နေတိုးစစ်အုပ်စု အကူအညီဖြင့် လစ်ဗျားသူပုန်များ ထရီပိုလီမြို့တွင်းသို့ထိုးဖေါက်ဝင်ရောက်လာနေ

နေတိုးစစ်အုပ်စုရဲ့ စစ်ရေးအကူအညီနဲ့ လစ်ဗျားအစိုးရကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေကြသူတွေဟာ မြို့ပြင်ပိုင်းက ခုခံတိုက်ခိုက်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ထရီပိုလီ (Tripoli) မြို့လယ်မှာရှိတဲ့ အစိမ်းရောင် ရင်ပြင်အထိ အခု ရောက်နေကြပြီဖြစ်ကြောင်း သတင်းရရှိပါတယ် ။

ထရီပိုလီကိုဝင်ရောက်လာသော သူပုန်များ 
(လက်နက်တွေက အထိန်းအကွပ်မဲ့စွာ...လူတိုင်းလက်ထဲမှာ.... ဒီလူတွေသေနတ်ဘေးချထားလိုက်ရင် အစိုးရက သူပုန်လား ပြည်သူလားခွဲခြားရန် ခက်လှသည့်အခြေအနေမျိုးဖြစ်သည် )
သူပုန်တပ်တွေဟာ ထရီပိုလီမြို့တော်ထဲမှာရှိတဲ့ အစိမ်းရောင် ရင်ပြင်နေရာအထိ ထိုးဖေါက်ရောက်ရှိလာပြီး အဲဒီကလှုပ်ရှားမှုတွေကိုလည်း အနောက်အုပ်စု မီဒီယာများအကူအညီနဲ့ ရုပ်မြင်သံကြားတွေပေါ်က တိုက်ရိုက်ပြသတာကိုလည်း အနောက်အုပ်စုမီဒီယာများမှာဖေါ်ပြနေကြပါတယ် ။
ဂဒါဖီ (Moammar Gadhafi) ရဲ့ သား ၂ ယောက်ဖြစ်တဲ့ ဆာအိဖ် အယ်လ် အစ္စလမ် (Seif al Islam) နဲ့ မိုဟာမက် ဂဒါဖီ (Mohammed Gadhafi) တို့ကိုလည်း ဖမ်းမိထားတယ်လို့ သူပုန်ဘက်ကတာဝန်ရှိသူတွေက ပြောကြားပါတယ် ။
တနင်္ဂနွေ အစောပိုင်းတုန်းကတော့ မြို့ရဲ့ အနောက်ဘက် ၁၇ မိုင်လောက်မှာရှိတဲ့ စစ်တပ်အခြေစိုက် စခန်းတခုကိုသူပုန်တွေကနေတိုး စစ်အုပ်စုရဲ့ လေကြောင်းအကူအညီနဲ့ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒီစစ်စခန်းဟာ ဂဒါဖီ အစိုးရရဲ့ အထူး Khamis တပ်မဟာ အခြေစိုက်ရာစခန်း ဖြစ်ပါတယ်။

 သိမ်းနိုင်ခဲ့တဲ့ စစ်စခန်းကနေ လက်နက် ခဲယမ်းမီးကျောက်တွေကို ထရပ်ကားတွေနဲ့ သူပုန်တွေ သယ်ယူခဲ့ကြပြီးထရီပိုလီကို တိုက်ခိုက်တာလို့ အနောက်မီဒီယာတွေမှာဖေါ်ပြထားပေမယ့် အစတည်းက ပင် ထရီပိုလီကို တိုက်ခိုက်ဘို့ လက်နက် အပြည့်အစုံ ပါလာတာဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ် ။ ဒါ့အပြင် သူပုန်တွေဟာ မြို့ထဲဘက်ဆီ ရှေ့တိုးသွားနေစဉ်မှာလည်း ထောင်ထဲကနေ ထောင်သား ရာနဲ့ချီကို လွှတ်ပေးခဲ့ကြတဲ့အတွက် လက်ရှိထရီပိုလီ မြို့အခြေအနေဟာ အင်မတန်စိုးရိမ်စရာဖြစ် တယ်လို့ စောင့်ကြည့်နေသူတွေက ဆိုပါတယ် ။
အာဏာရှင်တစ်ယောက် ပြုတ်ကြတော့မယ်လို့ အနောက်အုပ်စုမီဒီယာတွေက ဖေါ်ပြနေကြပေမယ့် ဒီအသွင်ကူးပြောင်းမှုဟာ အင်မတန် အန္တရာယ် ကြီးတဲ့ အသွင်ကူးပြောင်းမှုပုံစံဖြစ်ပြီး လတ်တလောအနိုင်ရနေသူ လစ်ဗျားသူပုန်တွေဟာလည်း အကွဲအပြဲ တွေတပုံတစ်ပင်နဲ့မို့ ကဒါဖီပြုတ်ကျသွားသည့်တိုင် အင်မတန်ကြီးမားတဲ့နောက်ဆက်တွဲ ပြသနာတွေနဲ့ လစ်ဗျားနိုင်ငံဟာ မလွဲမသွေ ကြုံတွေ့ရဦးမှာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောကြားလျှက်ရှိကြောင်း သတင်းရရှိပါတယ် ။
Voice Of Myanmar


-

ရုပ်တည်ကြီးနဲ့ ဆက်ပိတ်အုန်းမလား


နိုင်ငံတော်ဟာ ဒီမိုကရေစီ ပြောင်းလဲမှုနဲ့အတူ နိုင်ငံရဲ့ အခြားကဏ္ဍတွေ ဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးကိုပါ တပါတည်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နေတာတွေဟာ အားမာန် အပြည့်နဲ့ အသက်ဝင် ရုပ်လုံးပေါ်နေပါပြီ။ ပြီးခဲ့တဲ့ မေလတုန်းက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲတွေ ကျင်းပပြီး လုပ်ငန်းစဉ် (၈)ရပ် ချမှတ်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်တွေကို အပြု သဘောဆောင် လက်တွေ့သဘောနဲ့ ရှုမြင်သူတွေကတော့ နိုင်ငံတော်သစ်ရဲ့ ခြေလှမ်းသစ်တွေဟာ ယခင့် ယခင်တွေကနဲ့ မတူပဲ နိုင်ငံရဲ့အခြေခံ လိုအပ်ချက်တွေကို အဓိကထား လုပ်ဆောင် လာမှုတွေကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုခဲ့ကြပေမယ့်၊ နိုင်ငံတော် ဘာလုပ်လုပ် အပြစ်တင် ရှုတ်ချဖို့ပဲ စဉ်းစားသူ တွေကတော့ အပျက်သဘောနဲ့သာ ပြောဆိုခဲ့ကြတာ အားလုံး ကြားသိကြပြီး ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ပြောဆိုချက်တွေဟာ အခုတော့ လေထဲမှာတောင် ကြာကြာ မမွှေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်က သူတို့တွေ ဘယ်လောက်ပဲ မဟုတ် မဟတ်တွေ ပြောပြော ကိုယ့်နိုင်ငံ ဖွံ့ဖြိုးဖို့ ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင် နေတာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ အခုလည်း မေလက ကျင်းပခဲ့တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲတွေက ဆွေးနွေးရရှိလာတဲ့ အချက်အလက်တွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံတစ်ခုရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အခြေခံဖြစ်တဲ့ မက်ခရိုစီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြည့်စုံ ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖော်ဆောင်ဖို့၊ ဆက်သွယ်မှု ကဏ္ဍကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ဖို့တွေ အတွက် သီးခြား ကဏ္ဍတွေခွဲပြီး စနစ်တကျ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် စက်မှုနိုင်ငံအဖြစ် တက်လှမ်းရာတွင် မလွဲမသွေ ဆောင်ရွက်ရမည့် Source Industry (သို့မဟုတ်) Mother Industry ထူထောင်ခြင်း ကဏ္ဍတွေကိုပါ အလေးအနက် ဆွေးနွေးခဲ့ကြတာကို တွေ့ရှိရပါတယ်။
ဒီလို အလုပ်ရုံ ဆွေးနွေးပွဲတွေကို နိုင်ငံတော် အဆင့် အမျိုးသားအဆင့် သတ်မှတ်ပြီး အလေးအနက်ထား ကျင်းပနေတာဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မက်ခရို စီးပွားရေးဆိုင်ရာ ကိစ္စတွေကို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်နိုင်အောင်၊ လိုအပ်ချက်တွေကို ဖြည့်စွက် ဆောင်ရွက် နိုင်အောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မက်ခရို စီးပွားရေးကိစ္စကို ပြုပြင် ပြောင်းလဲရုံနဲ့ ပြည့်စုံတယ်လို့တော့ မဆိုနိုင်ပါဘူး။ အခြား ကဏ္ဍတွေနဲ့ချိတ်ဆက် ဆောင်ရွက်ကြရမှာ ဖြစ်သလို သွယ်ဝိုက်သော နည်းဖြင့် ပတ်သက်နေတဲ့ ကဏ္ဍတွေလည်း ရှိနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ပြောင်းလဲဖို့ဟာ အဲဒီနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ အရေးကြီးသလို ကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကလည်း အတိုင်းအတာတစ်ခုအထိ ပူးပေါင်း ဆောင်ရွက်မှုဟာ လိုအပ်ပါတယ်။ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ မည်မျှပြုလုပ်စေကာမူ ကမ္ဘာက ပစ်ပယ်ထားမယ်၊ တစ်ဖတ်သက်ဆန်စွာ ဆက်ဆံနေမယ်၊ ဖိအားပေးတာတွေ ပိတ်ဆို့တာတွေ လုပ်နေမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေဟာ အောင်မြင်သင့် သလောက် အောင်မြင်မှု ရရှိမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတာဝန်ယူပြီးချိန်ကစပြီး ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သလို မက်ခရိုစီးပွားရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာ တွေလည်းရှိခဲ့ပါတယ်။ နိုင်ငံသားတွေ အတွက် အကျိုးရှိစေမယ့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတွေ ကိုလည်း ပြဋ္ဌာန်းပေးခဲ့သလို၊ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့အတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။
နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် အဲဒီပိတ်ဆို့ မှုတွေကြားက နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြတာကြောင့် တိုးတက်သင့်သလောက် တိုးတက်မှုမရရှိခဲ့ပါဘူး။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ ဒေါ်စုကြည်နဲ့ NLD တို့ရဲ့ “မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ရေး၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအား အကူအညီ အထောက်အပံ့များ၊ အချေးအငှားများ မပြုလုပ်ရေး၊ နိုင်ငံတကာမှ စီးပွား ကုန်သွယ်မှုများ မပြုလုပ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ကမ္ဘာလှည့် ခရီးသွားများ မလာရောက်ရေး” ဆိုတဲ့ ပိတ်(၄)ပိတ် တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့ထားဖို့၊ အမေရိကန်က ပိတ်ဆို့မှုသက်တမ်း ထပ်မံတိုးဖို့ဆိုပြီး မကြာသေးခင်ပဲ ဒေါ်စုကြည်ရဲ့ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုသက်တမ်းကို ထပ်မံတိုးလိုက်တာ ကိုလည်း တွေ့ရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းနေတဲ့ နိုင်ငံတွေကို IMF နဲ့ ကမ္ဘာ့ဘဏ် စတာတွေကနေ ချေးငွေတွေ ထုတ်ပေးတာတွေရှိပါတယ်။ အဲဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပေးမှသာ အဲဒီအားတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုဟာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးနိုင်မှာဖြစ်ပါတယ်။
တစ်ချိန်လုံး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဖို့၊ ရင်းနှီးမြုပ်နှံမှုမပြုလုပ်ကြဖို့နဲ့ ကမ္ဘာလှည့်ခရီးသွား တွေမလာကြဖို့ ဆိုပြီး တစ်ချိန်လုံးတောင်းဆိုနေခဲ့တဲ့ ဒေါ်စုကြည်ဟာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ”ကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ သူမရဲ့ စိတ်ရင်း နဲ့ကော ဖြစ်နိုင်ပါ့မလား။ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ မိမိတို့သိသမျှ၊ တတ်သမျှ၊ စွမ်းသမျှတွေနဲ့ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဖို့ စုဝေးကြတဲ့ ဆွေးနွေးပွဲပါ။ ဒေါ်စုကြည်က တစ်ဖက်မှာတော့ ပိတ်ပါ ဆို့ပါ အရေးယူပါ အော်နေပြီး ဒီလို နိုင်ငံတော်အဆင့် ဆွေးနွေးပွဲမှာ လာတက်ပြတာကကော ပြည်သူတွေ၊ ဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ ပညာရှင်ကြီးတွေရဲ့ အမြင်ကို လှည့်စားနေခြင်းလား ဆိုတာ တွေးတောစရာပါပဲ။
နိုင်ငံတော်က ကြိုးစားခဲ့သလောက် အောင်မြင်မှုတွေ မရခဲ့တာဟာ ဒေါ်စုကြည်နဲ့ NLD တို့ တောင်းဆိုခဲ့တဲ့ ပိတ်ဆို့မှုတွေ ကြောင့်ပါ။ ပိတ်ဆို့မှုတွေကြားက ဒီနေ့ ဒီအချိန်မှာ မြင်တွေ့နေရတဲ့ အောင်မြင်မှုတွေ ရအောင် ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ ကြရတာပါ။ ဒေါ်စုကြည်တို့ရဲ့ ပိတ်လေး ပိတ်ကြောင့် ဆုံးရှုံးခဲ့ရတာတွေ၊ နှောင့်နှေးခဲ့ရတာတွေဟာ ဒီကနေ့ အထိ သက်သေ သာဓကတွေ အများကြီး ရှိနေပါသေးတယ်။ ဒေါ်စုကြည်ရဲ့ နှစ်ပေါင်း ၂၀ ကျော်လုံးလုံး လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ ဒီဆွေးနွေးပွဲတစ်ခုကို တက်ပြီး ထိုင်ပြရုံနဲ့တော့ ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူး။ ပြည်သူတွေ လိုချင်တာက ဒေါ်စုကြည် တစ်ယောက် စိတ်ရင်းမှန်မှန်နဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုတွေကို အထောက်အကူ ပြုစေမယ့် လုပ်ငန်းတွေ အမှန်တကယ် လုပ်ဆောင်မှုတွေကိုသာ တွေ့မြင်လိုတာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ စူးရှမေတ္တာ




 
- ဦးသိန်းစိန်နှင့် တွေ့ဆုံမှုအပေါ် NLD ကြေညာချက် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံခြင်းမှ သုံးပွင့်ဆိုင်ဆွေးနွေးရေး ချင်းပါတီ မျှော်လင့် click
- တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လိုအပ် click
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကွင်တားနားကို အကြံပြု click
- အကျဉ်းသားလွတ်ရေး မျှော်လင့်ချက်ကြီးလာ click
- အကျဉ်းသား​လွတ်​မြောက်​ရေး​ ယူ​ကေ​ရောက် မြန်မာများ​ အစာငတ်ခံ ဆန္ဒပြ click
- စာနယ်ဇင်းလွတ်လပ်ခွင့် ပေးတော့မှာလား click
- တွေးစရာ ဓာတ်ပုံ click
- ပြည်တော်ပြန်မိန့်ခွန်း ဒုက္ခသည်များ စိုးရိမ်ပို click
- ပြည်တော်ပြန်သင့် မပြန်သင့် (၁) click
- ပြည်တော်ပြန်သင့် မပြန်သင့် (၂) click
- ပြန်တော်ပြန်ရေး ကမ်းလှမ်းချက် သတိနှင့် ကြိုဆို (ရုပ်သံ) click
- ဒေါက်တာတူးဂျာရဲ့ ငြိမ်းချမ်းရေးအမြင် click
- ယာယီ အပစ်ရပ်ပြီး ဆွေးနွေးရန် ဖက်ဒရယ်ကောင်စီ တောင်းဆို click
- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင်များ တောင်းဆို click
- တိုင်းမှူးနှင့် စစ်အရာရှိကြီးများ ယာဉ်တန်းကို DKBA တိုက်ခိုက် click
- ကရင်ပြည်နယ် ဝန်ကြီး​ချုပ်၏ ကား​တန်း​ တိုက်ခိုက်ခံရ click
- ဘုရားသုံးဆူမြို့မှ ပြည်သူ့စစ် ရိုက်နှက်သဖြင့် ရွာသား ဒဏ်ရာရ click
- အစိုးရစစ်တပ်တွေ ကျည်ဆံ ခိုးရောင်း click
- KIO က အစိုးရကို ဒီနေ့ ပို့တဲ့စာ click
- သောင်းကျန်းမှုအဖြစ် မြင်က နိုင်ငံရေး ဆွေးနွေးမှု ခက်မည်ဟု KIO သတိပေး click
- ကေအိုင်အေက တံတားဖျက်ဟု ပြော click
- KIA က မူလတန်းကျောင်း နှင့်ကျေးရွာ မီးရှို့ဟု အစိုးရသတင်းစာ ဖော်ပြ click
- အာဏာပိုင် ခွင့်မပြု၍ စစ်ပြေးဒုက္ခသည်ကို ကုလသမဂ္ဂ ကူညီခွင့်မရသေး click
အစိုးရသစ်ကို ပြည်သူလူထု ထောက်ခံကြောင်း သမ္မတ ပြောပြီ click
- မြန်မာ့စီးပွားရေး အကျပ်တည်းအချို့ဖြစ်ခဲ့ဟု သမ္မတ ဦးသိန်းစိန် ပြော click
- ဝေဖန်အကြံပြုချက်များကို ခံယူမည်ဟု ဦးရွှေမန်း ဆို click
- မီဒီယာများရဲ့ဝေဖန်မှု ခံယူသွားမည်ဟု သူရဦးရွှေမန်း ပြော click
- သူရဦးရွှေမန်း မိန့်ခွန်း click
- လွှတ်​တော်ရေး​ရာ​ကော်မတီများ​ ထပ်မံဖွဲ့စည်း​ click
- ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားဖြူ ၅ နေရာသာ ပြိုင်မည် click
- စီးပွားရေးရာဆွေးနွေးပွဲအကြောင်း ဆက်သွယ်မေးမြန်းချက် click
- ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လယ်သမားများ လွတ်လပ်ခွင့် (ဆောင်းပါး) click
- လူကုန်ကူးခံရတဲ့ မြန်မာတွေရဲ့ရလဒ် (ဆောင်းပါး) click
- နောက်တခါ လာပြန်ချေသေး (ဆောင်းပါး) click
- နယ်စပ်ပြဿနာ ​ဖြေရှင်း​ရေး​ မြန်မာရဲချုပ် ထိုင်း​နိုင်ငံ သွား​ရောက် click
- တမူးမြို့ နန့်ဖာလုံ ဈေးသည်များ ဆန္ဒပြ click
- မဏိပူရ်သူပုန်များကြောင့် နယ်စပ်ကုန်သည်များ အခက်တွေ့ click
- ကျပ်ငွေဈေး ထိုးတက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ် click
- ထိုးဆင်းနေပြန်တဲ့ ဒေါ်လာဈေး click
- မြန်မာနိုင်ငံ မြို့ကြီးအချို့ ရေကြီး click
- မန္တလေး ရေကြီး click
- တာချီလိတ်တွင် ရေကြီး၊ “တာလော့” ဈေးကြီး ပိတ်ထားရ click
- ကမ်းပါးပြိုသဖြင့် လူ ၅ဝဝ ကျော် အိုးအိမ်မဲ့ click
- ရန်ကုန်မြို့အနီး​တွင် အစိမ်း​ရောင်ရွာ တည်​ထောင်မည် click
- မိုးရာသီ အိုင်စီတီ အရောင်းပြပွဲ ရန်ကုန်တွင် ပြုလုပ် (ရုပ်သံ) click
- အုန်းဖျန်တွင် ဒုက္ခသည်စာရင်း ကောက်ခိုင်း click
- ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ click
- မွတ်ဆလင်မလေးနှစ်ဦး တိုင်တဲ့အမှု ရဲက လက်မခံ click

  • ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ - နိရဉ္စရာ click here
  • မွတ်ဆလင်မလေး နှစ်ဦးတိုင်တဲ့ အမူ ရဲက လက်မခံ - နိရဉ္စရာ click here
  • အစိုးရ စစ်ယာဉ်တန်းကို ဒီကေဘီအေ တိုက်ခိုက် - ဘီဘီစီ click here
  • ကရင်ပြည်နယ်က နယ်ခြားစောင့် နှစ်ပတ်လည်နေ့နဲ့ တိုက်ပွဲသံတွေ - နေ့သစ် click here
  • နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ - မိုးမခ click here
  • သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ - အာရ်အက်ဖ်အေ click here
  • နှစ်ဘက်ယုံကြည်မှု အတွက် ဦးသိန်းစိန် အစိုးရ လက်တွေ့ လုပ်ဆောင်ပြဖို့ NCGUB တိုက်တွန်း - အာရ်အက်ဖ်အေ click here
  • လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ - အာရ်အက်ဖ်အေ click here
  • လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ ဆွေးနွေးဖို့ ပါတီတွေပြင်ဆင် - အာရ်အက်ဖ်အေ click here
  • ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ - ဗွီအိုအေ click here
  • လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ - ဘီဘီစီ click here
  • နိုင်ငံရေးနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဆက်လုပ်မည် - ဒီဗွီဘီ click here
  • စီးပွားဖွံ့ဖြိုးရေးအတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုအပ် - ဗွီအိုအေ click here
  • စီးပွားရေးပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ ပြီးဆုံး - ဘီဘီစီ click here
  • အမတ်တွေ လုပ်ပိုင်ခွင့် ပိုရရေး လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ်ရှိ - အာရ်အက်ဖ်အေ click here
  • နေပြည်တော် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံး - အာရ်အက်ဖ်အေ click here
  • စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲစီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ - ဒီဗွီဘီ click here
  • အလုပ်ရုံဆွေးနွေးပွဲ မြင်ကွင်း ပြန်လည်သင့်မြတ်ရေး လမ်းစအဖြစ် မြင် - အာရ်အက်ဖ်အေ click here
  • ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ - နိရဉ္စရာ click here
  • နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ် - အာရ်အက်ဖ်အေ click here
  • အာသံသူပုန် ဆက်ကြေးတောင်းမှု အရေးယူပေးဖို့ နယ်စပ်ဈေးမှာ ဆန္ဒပြ - အာရ်အက်ဖ်အေ click here
  • တပ်ကြပ်ကြီးက သေနတ်ဖြစ်ပစ်ခတ်မှုကြောင့် အရပ်သား သင်္ဘောမောင်းသူ ပွဲချင်းပြီးသေဆုံး - ရိုးမ ၃ click here
  • တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ရှေ့ပြေးအဖွဲ့ ကျောက်ပန်းတောင်းနယ် ရောက်ရှိ - အာရ်အက်ဖ်အေ click here
  • နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆို - ဘီဘီစီ click here
  • ဓာတ်ငွေ့ပိုက်လိုင်းကြောင်း ဒေသခံများ စိုးရိမ် - ဒီဗွီဘီ click here
  • အပြည်ပြည်ဆိုင်ရာ ချက်ပြုတ်နည်း၊ ဖျော်ရည်မျိုးစုံ သင်တန်းဖွင့် - NLD click here
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြပ်ပြေးနေပြည်တော် ခရီးစဉ်ပြီးဆုံး - ယနေ့မြန်မာ click here
  • ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ - နိရဉ္စရာ click here
  • ကသည်းသူပုန် ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့ နန်းဖာလုံဈေး ပိတ် - ဒီဗွီဘီ click here
  • မြန်မာပြည်မှပေးစာ၊ အားလပ်ရက်များ ၂ - ဧရာဝတီဘလော့ဂ် click here
  • ပြည်တွင်းစစ် ရပ်စဲရေး ဒို့အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဒို့အရေး - မိုးမခ click here
  • အကယ်ဒမီ တေမိ ဦးကျော်ဆန်း - ဧရာဝတီဘလော့ဂ် click here
  • တရားဥပဒေစိုးမိုးမှုမရှိသေးသော မြန်မာပြည် (ဆောင်းပါး) - မိုးမခ click here
  • Microfinance နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး (ဆောင်းပါး) - နေ့သစ် click here
  • ဦးကြည်မောင်အမှတ်တရများ - မိုးမခ click here
  • ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၉) - မိုးမခ click here
  • အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ် - ဧရာဝတီဘလော့ဂ် click here
  • မြန်မာအစိုးရရဲ့ အကြပ်အတည်းများကို ဘယ်လို ဖြေရှင်းမလဲ (ဆောင်းပါး) - ယနေ့မြန်မာ click here
  • တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာဆိုင်ရာ သတင်းဓါတ်ပုံများ - ယနေ့မြန်မာ click here
  • ၃၉ ကြိမ်မြောက် မဲဆောက် တရုပ်ဘုံကျောင်း ဆန်လှူပွဲ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၉) - မိုးမခ click here

                                   ၂၀၁၁ ခုနှစ်အတွက် ပေကြောင်ပေကြောင် အကယ်ဒမီဆု  

မြောက်ကိုရီးယားခေါင်းဆောင် မစ္စတာကင်ဂျုံအီး ရုရှားနိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေ

 မြောက်ကိုရီးယားခေါင်းဆောင်မစ္စတာ ကင်ဂျုံအီးလိုက်ပါလာသော အထူးရထားကို မြောက်ကိုရီးယားနဲ့ ရုရှားနယ်ခြားဒေသ ရုရှားဘက်ခြမ်း ဗလဒီဘော့စတော့ဒေသရှိ Khasan ဘူတာတွင်တွေ့ရစဉ်

မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအီးဟာ ရုရှားသမ္မတ ဒမီဒရက်ဗ် ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေကြောင်း ရုရှားအစိုးရက သြဂုတ်လ ၂၀ ရက်မှာ အတည်ပြုပြောကြား လိုက်ပါသည် ။
နိုင်ငံတကာသတင်းတော်တော်များများမှာ မြောက်ကိုရီးယားခေါင်းဆောင်၏ ရုရှားခရီးစဉ်နှင့်ပတ်သက်၍ သတင်းများထွက်ပေါ်နေသော်လည်း နှစ်နိုင်ငံစလုံးက တစ်စုံတရာ အတည်ပြုပြောကြားခြင်းမရှိပဲ ဒီနေ့မှာမှ ရုရှားအစိုးရက အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ကြောင်းလည်းသိရပါတယ် ။
ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားသို့ရောက်ရှိနေသော မြောက်ကိုရီးယားခေါင်းဆောင်ဟာ  ခရီးစဉ်အတွင်းမှာ ရုရှားသမ္မတနှင့် တွေ့ဆုံမှာဖြစ်ပြီး ရုရှားမြောက်ဘက်စွန်းမှာရှိတဲ့ ဆိုက်ဘေးရီးယားဒေသကိုလည်း သွားရောက်မှာဖြစ်ကြောင်း ရုရှားတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွှာသတင်းဌာနကဖေါ်ပြလိုက်ပါတယ် ။
မစ္စတာကင်မ်ဂျုံအီးဟာ မြောက်ကိုရီးယားနိုင်ငံ၏ စစ်ကော်မရှင်အကြီးအကဲလည်းဖြစ်ပါတယ် ၊ သူဟာ သူ့နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံများသို့ ရထားဖြင့်ခရီးထွက်လေ့ရှိပြီး ခရီးစဉ်များကိုလည်း ထုတ်ပြန်လေ့မရှိကြောင်းလည်းသိရပါတယ် ။
Voice Of Myanmar

တပ်ကြပ်ကြီးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား သင်္ဘောမောင်းသူ ပွဲချင်းပြီး သေဆုံး click
- ကရင်ပြည်နယ်က နယ်ခြားစောင့် နှစ်ပတ်လည်နေ့နဲ့ တိုက်ပွဲသံတွေ click
- သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြပ်ပြေးနေပြည်တော်ခရီးစဉ် ပြီးဆုံး click
- စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ စီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ click
- ဆင်းရဲမွဲတေမှု လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ click
- ကသည်းသူပုန်များ၏ ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့က နန်းဖာလုံဈေး ပိတ် click
တရားဥပဒေစိုးမိုးမှုမရှိသေးသော မြန်မာပြည် (ဆောင်းပါး) click
- မြန်မာအစိုးရရဲ့ အကျပ်အတည်းများကို ဘယ်လိုဖြေရှင်းမလဲ (ဆောင်းပါး) click
- ဦးကြည်မောင် အမှတ်တရများ (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ) click
- တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာဆိုင်ရာ သတင်းဓာတ်ပုံများ click
- ၃၉ ကြိမ်မြောက် မဲဆောက် တရုတ်ဘုံကျောင်း ဆန်လှူပွဲ (ဓာတ်ပုံ) click
- အထီးကျန် သံလွင်လမ်းခွဲ (၀တ္ထတို) click
- အိမ်ကလေး ၂ (၀တ္ထတို) click
- မြစ်ကောနဲ့ ရေစုန်မျှော (ကဗျာ) click
- အထင်ကြီးချင်သလား ရုရှားစစ်သား – အပိုင်း (၁) (ဆောင်းပါး) click

