မေ ၁၃

မိုးမောက်မြို့နယ် ကျောက်တိုင်လမ်းဆုံအနီး ဗန်းမော်လွယ်ဂျယ်ကားလမ်း ဘယ်ဘက် တွင်ရှိသော မိုးမောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်စခန်းအားမနေ့ည ၈ နာရီလောက်က KIA အဖွဲ့ဝင် ၂ယောက်မှ ဆိုင်ကယ် ဖြင့်လာပြီး လက်ပစ်ဗုံးပစ်သွင်းခဲ့သဖြင့် အတွင်းမှ လူ၃ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေဟာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ဇနီး(၂) ယောက် ဖြစ်တယ်။ ဒဏ်ရာရတဲ့သူတွေကို မိုးမောက်ဆေးရုံသို့ပို့ဆောင်ကုသခဲ့ရသည်။

မိုးမောက်မြို့ကလူတွေပြောကြားချက်အရ KIA က စစ်တပ်နဲ့မဆိုင်တာတွေကိုလုပ်တာ များနေပါပြီး မီးလောက်ရင်လာရောက်ကူညီမီးငြိမ်းသတ်ပေးတဲ့ မီးသတ်တပ်ဖွဲ့ကို ဘာအကြောင်း ကိစ္စကြောင့် ဒီလိုလုပ်တာလဲ။ သူတို့လုပ်ရက ကချင်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ကိုထိခိုက်မှုတွေဖြစ်ပေါ်နေပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေက အကြမ်းဖက်သမားလုပ်ရပ်တွေလုပ် နေတယ်လို့ မိုးမောက်မြို့ကလူတွေကပြောနေကြပါတယ်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий