အိမ်ပြန်ချိန်တွေလည်း မသိခဲ့ ဘူး။နေ၀င်ခဲ့ တဲ့  နေရက်တွေက ဘာသက်ဝင်မှု့ မှကို မရှိခဲ့ တာပါ။ရင်ထဲမှာ ဟာတာတာနဲ့  အိမ်အလွမ်းဆိုတာတောင် သံစဉ်စားသားနဲ့  ငြီးဖို့  ကွန်ပျူတာလေး တလုံးလောက်လေးကို အဖော်ပြုပြီး တခြားတိုင်းတပါးမှာ နေ့ ရက်တွေကုန်ဆုံးခဲ့ တယ်။သဘာဝခြင်းမတူတဲ့  နေထိုင်ပုံ လူ့ စနစ်တွေနဲ့ ကြမ်းတမ်းတဲ့  ခ၇ီးလမ်း၊ကြုံတွေ့ ရတဲ့  ဒုက္ခပေါင်းမြောက်များစွာက အေ၇ာင်အသွေးစုံလို့ ပေါ့ ။ပင်ပန်းတိုင်း ၊အခဲအခက်တခု ကို ကြုံတွေ့ တိုင်း ၊သာတူညီမျှတဲ့  အိမ်လွမ်းခွင့် တွေ မရတိုင်း၊ဖက်လှဲသကင်း ဖေ့ ဖုတ်ပုံက မိသားစုပုံလေးတွေကို ပြေးပြေးသတိရမိတယ်။တကယ်ပါ…..။ခွင့် ကလေး ရတိုင်း၊ပိုက်ဆံရှိတိုင်း အပြေးကလေးသာ ပြန်လို့ ရရင် ရုရှားနိုင်ငံမှာ မြန်မာရဲ့ ဟန် မြန်မာ့  အလံသာ ကျန်ခဲ့ လိမ့် မယ်.................

တကိုယ်တည်း ပျော်မွေ့ ခဲ့ ကြတယ်....။ချစ်သူမပါဘူး။မိဘ မရှိဘူး။လွမ်းလိုက်တာလို့ ပြောမိတက်ယုံ လေးသာသာပါ..........။တခါတလေ စစ်ခွေးလို့ ပြောရင် နာမိယုံလေးနည်းနည်းပေါ့ .............။ဒါပေမဲ့  ငါ့ တို့ နေတက်ခဲ့ ပါတယ်....။ဘယ်သူပြောလဲ မီးဖို ချောင် အလုပ်က မိန်းကလေးအလုပ်လို့ ......။သေနတ်ကိုင်တဲ့ လက် ပေးအပ်ထားတဲ့  ရည်ရွယ်ချက်အတွက်လိုအပ်ရင် ငါတို့  လည်း ဟင်းချက်တက်တာ မမေ့ ပါနဲ့ ဟာ..................................


လူပဲလေ။ပြသနာ တွေ ကြုံတိုင်း မှီတွဲရာတခု အားထားရာတခု ကိုင်စွဲပြုတက်တာ သဘာဝပဲမဟုတ်လား။ခါးသက်တဲ့  မုန်းတိုင်းတွေနဲ့  မတူညီတဲ့  ပတ်ဝန်းကျင် တွေကြောင့်  ငါ တို့ တွေ မမှောက်မှားခဲ့ ကြဘူး။ကျလုလုဝမ်းနည်းတဲ့  စိတ်ဓါတ်တွေကို နှလုံးအိမ်ထဲမှာ သိမ်းဆည်းပြီးတော့  အိမ်အပြန်ရက်ကို လက်ချိုး ရည်တွက်နေခဲ့ ကြသလို ပေးအပ်တဲ့  တာဝန်ကိုလည်း ငါတို့  ကျေပွန်ခဲ့ ကြတယ်လေ။


သစ်တပင်မကောင်းရုံနဲ့  သစ်တော တခုလုံး ပြုတ်ပြုတ် ပြုန်းအောင် ၀ါဒမှိုင်းတွေတိုက် ၊လောင်မြိုက်တဲ့  အပုတ်ချမီးတွေကြားမှာ စစ်တပ်ဆိုတာ ချဉ်ဖက်ဖြစ်ရတော့ မှာလားဗျာ……….။ရဲဘော်မှ အသက်ပေးရတာမှမဟုတ်တာ စစ်ဗိုလ်က ရောသူ့ အသက် အာမခံထားတဲ့ သူမရှိပါဘူး။။မတရားဘူးလို့  ဟစ်ကြွေးချင်ပေမဲ့  ငါတို့  အတွက် ဘက်တော်သား မီဒီယာဆိုတာ မရှိခဲ့ ဘူး။အသက်ကို ပေးပြီးတိုင်းပြည်တာဝန်ထမ်းရွက် အများအတွက် ရယ်ပါလို့  သစ္စာစကားဆိုထားတဲ့  သူတွေ နှုတ်က စကား မုသာဝါဒတွေပဲ ဖြစ်ရော့ လား။မကျေနပ်ရင်လိုက်ကြည့် ဘယ်ရဲဘော်မှ ကိုယ်ပိုင်စီပွားရေး မလုပ်နိုင်ကြဘူး။မကြီးပွားလို့  ဆိုပြီး အခွင့် အရေးမတောင်းဆိုခဲ့ ကြဘူး။ဘယ်တောင်းဆိုမလဲ။တပ်မတော် အကြောင်းသူ တို့ ကောင်းကောင်းသိတယ်။အမေ နေမကောင်းပဲနဲ့ တော့  မုန့် ဖိုးမတောင်းဝံတာ သားလိမ္မာတွေမှာပဲ ရှိတဲ့  သိတက်မှု့ တွေပေါ့ ...................

ခိုက်ခိုက်တုန်အောင်ချမ်းတဲ့  ရုရှားနိုင်ငံရဲ့ ဆောင်းတွင်း......။နှင်းစက်တွေက ကျလို့  .....။
မနက်မိုးမလင်းသေးဘူး တကိုယ်လုံး လုံအောင်ခြုံ ပြီး မနက်စောစော ကျောင်းသွားနေရပြီ...။
ပြန်လာရင်လည်း တ၀မ်းတခါးအတွက် ချက်ပြုတ်ရပြန်တယ်.........။အမြဲတမ်းသွားလာနေရတဲ့ 
အဆောင်နဲ့ ကျောင်း ၊ကျောင်းနဲ့  အဆောင်မှာ ငါတို့ ရဲ့ ခြေရာတွေ ကမ္ဘာမြေ မပျောက်သရွေ့ တော့ ကျန်နေဦးမှာပါ.............

ဒီလိုနဲ့  မသိလိုက်ဘာသာ သိလိုက်ဘာသာနဲ့  တဖြုတ်ဖြုတ်နဲ့ ကြွေသွားလိုက်တာ များ...........။ ။မိုးလေဒဏ် ဥတုတွေကြားမှာ ဖျားခဲ့ ရင်တောင် ဆေးတိုက်မဲ့ သူမရှိခဲ့ ဘူး။။ခပ်တိုးတိုး ငြီးညူသံကြားမှာ မိဘတွေ စိတ်ပူမှာစိုးလို့  မြို ကာမှိတ် ကြိတ်မှတ်အိပ်ခဲ့ ဖူးတယ်။တကယ်ပါကွယ်…………….ဒါတွေကိုများ ရုရှားရောက် ဘယ်စစ်သားတွေက တံခွန်တိုင် မဏ္ဍပ်တက်ပြခဲ့ ဖူးသလဲ။
လက်ညိုးတချက် ကွေးပြီး လူသတ်ရမှာထက် ဘိလပ်မြေတအိတ်ထမ်းပြီး တိုင်းပြည်အတွက် ငါ ကတ္တရာ ခင်းပေးချင်ပါတယ်………….


ပြောစမ်းပါဦး လောကကြီးရယ်။ဒါတွေ အားလုံးကိုတော့  မင်းတို့ တွေ မသိချင်ယောင်ဆောင်သွားကြတယ်။စစ်ထဲဝင်ပါဆိုတော့  နှတ်ခေါင်းရှုံ့ ကြတယ်။ပေါ်တာဆွဲတယ်ဆိုတော့  ဂျာနယ်ပေါ်မှာ တသီတတန်းကြီး။မြန်မာနိုင်ငံ ရဲ့ နယ်မြေဒေသ အသီးသီးမှာ မြေသြဇာဖြစ်မို့  မင်းတို့  ငါ့ တို့ ကို ဆုတောင်းကြနေလေသလားကွာ….။ညွန်နေတဲ့  လက်ညိုးပေါင်းများစွာနဲ့ ၊ပြောနေတဲ့  သွေးထိုးသံစကားမှာ ပြည်သူနဲ့  စစ်တပ် ရင်ခြင်း အပ်သင့် တယ်ဆိုတာ ဘယ်ဂျာနယ်တွေက များ ဇောင်းပေးဖော်ပြခဲ့ ဖူးကြသလဲ။ကိုယ်ချင်းစာစိတ်လေးတော့  ထားပေါ့ ။အမှန်တရားဟာ အမှားတစ်ထောင်ထဲရောက်တော့  ငှက်ပျောက်သလို ပျောက်သွားလိုက်တာများ။သူတို့ ပြောနေတဲ့  အမှန်တရား မီဒီယာ သမားတွေက ဒါတွေကို ကျတော့  မှတ်တမ်းတင်ဖို့ မေ့ေ၇ာ့ နေလေသလားလို့  ကြုံရင်တော့ မေးလိုက်ချင်တာပေါ့ ………



ပြည်ထောင်စုကြီးဆိုတဲ့  ဒီမြန်မာပြည်ကြီး ကောင်းကင်ယံမှာ ထွန်းလင်းဖို့  အသက်တွေပေးဆပ်ရင်း မိသားစုဆိုတာတွေကို မျက်ကွယ်ပြုခဲ့ ကြတယ်…..။အသိုက်အမြုံဆိုတာတွေကိုတောင် နွေးထွေးခွင့် မပေးနိင်ရှာတဲ့  ရုရှားရောက် စစ်ဗိုလ်တွေ မနည်းမနောပဲ။သူတို့ ကိုချစ်တဲ့ သူတွေဆိုတာကလည်း အချိန်တွေပေးဆပ် ၊အရာရာကို နှင်းအပ်ပြီး ချစ်ခွင့် ပို ခဲ့ လို့ သာပေါ့ ........။တိုင်းပြည်ချစ်စိတ်နဲ့ အတူ အရာအားလုံးကို သူတို့ ပေးဆပ်တာတောင် မှ လူကြားကောင်းအောင် မာန်တက်မနေခဲ့ ကြဘူး။ပေးတဲ လစာနဲ့ နေ ၊ကျေပွန်အောင် ထမ်းရွက်ရမဲ့ တာဝန် ၊နာကျင်ခံရခက်တဲ့  ဝေဒနာ၊လှိုက်ငိုနေမဲ့  နှလုံးသား တွေထဲမှာ မင်းတို့  မမြင်နိုင်တဲ့  မျက်ရည် တွေ ရုရှားရောက်စစ်ဗိုလ်တွေမှာလည်း စိုလူးနေမှာ မလွဲဘူးကွာ………....................



တကယ်ပါ ငါတကယ် ဆုတောင်းတယ်……………။စိန်ခေါ်မှု့ တွေနဲ့ မုန်းတီးမှု့ တွေကြားမှာ ပြည်သူအတွက်နဲ့ တည်ဆောက်ထားတဲ့  တပ်မတော် ဘယ်တော့ မှ အရည်မပျော်စေရဘူး။မ တထောင် တကောင်ဘွား ၊ပြီးတော့  အမျိုးချစ်တဲ့ စိတ် သူတို့ တွေမှာ ကြောက်စိတ်မရှိခဲ့ ကြဘူး။ဒီလိုနဲ့  စစ်စိမ်းရောင် ကိုချစ် မြတ်နိုးပြီး အမုန်းတရားတွေကြား မှာ ခပ်ခါးခါး အပြစ်မြင်သံတွေကြားမှာ တိုင်းပြည်အတွက် ငါ့ တို့ ဝံကြွားခဲ့ ကြတယ်။

တနေ့ နေ့ ပေါ့ ဆိုတဲ့  အတွေး နဲ့  မခိုင်မလဲ ပဲ ယုံကြည်ချက်တွေနဲ့ တည်ဆောက် တပ်မတော်ဆိုတာ ဘယ်တော့ မှ အမျိုး သစ္စာမဖောက်ဘူးဆိုတာ တွေးရင် အများက ပစ်ပယ်ခြင်းနဲ့  စပ်ဆုပ် ရွံရှာခြင်းတွေကြားမှာ ကြွေလွင့် သွားတဲ့  ကြယ်တွေ သြော် အမိမြန်ပြည်မှာ မရေတွက်နိုင်တော့ ဘူးလေ………………….(မင်းသန့် )


ဖေ့ ဖုတ်မှ http://www.facebook.com/photo.php?fbid=186077914848067&set=a.119271444862048.17694.100003375792279&type=1&theater 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий