ဆိုင်းဘုတ်လေးတော့ တည့်အောင် မှန်အောင် ကိုင်ကြပါဗျာ
ရှစ်လေးလုံးအထိန်းအမှတ် ဆန္ဒပြပွဲများ ဆုတောင်းပွဲများကို ကမ္ဘာအရပ်ရပ်မှ မြန်မာအတိုက်အခံများ ပုံစံအမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။ တချို့ကလည်း ဘုန်းကြီးတွေပင့်ပြီး ကျင်းပခဲ့ကြသလို တချို့ကလည်း ဘာမှမသိတဲ့ ကလေးတွေကို ခေါ်ပြီး ကျင်းပခဲ့ကြပါတယ်။ "ဖိတ်ထားတာတော့ အများကြီးပဲ.. ထမင်းလည်းကျွေးမယ်၊ ပိုက်ဆံလည်းပေးမယ် ပြောထားတာ.. ရှစ်လေးလုံး ၂၃ နှစ်ဆိုတော့ အများကြီးတောင် လာမယ်ထင်တာ.. တကယ်တန်းကျတော့ မလာကြဘူး... ၂၃ နှစ်တောင် ကြာပြီ ဘာမှ ထူးခြားအောင် မလုပ်နိုင်တာကြောင့် ရှက်လို့မလာကြတာလည်း ဖြစ်နိုင်တယ်" လို့ ဆန္ဒပြပွဲ ပြုလုပ်သူ ကမကထ တစ်ဦးက ပြောပါတယ်။
ဆိုးဝါး စိတ်ပျက်ဖို့ကောင်းတာ တစ်ခုကတော့ ၈ လေးလုံး ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြသူတွေထဲမှာ ဆန္ဒပြသူ ဒီမိုကရေစီဘက်တော်သား တစ်ယောက်က ဆိုင်းဘုတ်ကို ဇောက်ထိုးကြီးကိုင်ခဲ့တာပါပဲ။ ဆန္ဒပြသူတွေ ကိုင်ဆောင်ဖို့ ထုတ်ပေးထားတဲ့ ဆိုင်းဘုတ်ကို တစ်ယောက်တည်း ဇောက်ထိုးကြီးကိုင်ကာ ခန့်ခန့်ကြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ အဲဒီဓာတ်ပုံကိုလည်း AP သတင်းဌာနမှတဆင့် တကမ္ဘာလုံးသိအောင် ဖော်ပြထားပါတယ်။
ဖွတ်ဒေါင်းအလံကြီးကလည်း ဇောက်ထိုး၊ လူတွေကလည်း ဇောက်ထိုး၊ နိုင်ငံ မြေပုံနဲ့ သူတို့ကြိုက်လှပါပြီဆိုတဲ့ အလံလည်း ဇောက်ထိုးဖြစ်နေပြီ....
ရှစ်လေးလုံးကြောင့် အားလုံးဇောက်ထိုး ဖြစ်ကုန်တယ်လို့ပဲ ပြောချင်တာများလား
"ဒီလိုဆန္ဒပြပွဲမှာ ကမ္ဘာသိအောင် ဆိုင်းဘုတ်ဇောက်ထိုး ကိုင်ပြတာကြီးက သိပ်ကို ဆိုးရွားတဲ့ အဖြစ်ပျက်တစ်ခုပါ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်တီစုကလည်း စိတ်ဆိုးနေတယ်.. သူတို့လုပ်ပုံက အန်တီစုအပါအဝင် ၈၈ ကျောင်းသားအားလုံးကိုေ-ာက်ပေါကြီး တွေ ဖြစ်အောင် လုပ်လိုက်သလိုပဲ" လို့ NLD နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက Myanmar Express ကို ပြောပါတယ်။ အတည်ပြုနိုင်ဖို့အတွက် NLD ဒုဥက္ကဌ ဦးတင်ဦး ဆီကို ဖုန်းဆက်မေးခဲ့ပေမယ့် မျက်စိနာနေလို့ စကားမပြောနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ခုလို ကပျက်ကချော် လုပ်တာက ရှစ်လေးလုံးတုန်းက အသက်ပေးသွားသူတွေ အားလုံးကို စော်ကား ခြင်းဖြစ်ကြောင်းနဲ့ ဘန်ကောက်မှ နိုင်ငံရေးသူတောင်းများကို အလွန် စိတ်ပျက်မိကြောင်းကို အမေရိကားရောက် ရှစ်လေးလုံး ကျောင်းသား ဟောင်းတစ်ဦးက ပြောပါတယ်။ "ဒါ သက်သက်စော်ကားတာဗျ.. ဒီလို ကပျက်ကချော်လုပ်တာက အသက်ပေးသွားတဲ့ သူတွေအားလုံးကို စော်ကားတာပဲ.. ဘန်ကောက်က နိုင်ငံရေးသူတောင်း စားတွေ ဒါမျိုးဖောင်းတာ ခဏခဏ ရှိနေပြီ.. ခွပ်ဒေါင်းအလံကိုတောင် ဘယ်ဟာက အတည့်၊ ဘယ်ဟာက ဇောက်ထိုးမှန်းမသိပဲနဲ့ နိုင်ငံရေးဝင်လုပ်နေကြတာ အများကြီးပဲ.. တကယ်စိတ်ပျက်စရာကောင်းတယ်" လို့ သူက ဆက်ပြောပါတယ်။
အလားတူဖြစ်စဉ်မျိုးတွေ ခဏခဏ ဖြစ်ခဲ့ဖူးပြီး အသိသာဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို တောင် မှားပေါင်းပြီး ဆန္ဒပြဖူးသူတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံစစဉ်က အားကိုးတကြီးနဲ့ လွတ်လာရင် ထူးခြားမလား ဆိုပြီး လွတ်ဖို့ ဆန္ဒပြသူများထဲမှာ တစ်ယောက်က ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အောင်ဆန်းဆန်းကြည် လို့ ပေါင်းပြီး ဆိုင်းဘုတ်ကို ကိုင်ကာ ဆန္ဒပြခဲ့ဖူးပါတယ်။ ဒီဖြစ်စဉ်ကို ရိုက်တာ သတင်းဌာနကဆင့် တကမ္ဘာလုံး သိတုန်းကလည်း အကျယ်ချုပ်ထဲမှာ နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အတော် စိတ်ခုခဲ့ရဖူးပါတယ်။
ဘယ်တုန်းက နာမည်ပြောင်းလိုက်တာပါလိမ့်.. ကင်မွန်းတပ်လေးတော့ လုပ်သင့်တယ်..
"ဆန္ဒပြတယ်ဆိုတာ ဓာတ်ပုံပဲ အဖတ်တင်တာမဟုတ်လားဗျာ.. ဒီတော့ ခဏတာအတွင်း ဓာတ်ပုံအရိုက်ခံချိန်မှာ ဆန္ဒပြသူတွေ အနေနဲ့ အသေအချာတော့ ပြင်သင့်တာပေါ့.. ခုတော့ ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်းမသိ၊ ကိုယ်ကိုယ်တိုင်က အမြင်မတည့်တော့ ဓာတ်ပုံတွေက တလွဲတွေ ထွက်တာပေါ့.. ဆန္ဒပြသူတွေ အနေနဲ့ ပိုက်ဆံရပြီးရော ဆိုတဲ့ စိတ်နဲ့ မပြကြပဲ ရတဲ့ပိုက်ဆံနဲ့ ထိုက်တန်အောင် အသေအချာလေး စီစဉ်သင့်တယ်" လို့ ဆန္ဒပြသူ တစ်ဦးက ပြောဆိုပါတယ်။ 
မြန်မာနိုင်ငံသတင်းများ(၈-၈-၂၀၁၁)
၎ ဦးမြောက် အနားပေးခံရသည့် ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကျော်ဖြိုး ဖြစ်လာ click
- ဒု-သမ္မတ၏ ကမ်းလှမ်းချက်ကို သံသယဖြင့် ကြို click
- ကေအိုင်​အေနှင့်​ အစိုး​ရတပ် တိုက်ပွဲ ၄ဝ ခန့်ဖြစ် click
- တိုင်း​ရင်း​သား​ကိုယ်စား​လှယ်များ​ လွှတ်​တော်ရုံး​အစီအစဉ်ဖြင့်​ ငြိမ်း​ချမ်း​ရေး​ အိတ်ဖွင့်​ပေး​စာ ​ပေး​ပို့ click
- ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာကို လက်မှတ်ထိုးသူကိုယ်တိုင် အပြည့်အ၀ လက်မခံနိုင် click
- စစ်မှန်သည့်​ ဖက်ဒရယ် မ​ပေါ်မချင်း​ ဆက်လက်တိုက်ပွဲဝင်မည် click
- “ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ” (ဒဂုန်တာရာနှင့် အင်တာဗျူး) click
- တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့များ​အတွက် သမိုင်း​သင်ခန်း​စာ (သုံးသပ်ချက် ဆောင်းပါး) click
- မိုင်းလားတပ်ဖွဲ့နယ်မြေအနီး မြန်မာစစ်တပ် ဒု-အကြိမ် ငွေသတ္ထု ထွက်ရှာ၊ ရွာအချို့အား ငွေထောက်ပံ့စည်း ရုံး click
- မြစ်ဆုံ ဝေဖန်ချက်ကို တုန့်ပြန်ပြီ click
- ဧရာဝတီမြစ်ဖျား​ပိုင်း​ ​ရေအား​လျှပ်စစ်စီမံကိန်း​များ​အ​ပေါ် အစိုး​ရ ခုခံ​ရေး​သား​ click
- မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ကိုယ်စား​လှယ် ထား​ရန် တိုက်တွန်း​ click
- သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှု ဓာတ်ပုံမှတ်တမ်း​တင်သူကို ရုံး​ပြန်ထုတ် click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပ click
- ၂၃ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့ ချီတက်လှုပ်ရှားမှုများ ဂျပန်ရောက် ဒီမိုကရေစီအင် အားစုများမှ ပြုလုပ် click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနား (ရန်ကုန်) (ဓာတ်ပုံ) click
- ၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် လှုပ်ရှားမှု (တိုကျို) (ဓာတ်ပုံ) click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနား (အော့က်လန်) (ဓာတ်ပုံ) click
- ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ခရီးစဉ်နဲ့ တရားပွဲ (ဓာတ်ပုံ) click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနား (ဖို့တ်ဝိန်း) (ဓာတ်ပုံ) click
- ၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် လှုပ်ရှားမှု (နယူးဒေလီ) (ဓာတ်ပုံ) click
- ၈ လေးလုံးဆိုတာ အောင်ပွဲလား၊ မကြေပွဲလား (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- မိုက်တွင်းနက်ဆဲ စစ်အစိုးရနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လူ့အခွင့်အရေး ဒီမိုကရေစီရေးပြဿနာ (ဆောင်းပါး) click
- စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် - အပိုင်း (၄) (ဆောင်းပါး) click
- စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် - အပိုင်း (၃) (ဆောင်းပါး) click
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒေါက်တာ ဦးမြင့်၏ ဟောပြောချက် (၄) click
- ဦးပိုင်ထံ ကြွေးမဆပ်နိုင်သည့် လယ်သမားများ ထိန်းသိမ်းခံနေရ click
- ချင်း​သစ်​တောမှ ဘဏ္ဍာ​ငွေစီမံခွင့်​ရ​ရေး​ ချင်း​ပါတီက လွှတ်​တော်တွင် တင်ပြမည် click
- မြစ်​ရေတက်မှု​ကြောင့်​ မြို့အချို့ ရေမြုပ် click
- ကလေးမြို့နှင့် ကလေးဝမြို့တို့တွင် ရေကြီး click
- ပဲခူး​ ​ရေကြီး​ (ဓာတ်ပုံသတင်း​) click
- ချောင်းရေကျသွားသော်လည်း ဒုက္ခသည်စခန်းမှ ရေဘေးသင့်သူများ ယာယီနေရာတွင် ရှိနေဆဲ click
- ရွှေဈေး တရှိန်ထိုး မြင့်တက် click
- ကမ္ဘာ့​ရွှေ​ဈေး​တက်သဖြင့်​ မြန်မာ​ရွှေလည်း​ ​ဈေး​တက် click
- မြန်မာ့ဆန် မြောက်ကိုရီးယား သွားမည် click
- ရွှေည၀ါ ဆရာတော် ဘဒ္ဒန္တပညာသီဟ တရားပွဲ (၆-၈-၂၀၁၁) (တိုကျို) (ဓာတ်ပုံ) click
- ယင်လပ်အနေနဲ့ စစ်မှုရေးရာကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း လုပ်သင့် click
- ကက်ဘိနက်ရာထူးတွေအတွက် လိမ္မာပါးနပ်တဲ့ အပေးအယူတွေ ဆက်လုပ်နေ၊ အစိုးရဖွဲ့စည်းမှု သောကြာ နေ့မှာ ပြီးမယ်လို့ မျှော်လင့် click
- ရုတ်ရုတ်သဲသဲ လန်ဒန်နဲ့ မှတ်သားစရာတချို့ click
ဒီမိုကေ၇စီဆိုတာ   ဘာကောင်မှန်းသေသေချာချာ ငဘ  မသိပေမဲ့  တွေ့ ၇မြင်၇ကြား၇တာတော့   ငဘအ
တွက်  ဘယ်လိုစိတ်ချမ်းသာစ၇ာ  မကောင်း။မိသားစု ၇ုံးပိတ်၇က်လေးများ  ကန်တော်ကြီးသွားမယ်လုပ်တယ်။
အံမလေးေ၇ှာင်လိုက်၇တဲ့  အတွဲ တွေ။ဖြစ်နေလိုက်ကျပုံများ။ယိုသူမ၇ှက်မြင်သူ၇ှက်ပေါ့ ဗျာ။၇န်ကုန်မှာ  အတွဲေ၇ှာင်လို့ ၇တဲ့ နေ၇ာများ၇ှိ၇င်  ငဘကို ပြောစမ်းပါေ၇ှာင်သွားချင်လိုပါ။ခုလည်းကြည့် ပါဦးမိတ်ဆွေတို့
                       ဒါလူငယ်တွေပျော်ပျော်ပါးပါးနဲ့   ပျော်မြူးနေကျတဲ့   ကလပ်တခုတဲ့ လေ
                             အနမ်းပွင့် ကို ဒီနေ၇ာ မှာခြွေကောင်းလားဗျာ
                                                       မပြောချင်တော့ ပါဘူး
                                        သူတို့ နိုင်ငံတွေမှာ ပြောတဲ့ လွပ်လပ်ခွင့် လား
                                          ဘု၇ားပေါင်ကိုမှီလို့ မှီပေါ့
                      ကုန်ကုန်ပြောမယ်   ဒီမိုကေ၇စီ၇ဲ့ နောက်မှာ  ဒီလို  လွပ်လပ်ခွင့်ေ၇ာ  ၇ှိနေသေးတယ်
ဆို၇င်     .................
ကျွန်တော် ဒီပိုစ့်ကို ရေးသင့် ၊ မရေးသင့် ။ တင်သင့် ၊ မတင်သင့် စဉ်းစားနေတာပါ ။ ဦးကျော်သူ တို့ လို
စံပြပုဂ္ဂိုလ်ကြီးတွေ အတွက် ကျွန်တော်လို လူမျိုးရေးတာကို ရီ ကောင်းရီပါလိမ့်မယ် ။ သေးသေးလေး မှ
သည် အကြီးကြီးဆီသို့  ဆိုသည့်အတိုင်း ပညာရှိ သတိဖြစ်ခဲမှာစိုးလို့  တင်လိုက်ရခြင်းသာဖြစ်ပါသည် ။
                         ရုပ်ရှင်မင်းသား အကယ်ဒမီ (ဦးကျော်သူ) ဟာ ကျွန်တော်အတွက်တော့ အလွန်
လေးစားထိုက်သော လူတစ်ယောက်ပါ ။ ရုပ်ရှင်မင်းသား အကယ်ဒမီ (ဦးကျော်သူ) ဆိုတာနဲ့  နာရေး
ကူညီမှုအသင်း ကိုပါတွဲပြီးမြင်ယောင်မိကြမှာပါ ။ ဟုတ်ပါတယ် (ဦးကျော်သူ)ဟာ မြန်မာနိုင်ငံက လူ
ပါ ။ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို ရေးမယ်ဆိုတော့ အတော့်ကို သတိထားရပါတယ် ။
တစုံတခု မှားယွင်းခဲ့ရင် ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ် ။  ဦးကျော်သူ ရဲ့ ပေးဆပ်ခြင်းဟာ
တန်းဖိုးမဖြတ်နိုင်ပါဘူး ။ ဒါကြောင့်လည်း ပြည်သူ့ ဂုဏ်ရည်ဆု ကိုရရှိခဲ့တာပါ ။ ဦးကျော်သူ ဆိုတဲ့ နာမည်
ဟာ မြန်မာနိုင်ငံ ပြည်သူ ၊ ပြည်သားတွေရဲ့ ရင်ထဲမှာ အမြဲတမ်း မှတ်တမ်းတင်နေမည့် နာမည် တစ်ခုပါ ။
ဒါကြောင့်လည်း အမှားအယွင်းမရှိအောင် တင်ပြရခြင်းသာဖြစ်ပါတယ် ။ ဒီလို တင်ပြမှု မှားယွင်းခဲ့ရင်
တောင်းပန်ပါကြောင်း ထပ်လောင်းပြောဆိုပါရစေ ခင်ဗျာ ။
                        ကျွန်တော် တို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံလို့  အားလုံးက အသိအမှတ်ပြုထားကြ
ပါတယ် ။ မြန်မာနိုင်ငံမှာလည်း လက်ညိုးထိုးမလွဲအောင် စေတီ ၊ ပုထိုးတွေပေါများလှပါတယ် ။ ဘုရား ၊
တရား ၊ သံဃာ ကိုကြည်ညိုကြတာ မြန်မာနိုင်ငံ သူ၊ မြန်မာနိုင်ငံသားတွေကို ဘယ်သူမှလိုက်မမှီဘူးလို့ 
ကျွန်တော် ယုံကြည်ပါတယ် ။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ အဓိကအကြောင်းကတော့ ဗုဒ္ဓဘာသာ
ဝင်တွေဟာ ဘုရား ၊ တရား ၊ သံဃာ ဆိုပြီး တတန်းထဲထားကြပါတယ် ။ ဘုရားသားတော်တွေ ဖြစ်တဲ့
သံဃာတော်တွေ ကိုလည်း ဘုရားနဲ့ တတန်းထားပြီး ကိုးကွယ်ဆည်းကပ်ကြပါတယ် ။ ဒီလို ဘုရားနဲ့  တတန်းထဲထားပြီး ကိုးကွယ်ဆည်းကပ်ကြတဲ့ သံဃာတော်တွေကို ဘယ်လို ပူဇော်မှုမျိုးနဲ့  ကန်တော့
သင့်ကြပါသလဲ ။
                 အောက်ကပုံကို ကြည့်ပါ ။
ဒါဟာ ဘုရားသားတော် သံဃာတစ်ပါးနဲ့  အတူ ရုပ်ရှင်မင်းသား(ဦးကျော်သူ) နဲ့  အခြား တစ်ယောက်
တို့  ထိုင်ခုံတစ်ခုံမှာ အတူယှဉ်တွဲ ထိုင်နေကြတာပါ ။ ကျွန်တော် ပြောချင်တာက ဗုဒ္ဓဘာသာ မှာ ဘုရား နဲ့ 
အတူယှဉ်တွဲ ထိုင်ကြရတာလဲ ခင်ဗျာ ။ ဒါဆိုရှင် ဗုဒ္ဓဘုရားရှင် နဲ့  အတူယှဉ်တွဲ ထိုင်သလိုဖြစ်မနေဘူးလား ခင်ဗျာ ။
            တခြား သာသာဝင်တွေ အနေနဲ့ ကြည့်ရင် ဘယ်လိုအမြင်မျိုး ရှိမယ်ဆိုတာကိုပါ သုံးသပ်သင့်ပါ
တယ်။ ဦးကျော်သူ တို့ လို စံပြပုဂ္ဂိုလ်ကြီးတွေကတောင် ဒီလိုပြုမှုမယ်ဆိုရင် တခြားလူတွေ အနေနဲ့ .....? ။
မိမိ ကိုးကွယ်တဲ့ ဘာသာကို မိမိကိုယ်တိုင် လေးစားလိုက်နာကျင့်သုံးမှ တခြားဘာသာဝင်တွေဟာ လေး
စားလိုက်နာမှာပါ ။ ဒီလို အတူယှဉ်တွဲ ထိုင်နေတာကို တခြား ဘာသာဝင်တွေ အနေနဲ့  မြင်တွေ့ သွားရင်
မိမိတို့  ကိုးကွယ်ဆည်းကပ်နေကြတဲ့ သံဃာတော်တွေကိုလည်း အမြင်တမျိုးရောက်သွားနိုင်ပါတယ် ။
သံဃာတော်တွေ အနေနဲ့ ကလည်း ဒီလိုပြုမှုလာရင် ကျောသား ၊ ရင်သား မခွဲခြားပဲ ဆုံးမပြုပြင်သင့်ပါ
တယ်လို့ ထင်မြင်ယူဆမိပါတယ် ။ အလှူအတန်း ကိုမျှော်ကိုးပြီးလို့ ဘဲဖြစ်ဖြစ် ၊ အားနာလို့ ဘဲဖြစ်ဖြစ်
 ဆုံးမသင့်တာကို မဆုံးမဘူးဆိုရင်တော့ သံဃာတော်တွေပါ အပြစ်မကင်းဘူး လို့ ထင်မြင်ယူဆမိ
ပါကြောင်း ရေးစားလိုက်ရပါတယ် ခင်ဗျာ ။။။။။။။။။။
                                     လေးစားလျှက် ( စိုင်းမြင့်ထွန်း )
စာပေဟောပြောပွဲဆို  ကြိုက်နှစ်တက်သူ  ငဘအတွက်  စာေ၇းဆ၇ာဆိုတာ   တကယ့် ကယ်တင်၇ှင်ကြီးတွေ
လို့ ကို  ထင်မှတ်မိတာပါ။ဘာလို့ လဲ ဆိုတော့  စာဖတ်ခြင်းက  ဗဟုသုတ  ၇စေတယ်  မဟုတ်ပါလား.......။
နေမိသပ။စာပေဟောပြောပွဲဆိုတာ တကယ်ကောင်းတဲ့  စာပေဟင်းအိုးဝိုင်းလေးပါ။
ငဘငယ်ငယ်က  ဆ၇ာတွေ ဆုံးမတယ်။အတွေ့ အကြုံကို  ကိုယ်တိုင်၇ှာမ.ယူပါနဲ့ တဲ့ ။သူများ၇ထားတဲ့ 
အတွေ့ အကြုံကို  နင်းပြီးေ၇ှာင်သင့် တာ ၊ေ၇ှာင်ပါ ။ဆောင်သင့် တာ ဆောင်ပါတဲ့ လေ။ဒီလို စကားမျိုးက
စာပေဟောပြောပွဲနဲ့ အလွန်ကို လိုက်တာပါ။ဘာလိုလဲ ဆိုတော့ စာပေဟောပြောပွဲဆိုတာ  ဟောပြောသူတို့ 
၇ဲ့  ဖြတ်သန်းလာတဲ့  အတွေ့  အကြုံကို နှိုင်းယှဉ်ပြီးတော့   ပြောပြတာမို့  နားထောင်သူ  လူငယ်၊လူ၇ွယ်
များအတွက် အလွန်မတန်  အကျိုး၇ှိတဲ့  အ၇ာတွေပါ။
ဥပမာ ဆ၇ာအောင်သင်းပေါ့။သူဆိုခပ်၇ိုင်း၇ိုင်းပြော၇၇င်  ထောင်ထွက်တယောက်ပဲလေ။ဒါပေမဲ့  ဟော
ပြောပွဲမှာ  သူမပါ၇င်မပြီးဘူး။စာပေလူကြမ်းကြီးလို့ လည်း  နာမည်ကြီးပါတယ်။ဘာလို့ လဲ ။လူငယ်တွေအ
တွက် ဗဟုသုတ  ၇အောင် အလွန်မတန်ပြောပြနိုင်တဲ့ သူ၊ဆွဲဆောင်မှု့ ကောင်းကောင်းနဲ့ ပြောပြနိုင်သူပါ။
စာပေဟောပြောပွဲ မှာ  ဆ၇ာချစ်ဦးညိုလို  မိဘအကြောင်းကို မျက်၇ည်ကျအောင်ပြောမှာလား ။ဆ၇ာ
အောင်သင်းလို   လူငယ်တွေ စိတ်ဓါတ်ကောင်းအောင်ပြောမှာလား ။
ဒါပေမဲ့ ပေါ့ဗျာ ...။ငခုံးမ တကောင်ကြောင့်  တလှေလုံးပုပ်ဆိုတာကြားဖူးကျမယ်ထင်ပါ၇ဲ့ ဗျာ..............။
စာပေကို  စာပေနဲ့ တူအောင်ပြောဖို့ တော့ လို ပါလိမ့် မယ်။ဒါမှနားထောင်သူက အကျိုး၇ှိလိမ့် မပေါ့....။သူ
ဟောပြောတာကို  မကြုက်လို့ မဟုတ်ပါဘူ။အပြောအဆိုကောင်းပါတယ် ။ခက်တာက  နိုင်ငံကို ပုပ်ခက်တာ
မပါ၇င်  မပြီးတော့ ဘူးလား ။စာပေဟောပြောပွဲကို မှကြိုက်နှစ်သက်သူ  ငဘအတွကတော့  တော်တော်
လေးကို  သူ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။မှတ်မိသေးတယ် ။ဒူဘိုင်းဟောပြောပွဲမှာ  စစချင်းကို 
စောက်နဲ့ ထွင်းတာ ။မီးမ၇တဲ့ အကြောင်းပေါ့ ။နားထောင်တဲ့ သူက  ပြည်ပေ၇ာက်နေသူတွေ။သူတို့ က
လည်း  လက်ခုတ်တတီတတီးနဲ့ ပေါ့။
ငဘသုံးသပ်မိတာလေးပါ။ဟာသ ဆို၇င် အောက်ပိုင်းမပျက်၇င်  ပွဲကြည့် သူမ၇ီတော့ ပါဘူး။ဟာသပြော၇င်
အစိုး၇ကို ပုတ်ခတ်တာ  မပါ၇င်  ဟာသမမြောက်တော့ သလိုလို။ဒါဟာ  မြန်မာနိုင်ငံအတွက်တော့ ကောင်း
မွန်တဲ့  လမ်းစဉ်နဲ့   လူငယ်တွေအတွက်ေ၇ှ့ ဆောင်လမ်းပြတခုတော့  မဟုတ်ပါဘူး....။
ဒီတော့   ကာတွန်းေ.ယာင်ယောင်  ၊စာေ၇းဆ၇ာယောင်ယောင်  နဲ့  တခုတော့ မေးလိုက်ချင်တယ် 
ဆ၇ာအော်ပီကျယ်ခင်ဗျာ    ခင်ဗျာ  ဘာလုပ်မှာလဲလို့ .....................။
လတ်တလောပြန့်နှံ့နေသည့် အော်ပီကျယ်၏ နိုင်ငံတော်အစိုးရ၏ လတ်တလောဆောင်ရွက်ချက်များကို ကို လှောင်ပြောင် ပျက်ရယ်ပြုထားသော ကာတွန်းများအနက်မှ အချို့ကို ကောက်နှုတ်တင်ပြအပ်ပါသည် ။
နိုင်ငံတော်သမ္မတကြီး၏ ကောင်းမွန်သောအစိုးရ ၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး ကြိုးပမ်းချက်ကို ပျက်ရယ်ပြုထားသော ကာတွန်းပုံ
ကာတွန်း အော်ပီကျယ်
ယခုရက်ပိုင်းအတွင်းတွင်  နိုင်ငံတော်အစိုးရ ၏ လတ်တလောဆောင်ရွက်ချက် များအား လှောင်ပြောင် သရော်သည့် အော်ပီကျယ်၏ကာတွန်းများ Facebook စာမျက်နှာများ မှတစ်ဆင့် ပျံ့နှံ့လျက် ရှိကြောင်း သိရှိရပါသည် ။ 
အဆိုပါကာတွန်းပုံများအား ကာတွန်းဆရာအော်ပီကျယ်က သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် လတ်တလော ကာတွန်းများအမည်ဖြင့် တင်ထားရာမှ စတင်ပျံ့နှံ့လာခြင်း ဖြစ်ကြောင်းလည်းသိရပါသည်။
" အစိုးရလုပ်ဆောင်ချက်တွေကို ဝေဖန်တယ်ဆိုတာတော့ လွယ်တာပေါ့ဗျာ တကယ်လုပ်ကြည့်ရင်တော့ မလွယ်တာကိုတွေ့ရမယ် ဘောလုံးကန်သလိုပေါ့ ဟိုလိုကန်ပါလား ဒီလိုဖြတ်တင်လိုက်ပါလား .. နောက်က လူ လွတ်နေတယ်လေ ဒါတောင်မမြင်ဘူးလား ၊ ကန်ချက်ပျော့လိုက်တာ  အစရှိသဖြင့်ပေါ့ဗျာ ဝေဖန်တာ ကတော့ အင်မတန်လွယ်တယ်ဗျ ၀င်ကန်ဘို့ကတော့ ဘယ်လွယ်မလဲ ဒီသဘောပေါ့ဗျာ အခု ဒီကာတွန်းတွေကတော့ ဝေဖန်တယ်ဆိုတာထက် လှောင်ပြောင်သရော်ထားတယ် ဆိုရင်ပိုမှန်မယ်  " ဟု အဆိုပါကာတွန်းများကို ကြည့်ရှုခဲ့သူတစ်ဦးက ဆိုပါသည် ။
ပြည်သူ့ခေတ်ဂျာနယ် နှစ်ပတ်လည်ပွဲကို တက်ရောက်ခဲ့သည့် ပြည်တွင်းဂျာနယ်သမား တစ်ဦးက " က ဖျက် ယ ဖျက်ဆိုတာ ဒါမျိုးကိုခေါ်တာဗျ အစိုးရအဆက်ဆက် ဒီလိုပဲ အစိုးရကိုသရော်တဲ့အလုပ်ပဲ လုပ်စားလာတာဆိုတော့လေ..အကျင့်ပါနေတယ်ထင်ပါတယ် သူ့ပရော်ဖက်ရှင်နယ် အလုပ်ကိုက ဒါပဲဗျ..သူ့တစ်သက်တာ မှာရေးခဲ့တဲ့ ကာတွန်းတွေထဲက အစိုးရအဆက်ဆက်ကို ထေ့တေ့တေ့ လုပ်ထားတဲ့ ကာတွန်းတွေ ကို ဖယ်လိုက်ရင် လက်ကျန်ကာတွန်း မရှိသလောက်ဖြစ်သွား လိမ့်မယ် ပြည်သူ့ခေတ် ဂျာနယ် နှစ်ပတ်လည်ပွဲတုန်းကလဲ သူကပဲ မီဒီယာသမားတွေကို လူတတ်ကြီးလုပ်ပြီး ပြောနေလိုက်တာ ဗျာ အောင့်သီးအောင့် သက်နဲ့ နားထောင်လိုက်ရသေးတယ် ' ဟုဝေဖန်ပြောကြားသွားပါသည် ။
လတ်တလောပြန့်နှံ့နေသည့် အော်ပီကျယ်၏ နိုင်ငံတော်အစိုးရ၏ လတ်တလောဆောင်ရွက်ချက်များကို ကို လှောင်ပြောင် ပျက်ရယ်ပြုထားသော ကာတွန်းများအနက်မှ အချို့ကို ကောက်နှုတ်တင်ပြအပ်ပါသည် ။
နိုင်ငံတော်သမ္မတကြီး၏ ကောင်းမွန်သောအစိုးရ ၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး ကြိုးပမ်းချက်ကို ပျက်ရယ်ပြုထားသော ကာတွန်းပုံ
အဆိုပါ ကာတွန်းဆရာအော်ပီကျယ်သည် စာပေဟောပြောပွဲများတွင်လည်း နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမည့် ၊ အထင်အမြင်လွဲမှားစေမည့် ဟောပြောချက်များကို မကြာခဏဆိုသ လို ဟောပြောလေ့ရှိသဖြင့် အစိုးရအတိုက်အခံများ၏ မြေပေါ်အတိုက်အခံသမားတစ်ဦးအဖြစ် အသတ်မှတ်ခံထားရသူတစ်ဦးဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိပါကြောင်း တင်ပြအပ်သည်။
Voice Of Myanmar