဲ လက်ထပ်ခဲ့တယ်။ သူမလည်း ၀န်ကြီးချုပ်ဖြစ်ခဲ့တယ်။ အငြိမ်းစားယူပြီး နောက် လုပ်ကြံခံခဲ့ရတယ်။



၎။ ဘင်္ဂလားဒေ့ရှ်က ရှိတ်ခ် ဟာဆီနာ သူနဲ့ ဘာသာ ၊ ယဉ်ကျေးမှုတူရာ မွတ်ဆလင်ကိုပဲ လက်ထပ်ယူခဲ့တယ်၊သူမလည်း ၀န်ကြီးချုပ် ဖြစ်ခဲ့တယ်။


၅။ ဖိလစ်ပိုင်က ဂလိုရီယာ သမ္မတဖြစ်နေတယ်။ ဖိလစ်ပိုင် အမျိုးသားကိုပဲ လက်ထပ်ယူခဲ့တယ်။


၆။ထိုင်းက ရင်လတ်ရှင်နာဝတ်ထရာ ဝန်ကြီးချုပ်ဖြစ်လာတယ် ထိုင်းအမျိုးသားကိုပဲ လက်ထပ်တယ် သူတို့ကလေးတွေ ထိုင်းစကားပြောနိုင်တယ် ရှပ်နီရှပ်ဝါအရေးဟာလည်း သူဝန်ကြီးချုပ်လက်ထက်မှာ ချုပ်ငြိမ်းခဲ့စေပါတယ်။


၇။ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး
ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိ NLD ပါတီခေါင်းဆောင်၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော်အမတ်ဖြစ်ရန် ကြိုးစားနေသူ၊ သူလက်ထပ်ခဲ့တာ???????????????????????????????

အမှတ်စဉ်(၁)မှ (၆) အထိ အမျိုးသမီးများရဲ့ ကလေးတွေ အားလုံးဟာ တစ်ယောက်မှ အောက်ကလိအာတွေ မဟုတ်ကြဘူး၊ ကျီးကန်းလည်း မဟုတ်၊  ဥသြလည်း မဟုတ်ဆိုတဲ့ အမျိုးထဲမှာလည်း မပါဘူး။ သူတို့ မျိုးရိုး အစဉ်အလာ ကို ဒီ အမျိုးသမီး ခေါင်းဆောင်တွေက ထိန်းသိမ်း စောင့်ရှောက်နိုင် ခဲ့တယ်။ ပြီးတော့ သူတို့တွေ ကလည်း နိုင်ငံ ရပ်ခြားမှာ ပညာရပ် တွေသင်ကြားခဲ့တဲ့သူတွေပါပဲ အနှစ်တွေဘယ်လောက်နေနေ ကိုယ့်လူမျိုးကိုပဲ ပြန်ယူကျတဲ့သူတွေပါပဲ။ အဲ့တော့ မြန်မာအမျိုးကောင်းသမီးတွေဟာလည်း ကိုယ့်လူမျိုးသာသနာကို ထိန်းသိမ်းစောင့်ရှောက် ပြီး နိုင်ငံခေါင်းဆောင် များဖြစ်ကြပါစေလို့ ရေးသားဆုတောင်းပေးလိုက်ပါတယ်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий