ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျေးရွာတစ်ရွာမှ ရခိုင်အမျိုးသား နှစ်ဦးကို မွတ်ဆလင် ကုလားများက ၀ိုင်းဝန်းပြီး ဓါးဖြင့် ခုတ်သဖြင့် ဆေးရုံတင်ထားရကြောင်း သတင်း ရရှိသည်။


 မောင်တောမြို့ တစ်နေရာ
ဆေးရုံ တင်ထားရသူ နှစ်ဦးမှာ မောင်တောမြို့နယ် ကင်းချောင်းကျေးရွာနေ (ဘ) ဦးချင်းရီ၏သား ဦးအောင်ကျော်လှ အသက် (၅၄)နှစ်နှင့် (ဘ) ဦးသိန်းထွန်း၏သား ဦးအနီမောင် အသက် (၄၂)နှစ်တို့ ဖြစ်သည်။

" သူတို့ နှစ်ဦးကို ဧပြီလ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မောင်တောနယ်မှာ နေထိုင်တဲ့ ဘင်္ဂလီကုလားတွေ ၀ိုင်းဝန်းပြီး တုတ်တွေနဲ့ ရိုက်၊ ဓါးနဲ့ ခုတ်တဲ့ အတွက် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတာကြောင့် အခု ဆေးရုံမှာ အတွင်း လူနာ အဖြစ်နဲ့ တင်ထားရပါတယ်" ဟု သူတို့၏ ဆွေမျိုး တစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။

" လွန်ခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းမှာ ကျွန်တော်တို့ ကင်းချောင်း ကျေးရွာ အတွင်းကို ဘင်္ဂလီကုလား (၄) ဦး ၀င်ရောက်လာပါတယ်။ ရွာသားတွေက - မင်းတို့ ဘယ်ကလဲ၊ ဘာလုပ်ဖို့ ရွာထဲဝင်လာတာလဲ- ဆိုပြီး မေးမြန်းပါတယ်။ ကုလားတွေက " ငါတို့ နွားဝယ်ဖို့လာတာ၊ ဂေါ်ဒူသာရ ကျေးရွာက ဆိုပြီး ပြန်ပြောပါတယ်။ ရွာသားတွေက "ငါတို့ရွာမှာ နွားရောင်းဖို့မရှိဘူး၊ မင်းတို့ ငါတို့ရွာထဲ ၀င်မလာနဲ့ ပြန်သွားကြလို့ ပြောဆိုပြီး ရွာပြင်ကို ထွက်သွားခိုင်းပါတယ်။ ဘင်္ဂလီ ကုလားတွေ ထွက်သွားပေမယ့် စိတ်မချတာကြောင့် သူတို့နောက်ကို ရွာသားနှစ်ဦးဖြစ်တဲ့ အောင်ကျော်လှနဲ့ အနီမောင်က လိုက်ကြည့် ပါတယ်။ ရွာပြင်ကို ရောက်တဲ့ အခါ ရွာပြင်မှာ ပုန်းပြီး အသင့် စောင့်နေတဲ့ တစ်ခြား ကုလားတွေနဲ့ ပေါင်းပြီး တုတ်တွေနဲ့ ၀ိုင်းရိုက်၊ ဓါးတွေနဲ့ ခုတ်ကြပါတယ်။ အဲသလို ခုတ်တဲ့ အတွက် ကျွန်တော် တို့ ရွာသား နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး ဆေးရုံကို တင်လိုက်ရပါတယ်" ဟု ပြောသည်။

အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လာရာ ဘင်္ဂလီကုလားများမှာ ထွက်ပြေးသွားကြသည်ဟု သူက ပြောသည်။

" အခု တရားခံတွေက မရှိတော့ဘူး။ ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ သူတို့က ခုလို ပြဿနာ လုပ်ပြီးရင် တဘက်နိုင်ငံကို ရှောင်တိမ်းထွက်ပြေးသွားတတ်ပါတယ်။ အခုလည်း အာဏာပိုင်တွေက လိုက်ရှာပေမယ့် မရတော့ပါဘူး" ဟု သူက ဆက်ပြောသည်။

လူနာများ အခြေအနေနှင့် ပတ်သက်ပြီး မောင်တော ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာ လူနာများမှာ ယခုအချိန်ထိ ဆေးရုံတွင် ရှိနေသေးကြောင်းနှင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း ပြောကြားသည်။

မောင်တောရဲစခန်းမှလည်း အဆိုပါ အခင်းဖြစ်ပွားမူမှာ မှန်ကန်ကြောင်းနှင့် တရားခံများကို လိုက်လံရှာဖွေနေကြောင်း အတည်ပြု ပြောကြားသည်။ 


နိရဉ္စရာ

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий