ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသော သမ္မတ၏ မိန့်ခွန်းအပြည့်အစုံ

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ၂၀၁ဝ ပြည့်နှစ် ရွေးကောက်ပွဲများကို အေးချမ်းအောင်မြင်စွာ ကျင်းပ ပြီးစီးပြီးနောက် ပထမအကြိမ် လွှတ်တော်အရပ်ရပ်ရဲ့ အစည်းအဝေးတွေ ကို အောင်အောင်မြင်မြင် ခေါ်ယူကျင်းပ နိုင်ခဲ့ပါတယ်။ ဤလွှတ်တော်ကြီးက ကျွန်တော့်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပြီးနောက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဆင့်အဆင့်ကို ဖွဲ့စည်းထူထောင် ထားရှိပြီး စနစ်တကျ လည်ပတ်နေပြီး ဖြစ်ပါတယ် အလားတူ ဒီလွှတ်တော်ကြီးကပဲ သဘောတူ အတည်ပြုပေးလိုက်သည့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးဆောင်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း ဥပဒေနဲ့အညီ တရားစီရင်ရေး၊ ဥပေဒေအရ ကန့်သတ်ချက် များအမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပပိုင်ခွင့်နှင့် အယူခံပိုင်ခွင့် ရှိရေးစတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနဲ့အညီ တိကျမှန်ကန်စွာ ထမ်းရွက်နေကြပြီ ဖြစ်ပါတယ်။

လွှတ်တော်အရပ်ရပ်ရဲ့ အဓိက တာဝန်ကြီးများ ဖြစ်သည့် ဥပဒေပြုရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေးတို့ကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် Capacity Building ကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်ရပါတယ်။


ပြည်သူလူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ အပြန်အလှန် ထိန်းကျောင်းမှုများနဲ့အညီ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျကျ အသက်ဝင် ပုံပေါ်လာအောင် ပုံဖော်တည်ဆောက် ထမ်းရွက်ကြနေပြီ ဖြစ်တဲ့အတွက် ခေတ်သစ်၊ စနစ်သစ်တစ်ရပ်ကို ချောမွေ့ညင်သာ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချုပ်အခြာ အာဏာကြီး သုံးရပ်ကို စနစ်တကျ တည်တည်ငြိမ်ငြိမ်နဲ့ အသက်ဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်မြင်မှုအတွက် နိုင်ငံတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးကိုယ်စား ကျွန်တော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာ ပဏာမ ပြောကြားလိုပါတယ်။

ကျွန်တော်နှင့်တစ်ကွ အစိုးရအဆင့်ဆင့်၊ နာယကြီးနှင့်တစ်ကွ လွှတ်တော်အရပ်ရပ်တို့ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ထမ်းဆောင်ပါမည်ဟု ကတိသစ္စာပြုထားကြသူများ ဖြစ်ကြပါတယ်။

ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော်က အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထိရောက် မှန်ကန်စွာ ကျင့်သုံးပြီး အမျိုးသား အကျိုးစီးပွားကို အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ကာ ကျွန်တော်တို့ရဲ့ မှန်ကန်တဲ့ စေတနာကို ထုတ်ဖော်ပြသ ဆောင်ရွက်လျက် ရှိပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ တိုးတက်ဖွံဖြိုးမှု နည်းပါးနေတဲ့ နယ်စပ်ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှု ခိုင်မာလာတာနဲ့အမျှ စီးပွားရေး အခြေအနေကောင်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ဖြစ်ပေါ်လာအောင် ကုန်သွယ်ရေးနယ်မြေတွေ၊ စက်မှုလုပ်ငန်းတွေ ဖန်တီးဖော်ဆောင်နိုင်အောင် ကြိုးပမ်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

အလားတူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုများကိုလည်း သဘောထားအမြင် ကွဲလွဲမှုကြောင့် ဖြစ်ပေါ်နေခဲ့တဲ့ ပဋိပက္ခတွေ လျော့ပါးအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေ ထွန်းကားပြန့်ပွားလာအောင် စတင်ကူးပြောင်း ဆောင်ရွက်နေတဲ့ ဒီကနေ့ ဒီအချိန်မှာ မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့လွတ်လပ်မှုကို ဖော်ဆောင်ရာမှာ တွဲလျက် တည်ရှိနေတဲ့ တာဝန်ယူမှု၊ တာဝန်သိမှုဆိုတဲ့ Democratic Spirit ကိုလည်း ခိုင်မာလာအောင် ကိုယ်စီကိုယ်စီ ထူထောင်တည်ဆောက် သွားကြရမှာ ဖြစ်ပါတယ်။ Democratic Pratices ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း သိသာမြင်သာတဲ့ တိုးတက်မှုတွေ၊ ရလာဒ်ကောင်းတွေ စဉ်ဆက်မပြတ် ထွက်ပေါ်စေဖို့ ပြည်ထောင်စုအစိုးရရဲ့ အုပ်ချုပ်ရေး အခွင့်အာဏာကို အကျိုးရှိရှိ အသုံးချပြီး ဆောင်ရွက်လျက် ရှိပါတယ်။

နာယကကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား -

ပြည်သူအများ မျှော်လင့်နေကြတဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government)၊ ဒီမိုကရေစီကျင့်စဉ် (Democratic Pratice) များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တရားဥပဒေ စိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု လျှော့ချရေး၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဤလွှတ်တော်အား ကတိပြုပြောကြားထားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

ပြည်သူ့အစိုးရ ဖြစ်နေပြီ ဖြစ်တဲ့အတွက် ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားရပါ့မယ်။ ပြည်သူလူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြတဲ့၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစား အားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီ ဖြစ်တဲ့အတွက် စနစ်ကိုပါ ပြောင်းလဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာမှာ လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက်ဆွဲကိုင်ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှု ကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ချုပ်ရေး အာဏာဟာ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ တည်ရမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များရဲ့ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ရေး အသွင်သဏ္ဍာန်များကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပေဒနှင့်အညီ အသက်ဝင် အကောင်အထည် ပေါ်လာစေ ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ အုပ်ချုပ်ရေးစနစ်သစ်၊ အုပ်ချုပ်ရေး အသွင်သဏ္ဍာန်သစ်ကို စတင်ဖော်ဆောင်ရချိန် ဖြစ်တဲ့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများရဲ့ Institutional Building နှင့် Capacity Building တို့ဟာလည်း အရှိန်အဟုန် ရရှိလာတာနဲ့အမျှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များရဲ့ အပြန်အလှန် ထိန်းကျောင်းမှု လုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ပုံဖော်တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မှသည် ရပ်ကွက်/ ကျေးရွာ အဆင့်အထိ အဆင့်ဆင့်သော အုပ်ချုပ်ရေး မဏ္ဍိုင်ကြီးများဟာလည်း ဥပဒေများ စနစ်တကျ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ပိုမို ထိရောက်မှန်ကန်သော၊ ပြည်သူလူထု ပါဝင်မှုကို ရှေးရှုဦးတည်သော အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ရေး အသွင်သဏ္ဍာန်များ ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဤလွှတ်တော်သို့ ပေးအပ်ခဲ့တဲ့ ကတိကဝတ်များနဲ့အညီ ငွေကြးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ် လေ့လာပြီး စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူများ၊ တောင်သူ လယ်သမားများနှင့် အလုပ်သမားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည် ဟူသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်နှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို နိုင်ငံတစ်ဝှမ်းလုံးမှာ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်နှင့် စပ်လျဉ်းပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ ဥပဒေ ပြဋ္ဌဌာန်းနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အလားတူ ခေတ်၊ စနစ်နှင့် မလျောညီတော့တဲ့ အငြိမ်းစား ဝန်ထမ်းများရဲ့ ပင်စင်လစာ၊ နိုင်ငံရေးပင်စင် လစားမျာကိုလည်း ပြဋ္ဌဌာန်းထားတဲ့ ဥပဒေများနဲ့အညီ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် တိုးမြှင့် သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကုလသမဂ္ဂ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နဲ့အညီ ၂၀၁၅ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှု နှုန်းထား (၁၆ %) အထိ လျှော့ချနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ လက်ရှိအချိန် နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထား အတက်အကျ မတည်ငြိမ်မှုများ၊ ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင် မသေချာမရေရာ ဖြစ်ပေါ်မှု အနေအထားများ၊ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှု အန္တရာယ် ကျရောက်ခြင်းများ ဖြစ်ပေါ်လာနေတဲ့အတွက် စပါးစိုက် တောင်သူလယ်သမားများ အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိနေပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ " နိုင်ငံတော်သည် စိုက်ပျိုး ထုတ်လုပ်သည့် ကောက်ပဲ သီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည် " ဟူသော ပြဌာန်းချက်နှင့်အညီ ကျွန်တော်တို့ အစိုးရအနေနဲ့ တောင်သူလယ်သမားများ ထုတ်လုပ်မှုစရိတ် မကာမိသည့်အပြင် ဈေးနှိမ်ခံရခြင်းစတဲ့ အခက်အခဲများမှ လွတ်ကင်းစေရန်လည်း ပုဂ္ဂလိကကဏ္ဍနဲ့ ပူပေါင်းပြီး ကူညီပံ့ပိုးမှုများ ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ်။ ဒါ့အပြင် တောင်သူလယ်သမားများ အနေနဲ့ နိုင်ငံတော်မှ လုပ်ပိုင်ခွင့် ပေးထားသည့် လယ်မြေများကို ဥပဒေနှင့်အညီ စိတ်ချလက်ချဖြင့် သားစဉ်မြေးဆက်တိုင် စိုက်ပျိုးထုတ်လုပ်နိုင်အောင် အစီအမံများလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ငွေကြေးစနစ်များရဲ့ မတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားရေး အခြေအနေ ယိမ်းယိုင်နေမှု စတဲ့ External Factor များကြောင့်လည်း ပြည်တွင်း စီးပွားရေးအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပါတယ်။ ဒီလို ဆက်နွယ်ဖြစ်ပေါ်မှုများအရ ကျွန်တော်တို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေမှာ အကျပ်အတည်းအချို့ ဖြစ်ပေါ်လာခဲ့တာတွေလည်း ရှိနေပါတယ်။ ပြည်ပ ကုန်သွယ်မှု လုပ်ငန်းတွေ ပိုမိုမြန်ဆန် သွက်လက်လာအောင် ပို့ကုန်သွင်းကုန် လိုင်စင်တွေကို အများဆုံး နှစ်ပတ်အတွင်း ရရှိအောင်၊ ကုမ္ပဏီထူထောင်ခွင့် လိုင်စင်တွေကို အများဆုံး နှစ်လအတွင်း ရရှိအောင်၊ နိုင်ငံကူးလက်မှတ်တွေ အများဆုံး (၂၁) ရက်အတွင်း ရရှိအောင် ဆောင်ရွက်ပေးခဲ့သလို ပို့ကုန်အပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားကိုလည်း (၇) ရာခိုင်နှုန်းသာ ကောက်ခံစေတဲ့ စနစ်ကို ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်ပေးခဲပါတယ်။ ဒါပေမဲ့လည်း ပို့ကုန်လုပ်ငန်းနယ်ပယ် အချို့မှာ အခက်အခဲတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်တာကို တွေ့ရှိရတဲ့အတွက် ပို့ကုန်တွေအပေါ် ကောက်ခံနေတဲ့ ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း (၆) လသက်တမ်းနဲ့ ကင်းလွတ်ခွင့် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

စက်မှုနိုင်ငံ ထူထောင်ရေးအတွက် အဓိက အသက်သွေးကြော ဖြစ်တဲ့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ငန်းပမာဏပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ လွယ်ကူစေအောင်လည်း လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင် သတ်မှတ် ဆောင် ရွက်နေပြီ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းများကို အကြောင်းပြုပြင် မသမာတဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့ နိုင်ငံတော်ရဲ့ မူဝါဒတွေကို လေးစားလိုက်နာကြဖို့ စည်းကမ်းရှိဖို့၊ ကိုယ့်အကျိုးစီးပွားကိုပဲ ရှေ့တန်းမတင်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား အပါအဝင် စီးပွားရေးမူဝါဒများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ခေတ်၊ စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲ ပြဋ္ဌဌာန်းနိုင်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို အလွှာစုံ တက်ရောက်ဆွေးနွေး နိုင်စေရန် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ အကြံပြုချက်၊ ရလာဒ်များကို စနစ်တကျ လေ့လာသုံးသပ်ပြီး နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများနဲ့ ဆွေးနွေးတိုင်ပင်ကာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နေ့စဉ် လူမှုစီးပွားဘဝတွေကို ရေတို၊ ရေရှည် ထိခိုက်နစ်နာမှု မရှိစေဖို့ သတိရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ကျွန်တော်တို့ အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတကာ စီးပွားရေး၊ ငွေကြေး ဖြစ်ပေါ် တိုးတက်မှုများ၊ ပြည်တွင်း စီးပွားရေး အခြေအနေများနှင့်အညီ မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်လေ့လာပြီး တစ်မျိုးသားလုံး အကျိုးစီးပွားအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ပြည်ထောင်စု အစိုးရရဲ့ အုပ်ချုပ်ရေး အခွင့်အာဏာနဲ့အညီ အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌဌာန်းချက်များနဲ့အညီ တရားသဖြင့် ယှဉ်ပြိုင်နိုင်ရေး၊ လူတိုင်းလူတိုင်း တန်းတူရည်တူ အခွင့်အရေးများ ရရှိရေးတို့ကို အစွမ်းကုန် မြှင့်တင်ပေးပြီး မလိုအပ်သော အပိုကုန်ကျစရိတ် Transactional Cost များ လျော့နည်းကျဆင်းရေး၊ ကြိုးနီစနစ်များ ရှင်းလင်းဖယ်ရှားရေး၊ ဈေးကွက်စီးပွားရေး ယန္တရားများ အသက်ဝင် ရှင်သန်ခိုင်မာလာရေး၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံတဲ့ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲကျင့်သုံးရေးတို့ကို အလေးအနက်ထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း နိုင်ငံတော်ရဲ့ စီးပွားရေးမဏ္ဍိုင်မှာ Key Driver များဖြစ်ကြတဲ့ ပုဂ္ဂလိကကဏ္ဍ ဦးဆောင်အသင်း အဖွဲ့များနဲ့လည်း စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးပြီး နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်ရန်၊ ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်အပိုင်းနဲ့ ပုဂ္ဂလိကအပိုင်း အပြန်အလှန် ပံ့ပိုးကူညီခြင်း၊ ပြည်တွင်း၊ ပြည်ပမှ ဖြစ်ပေါ်လာတဲ့ စီးပွားရေး အခက်အခဲများကို စုပေါင်းတိုင်ပင် ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းများ တိုးမြှင့်ဆောင်ရွက်ပြီး Public Private Partnership လမ်းကြောင်းကို ခိုင်မာသည်ထက် ခိုင်မာအောင် ပုံဖော် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍကလည်း မိမိတို့အပိုင်းက စီးပွားရေး အကျိုးအမြတ်များ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ကြရာမှာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအတွက် ခိုင်မာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင် ပေးနိုင်အောင်၊ နိုင်ငံတော်ရဲ့ အမျိုးသား ကုန်ထုတ်စွမ်းရည် တိုးတက်မြင့်မားလာအောင်၊ နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်မှုဝန်းကျင်မှာ အရည်အသွေးနဲ့ စံချိန်စံညွှန်း မြင့်မားတဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်ထုတ်လုပ်နိုင်အောင် နိုင်ငံတော်နဲ့အတူ လက်တွဲပူးပေါင်း ကြိုးပမ်းအားထုတ် သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

နိုင်ငံသားများ၏ မူလအခွင့်အရေးများကို အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဖော်ဆောင်ပေးနိုင်ရေး၊ တောင်သူလယ်သမားများ၏ လယ်ယာလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ဥပဒေများကိုလည်း ခေတ်နှင့်အ ညီ ပြင်ဆင်ပြဌာန်းနိုင်ရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုဖူလုံရေး ကာကွယ်စောင့်ရှောက်မှုများကို ခေတ်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးတို့ကို ဥပဒေများ ပြဋ္ဌဌာန်းဆောင်ရွက်နိုင်ရေး၊ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပေဒေများကို နိုင်ငံတော်၏ ပကတိ အခြေအနေမှန်နှင့်အညီ ပြဌာန်း ဆောင်ရွက်နိုင်ရေးတို့ကိုလည်း အထူး အလေးထား ဆောင်ရွက်ခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းပြင်ဆင် ပြဌာန်းပေးကြ ရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အစဉ်အမြဲ ဒွန်တွဲပြီး အဘက်ဘက်မှ လေ့လာသုံးသပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများမှာ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

နိုင်ငံတကာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးခြင်း မရှိခဲ့သော အစဉ်အဆက် ဂုဏ်ယူဖွယ်ရာ နိုင်ငံခြားရေး မူဝါဒအစဉ်အလာကို ဆက်ခံကျင့်သုံးလျက် ရှိသော ကျွန်တော်တို့အစိုးရဟာ ကမ္ဘာ့နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက် ရှိပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းများတွင်လည်း တာဝန်ကျေပွန်သော ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့ကြောင့်လည်းပဲ ကျွန်တော်တို့နိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထမ်းဆောင်ဖို့ တရားဝင် အဆိုပြု ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး၊ နိုင်ငံတကာ အဖွဲ့အစည်း အားလုံးကိုလည်း ကျွန်တော်တို့ ကြိုဆိုနေပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဒီကနေ့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်မယ့် ဒီမိုကရေစီ မြန်မာ့လူဘောင်ကို ချောမွေ့ညင်သာစွာ ကူးပြောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာ့မျက်မှောက် အခြေအနေကို လေ့လာကြည့်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှုဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဂုဏ်ယူဖွယ်ရာ ကူးပြောင်းမှု တစ်ရပ် ဖြစ်တယ်ဆိုတာကို အထင်အရှား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအပေါ် တားဆီးနှောင့်ယှက်မှုတွေ ရှိနေပေမယ့်လည်း ကျွန်တော်တို့ စိတ်ဓါတ်ကျစရာ၊ စိတ်ပျက်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့မှာ စည်းလုံးညီညွှတ်တဲ့ ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ ပြည်သူလူထုကြီး ရှိပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းမှာ၊ ခေတ်အဆက်ဆက် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ၊ ပိတ်ဆို့ အရေးယူမှုများကြားမှာ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့ အခါမျိုးမှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ညီညွတ်မှုအားနဲ့ ကျွန်တော်တို့ ကျော်လွှား အောင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ဒီအချိန် ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထု တစ်ရပ်လုံးက တစ်ခဲနက် ထောက်ခံအတည်ပြု ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ထွက်ပေါ်လာပြီ ဖြစ်တဲ့ အစိုးရ ရှိနေပါတယ်။ အပြန်အလှန် ထိန်းကျောင်းရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော် အရပ်ရပ် ရှိနေပါပြီ။ သီးခြားတည်ရှိနေတဲ့ တရားစီရင်ရေး မဏ္ဍိုင် ရှိနေပါပြီ။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ ပိုမိုဖွံ့ဖြိုးလာနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို မယုံကြည်သေးတဲ့သူတွေ ယုံကြည်လာအောင်၊ မမြင်ကြသေးတဲ့သူတွေ ကိုယ်တိုင်ကိုယ် ကျ မြင်တွေ့လာအောင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် ဥပဒေနဲ့အညီ ပေးအပ်နိုင်အောင် ကြိုးစား လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား -

ကျွန်တော်တို့ အစိုးရဟာ လသားအရွယ် အစိုးရတစ်ရပ်ပဲ ဖြစ်ပါတယ်။ အစိုးရသက်တမ်း နုနယ်သေးပေးမဲ့လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာ ပြည်သူလူထု အကျိုးကို ရှေ့တန်းတင်ပြီး ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အစိုးရအဖွဲ့တစ်ရပ်ရဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေးကို အစိုးရသက်တမ်း တစ်ခုလုံးနဲ့မှသာ တိုင်းတာ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရကို ပြည်သူလူထု တစ်ရပ်လုံး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြည်ထောင်စု လွှတ်တော်က ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ တာဝန်၊ ကျေပွန်ရမယ့် ဝတ္တရားတွေကို တတ်နိုင်သမျှ အစွမ်းကုန် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီကြီးလေးတဲ့ တာဝန်တွေကို ယုံကြည်လေးနက်စွာ ကျွန်တော်တို့ ပခုံးထက်မှာ တင်ထားကြတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်ဝင်အောင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျွန်တော်နဲ့ ဒုတိယ သမ္မတ (၂) ဦးက အစပြုလို့ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး အဆင့်အထိ အဆင့်ဆင့်သော ပြည်ထောင်စု အစိုးရအဖွဲ့ တစ်ရပ်လုံး အနေနဲ့ အုပ်ချုပ်ရေးအာဏာကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့အစိုးရဟာ ပြည်သူတွေ ဖြစ်နေတာတွေ၊ ပြည်သူတွေ ဖြစ်ချင်တာတွေကို ကျွန်တော်တို့ သိပါတယ်။ အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက် နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ဖြစ်တာနဲ့ အညီ ပြည်သူလူထု အကျိုးစီးပွားကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
  
ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ)
(၂၂ - ၈ - ၂၀၁၁)
- နိုင်ငံ​ရေး​အကျဉ်​သား​များ​ လွှတ်ရန် တကိုယ်​တော်ဆန္ဒပြ click
- နိုင်ငံ​ရေး​အမှုသည် လူငယ်နှစ်ဦး​ မိသား​စုနှင့်​ တွေ့ခွင့်​မရ click
- အစိုးရ၏ ကမ်းလှမ်းမှု DKBA တုံ့ပြန် click
- ဗိုလ်မှူးကြီး သန်းအောင်၏ စာအပေါ် KIO အကြောင်းပြန်စာ click
- ကချင်ပြည်နယ်မှာ ဗုံးခွဲ၊ မီးရှို့မှုရှိ click
- စစ်မြေပြင်မှ ရွာသူရွာသား ၅၀၀ ကျော် တောနက်ထဲ ၀င်ရောက်ပုန်းခို click
- သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ကုလအကြီးအကဲ ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံမှု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သံသယနှင့်ကြိုဆို click
- သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု နိုင်ငံရေးအပြောင်းအလဲနှင့် အလှမ်းဝေးနေသေးဟု တိုင်းရင်း သားခေါင်းဆောင်များ ပြော click
- မြန်မာနိုင်ငံ အချိန်တိုအတွင်း ပြောင်းလဲရန် မလွယ်ကူကြောင်း ရတပပါတီ အတွင်းရေးမှူး ပြော click
- ငြိမ်းချမ်းရေးတံခါး ဖွင့်ထားကြောင်း သမ္မတသစ် ပြော click
- ကြိုးနီစနစ် တိုက်ဖျက်မည်ဟု သမ္မတ ​ပြောကြား​ click
- သမ္မတ ဦးသိန်းစိန် မိန့်ခွန်းအပြည့်အစုံ click
- စရဖ ညွှန်ချုပ်အဖြစ် ဗိုလ်ချုပ်စိုးရှိန်ကို ခန့်အပ် click
- နိုင်ငံ​ရေး​အလုပ်ရုံ​ဆွေး​နွေးပွဲများ​ နိုင်ငံလုံး​အတိုင်း​အတာအ​နေဖြင့် မလုပ်နိုင်သေးဟုဆို click
- လူ့အခွင့်အရေးအရာရှိ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ click
- ကင်တားနားကို အကျဉ်းသားအရေး ပြောကြမည် click
- လွတ်လပ်သည့်​ လူ့အခွင့်​အ​ရေး​ကော်မတီဖွဲ့ရန် ကင်တား​နား​ကို လွှတ်တော်အမတ်များ​ ​တောင်း​ဆို click
- ဥပ​ဒေအချို့ ဖျက်သိမ်း​ပြင်ဆင်​ရေး​ ပြည်​ထောင်စုလွှတ်​တော်သို့ တင်ပြ click
- လွှတ်​တော်​ကော်မတီများ​၌ ပြည်ခိုင်ဖြိုး​နှင့်​ ဝန်ကြီး​ဟောင်း​ များ​နေဟု ​ဝေဖန် click
- လွှတ်​တော်အစည်း​အ​ဝေး​ သတင်း​ယူခွင့်​ စီမံခန့်ခွဲ​ရေး​ပိုင်း​ အားနည်းချက်များရှိဟုဆို click
- လွှတ်တော်သိက္ခာ မထိခိုက်စေဘဲ သတင်းရေးရန် ညွှန်ကြား click
- အစိုးရ ဘတ်ဂျက်လိုငွေ ဘီလျံ ၂၀၀၀ ကျော်ရှိ click
- ကျန်းမာရေးအသုံးစရိတ် လိုအပ်ချက်၏ ၄ဝ ရာခိုင်နှုန်းသာရဟု ဝန်ကြီး ဆို click
- ဒုတိယအကြိမ်လွှတ်တော်၌ သျှမ်းပြည်တွင်း အခွန်ကိစ္စနှင့် လယ်ယာမြေများကိစ္စ တင်ပြရန်ရှိ click
- ပြည်​ထောင်စုလွှတ်​တော်အစည်း​အ​ဝေး​တွင် အမြတ်ခွန်ဥပ​ဒေ ရုပ်သိမ်း​ရေး​ တင်ပြ (မေးမြန်းခန်း) click
- တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာလွှတ်တော်အစည်းအဝေး ဓာတ်ပုံများ click
- တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာဆိုင်ရာ သတင်းဓာတ်ပုံများ click
- အိပ်ကြမယ်ဟေ့ ကောင်းကောင်း click
- လိုင်စင်သိမ်း​ခံရသည့်​ ​ရှေ့နေများ​ လိုင်စင်ပြန်ရ​ရေး​ သတင်း​စာရှင်း​လင်း​ပွဲ လုပ်မည် click
- ကံမလယ်သမား​အမှု ​ရှေ့နေ ထုတ်ပယ်ခံရ click
- အလုပ်သမား​အခွင့်​အ​ရေး​ နစ်နာမှု စက်မှုဇုန်လုပ်သား​များ​က ဆွီဒင်အဖွဲ့ကို ​ပြော click
- မွန်တော်လှန်ရေးနေ့တွင် မွန်ခေါင်းဆောင် ဂူဗိမာန်အသီးသီးသို့ သွားရောက် ဂါရဝပြုကြ click
- အမျိုးသမီးများ နိုင်ငံရေး လုပ်သင့် click
- မျှော်လင့်ချက်များစွာ (ဆောင်းပါး) click
- ရင်ထဲက ရှစ်ဆယ့်ရှစ် - အပိုင်း (၅) (ဆောင်းပါး) click
- စစ်တပ်ကို အရင်​ပြောင်း​ပါ – အီဂျစ်သင်ခန်း​စာ (သုံးသပ်ချက်ဆောင်းပါး) click
- လုံလောက်ပြီ၊ ဆက်ပြီး သည်းမခံနိုင်တော့ဘူး (ဘာသာပြန်) click
- မေမေ (ဆောင်းပါး) click
- မာနယ်စိုးစစ်ဆင်ရေး (မှတ်တမ်းရုပ်သံ) click
- အစိုးရဆိုတာ ဘာတဲ့ ... (ရုပ်သံ) click
- ထိုင်း​အစိုး​ရက အလုပ်သမား​ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ စင်တာများ​ ဖွင့်​လှစ်ရန် စီစဉ် click
- ဆယ်စုနှစ်အတွင်း ထိုင်း-မြန်မာငွေလဲနှုန်း အများဆုံး ခုန်တက် click
- ဘာကြောင့် မြန်မာငွေတန်ဖိုး ထိုးတက်ရတာလဲ click
- ဒေါ်လာဈေး ဆက်တိုက်ကျ၊ ပို့ကုန်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ click
- ဆင်း​ရဲသား​ချေး​ငွေ ဆင်း​ရဲသား​လက်ထဲမ​ရောက် ဖြစ်​နေ click
- မူစယ် ၁၀၅ မိုင် ၀န်ထမ်းများ တရားမ၀င် ငွေတောင်းဟုဆို click
- တာတမံ ပြန်ကျိုးပျက်၍ လယ်ဧက ၁,၇၀၀ ကျော် စပါးမစိုက်ပျိုးနိုင် click
- မြန်မာပြည် သွားမယ့်ကား နယ်စပ်မှာ မိ click
- ရှမ်း​ပြည်နယ်​တောင်ပိုင်း​ ​ညောင်​ရွှေ–ရွှေ​ညောင် ​ရေကြီး​ click
- ညောင်ရွှေ ရေမြုပ် click
- ဧရာဝတီနှင့် ပတ်သက်သည့် သီချင်း တားမြစ်မှု မရှိ click
- ဧရာဝတီကိုယ်စား (ဆောင်းပါး) click
- ကုန်းတတန် ရေတတန် လေတတန် (ဓာတ်ပုံ) click
- ၆ ကြိမ်မြောက် နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (အမေရိက) အစည်းအဝေး (ဓာတ်ပုံ) click
- လာရဦးမယ်လို့ ပြောနေဖို့ဖြင့် မလိုပါ (ဆောင်းပါး) click
- ပြန်မပြောချင်သော ပွင့်လင်းရာသီ (ရသစာစု) click
- စာနာဖြစ်တည်မှုဟာ ဒီကဗျာရဲ့ အနှစ်သာရထက်အရင်ကျတယ် (ကဗျာ) click
- Saif al-Islam ကို ထရီပိုလီမှာ လုံခြုံကောင်းမွန်စွာ တွေ့ရ click
- လူ့အခွင့်အရေးအဖွဲ့ လာပြီးနောက် ဆန္ဒပြသမားတွေကို ထပ်သတ် click
- ၀န်ကြီးချုပ် ခွန်ယင်လပ် မူဝါဒကြေညာချက် ထုတ်ပြန် click
- ထိုင်းစစ်သား ပထမအသုတ် ဆူဒန်နိုင်ငံက ပြန်ရောက် click
- ပြည်ချစ်ဝါဒ သင်ခန်းစာကို ဟောင်ကောင် ကျောင်းဆရာများ ခါးခါးသီးသီး ပယ်ချ click
- စီးပွားရေးကြီးထွားနေသော တရုတ်ပြည်၏ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုများ - အပိုင်း (၁) click

နေတိုးစစ်အုပ်စု အကူအညီဖြင့် လစ်ဗျားသူပုန်များ ထရီပိုလီမြို့တွင်းသို့ထိုးဖေါက်ဝင်ရောက်လာနေ

နေတိုးစစ်အုပ်စုရဲ့ စစ်ရေးအကူအညီနဲ့ လစ်ဗျားအစိုးရကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေကြသူတွေဟာ မြို့ပြင်ပိုင်းက ခုခံတိုက်ခိုက်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ထရီပိုလီ (Tripoli) မြို့လယ်မှာရှိတဲ့ အစိမ်းရောင် ရင်ပြင်အထိ အခု ရောက်နေကြပြီဖြစ်ကြောင်း သတင်းရရှိပါတယ် ။

ထရီပိုလီကိုဝင်ရောက်လာသော သူပုန်များ 
(လက်နက်တွေက အထိန်းအကွပ်မဲ့စွာ...လူတိုင်းလက်ထဲမှာ.... ဒီလူတွေသေနတ်ဘေးချထားလိုက်ရင် အစိုးရက သူပုန်လား ပြည်သူလားခွဲခြားရန် ခက်လှသည့်အခြေအနေမျိုးဖြစ်သည် )
သူပုန်တပ်တွေဟာ ထရီပိုလီမြို့တော်ထဲမှာရှိတဲ့ အစိမ်းရောင် ရင်ပြင်နေရာအထိ ထိုးဖေါက်ရောက်ရှိလာပြီး အဲဒီကလှုပ်ရှားမှုတွေကိုလည်း အနောက်အုပ်စု မီဒီယာများအကူအညီနဲ့ ရုပ်မြင်သံကြားတွေပေါ်က တိုက်ရိုက်ပြသတာကိုလည်း အနောက်အုပ်စုမီဒီယာများမှာဖေါ်ပြနေကြပါတယ် ။
ဂဒါဖီ (Moammar Gadhafi) ရဲ့ သား ၂ ယောက်ဖြစ်တဲ့ ဆာအိဖ် အယ်လ် အစ္စလမ် (Seif al Islam) နဲ့ မိုဟာမက် ဂဒါဖီ (Mohammed Gadhafi) တို့ကိုလည်း ဖမ်းမိထားတယ်လို့ သူပုန်ဘက်ကတာဝန်ရှိသူတွေက ပြောကြားပါတယ် ။
တနင်္ဂနွေ အစောပိုင်းတုန်းကတော့ မြို့ရဲ့ အနောက်ဘက် ၁၇ မိုင်လောက်မှာရှိတဲ့ စစ်တပ်အခြေစိုက် စခန်းတခုကိုသူပုန်တွေကနေတိုး စစ်အုပ်စုရဲ့ လေကြောင်းအကူအညီနဲ့ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒီစစ်စခန်းဟာ ဂဒါဖီ အစိုးရရဲ့ အထူး Khamis တပ်မဟာ အခြေစိုက်ရာစခန်း ဖြစ်ပါတယ်။

 သိမ်းနိုင်ခဲ့တဲ့ စစ်စခန်းကနေ လက်နက် ခဲယမ်းမီးကျောက်တွေကို ထရပ်ကားတွေနဲ့ သူပုန်တွေ သယ်ယူခဲ့ကြပြီးထရီပိုလီကို တိုက်ခိုက်တာလို့ အနောက်မီဒီယာတွေမှာဖေါ်ပြထားပေမယ့် အစတည်းက ပင် ထရီပိုလီကို တိုက်ခိုက်ဘို့ လက်နက် အပြည့်အစုံ ပါလာတာဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ် ။ ဒါ့အပြင် သူပုန်တွေဟာ မြို့ထဲဘက်ဆီ ရှေ့တိုးသွားနေစဉ်မှာလည်း ထောင်ထဲကနေ ထောင်သား ရာနဲ့ချီကို လွှတ်ပေးခဲ့ကြတဲ့အတွက် လက်ရှိထရီပိုလီ မြို့အခြေအနေဟာ အင်မတန်စိုးရိမ်စရာဖြစ် တယ်လို့ စောင့်ကြည့်နေသူတွေက ဆိုပါတယ် ။
အာဏာရှင်တစ်ယောက် ပြုတ်ကြတော့မယ်လို့ အနောက်အုပ်စုမီဒီယာတွေက ဖေါ်ပြနေကြပေမယ့် ဒီအသွင်ကူးပြောင်းမှုဟာ အင်မတန် အန္တရာယ် ကြီးတဲ့ အသွင်ကူးပြောင်းမှုပုံစံဖြစ်ပြီး လတ်တလောအနိုင်ရနေသူ လစ်ဗျားသူပုန်တွေဟာလည်း အကွဲအပြဲ တွေတပုံတစ်ပင်နဲ့မို့ ကဒါဖီပြုတ်ကျသွားသည့်တိုင် အင်မတန်ကြီးမားတဲ့နောက်ဆက်တွဲ ပြသနာတွေနဲ့ လစ်ဗျားနိုင်ငံဟာ မလွဲမသွေ ကြုံတွေ့ရဦးမှာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောကြားလျှက်ရှိကြောင်း သတင်းရရှိပါတယ် ။
Voice Of Myanmar


-

ရုပ်တည်ကြီးနဲ့ ဆက်ပိတ်အုန်းမလား


နိုင်ငံတော်ဟာ ဒီမိုကရေစီ ပြောင်းလဲမှုနဲ့အတူ နိုင်ငံရဲ့ အခြားကဏ္ဍတွေ ဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးကိုပါ တပါတည်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နေတာတွေဟာ အားမာန် အပြည့်နဲ့ အသက်ဝင် ရုပ်လုံးပေါ်နေပါပြီ။ ပြီးခဲ့တဲ့ မေလတုန်းက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲတွေ ကျင်းပပြီး လုပ်ငန်းစဉ် (၈)ရပ် ချမှတ်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်တွေကို အပြု သဘောဆောင် လက်တွေ့သဘောနဲ့ ရှုမြင်သူတွေကတော့ နိုင်ငံတော်သစ်ရဲ့ ခြေလှမ်းသစ်တွေဟာ ယခင့် ယခင်တွေကနဲ့ မတူပဲ နိုင်ငံရဲ့အခြေခံ လိုအပ်ချက်တွေကို အဓိကထား လုပ်ဆောင် လာမှုတွေကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုခဲ့ကြပေမယ့်၊ နိုင်ငံတော် ဘာလုပ်လုပ် အပြစ်တင် ရှုတ်ချဖို့ပဲ စဉ်းစားသူ တွေကတော့ အပျက်သဘောနဲ့သာ ပြောဆိုခဲ့ကြတာ အားလုံး ကြားသိကြပြီး ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ပြောဆိုချက်တွေဟာ အခုတော့ လေထဲမှာတောင် ကြာကြာ မမွှေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်က သူတို့တွေ ဘယ်လောက်ပဲ မဟုတ် မဟတ်တွေ ပြောပြော ကိုယ့်နိုင်ငံ ဖွံ့ဖြိုးဖို့ ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင် နေတာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ အခုလည်း မေလက ကျင်းပခဲ့တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲတွေက ဆွေးနွေးရရှိလာတဲ့ အချက်အလက်တွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံတစ်ခုရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အခြေခံဖြစ်တဲ့ မက်ခရိုစီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြည့်စုံ ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖော်ဆောင်ဖို့၊ ဆက်သွယ်မှု ကဏ္ဍကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ဖို့တွေ အတွက် သီးခြား ကဏ္ဍတွေခွဲပြီး စနစ်တကျ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် စက်မှုနိုင်ငံအဖြစ် တက်လှမ်းရာတွင် မလွဲမသွေ ဆောင်ရွက်ရမည့် Source Industry (သို့မဟုတ်) Mother Industry ထူထောင်ခြင်း ကဏ္ဍတွေကိုပါ အလေးအနက် ဆွေးနွေးခဲ့ကြတာကို တွေ့ရှိရပါတယ်။
ဒီလို အလုပ်ရုံ ဆွေးနွေးပွဲတွေကို နိုင်ငံတော် အဆင့် အမျိုးသားအဆင့် သတ်မှတ်ပြီး အလေးအနက်ထား ကျင်းပနေတာဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မက်ခရို စီးပွားရေးဆိုင်ရာ ကိစ္စတွေကို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်နိုင်အောင်၊ လိုအပ်ချက်တွေကို ဖြည့်စွက် ဆောင်ရွက် နိုင်အောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မက်ခရို စီးပွားရေးကိစ္စကို ပြုပြင် ပြောင်းလဲရုံနဲ့ ပြည့်စုံတယ်လို့တော့ မဆိုနိုင်ပါဘူး။ အခြား ကဏ္ဍတွေနဲ့ချိတ်ဆက် ဆောင်ရွက်ကြရမှာ ဖြစ်သလို သွယ်ဝိုက်သော နည်းဖြင့် ပတ်သက်နေတဲ့ ကဏ္ဍတွေလည်း ရှိနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ပြောင်းလဲဖို့ဟာ အဲဒီနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ အရေးကြီးသလို ကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကလည်း အတိုင်းအတာတစ်ခုအထိ ပူးပေါင်း ဆောင်ရွက်မှုဟာ လိုအပ်ပါတယ်။ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ မည်မျှပြုလုပ်စေကာမူ ကမ္ဘာက ပစ်ပယ်ထားမယ်၊ တစ်ဖတ်သက်ဆန်စွာ ဆက်ဆံနေမယ်၊ ဖိအားပေးတာတွေ ပိတ်ဆို့တာတွေ လုပ်နေမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေဟာ အောင်မြင်သင့် သလောက် အောင်မြင်မှု ရရှိမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတာဝန်ယူပြီးချိန်ကစပြီး ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သလို မက်ခရိုစီးပွားရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာ တွေလည်းရှိခဲ့ပါတယ်။ နိုင်ငံသားတွေ အတွက် အကျိုးရှိစေမယ့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတွေ ကိုလည်း ပြဋ္ဌာန်းပေးခဲ့သလို၊ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့အတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။
နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် အဲဒီပိတ်ဆို့ မှုတွေကြားက နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြတာကြောင့် တိုးတက်သင့်သလောက် တိုးတက်မှုမရရှိခဲ့ပါဘူး။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ ဒေါ်စုကြည်နဲ့ NLD တို့ရဲ့ “မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ရေး၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအား အကူအညီ အထောက်အပံ့များ၊ အချေးအငှားများ မပြုလုပ်ရေး၊ နိုင်ငံတကာမှ စီးပွား ကုန်သွယ်မှုများ မပြုလုပ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ကမ္ဘာလှည့် ခရီးသွားများ မလာရောက်ရေး” ဆိုတဲ့ ပိတ်(၄)ပိတ် တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့ထားဖို့၊ အမေရိကန်က ပိတ်ဆို့မှုသက်တမ်း ထပ်မံတိုးဖို့ဆိုပြီး မကြာသေးခင်ပဲ ဒေါ်စုကြည်ရဲ့ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုသက်တမ်းကို ထပ်မံတိုးလိုက်တာ ကိုလည်း တွေ့ရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းနေတဲ့ နိုင်ငံတွေကို IMF နဲ့ ကမ္ဘာ့ဘဏ် စတာတွေကနေ ချေးငွေတွေ ထုတ်ပေးတာတွေရှိပါတယ်။ အဲဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပေးမှသာ အဲဒီအားတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုဟာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးနိုင်မှာဖြစ်ပါတယ်။
တစ်ချိန်လုံး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဖို့၊ ရင်းနှီးမြုပ်နှံမှုမပြုလုပ်ကြဖို့နဲ့ ကမ္ဘာလှည့်ခရီးသွား တွေမလာကြဖို့ ဆိုပြီး တစ်ချိန်လုံးတောင်းဆိုနေခဲ့တဲ့ ဒေါ်စုကြည်ဟာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ”ကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ သူမရဲ့ စိတ်ရင်း နဲ့ကော ဖြစ်နိုင်ပါ့မလား။ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ မိမိတို့သိသမျှ၊ တတ်သမျှ၊ စွမ်းသမျှတွေနဲ့ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဖို့ စုဝေးကြတဲ့ ဆွေးနွေးပွဲပါ။ ဒေါ်စုကြည်က တစ်ဖက်မှာတော့ ပိတ်ပါ ဆို့ပါ အရေးယူပါ အော်နေပြီး ဒီလို နိုင်ငံတော်အဆင့် ဆွေးနွေးပွဲမှာ လာတက်ပြတာကကော ပြည်သူတွေ၊ ဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ ပညာရှင်ကြီးတွေရဲ့ အမြင်ကို လှည့်စားနေခြင်းလား ဆိုတာ တွေးတောစရာပါပဲ။
နိုင်ငံတော်က ကြိုးစားခဲ့သလောက် အောင်မြင်မှုတွေ မရခဲ့တာဟာ ဒေါ်စုကြည်နဲ့ NLD တို့ တောင်းဆိုခဲ့တဲ့ ပိတ်ဆို့မှုတွေ ကြောင့်ပါ။ ပိတ်ဆို့မှုတွေကြားက ဒီနေ့ ဒီအချိန်မှာ မြင်တွေ့နေရတဲ့ အောင်မြင်မှုတွေ ရအောင် ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ ကြရတာပါ။ ဒေါ်စုကြည်တို့ရဲ့ ပိတ်လေး ပိတ်ကြောင့် ဆုံးရှုံးခဲ့ရတာတွေ၊ နှောင့်နှေးခဲ့ရတာတွေဟာ ဒီကနေ့ အထိ သက်သေ သာဓကတွေ အများကြီး ရှိနေပါသေးတယ်။ ဒေါ်စုကြည်ရဲ့ နှစ်ပေါင်း ၂၀ ကျော်လုံးလုံး လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ ဒီဆွေးနွေးပွဲတစ်ခုကို တက်ပြီး ထိုင်ပြရုံနဲ့တော့ ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူး။ ပြည်သူတွေ လိုချင်တာက ဒေါ်စုကြည် တစ်ယောက် စိတ်ရင်းမှန်မှန်နဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုတွေကို အထောက်အကူ ပြုစေမယ့် လုပ်ငန်းတွေ အမှန်တကယ် လုပ်ဆောင်မှုတွေကိုသာ တွေ့မြင်လိုတာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ စူးရှမေတ္တာ




 
- ဦးသိန်းစိန်နှင့် တွေ့ဆုံမှုအပေါ် NLD ကြေညာချက် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံခြင်းမှ သုံးပွင့်ဆိုင်ဆွေးနွေးရေး ချင်းပါတီ မျှော်လင့် click
- တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လိုအပ် click
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကွင်တားနားကို အကြံပြု click
- အကျဉ်းသားလွတ်ရေး မျှော်လင့်ချက်ကြီးလာ click
- အကျဉ်းသား​လွတ်​မြောက်​ရေး​ ယူ​ကေ​ရောက် မြန်မာများ​ အစာငတ်ခံ ဆန္ဒပြ click
- စာနယ်ဇင်းလွတ်လပ်ခွင့် ပေးတော့မှာလား click
- တွေးစရာ ဓာတ်ပုံ click
- ပြည်တော်ပြန်မိန့်ခွန်း ဒုက္ခသည်များ စိုးရိမ်ပို click
- ပြည်တော်ပြန်သင့် မပြန်သင့် (၁) click
- ပြည်တော်ပြန်သင့် မပြန်သင့် (၂) click
- ပြန်တော်ပြန်ရေး ကမ်းလှမ်းချက် သတိနှင့် ကြိုဆို (ရုပ်သံ) click
- ဒေါက်တာတူးဂျာရဲ့ ငြိမ်းချမ်းရေးအမြင် click
- ယာယီ အပစ်ရပ်ပြီး ဆွေးနွေးရန် ဖက်ဒရယ်ကောင်စီ တောင်းဆို click
- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင်များ တောင်းဆို click
- တိုင်းမှူးနှင့် စစ်အရာရှိကြီးများ ယာဉ်တန်းကို DKBA တိုက်ခိုက် click
- ကရင်ပြည်နယ် ဝန်ကြီး​ချုပ်၏ ကား​တန်း​ တိုက်ခိုက်ခံရ click
- ဘုရားသုံးဆူမြို့မှ ပြည်သူ့စစ် ရိုက်နှက်သဖြင့် ရွာသား ဒဏ်ရာရ click
- အစိုးရစစ်တပ်တွေ ကျည်ဆံ ခိုးရောင်း click
- KIO က အစိုးရကို ဒီနေ့ ပို့တဲ့စာ click
- သောင်းကျန်းမှုအဖြစ် မြင်က နိုင်ငံရေး ဆွေးနွေးမှု ခက်မည်ဟု KIO သတိပေး click
- ကေအိုင်အေက တံတားဖျက်ဟု ပြော click
- KIA က မူလတန်းကျောင်း နှင့်ကျေးရွာ မီးရှို့ဟု အစိုးရသတင်းစာ ဖော်ပြ click
- အာဏာပိုင် ခွင့်မပြု၍ စစ်ပြေးဒုက္ခသည်ကို ကုလသမဂ္ဂ ကူညီခွင့်မရသေး click
အစိုးရသစ်ကို ပြည်သူလူထု ထောက်ခံကြောင်း သမ္မတ ပြောပြီ click
- မြန်မာ့စီးပွားရေး အကျပ်တည်းအချို့ဖြစ်ခဲ့ဟု သမ္မတ ဦးသိန်းစိန် ပြော click
- ဝေဖန်အကြံပြုချက်များကို ခံယူမည်ဟု ဦးရွှေမန်း ဆို click
- မီဒီယာများရဲ့ဝေဖန်မှု ခံယူသွားမည်ဟု သူရဦးရွှေမန်း ပြော click
- သူရဦးရွှေမန်း မိန့်ခွန်း click
- လွှတ်​တော်ရေး​ရာ​ကော်မတီများ​ ထပ်မံဖွဲ့စည်း​ click
- ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားဖြူ ၅ နေရာသာ ပြိုင်မည် click
- စီးပွားရေးရာဆွေးနွေးပွဲအကြောင်း ဆက်သွယ်မေးမြန်းချက် click
- ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လယ်သမားများ လွတ်လပ်ခွင့် (ဆောင်းပါး) click
- လူကုန်ကူးခံရတဲ့ မြန်မာတွေရဲ့ရလဒ် (ဆောင်းပါး) click
- နောက်တခါ လာပြန်ချေသေး (ဆောင်းပါး) click
- နယ်စပ်ပြဿနာ ​ဖြေရှင်း​ရေး​ မြန်မာရဲချုပ် ထိုင်း​နိုင်ငံ သွား​ရောက် click
- တမူးမြို့ နန့်ဖာလုံ ဈေးသည်များ ဆန္ဒပြ click
- မဏိပူရ်သူပုန်များကြောင့် နယ်စပ်ကုန်သည်များ အခက်တွေ့ click
- ကျပ်ငွေဈေး ထိုးတက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ် click
- ထိုးဆင်းနေပြန်တဲ့ ဒေါ်လာဈေး click
- မြန်မာနိုင်ငံ မြို့ကြီးအချို့ ရေကြီး click
- မန္တလေး ရေကြီး click
- တာချီလိတ်တွင် ရေကြီး၊ “တာလော့” ဈေးကြီး ပိတ်ထားရ click
- ကမ်းပါးပြိုသဖြင့် လူ ၅ဝဝ ကျော် အိုးအိမ်မဲ့ click
- ရန်ကုန်မြို့အနီး​တွင် အစိမ်း​ရောင်ရွာ တည်​ထောင်မည် click
- မိုးရာသီ အိုင်စီတီ အရောင်းပြပွဲ ရန်ကုန်တွင် ပြုလုပ် (ရုပ်သံ) click
- အုန်းဖျန်တွင် ဒုက္ခသည်စာရင်း ကောက်ခိုင်း click
- ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ click
- မွတ်ဆလင်မလေးနှစ်ဦး တိုင်တဲ့အမှု ရဲက လက်မခံ click

  • ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ - နိရဉ္စရာ click here
  • မွတ်ဆလင်မလေး နှစ်ဦးတိုင်တဲ့ အမူ ရဲက လက်မခံ - နိရဉ္စရာ click here
  • အစိုးရ စစ်ယာဉ်တန်းကို ဒီကေဘီအေ တိုက်ခိုက် - ဘီဘီစီ click here
  • ကရင်ပြည်နယ်က နယ်ခြားစောင့် နှစ်ပတ်လည်နေ့နဲ့ တိုက်ပွဲသံတွေ - နေ့သစ် click here
  • နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ - မိုးမခ click here
  • သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ - အာရ်အက်ဖ်အေ click here
  • နှစ်ဘက်ယုံကြည်မှု အတွက် ဦးသိန်းစိန် အစိုးရ လက်တွေ့ လုပ်ဆောင်ပြဖို့ NCGUB တိုက်တွန်း - အာရ်အက်ဖ်အေ click here
  • လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ - အာရ်အက်ဖ်အေ click here
  • လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ ဆွေးနွေးဖို့ ပါတီတွေပြင်ဆင် - အာရ်အက်ဖ်အေ click here
  • ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ - ဗွီအိုအေ click here
  • လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ - ဘီဘီစီ click here
  • နိုင်ငံရေးနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဆက်လုပ်မည် - ဒီဗွီဘီ click here
  • စီးပွားဖွံ့ဖြိုးရေးအတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုအပ် - ဗွီအိုအေ click here
  • စီးပွားရေးပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ ပြီးဆုံး - ဘီဘီစီ click here
  • အမတ်တွေ လုပ်ပိုင်ခွင့် ပိုရရေး လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ်ရှိ - အာရ်အက်ဖ်အေ click here
  • နေပြည်တော် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံး - အာရ်အက်ဖ်အေ click here
  • စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲစီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ - ဒီဗွီဘီ click here
  • အလုပ်ရုံဆွေးနွေးပွဲ မြင်ကွင်း ပြန်လည်သင့်မြတ်ရေး လမ်းစအဖြစ် မြင် - အာရ်အက်ဖ်အေ click here
  • ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ - နိရဉ္စရာ click here
  • နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ် - အာရ်အက်ဖ်အေ click here
  • အာသံသူပုန် ဆက်ကြေးတောင်းမှု အရေးယူပေးဖို့ နယ်စပ်ဈေးမှာ ဆန္ဒပြ - အာရ်အက်ဖ်အေ click here
  • တပ်ကြပ်ကြီးက သေနတ်ဖြစ်ပစ်ခတ်မှုကြောင့် အရပ်သား သင်္ဘောမောင်းသူ ပွဲချင်းပြီးသေဆုံး - ရိုးမ ၃ click here
  • တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ရှေ့ပြေးအဖွဲ့ ကျောက်ပန်းတောင်းနယ် ရောက်ရှိ - အာရ်အက်ဖ်အေ click here
  • နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆို - ဘီဘီစီ click here
  • ဓာတ်ငွေ့ပိုက်လိုင်းကြောင်း ဒေသခံများ စိုးရိမ် - ဒီဗွီဘီ click here
  • အပြည်ပြည်ဆိုင်ရာ ချက်ပြုတ်နည်း၊ ဖျော်ရည်မျိုးစုံ သင်တန်းဖွင့် - NLD click here
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြပ်ပြေးနေပြည်တော် ခရီးစဉ်ပြီးဆုံး - ယနေ့မြန်မာ click here
  • ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ - နိရဉ္စရာ click here
  • ကသည်းသူပုန် ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့ နန်းဖာလုံဈေး ပိတ် - ဒီဗွီဘီ click here
  • မြန်မာပြည်မှပေးစာ၊ အားလပ်ရက်များ ၂ - ဧရာဝတီဘလော့ဂ် click here
  • ပြည်တွင်းစစ် ရပ်စဲရေး ဒို့အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဒို့အရေး - မိုးမခ click here
  • အကယ်ဒမီ တေမိ ဦးကျော်ဆန်း - ဧရာဝတီဘလော့ဂ် click here
  • တရားဥပဒေစိုးမိုးမှုမရှိသေးသော မြန်မာပြည် (ဆောင်းပါး) - မိုးမခ click here
  • Microfinance နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး (ဆောင်းပါး) - နေ့သစ် click here
  • ဦးကြည်မောင်အမှတ်တရများ - မိုးမခ click here
  • ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၉) - မိုးမခ click here
  • အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ် - ဧရာဝတီဘလော့ဂ် click here
  • မြန်မာအစိုးရရဲ့ အကြပ်အတည်းများကို ဘယ်လို ဖြေရှင်းမလဲ (ဆောင်းပါး) - ယနေ့မြန်မာ click here
  • တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာဆိုင်ရာ သတင်းဓါတ်ပုံများ - ယနေ့မြန်မာ click here
  • ၃၉ ကြိမ်မြောက် မဲဆောက် တရုပ်ဘုံကျောင်း ဆန်လှူပွဲ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၉) - မိုးမခ click here

                                   ၂၀၁၁ ခုနှစ်အတွက် ပေကြောင်ပေကြောင် အကယ်ဒမီဆု  

မြောက်ကိုရီးယားခေါင်းဆောင် မစ္စတာကင်ဂျုံအီး ရုရှားနိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေ

 မြောက်ကိုရီးယားခေါင်းဆောင်မစ္စတာ ကင်ဂျုံအီးလိုက်ပါလာသော အထူးရထားကို မြောက်ကိုရီးယားနဲ့ ရုရှားနယ်ခြားဒေသ ရုရှားဘက်ခြမ်း ဗလဒီဘော့စတော့ဒေသရှိ Khasan ဘူတာတွင်တွေ့ရစဉ်

မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအီးဟာ ရုရှားသမ္မတ ဒမီဒရက်ဗ် ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေကြောင်း ရုရှားအစိုးရက သြဂုတ်လ ၂၀ ရက်မှာ အတည်ပြုပြောကြား လိုက်ပါသည် ။
နိုင်ငံတကာသတင်းတော်တော်များများမှာ မြောက်ကိုရီးယားခေါင်းဆောင်၏ ရုရှားခရီးစဉ်နှင့်ပတ်သက်၍ သတင်းများထွက်ပေါ်နေသော်လည်း နှစ်နိုင်ငံစလုံးက တစ်စုံတရာ အတည်ပြုပြောကြားခြင်းမရှိပဲ ဒီနေ့မှာမှ ရုရှားအစိုးရက အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ကြောင်းလည်းသိရပါတယ် ။
ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားသို့ရောက်ရှိနေသော မြောက်ကိုရီးယားခေါင်းဆောင်ဟာ  ခရီးစဉ်အတွင်းမှာ ရုရှားသမ္မတနှင့် တွေ့ဆုံမှာဖြစ်ပြီး ရုရှားမြောက်ဘက်စွန်းမှာရှိတဲ့ ဆိုက်ဘေးရီးယားဒေသကိုလည်း သွားရောက်မှာဖြစ်ကြောင်း ရုရှားတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွှာသတင်းဌာနကဖေါ်ပြလိုက်ပါတယ် ။
မစ္စတာကင်မ်ဂျုံအီးဟာ မြောက်ကိုရီးယားနိုင်ငံ၏ စစ်ကော်မရှင်အကြီးအကဲလည်းဖြစ်ပါတယ် ၊ သူဟာ သူ့နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံများသို့ ရထားဖြင့်ခရီးထွက်လေ့ရှိပြီး ခရီးစဉ်များကိုလည်း ထုတ်ပြန်လေ့မရှိကြောင်းလည်းသိရပါတယ် ။
Voice Of Myanmar

တပ်ကြပ်ကြီးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား သင်္ဘောမောင်းသူ ပွဲချင်းပြီး သေဆုံး click
- ကရင်ပြည်နယ်က နယ်ခြားစောင့် နှစ်ပတ်လည်နေ့နဲ့ တိုက်ပွဲသံတွေ click
- သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြပ်ပြေးနေပြည်တော်ခရီးစဉ် ပြီးဆုံး click
- စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ စီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ click
- ဆင်းရဲမွဲတေမှု လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ click
- ကသည်းသူပုန်များ၏ ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့က နန်းဖာလုံဈေး ပိတ် click
တရားဥပဒေစိုးမိုးမှုမရှိသေးသော မြန်မာပြည် (ဆောင်းပါး) click
- မြန်မာအစိုးရရဲ့ အကျပ်အတည်းများကို ဘယ်လိုဖြေရှင်းမလဲ (ဆောင်းပါး) click
- ဦးကြည်မောင် အမှတ်တရများ (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ) click
- တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာဆိုင်ရာ သတင်းဓာတ်ပုံများ click
- ၃၉ ကြိမ်မြောက် မဲဆောက် တရုတ်ဘုံကျောင်း ဆန်လှူပွဲ (ဓာတ်ပုံ) click
- အထီးကျန် သံလွင်လမ်းခွဲ (၀တ္ထတို) click
- အိမ်ကလေး ၂ (၀တ္ထတို) click
- မြစ်ကောနဲ့ ရေစုန်မျှော (ကဗျာ) click
- အထင်ကြီးချင်သလား ရုရှားစစ်သား – အပိုင်း (၁) (ဆောင်းပါး) click

ကြည်နူးဖွယ်ရာမြင်ကွင်းတစ်ခု


သြဂုတ်လ ၁၉ ရက်နေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တာကို မြင်ရတာဟာ ကြည်နူး ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ ဒီထက် ကြည်နူးဖို့ ကောင်းတဲ့ မြင်ကွင်း ရှိပါသေးတယ်။ သတိထားမိ သူတွေလည်း ရှိမှာပါ။ အဲဒါကတော့ သမ္မတ ရုံးခန်း အတွင်းမှာ ခေတ်အဆက်ဆက် သမ္မတများ၊ ဝန်ကြီးချုပ်များရဲ့ ဓာတ်ပုံများ၊ ပန်းချီကားများကို ပြသထားသလို သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တဲ့ ထိုင်ခုံ နောက်မှာတော့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံကို ချိတ်ဆွဲထားခြင်းပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက် ယှဉ်တွဲပြီး ဓာတ်ပုံ အရိုက်ခံတဲ့အခါ နောက်မှာ ဗိုလ်ချုပ်ပုံကို နောက်ခံထား အရိုက် ခံထားပါတယ်။
နိုင်ငံရေးမှာ သင်္ကေတ နမိတ်ပုံတွေဟာ စကားလုံးတွေ လိုပဲ အရေးပါပါတယ်။ အခု သမ္မတ ရုံးခန်းမှာ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ခေါင်းဆောင်ဟောင်းတွေ အားလုံး (ဦးနု၊ ဦးနေ၀င်းက အစ) ရဲ့ ပုံကို ချိတ်ဆွဲ ထားခြင်းဟာ သမ္မတရဲ့ သမိုင်းအပေါ် အမြင်နဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အပေါ် ထားတဲ့ Message လို့ မြင်မိပြီး အဲဒီလို မြင်ရတဲ့ အတွက် ကြည်နူး ရကြောင်းပါဗျာ။
  • ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ - နိရဉ္စရာ click here
  • စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲစီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ - ဒီဗွီဘီ click here
  • ကသည်းသူပုန်များ၏ ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့က နန်းဖာလုံဈေးပိတ် - ဒီဗွီဘီ click here
  • ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးဖွံ့ဖြိုးမှု အလုပ်ရုံစည်းဝေးပွဲ တက်ရောက် - ဒီဗွီဘီ click here
  • စီးပွားရေး ဆွေးနွေးပွဲမှာ ပွင့်လင်းစွာ ဆွေးနွေး - ဘီဘီစီ click here
  • အဝေးရောက် အစိုးရရဲ့ တုန့်ပြန်ချက် - ဘီဘီစီ click here
  • နိုင်ငံရေးအကျဉ်းသား မိသားစုတွေရဲ့ သဘောထား - ဘီဘီစီ click here
  • အပစ်အခတ်ရပ်ဖို့ တစုတစည်းထဲ ဆွေးနွေးဖို့ တောင်းဆို - ဘီဘီစီ click here
  • နိုင်ငံ့စီးပွား ဖွံ့ဖြိုးရး ဆွေးနွေးပွဲ ဒေါ်စုတက်ရောက် - ဘီဘီစီ click here
  • လယ်ယာမြေ ဥပဒေအပါအ၀င် ဆွေးနွေးစရာတွေများ - ဘီဘီစီ click here
  • စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စု တက်ရောက် - ဗွီအိုအေ click here
  • လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် စတင် - ဗွီအိုအေ click here
  • ကျပ်ငွေဈေးကျ၊ လမ်းများပျက်လို့ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုရပ်ဆိုင်း - အာရ်အက်ဖ်အေ click here
  • ဒေါ်စုရဲ့ နေပြည်တော်ခရီးစဉ် သူတို့ ဒီလိုမြင်ကြတယ် (အသံ) - အာရ်အက်ဖ်အေ click here
  • ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်က အဓမ္မ ငွေကောက် - အာရ်အက်ဖ်အေ click here
  • စီးပွားရေး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် - အာရ်အက်ဖ်အေ click here
  • ကလေးမြို့နယ် NLD နိုင်ငံရေးအကျဉ်းသားတွေကို ကူညီ - အာရ်အက်ဖ်အေ click here
  • အစိုးရတပ်မှ ကေအဲန်ယူထံ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့ - KIC click here
  • ဆွဲမိုင်းကြောင့် အစိုးရအဖွဲ့၏ လုံခြုံရေးတပ်သားတစ်ဦး ထိခိုက် - KIC click here
  • ဌာနချုပ် တိုက်ခိုက်ခံရခြင်း သတင်း မဟုတ်မှန်ကြောင်း ALP ငြင်း - နိရဉ္စရာ click here
  • ယာဘာ ဆေးပြားများ သယ်လာသူ ၂ ဦး စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရ - နိရဉ္စရာ click here