ကြည်နူးဖွယ်ရာမြင်ကွင်းတစ်ခု


သြဂုတ်လ ၁၉ ရက်နေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တာကို မြင်ရတာဟာ ကြည်နူး ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ ဒီထက် ကြည်နူးဖို့ ကောင်းတဲ့ မြင်ကွင်း ရှိပါသေးတယ်။ သတိထားမိ သူတွေလည်း ရှိမှာပါ။ အဲဒါကတော့ သမ္မတ ရုံးခန်း အတွင်းမှာ ခေတ်အဆက်ဆက် သမ္မတများ၊ ဝန်ကြီးချုပ်များရဲ့ ဓာတ်ပုံများ၊ ပန်းချီကားများကို ပြသထားသလို သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တဲ့ ထိုင်ခုံ နောက်မှာတော့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံကို ချိတ်ဆွဲထားခြင်းပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက် ယှဉ်တွဲပြီး ဓာတ်ပုံ အရိုက်ခံတဲ့အခါ နောက်မှာ ဗိုလ်ချုပ်ပုံကို နောက်ခံထား အရိုက် ခံထားပါတယ်။
နိုင်ငံရေးမှာ သင်္ကေတ နမိတ်ပုံတွေဟာ စကားလုံးတွေ လိုပဲ အရေးပါပါတယ်။ အခု သမ္မတ ရုံးခန်းမှာ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ခေါင်းဆောင်ဟောင်းတွေ အားလုံး (ဦးနု၊ ဦးနေ၀င်းက အစ) ရဲ့ ပုံကို ချိတ်ဆွဲ ထားခြင်းဟာ သမ္မတရဲ့ သမိုင်းအပေါ် အမြင်နဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အပေါ် ထားတဲ့ Message လို့ မြင်မိပြီး အဲဒီလို မြင်ရတဲ့ အတွက် ကြည်နူး ရကြောင်းပါဗျာ။
  • ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ - နိရဉ္စရာ click here
  • စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲစီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ - ဒီဗွီဘီ click here
  • ကသည်းသူပုန်များ၏ ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့က နန်းဖာလုံဈေးပိတ် - ဒီဗွီဘီ click here
  • ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးဖွံ့ဖြိုးမှု အလုပ်ရုံစည်းဝေးပွဲ တက်ရောက် - ဒီဗွီဘီ click here
  • စီးပွားရေး ဆွေးနွေးပွဲမှာ ပွင့်လင်းစွာ ဆွေးနွေး - ဘီဘီစီ click here
  • အဝေးရောက် အစိုးရရဲ့ တုန့်ပြန်ချက် - ဘီဘီစီ click here
  • နိုင်ငံရေးအကျဉ်းသား မိသားစုတွေရဲ့ သဘောထား - ဘီဘီစီ click here
  • အပစ်အခတ်ရပ်ဖို့ တစုတစည်းထဲ ဆွေးနွေးဖို့ တောင်းဆို - ဘီဘီစီ click here
  • နိုင်ငံ့စီးပွား ဖွံ့ဖြိုးရး ဆွေးနွေးပွဲ ဒေါ်စုတက်ရောက် - ဘီဘီစီ click here
  • လယ်ယာမြေ ဥပဒေအပါအ၀င် ဆွေးနွေးစရာတွေများ - ဘီဘီစီ click here
  • စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စု တက်ရောက် - ဗွီအိုအေ click here
  • လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် စတင် - ဗွီအိုအေ click here
  • ကျပ်ငွေဈေးကျ၊ လမ်းများပျက်လို့ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုရပ်ဆိုင်း - အာရ်အက်ဖ်အေ click here
  • ဒေါ်စုရဲ့ နေပြည်တော်ခရီးစဉ် သူတို့ ဒီလိုမြင်ကြတယ် (အသံ) - အာရ်အက်ဖ်အေ click here
  • ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်က အဓမ္မ ငွေကောက် - အာရ်အက်ဖ်အေ click here
  • စီးပွားရေး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် - အာရ်အက်ဖ်အေ click here
  • ကလေးမြို့နယ် NLD နိုင်ငံရေးအကျဉ်းသားတွေကို ကူညီ - အာရ်အက်ဖ်အေ click here
  • အစိုးရတပ်မှ ကေအဲန်ယူထံ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့ - KIC click here
  • ဆွဲမိုင်းကြောင့် အစိုးရအဖွဲ့၏ လုံခြုံရေးတပ်သားတစ်ဦး ထိခိုက် - KIC click here
  • ဌာနချုပ် တိုက်ခိုက်ခံရခြင်း သတင်း မဟုတ်မှန်ကြောင်း ALP ငြင်း - နိရဉ္စရာ click here
  • ယာဘာ ဆေးပြားများ သယ်လာသူ ၂ ဦး စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရ - နိရဉ္စရာ click here

 

အန်တီစု ဘာကြောင့် အလုပ်တွေသိပ်များ





ကချင်ပြည်နယ် တည်ငြိမ်အေးချမ်း သာယာရေး အောင်မြင်ရရှိ သည်အထိ သဘောထား ကြီးစွာဖြင့် ဆက်လက် ဦးဆောင် လမ်းညွှန်ပေးနိုင်ရန် မျှော်လင့်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာကြီး ဦးမဒိန်ဇုန်းကျန်းနှင့် အတွင်းရေးမှူး ဘုန်းတော်ကြီး ကင်နွန်အာဗြာဟမ် ဇော်ခေါင်တို့ လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၅ ရက် ရက်စွဲဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ထပ်မံဆန္ဒပြု မေတ္တာရပ်ခံခြင်း ခေါင်းစဉ်ပါ စာတစ်စောင်အား ပေးပို့ခဲ့ကြောင်း သိရှိရသည်။ အဆိုပါစာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
လေးစားအပ်သော နိုင်ငံတော် သမ္မတကြီး ခင်ဗျား၊
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးတည်လျက် ကြိုးပမ်း ဆောင်ရွက်နေခြင်းကို အောင်မြင်ရေး အတွက် မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီမှ ဆုတောင်းမေတ္တာ ပို့သလျက် ရှိနေပါသည်။
၂။ နိုင်ငံတော် အစိုးရနှင့် KIO တို့ နှစ်ဦးနှစ်ဖက် ဖြစ်ပွားနေသော ပဋိပက္ခများ အတွက် နိုင်ငံတော် အစိုးရ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ် အစိုးရမှ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့ဖြင့် ညှိနှိုင်း ဆောင်ရွက် နေသည်မှာ တိုးတက်မှု ရှိနေကြောင်း ကြားသိရပါသဖြင့် အထူးဝမ်းမြောက် ကျေးဇူးတင်လျက် ရှိကြပါသည်။
၃။ နိုင်ငံတော် သမ္မတကြီးထံသို့ မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များ ကောင်စီမှ ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ စာအမှတ် အမ်စီစီ ၁၆/၂ဝ၁၁ ဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းသာယာရေး အတွက် ဆန္ဒပြု မေတ္တာရပ်ခံ ခဲ့ကြပါသည်။
၎။ သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကြီးမှ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်း သာယာရေး အောင်မြင် ရရှိသည် အထိ သဘောထား ကြီးစွာဖြင့် ဆက်လက် ဦးဆောင် လမ်းညွှန်ပေးနိုင်ရန် အတွက် မျှော်လင့်လျက် လေးစားစွာ ဆန္ဒပြု မေတ္တာ ရပ်ခံအပ်ပါသည်။
(ဘုန်းတော်ကြီးကင်နွန်အာဗြာဟမ်ဇော်ခေါင်)
(သိက္ခာတော်ရဆရာကြီးဦးမဒိန်ဇုန်းကျန်း)
အတွင်းရေးမှူး
ဥက္ကဋ္ဌ
မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ
မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ
မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့
(၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)


ABSDF အဖွဲ့၏ တောင်ပိုင်းစစ်ကော်မရှင်ဥက္ကဌဟောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းဖတ်ကြားတင်သွင်း

ဒေါက်တာဇော်ဦး
 
ABSDF (All Burma Students Democratic Front) ခေါင်းဆောင်ဟောင်း  အမေရိကန်ရောက် မြန်မာစီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးသည်  နေပြည်တော်တွင် ကျင်းပပြုလုပ်လျက် ရှိသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌  ၂၀၁၅ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း အဖွဲ့ဝင်သစ်များအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ  ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် ဖတ်ကြားတင်သွင်းခဲ့ကြောင်း သတင်းရရှိပါသည် ။
ဒေါက်တာဇော်ဦးသည် ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူသားအရင်းမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်ခဲ့သော ABSDF ၏ တောင်ပိုင်းစစ်ဒေသ ကော်မတီ ဥက္ကဋ္ဌအဖြစ် ယခင်ကတာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်သည်။
 
ဒေါက်တာဇော်ဦးသည် အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်တွင် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့ပြီး ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမေရိကန် တက္ကသိုလ် စီးပွားရေးပညာ ဌာနမှလည်း ဖွံ့ဖြိုးမှု ငွေရေးကြေးရေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၉၈ မှ ၂၀၀၆ ခုနှစ်အထိ အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် သုတေသနနှင့် ပေါ်လစီများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပါသည်။

ယခုလ ၁၇ ရက်နေ့၌ နိုင်ငံတော်သမ္မတသည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား အားလုံးကို အမိနိုင်ငံ ပြန်လာခွင့် ပြုခဲ့ပြီး ပြည်တွင်းရှိ သဘောထားအမြင် မတူသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း မတူကွဲပြားမှုများကို ဘေးဖယ်၍ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုး စီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပြီး နောက် ဒေါက်တာဇော်ဦး၏ ပူးပေါင်းပါဝင်လာမှုသည် ထင်ရှားသော ပူးပေါင်းပါဝင်လာမှုဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေကြောင်း သိရှိရပါသည် ။
ဒေါက်တာဇော်ဦးကဲ့သို့ အစိုးရကိုလက်နက်ကိုင်တော်လှန်ခဲ့သော ABSDF အဖွဲ့၏ တောင်ပိုင်း စစ်ကော်မရှင်ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ဘူးသူကိုပင် ယခုကဲ့သို့ နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်လာတက်ရောက်ခွင့်ပြုခြင်းသည် နိုင်ငံတော်၏ ပြည်ပရောက်မြန်မာများ ပြန်လည်ဖိတ်ခေါ်မှုကို စိတ်ပူ သံသယရှိနေသူများ အတွက် စိတ်ပူမှုများနှင့် သံသယများကိုလျော့ပါးသွားစေခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် ကောင်းမွန်သော လက္ခဏာများအဖြစ် အပြုသဘောရှုမြင်လာသူများ တိုးပွားလာနေကြောင်းသတင်းရရှိပါသည် ။
Voice Of Myanmar
- ကချင်ပြည်နယ်တွင် ရှမ်းနှင့် ကချင်လူမျိုးများအကြား သွေးကွဲစေမည့် စာများဖြန့် click
- အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ် click
- စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရန် ဦးမြင့် ဖိတ်ကြားခဲ့ click
- ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးဖွံ့ဖြိုးမှု အလုပ်ရုံစည်းဝေးပွဲ တက်ရောက် click
- ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ မနေ့ကပွဲ (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအစိုးရ သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံ click
- ၁၉ ရက်နေ့ တွေ့ဆုံပွဲ ဓာတ်ပုံ click
- ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ပြီး ရန်ကုန်ပြန် click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှ ပြန် click
- အန်အယ်လ်ဒီ၏ လူထုခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ကျင်းပ click
- ကြံ့ဖွံ့သမ္မတ ကမ်းလှမ်းချက်အပေါ် ပြည်တွင်းလူငယ်နှစ်ဦးရဲ့အမြင် click
- ၁ နှစ်မြောက် နယ်ခြားစောင့်တပ် နှစ်ပတ်လည်အခမ်းအနား ရွှေကုက္ကိုမြိုင်တွင် ကျင်းပ click
- ယာဘာဆေးပြားများ သယ်လာသူ ၂ ဦး စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရ click
- မိုးကြောင့် မန္တလေး ရေလျှံ click
- ရေလျှံတယ် ဆိုလို့ .. (ကာတွန်း) click
- Apple ကထုတ်တဲ့ iPhone ကို Samsung က ဘယ်လောက်လုပ်ပေးသလဲ click
- အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် ၃၀ click

မိုးညှင်းခရိုင် ပြည်သူတို့၏ သဘောထားများ


၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့တွင် မိုးကောင်းမြို့၊ အလယ်ရပ်ရှိ စည်းလုံးညီညွတ်ရေး ရုပ်ထုအနီးတွင် လည်းကောင်း၊ ဈေးကုန်းရပ်ကွက်ရှိ မီးရထားဘူတာရုံ၊ ချစ်ကြည်ရေး လက်ဖက်ရည်ဆိုင်တွင် လည်းကောင်း၊ အရှေ့ ရပ်ကွက်ရှိ ကားဂိတ်များ၏ နံရံများနှင့် အထက(၁) ကျောင်းရှေ့ လမ်းမကြီးဘေး နေရာများတွင် ဖြန့်ကျဲကပ်ထားသည့် "မိုးညှင်းခရိုင် ပြည်သူတို့၏ သဘောထားများ" ခေါင်းစဉ်ပါ စာရွက်များအား ပေးပို့လာသဖြင့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေမှန်များအား သိရှိနိုင်ပါရန် ဖော်ပြလိုက်ပါသည်။
မိုးညှင်းခရိုင် ပြည်သူတို့၏ သဘောထားများ
၁။ ဥပဒေဘောင်အတွင်း အမြန်လာခဲ့ပါ။
၂။ နှစ်ဖက် အပစ်အခတ် ရပ်စဲပေးပါ။
၃။ နှစ်ဖက် နားလည်မှု တည်ဆောက်ပါ။
၎။ နိုင်ငံတော်နှင့် ပြည်သူတို့၏ သဘောထားနှင့် စေတနာကို နားလည်ပါ။
၅။ ကချင်ပြည်နယ် ထာဝရ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပါ။
၆။ တည်ငြိမ်အေးချမ်းမှု မရှိပါက မိုးညှင်းခရိုင်သည် ကချင်ပြည်နယ် အောက်တွင် မနေလိုပါ။
၇။ ကချင်ပြည်နယ် တိုင်းရင်းသား လူမျိုး အားလုံး၏ ဆန္ဒသဘောထားကို အလေးထားပါ။
မိုးညှင်းခရိုင် ပြည်သူများ
  • KIA နှင့် တိုက်ပွဲ မြန်မာစစ်သည် ၂ဦးကျဆုံး - သျှမ်းသံတော်ဆင့် click here
  • သျှမ်းတိုက်ပွဲများ၌ မြန်မာစစ်တိုင်း ၃ တိုင်း ညီညွတ်မှုမရှိ၊ တပ်မှူးအချို့ စစ်ခုံရုံးတင်ခံရ - သျှမ်းသံတော်ဆင့် click here
  • သမ္မတထံ ပေးပို့သည့်စာများအပေါ် သံသယရှိကြောင်း KIO ကပြော - သတင်းနှင့်မီဒီယာကွန်ယက် click here
  • စီပွားရေးအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန် အချိန်နီးကပ်မှ ဖိတ်စာရကြ - သတင်းနှင့်မီဒီယာကွန်ယက် click here
  • မြ၀တီတံတား ပြန်ဖွင့်တော့မည်ဟု မြို့ခံများပြောဆို - KIC click here
  • ဝင်ငွေခွန်လျှော့ပေမယ့် ဒေါ်လာဈေးကြောင့် မပျော်နိုင် - မဇ္စျိမ click here
  • သမ္မတ ကမ်းလှမ်းချက် ဒုက္ခသည်အမြင် - ဘီဘီစီ click here
  • ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာတယ် - ဒီဗွီဘီ click here
  • တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တော့မည်ဟု ဦးဝင်းတင် မျှော်လင့် - ဧရာဝတီ click here
  • သားရွှေအိုးထမ်းမယ့် ကိန်းလား - ဧရာဝတီဘလော့ဂ် click here
  • အိန္ဒိယမှ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြမှု ဒေါ်စုထောက်ခံ - မဇ္စျိမ click here
  • အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ - အာရ်အက်ဖ်အေ click here
  • ကချင်အမျိုးသမီးများနေ့ ထုတ်ပြန်ကြေညာချက် - ဧရာဝတီဘလော့ဂ် click here
  • ပဲခူးဗုံးခွဲမှုမှာ မတရား ဖမ်းဆီးခဲ့ကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်က ကုလသမဂ္ဂကို တင်ပြ - အာရ်အက်ဖ်အေ click here
  • ဗုံးခွဲမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ ၁၄ ဦးကို လွှတ်ပေးရန် တိုက်တွန်း - ဒီဗွီဘီ click here
  • တဖွဲ့ချင်း ဆွေးနွေးရန် ကမ်းလှမ်းချက် တိုင်းရင်းသား ညီညွတ်မှုကို ဖြိုခွင်းခြင်းဟုဆို - မဇ္စျိမ click here
  • “ ငြိမ်းချမ်းရေး မလုပ်လို့ မဖြစ်တော့ ” (အင်တာဗျူး) - မဇ္စျိမ click here
  • စစ်မှန်သည့် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်မဟုတ်ဟု တိုင်းရင်းသားများ ဝေဖန် - ဒီဗွီဘီ click here
  • အစိုးရကမ်းလှမ်းချက် တိုင်းရင်းသားတို့ လက်မခံ - ဧရာဝတီ click here
  • မြန်မာအစိုးရအဖွဲ့သစ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အား KIO ပယ်ချ - KNG click here
  • ကုလ လူ့ခွင့်ရေး ကိုယ်စားလှယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ် - အာရ်အက်ဖ်အေ click here
  • ငြိမ်းချမ်းရေးကိစ္စ ဗဟိုအစိုးရနဲ့ပဲ ဆွေးနွေးမယ်လို့ လက်နက်ကိုင် အဖွဲ့တွေပြောကြား - အာရ်အက်ဖ်အေ click here
  • ဒီမိုကရေစီ အင်အားစုကြား သဘောထားကွဲအောင်လား၊ တကယ်ဘဲ စည်းလုံးမှု ရချင်လို့လား (ဆွေးနွေးဖလှယ်) - ဘီဘီစီ click here
  • ဧရာဝတီမြင်ကွင်း - ဧရာဝတီဘလော့ဂ် click here
  • တရုတ်ကို သွယ်တန်းနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု အခြေအနေ - ဧရာဝတီဘလော့ဂ် click here
  • ဗိုလ်ကြီးဟောင်းနေမျိုးဇင် ရဲ့အမှု စီရင်ချက်ချတော့မည် - အာရ်အက်ဖ်အေ click here
  • ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို အလွတ်သဘော လက်ခံတွေ့ဆုံ - ယနေ့မြန်မာ click here
  • တနင်္သာရီတိုင်း တိုင်းစည်းနှင့် ကော့သောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင်တို့ တွေ့ဆုံဆွေးနွေး - NLD click here
  • အိမ်ဖြူတော်က အာရှပစိဖိတ်ရေးရာတာဝန်ခံနှင့် ဘေးဧရိယာမြန်မာတို့ တွေ့ဆုံပွဲမြင်ကွင်း - မိုးမခ click here
  • ယူနန်-မြန်မာ ရေကာတာ ပြဿနာ - ဗွီအိုအေ click here
  • ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာရွှေဈေး မြင့်တက် - ဗွီအိုအေ click here
  • မြန်မာ့ရွှေဈေး ထိုးတက် - ဧရာဝတီ click here
  • တစ်ပတ်အတွင်း စီးပွားရေးသတင်း - ဒီဗွီဘီ click here
  • ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည် - နေ့သစ် click here
  • NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူ - မိုးမခ click here
  • ကျွန်တော်တို့က လူတွေပါ ဗျာ (ဓာတ်ပုံအက်ဆေး) - ယနေ့မြန်မာ click here
  • စာရေးဆရာ နန္ဒာသိန်းဇံ ဈာပန အခမ်းအနား (ဓာတ်ပုံမှတ်တမ်း) - ယနေ့မြန်မာ click here