မေလ ၈ ရက်နေ့၌ ရန်ကုန် မြို့ရှိ စက်မှုကုန်သည် အသင်းချုပ် တွင် ပြုလုပ်သည့် မသန်စွမ်းသူများ နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ် အောင်ဆန်းစုကြည်နှင့် ဦးမြတ်သူ ဝင်းတို့ နှုတ်ဆက်နေခြင်းကို မီဒီ ယာများ ဓာတ်ပုံရိုက်နေစဉ် အချင်း များခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်နှင့်ပတ် သက်၍ ဦးဝင်းတင်က တစုံတရာ ပြောကြား ခြင်းမရှိကြောင်းနှင့် နှစ်ဖက်စလုံးမှ လူငယ်များဖြစ်နေပြီး တာဝန်ကြီးကြီး လူကြီးတာဝန်များကို ထမ်းဆောင်နေရသူများဖြစ်၍ ယခုပြဿနာကို ပြည်ပအခြေစိုက် ဧရာဝတီ သတင်းဌာန ကို ပြောကြား ခဲ့သည်။

''တစ်ဦးနဲ့တစ်ဦး တွန်းထိုးတဲ့ အထိ ဖြစ်ရတာ မကောင်းပါဘူး။ အဲဒါအပြင် မီဒီယာသမားတွေကို နှိမ့် ချပြောသွားတာမကောင်းဘူး၊ တကယ်တမ်းပြောရင် ဒီလိုသိမ်းကြုံး ပြောတယ်ဆိုတာတွေဟာ မီဒီယာ သမားတွေကို စော်ကားသလိုပါပဲ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင် ဖြေရှင်းသင့်တယ်'' ဟု အေပီသ တင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောသည်။

ပြဿနာဖြစ်ပွားမှုနှင့်ပတ်သက်၍ Express Times ဂျာနယ်သတင်းထောက် ဦးဟိန်းကိုစိုး ကိုThe Messenger ဂျာနယ်က မေးမြန်းရာ တွင် ဦးဟိန်းကိုစိုးက ''အိမ်သာထဲကို ခေါ်ပြီး ကျွန်တော့်ရင်ဘတ်ကို စောင့် တွန်းတယ်။ ပြီးတော့ မင်းကဘာကောင်လဲ၊ ငါတို့က နိုင်ငံရေးကို ထောင်ကျခံပြီးလုပ်တာ၊ မင်းတို့ ဂျာ နယ်လစ်တွေဆိုတာ ပိုက်ဆံရဖို့လုပ်နေတာ၊ မင်းတို့ အယ်ဒီတာချုပ်ကို ဒီအတိုင်းပြောလိုက်လို့ပြောပြီး ကျွန် တော့်ကို ဆဲဆိုကြိမ်းမောင်းဓာတ်ပုံ ရိုက်သွားတယ်'' ဟု ပြန်လည်ပြော ကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက် ၍ ဦးကျော်စိုးနိုင်က "မှန်တယ်လည်း မပြောဘူး၊ မှားတယ်လည်း မပြောဘူး၊ ကျွန်တော့်ကိစ္စ လည်းမဟုတ်ဘူး ဒီကိစ္စအပေါ် ကျွန်တော့် ထင်မြင်ချက် မပေးဘူး။ နာမည်ကြီးဖို့ လုပ်တာလည်း မဟုတ်ဘူး" ဟုပြည်ပ အခြေစိုက်ဧ ရာဝတီ သတင်းဌာန အား မောက်မာစွာ ပြော ခဲ့သည်။ ယင်းအပြင် ယခုကိစ္စကို NLD တာဝန်ရှိသူများ ကဖြေရှင်းပေး လိမ့်မည်ဖြစ်ကြောင်း လူကြီးများက သာ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါပြဿနာ ဖြစ်ပွားမှုနှင့်ပတ်သက်၍ The Messenger ဂျာနယ်မှပြင်း ထန်စွာ ကန့်ကွက်ရှုံ့ချခဲ့ပြီး မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက် နှင့် Yangon Press International (YPI) တို့မှ စိတ်မကောင်းဖြစ် မိကြောင်း သဘောထား ထုတ်ပြန်ချက် များထုတ်ပြန်ကြေညာခဲ့သည်။

ယခု ဖြစ်ပွားနေသည့် ပြဿနာ နှင့် ပတ်သက်၍ NLD ပါတီမှ တာ ဝန်ရှိသူ ဦးအုန်းကြိုင်က အမှန်တ ကယ်ဖြစ်ခဲ့ပါက နောင်တွင်မဖြစ်ရန် တာဝန်ယူပေးပါမည်ဟု ပြောကြားကြောင်း ယခုအပတ်ထုတ် The Voice Weekly သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ပြည်တွင်း သတင်းမီဒီယာ သမားများသည် ကြားဖြတ်ရွေး ကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် လွှတ်တော်ကိုယ် စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံး မှုများကို နိုင်ငံအနှံ့လိုက်လံသတင်း ယူ၍ NLD ဖက် မှလိုက်ကာ ကောင်းကြောင်းများကို ပြည်သူလူထုသို့ ဖြန့်ဝေပေးခဲ့ ကြသည်။ ယင်းအတွက်ကြောင့်လည်း ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် အခကြေးငွေ သဘောမျိုးဖြင့် သတင်းမီဒီ ယာသမား များကို ဖိတ်ခေါ်၍ သူမ ၏နေအိမ်ခြံဝင်းတွင်ဧပြီလ ၁၁ ရက်နေ့က ညစာကျွေးမွေးဧည့်ခံခဲ့သည်။

Myanmar Express

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий