အဏ္ဏ၀ါစစ်သည်
( ဒီဆောင်းပါးဟာ ၂၀၁၀ ဇန်န၀ါရီလ အတွင်းက ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါတယ်။ အခြေအနေအရ မဖတ်လိုက်ရသူတွေ ဖတ်နိုင်အောင် ပြန်ပြီး ဖော်ပြပေး လိုက်ပါတယ်။ )
( အခုတစ်လော ကေအိုင်အိုအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြင်ဆင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး လူပြောသူပြော များနေတဲ့ ကချင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းကို ပြည့်ပြည့် စုံစုံ ရှင်းပြထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ လူငယ်တွေအတွက် မှတ်မှတ် သားသား လေ့လာ ရေးသား တင်ပြပေးတဲ့ ဆရာ အဏ္ဏ၀ါ စစ်သည်ရဲ့ စေတနာကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဆောင်းပါးက ရှည်နေလို့ အပိုင်းလိုက် ဖော်ပြပေးပါ့မယ်။ )
ကေအိုင်အိုအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းရန် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်သည့် သတင်းများကို ဖတ်ရင်း ကေအိုင်အိုအဖွဲ့က အစိုးရကို ပင်လုံစာချုပ်ပါ အချက်များကို အကောင် အထည်ဖော်ရေး တင်ပြထားကြောင်း၊ ပင်လုံစာချုပ် အတိုင်းသာ အကောင် အထည်ဖော်လျှင် အလိုအလျောက် လက်နက် ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း ပြောဆို တင်ပြမှုတွေကို သတိပြုမိသည်။ ထို့နောက် ကချင် ပြည်နယ်နေ့၊ မနောပွဲ၊ ကေအိုင်အိုအဖွဲ့က လက်နက်နှင့် ပွဲတက်ရောက်ခွင့် စသည့် သတင်းများကို ဆက်ပြီး ကြားရသည်။ ယနေ့ကချင်ပြည်နယ် အခြေအနေကို ပကတိ အတိုင်း မြင်နိုင်ဖို့အတွက် ကချင်ပြည်နယ် မည်ကဲ့သို့ ပေါ်ပေါက်လာသည်။ ပင်လုံစာချုပ်တွင် ကချင်ပြည်နယ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ခဲ့သည်၊ ပင်လုံစာချုပ်က ဘာကို ဆိုလိုသည်ကို သိရန်လိုပါသည်။ ဒါတွေမပြောခင် မြန်မာနိုင်ငံ အပေါ် ကိုလိုနီ အုပ်ချုပ်ရေး မည်ကဲ့သို့စတင် ရောက်ရှိ လာသည်ကို အကျဉ်းမျှ သိဖို့လိုပါသည်။
အင်္ဂလိပ်လက်အောက်မြန်မာနိုင်ငံ
၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာ စစ်အပြီးတွင် ရခိုင်နှင့် တနင်္သာရီဒေသ အင်္ဂလိပ် လက်အောက် ရောက်သည်။ သို့သော် အင်္ဂလိပ်တို့က ရခိုင်နှင့်တနသာင်္ရီကို ပုံစံ တစ်ခုတည်းဖြင့် အုပ်ချုပ်ခဲ့ခြင်း မဟုတ်။ သူတို့ လိုအပ်ချက်အပေါ် မူတည်ပြီး ခွဲခြား အုပ်ချုပ်ခဲ့သည်။ ဤချဉ်းကပ်ပုံ သည်ပင် အင်္ဂလိပ်တို့၏ ကိုလိုနီ အုပ်ချုပ်ရေး အဓိကလက္ခဏာ ဖြစ်သည်ကို နောက်ပိုင်းတွင် ပိုပြီးတွေ့နိုင်သည်။ ရခိုင်က အိန္ဒိယနဲ့ နီးတော့ ပထမပိုင်းမှာ အိန္ဒိယ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်သည်။ ၁၈၃၀ ကျတော့ စစ်တကောင်း တိုင်းမင်းကြီး လက်အောက်မှာ ထားပြီး ၀န်ထောက် တစ်ယောက်က အုပ်ချုပ်ခဲ့သည်။ ၁၈၃၅ ခုနှစ်ကစပြီး ၁၈၅၂ ခုနှစ်အထိ ဘင်္ဂလားပြည်နယ်၏ နယ်တစ်နယ် အဖြစ် သတ်မှတ်ပြီး ဘင်္ဂလား ပြည်နယ် အစိုးရက တိုက်ရိုက် အုပ်ချုပ် ခဲ့သည်။ ထိုအချိန်က စပြီး ဘင်္ဂလား ပြည်နယ် အတွင်းရှိ မူစလင်များသည် ရခိုင်ဒေသသို့ အတားအဆီး မရှိ ၀င်ရောက် နေထိုင် ခွင့်ရခဲ့သည်။ နောင် ရိုဟင်ဂျာ ဖြစ်လာမည့် ကုလားများ၏ ဘိုးဘေးများပင် ဖြစ်သည်။ တနသာင်္ရီ ဒေသကိုတော့ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ပြီး ပီနန်ကျွန်းများ အရာရှိများကို အုပ်ချုပ်ရေး တာဝန်ပေးခဲ့သည်။
၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပြီးသည့်အခါ ပဲခူးနှင့် မုတ္တမနယ်များ အင်္ဂလိပ် လက်အောက် ရောက်သွားပြန်သည်။ အင်္ဂလိပ်တို့က မုတ္တမကို တနသာင်္ရီ ဒေသ အောက်ထည့်ပြီး ရန်ကုန်ပါတဲ့ ပဲခူးနယ်ကိုတော့ အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှု အောက်မှာ ထားခဲ့သည်။ ထိုကဲ့သို့ အုပ်ချုပ်ခဲ့သည်မှာ ၁၈၆၂ ခုနှစ် အထိ ဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင်မူ အုပ်ချုပ်ရေး စနစ်ကို ပြန်ပြောင်းပြီး မြန်မာပြည်တွင် မဟာဝန်ရှင်တော် မင်းကြီးတစ်ဦး ထားပြီး ၎င်း၏ လက်အောက်တွင် ရခိုင်၊ တနသာင်္ရီ၊ ပဲခူး ဒေသတစ်ခုစီ အတွက် ၀န်ရှင်တော် မင်းကြီးတစ်ဦး ( Commissioner) စီထားပြီး အုပ်ချုပ်ပါသည်။ မဟာဝန်ရှင်တော်မင်း ကြီးက အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိပြီး ဥပဒေပြုခွင့် အာဏာမရှိဘဲ ဘုရင်ခံချုပ် ချမှတ်ပေးတဲ့ ဥပဒေများ အတိုင်းသာ အုပ်ချုပ်ရသည်။
၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးချိန်တွင် ၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အထက် မြန်မာနိုင်ငံကို ဘုရင်မပိုင် နယ်မြေ အဖြစ် အင်္ဂလိပ်တို့က ကြေညာခဲ့သည်။ မေလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်ကို ချန်လှပ်ပြီး အထက် မြန်မာနိုင်ငံကို ဇယားဝင် စီရင်စုနယ် (Scheduled District) အဖြစ် ကြေညာခဲ့သည်။ တနည်းအားဖြင့် ကျန်မြန်မာနိုင်ငံ အစိတ်အပိုင်း များနှင့် ရှမ်းပြည်နယ်ကို ခွဲခြား အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အင်္ဂလိပ်တို့သည် တောင်တန်း ဒေသများသို့ တပ်ဖွဲ့များ စေလွှတ်ပြီး အုပ်ချုပ်ရေး စနစ်ကို အခြေခိုင်အောင လုပ်ဆောင်ခဲ့သည်။ အင်္ဂလိပ်တို့က မြန်မာမင်းများ သြဇာအာဏာ ခိုင်မြဲခဲ့သည့် ဒေသများနှင့် မြန်မာမင်းများ၏ အစောင့်ရှောက်ခံ၊ အခွန်ဆောင် ဒေသများ ဖြစ်သည့် တောင်တန်း ဒေသများကို ခွဲခြား အုပ်ချုပ်ရန် လိုအပ်သည်ဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ၁၈၉၅ ကချင် တောင်တန်း ဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်း ဥပဒေတို့ကို ပြဋ္ဌာန်းပြီး အုပ်ချုပ်ရေး စနစ်ကို သီးခြား ဆောင်ရွက်ခဲ့ သည်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး စနစ် ပြောင်းလဲ ကျင့်သုံးချိန်တွင် ကချင်၊ ချင်း၊ ရှမ်းပြည်နယ် တို့ကို မဖွံ့ဖြိုးသေးသော ဒေသများအဖြစ် သတ်မှတ်ပြီး မြန်မာပြည် အုပ်ချုပ်ရေး စနစ်အတွင်း မထည့်သွင်းပဲ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ခဲ့ သည်။ ၁၉၃၅ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေးကို ပြင်ဆင် ကျင့်သုံးချိန်တွင် ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ် တို့ကို အပိုင်း (၁)၊ အပိုင်း (၂) နယ်မြေများဟု ခွဲခြားပြီး သီးခြား အုပ်ချုပ်ခဲ့ပြန်သည်။ ဤသည်မှာ အင်္ဂလိပ်တို့ အုပ်ချုပ်ရေး စနစ် ကျင့်သုံးခဲ့ပုံ အကျဉ်းဖြစ်သည်။
ကချင်တောင်တန်းဒေသအုပ်ချုပ်မှု
ကချင် တောင်တန်း ဒေသကို အင်္ဂလိပ်တွေ ခွဲခြား အုပ်ချုပ်ဖို့ လုပ်ချိန်တွင် ထိုဒေသမှာ ကချင် တစ်မျိုးတည်း မဟုတ်၊ ခန္တီးရှမ်း၊ ရ၀မ် စတာတွေ ရှိနေသည်။ ကချင်ထဲမှာလည်း လူမျိုးစုတွေ ကွဲနေသည့် အပြင် လချိတ်တွေက သူတို့က ကချင်မျိုး မဟုတ်ဘူးလို့ ပြောဆိုမှုများ နှင့်လည်း ကြုံရသည်။ ထို့ကြောင့် ကချင် တောင်တန်းဥပဒေ ပုဒ်မ ၁ (၃) တွင် ဤဥပဒေသည် ကချင် လူမျိုးများနဲ့သာ ဆိုင်သည်ဟု ဖော်ပြခဲ့ရသည်။ ၁၈၉၅ ဥပဒေအရ ကချင် တောင်တန်း ဒေသတွင် အောက်ပါ နယ်မြေများ ပါဝင်သည်ဟု သတ်မှတ် ခဲ့သည်ကို တွေ့ရသည်-
၁။ ဗန်းမော်စီရင်စု အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာ ရွှေကူ တောင်တန်းနှင့် စိန်လုံကဘား ဒေသ ( ဗန်းမော် မြေပြန့် ဒေသမပါ)။
၂။ မြစ်ကြီးနား စီရင်စုအတွင်းရှိ ဆဒုံးဆမား ကချင် တောင်တန်း ဒေသ၊ ကာမိုင်း၊ ထောဂေါ ကချင် တောင်တန်း ဒေသ ( မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း မြေပြန့်ဒေသများမပါ။)
၃။ ကသာစီရင်စု အတွင်းရှိ ကချင် တောင်တန်း ဒေသ ( ကောက်ကွေ့ချောင်း ဒေသကို ဆိုလိုသည်။ )
၎။ ပူတာအိုစီရင်စု။
၅။ မိုးမိတ်နယ်ရှိ ကချင် လူမျိုးများ နေထိုင်ရာဒေသ။
၆။ မြောက်ပိုင်း ရှမ်းပြည် မြောက်သိန္ဒီနယ် အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာဒေသ။
ကချင်ပြည်နယ် အုပ်ချုပ်ရေး စတင်ချိန်တွင် ကချင် လူမျိုးများမှာ ဒူဝါများ၊ တောင်ပိုင်များ၏ အုပ်ချုပ်မှုဖြင့် တောင်တန်း များပေါ်တွင်သာ နေထိုင်နေခြင်း ဖြစ်သည်။ မိုးကောင်း၊ မိုးညှင်း ဒေသများက ရှမ်းစော်ဘွားများ၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က မြစ်ကြီးနားမြို့ကို အသစ် တည်ဆောက်ပြီး အုပ်ချုပ်ရေးမြို့ အဖြစ် ထူထောင်ခဲ့ရသည်။ ထိုမြို့တွင် ကုလား၊ ဂေါ်ရခါးနှင့် ဗမာ၊ ရှမ်းတို့သာ အဓိက နေထိုင်ခဲ့ကြသည်။ ၁၈၈၇ ခုနှစ်တွင် အင်္ဂလိပ်အမှတ် ၄၄ဂေါ်ရခါး တပ်ရင်းက ယခုမြစ်ကြီးနားမြို့နေရာအနီးရှိ ဆနာရွာကို ရောက်ရှိသည်။ ထိုအချိန်က ဆနာရွာတွင်အိမ်ခြေ ၁၅ အိမ်ခန့် သာရှိသည်။ အင်္ဂလိပ်တို့က ထိုရွာကို The Village by the Great River ဟု ပြောရာမှ မြစ်ကြီးနားဟု အမည်တွင်သည် ဟုဆိုသည်။ နောက်တစ်မျိုးကတော့ အကျဲဝါ၏ လယ်ကွင်းကို ကချင်လို အကျဲနာဟု ခေါ်ရာမှ မြစ်ကြီးနား ဖြစ်သည်ဟုလည်း ဆိုသည်။ မည်သို့ဖြစ်စေ ၁၈၉၁ ခုနှစ်တွင် မြစ်ကြီးနားတွင် အုပ်ချုပ်ရေးရုံး စတင် ဖွင့်လှစ်ပြီး ၁၈၉၅ ခုနှစ်တွင် ခရိုင်ဝန် ရုံးစိုက်ရာ ဖြစ်လာသည်။
၁၉၂၃ ခုနှစ်ဒိုင်အာခီ အုပ်ချုပ်ရေး စတင်ချိန်တွင် ကချင် တောင်တန်း ဒေသများသည် ပြည်မ အုပ်ချုပ်ရေးတွင် ပါဝင်ခြင်း မရှိဘဲ ဆက်လက် ချန်လှပ် ထားခြင်း ခံရသည်။ ၁၉၃၅ ခုနှစ်တွင် ၉၁ ဌာန အုပ်ချုပ်ရေးကို ကျင့်သုံးသည့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ ကျင့်သုံးချိန် တွင်လည်း ကချင် တောင်တန်း ဒေသများကို ဆက်လက် ချန်လှပ်ထားခဲ့သည်။ ထို ၁၉၃၅ ခုနှစ် ဥပဒေအရ တောင်တန်း ဒေသများကို အပိုင်း ၁ ဇယားဝင် ဒေသများ ( Part I Scheduled Areas)နှင့် အပိုင်း ၂ ဇယားဝင် ဒေသများ ( Part II Scheduled Areas)ဟု ခွဲခြားခဲ့ သည်။
ကချင်ဒေသ အတွင်းမှ အပိုင်း ၁ ဇယားဝင် ဒေသများမှာ အောက်ပါ အတိုင်း ဖြစ်သည်- ( ချင်း၊ ရှမ်းပြည်နယ် တို့နှင့် သက်ဆိုင် သော သတ်မှတ်ချက်များကို ဆောင်းပါး မရှည်စေရန် အတွက် ချန်ထားခဲ့ပါသည်။ )
၁။ မြစ်ကြီးနား၊ ကသာနှင့် ဗန်းမော် စီရင်စုတွင် ပါဝင်သော ကချင်တောင်တန်း ဒေသများ ( အထက်ပါ ၁၈၉၅ ဥပဒေ အရ သတ်မှတ် ထားသည့် နယ်များ)။
၂။ တြိဂံနယ်မြေ ( မေခနှင့် မေလိခမြစ်နှစ်ကြားဒေသ)
၃။ ဟူးကောင်းတောင်ကြားဒေသ။
၎။ လက်ရှိအင်္ဂလိပ်အုပ်ချုပ်မှုမရှိသေးသောဒေသများ။ ( နယ်စပ်ဒေသများကိုဆိုလိုသည်။ )
ကချင်ဒေသ အတွင်းမှ အပိုင်း ၂ ဇယားဝင်ဒေသများမှာ အပိုင်း ၁ တွင် မပါဝင်သော မြစ်ကြီးနားနှင့် ဗန်းမော်တို့မှ အစိတ် အပိုင်းများ ဖြစ်ပါသည်။ ထို့ပြင် အင်္ဂလိပ်တို့က အပိုင်း ၁ ဒေသတွေ ပိုမို တိုးတက်လာရင် အပိုင်း ၂ ကို အဆင့်မြှင့်ပေးမည် ဖြစ်ကြောင်း၊ အပိုင်း ၂ ဒေသများကိုလည်း နိုင်ငံရေး အရ ပိုမို တိုးတက် လာလျှင် ဘုရင်ခံနှင့် ၀န်ကြီးအဖွဲ့က အုပ်ချုပ်သည့် မြန်မာပြည်မ ဒေသများနှင့် ပေါင်းစည်း ပေးမည်ဟု လည်းကောင်း ဥပဒေတွင် ဖော်ပြခဲ့သည်။ ထိုအချက်မှာ တောင်တန်း၊ ပြည်မ ခွဲခြား အုပ်ချုပ်မှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် နေသူများအား ချွေးသိပ်ခဲ့ခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်အထိ ၁၉၃၅ ခုနှစ် ဥပဒေပါ နယ်မြေ သတ်မှတ် ချက်များမှာ အပြောင်း အလဲ မရှိခဲ့ပေ။ ထို့အပြင် အင်္ဂလိပ်တို့က ဇယား ၁ ၀င်ဒေသများကို ဇယား ၂ သို့ ပြောင်းပေး နိုင်သော်လည်း ဇယား ၂ ဒေသများကို ဇယား ၁ ဒေသများသို့ ပြောင်း၍မရ ကြောင်း ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။ ထိုအချက်သည်လည်း ဘုရင်ခံ အုပ်ချုပ်သည့် တောင်တန်း ဒေသများကို အကြောင်း အမျိုးမျိုး ပြပြီး ချဲ့ထွင် လာမည်ကို စိုးရိမ်သော မြန်မာ နိုင်ငံရေး သမားများ၏ ကန့်ကွက်ချက်ကို လိုက်လျော ခဲ့ရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ အင်္ဂလိပ်များ ဆုတ်ခွာ သွားသည့် အချိန်အထိ၊ အင်္ဂလိပ်များ ပြန်လည် ၀င်ရောက်လာပြီး လွတ်လပ်ရေး အတွက် ဆွေးနွေး ကြသည့် အချိန်အထိ တောင်တန်း ဒေသ နယ်မြေ သတ်မှတ်မှု များသည် ပြောင်းလဲမှု မရှိသည်ကို လည်းကောင်း၊ ကချင် တောင်တန်း ဒေသတွင် လက်ရှိ ကချင် ပြည်နယ်ဟု သတ်မှတ် ထားသည့် နယ်မြေ အားလုံး ပါဝင်ခြင်း မရှိသည်ကို လည်းကောင်း တွေ့ရမည် ဖြစ်ပါသည်။ ထိုအချက်သည် ပင်လုံ ညီလာခံ ကျင်းပသည့် အချိန်တွင် အလွန် အရေးကြီးသည့် အချက် ဖြစ်လာပါသည်။
ဆက်ရန်
အဏ္ဏ၀ါစစ်သည်

၂၆ . ၈ . ၂၀၁၁ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

- စစ်ဘက်အရာရှိဟောင်းကို အီလက်ထရောနစ် ဥပဒေဖြင့် ၁၀ နှစ်ထောင်ချ click
- ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို ​ထောင်ဒဏ် ၁၀ နှစ် ချမှတ် click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ် ချ click
- အာဇာနည်နေ့ အခမ်းအနားသွားသူ ထောင်တနှစ်ခွဲကျ click
- အဖွဲ့ချုပ်ဝင် ဦးဖိုးထောင် ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံရ click
- စာရင်းကွာ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ရန် ရှိနိုင်ကြောင်း တာဝန်ရှိသူများ ပြော click
- နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးနိုင်သေး click
- နိုင်ငံရေးတည်ငြိမ်မှ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟုဆို click
- အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်တော်က ဖော်ဆောင်နိုင်မည်ဟုဆို click
- ဥပဒေနှင့်အညီ စီရင်ရေး ကူညီရန် ကင်တားနားကို ကိုဖြိုးဝေအောင် တောင်းဆို click
- လူ့အခွင့်​အ​ရေး​ချိုး​ဖောက်မှုများ​ စစ်​ဆေး​ရန် ကင်တား​နား​ ​တောင်း​ဆို click
- သုံးပွင့်ဆိုင်ဆွေးနွေးရေး ကင်တားနားထံ ၁၉၉၀ တိုင်းရင်းသားပါတီ ၈ ပါတီ တင်ပြတောင်းဆို click
- ကနေဒါအတိုက်အခံ ကွယ်လွန်မှု ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပို့ click
- မူစယ်-မန္တလေးလမ်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြန်ပြီ click
- မြစ်ကြီးနားမြို့ ကချင်ရပ်ကွက်တွင် ဗုံးဖောက်ရန် အာဏာပိုင်များ လုပ်ဆောင် click
- ခုခံကာကွယ်စစ် အရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး click
- မြောက်ပိုင်း SSA က ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ရှိ click
- KNU နှင့် ဆွေးနွေးရန် အစိုးရကိုယ်စားလှယ် စေလွှတ် click
- မြန်မာအစိုးရ-KIA ပစ်ခတ်မှုတွင် အစိုးရပြည်သူ့စစ်တဦး ကျ click
- အင်မောက်မြို့သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၅၀ ထပ်မံ ရောက်ရှိလာ click
- စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် ဗန်းမော်မြို့သို့ တိမ်းရှောင် click
- မွန်ပါတီဟောင်းက ပါတီသစ်နှင့် အမျိုးသားရေး ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိ click
- ကျပ်ငွေဈေးတက်မှုပြဿနာ အမြန်ဖြေရှင်းရန်လိုဟု သမ္မတအကြံပေး ပြော click
- လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြည်သူ သိခွင့်မရှိ click
- ချင်းပြည်နယ်အား ဖွံ့ဖြိုးရေးအထူးဇုန်အဖြစ် သတ်မှတ်ပေးရေး လွှတ်တော်တွင် တင်ပြမည် click
- ၂၁ နှစ်ကာလအတွင်း တပ်မတော်သား ၁၃၅ ဦးကို မုဒိမ်းမှုဖြင့် အရေးယူခဲ့ဟုဆို click
- သန်း​ရွှေ အလွန် (၁) click
- ပါးစပ်တွေနဲ့ နားတွေနဲ့ (ဆောင်းပါး) click
- ရာဇဝင်ထဲက ဘုရင်မကို အကွက်ရွှေ့မှားသည့်အခါ ... (ဆောင်းပါး) click
- ဖိအား (အမြင်နှင့် သုံးသပ်ချက်) click
- နွံထဲက ကြာ (ဆောင်းပါး) click
- အပြောသက်သက်ဖြင့် အလုပ်မဖြစ် (အယ်ဒီတာ့အာဘော်) click
- အုန်းဖျန်စခန်းမှ ဒုက္ခသည်များကို ဂျပန် လက်ခံရန်ရှိ click
- အင်းလေးကန်နှင့်​ ဆပ်စပ် လယ်ဧက နှစ်ထောင်ကျော် ရေမြုပ် click
- သဘာဝပစ္စည်း သုံးရန် စာရေးဆရာများ လှုံ့ဆော် click
- ဂျာနယ် ၂ စောင် အရေးယူခံရ click
- မြောက်ဦးတွင် အခွန်အကောက် တိုး၍ အနှေးယာဉ်သမားများ ၀န်ကြီးချုပ်ကို စာရေးတိုင်ကြား click
- မွန်အနုပညာရှင် မင်းကိုသာ ကွယ်လွန်၊ ရက်လည်ဆွမ်းကျွေးပြီး click
- တောက်တဲ့နှင့် ကြက်တူရွေး ရှာဖွေသူ မြွေကိုက် သေဆုံး click
- ပြည်ထောင်စုသားတို့၏ ရိုးရာအစားစာ ကောက်ညှင်းကျည်တောက် click

  • နိုင်ငံရေး အကျဉ်းသားများအား လွှတ်မပေးနိုင်သေး - ဧရာဝတီ click here
  • နိုင်ငံရေးကြောင့် လိုင်စင်သိမ်းခံရသူတွေ အရေး အင်န်အယ်လ်ဒီ ဆောင်ရွက်မယ် - ဘီဘီစီ click here
  • အမေရိကန် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားရောက်ဖို့ပြင် - ဗွီအိုအေ click here
  • အသေးစားချေးငွေအတွက် အများကြီးလုပ်ဖို့လို - ဘီဘီစီ click here
  • နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကင်တားနား တောင်းဆို - ဘီဘီစီ click here
  • လူ့အခွင့်အရေး စိန်ခေါ်မှုတွေ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ၊ ကင်တားနား သုံးသပ် - ဗွီအိုအေ click here
  • မြန်မာ့လူ့အခွင့်အရေး အဖွဲ့အစည်း ပေါင်းစုံနဲ့ ကင်တားနား ဆွေးနွေး - ဗွီအိုအေ click here
  • ထိုင်းရောက်မြန်မာတို့ နေ့တွက်ခ တိုးရမည်လော - ဧရာဝတီ click here
  • ဒေါ်လာဈေး ပြန်တက်သဖြင့် ဆန်တင်ပို့မှုပြန်စ - ဧရာဝတီ click here
  • ဒီပဲယင်းအရေး ကုလသို့ တင်မည် - ဧရာဝတီ click here
  • ပြည်ပရောက်သူတွေ ပြန်လာရေး ဒေါက်တာ နေဇင်လတ် ပြောဆို - အာရ်အက်ဖ်အေ click here
  • မြန်မာပြည်သူတွေ အရေး ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော - အာရ်အက်ဖ်အေ click here
  • လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖေါ်ထုတ်ဖို့ ကုလ အထူး ကိုယ်စားလှယ် တိုက်တွန်း - အာရ်အက်ဖ်အေ click here
  • ရေနံနဲ့ ဓါတ်ငွေ့ တူးဖေါ်မည့် ပြည်ပ ကုမ္ပဏီများ ပြည်တွင်းကုမ္ပဏီများနဲ့ ဖက်စပ်လုပ်ရမည် - အာရ်အက်ဖ်အေ click here
  • အခြေခံ ကျန်းမာရေး လုပ်ငန်းများ တိုးတက်ဖို့ ဒိန်းမတ်နိုင်ငံမှ ကူညီမည် - အာရ်အက်ဖ်အေ click here
  • နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနဲ့ ကင်တားနား တွေ့ဆုံခဲ့ - အာရ်အက်ဖ်အေ click here
  • ထိုင်ဝမ်သားရိုက်တဲ့ မြန်မာအကြောင်း ရုပ်ရှင်ကား ဆု စာရင်းဝင် - အာရ်အက်ဖ်အေ click here
  • စကားလုံးပြောင်းပြီး နိုင်ငံရေး အကျဉ်းသားအရေး လွှတ်တော်တင် - မဇ္ဈိမ click here
  • ကင်တားနားခရီးစဉ် ကောင်းမွန်သည့် အမြင်များရှိဟုဆို - မဇ္ဈိမ click here
  • နိုင်ငံရေး အကျဉ်းသားအရေး ကင်တားနားနှင့် လေးပါတီဆွေးနွေး - မဇ္ဈိမ click here
  • သတင်းဆုပေး အကဲဖြတ်ရန် ကမ်းလှမ်းမှု ဦးဝင်းတင် ငြင်းပယ် - မဇ္ဈိမ click here
  • သက်မွေးဝမ်းကျောင်းလိုင်စင်နှင့် ပညာပြန်သင်နိုင်ရေး အတိုက်အခံများ ကြိုးစားမည် - မဇ္ဈိမ click here
  • နိုင်ငံရေးအကျဉ်းသားလွတ်ရေး တကိုယ်တော် ဆန္ဒပြ - မဇ္ဈိမ click here
  • မလေးက မြန်မာဒုက္ခသည်တို့ အစိုးရိမ်ပိုရတဲ့ စကားရပ် - မဇ္ဈိမ click here
  • နယ်စပ် ခြံစည်းရိုး ဖျက်ဆီးထားမူ လာရောက် စစ်ဆေးမည် - နိရဉ္စရာ click here
  • ရသေ့တောင် အမတ်ကို အနိုင်ပေး ပေါက်တော အမတ် ၃ ဦးကို ရက်ရွေ့ထား - နိရဉ္စရာ click here
  • ကျောက်ဖြူတွင် လူခွန်ကောက်သည်ကို ရပ်တန့်ရန် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ တောင်းဆို - နိရဉ္စရာ click here
  • ချင်းပါတီနှင့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တွေ့ခွင့်မရ - ခိုနှုန်းထုံ click here
  • ထိုင်းရောက်မြန်မာတို့ နေ့တွက်ခ တိုးရမည်လော - ဧရာဝတီ click here
  • ထိုင်း-မြန်မာနယ်ခြားကော်မတီ ချင်းရိုင်၌တွေ့ဆုံ လွယ်လန်းဒေသ ပြန်ရရေး မြန်မာတောင်းဆို - သျှမ်းသံတော်ဆင့် click here
  • မူဆယ် - မန္တလေးလမ်း၌ တိုက်ပွဲဖြစါ အစိုးရတပ်ဘက်နှစ်ယောက်သေ - သျှမ်းသံတော်ဆင့် click here
  • အမည်မသိလက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျိုင်းတုံမြို့နယ်အတွင်း - သျှမ်းသံတော်ဆင့် click here
  • မစ္စတာ ကင်တားနား တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့ - KIC click here
  • အစိုးရစစ်တပ်တွင် ကလေးစစ်သားရှိနေဆဲ - KIC click here
  • အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ခေါ်မည် - KIC click here
  • မောင် ထွန်းစိန်အား ခလရ (၁၀၅) က ပစ်သတ် - ကချင်သတင်း click here

ယနေ့ မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်နေတဲ့ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ချက်တွေ ထင်မြင်ယူဆ ချက်တွေ မျိုးစုံနဲ့ တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားအောင် တိုင်းရင်းသား အချင်းချင်း သွေးထွက်သံယိုမှုတွေ ဖြစ်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ပုံကြီးချဲ့ကား ပြောဆိုလာတာတွေကို တွေ့မြင်ကြားသိ နေရပါတယ်။ ဒါပေမယ့် ဒီ ဧရာဝတီ မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်ပြီး စဉ်းစားရမယ့် အချက်တွေနဲ့ သတိထားရမယ့် အခြေခံ အကြောင်းတရားတွေ အပေါ် သုံးသပ် ထားတဲ့ စာတမ်းတစ်စောင် အင်တာနက် အသိုင်းအ၀န်းများ ခုရက်ပိုင်းအတွင်း ပျံ့နှံလာတာကို တွေ့ရပါတယ်။ အဲဒီ စာတမ်းထဲက ထင်ရှားတဲ့ အချက်အချို့ကို ကောက်နှုတ်တင်ပြပါမယ်။
မျိုးဆက်သစ် ပညာရှင်များကို မွေးထုတ်ဖို့ မျိုးဆက်သစ်တစ်ခုကို အရင် တည်ဆောက်ရဦးမှာပါ။ ညူဓါတ်ပေါင်းဖို အလုံး ၂၀ စာလောက်ရှိတဲ့ ပညာရှင် အရေအတွက်ရဖို့ ဆိုရင်တော့ မျိုးဆက် ၂ ဆက်လောက်တောင် စောင့်ရဦးမှာပါ။ ကျောက်မီးသွေးနဲ့ သဘာဝ ဓာတ်ငွေ့ကနေ လျှပ်စစ်ထုတ်ဖို့ ဆိုတာလည်း အလွန် ပိုက်ဆံကုန်တဲ့ လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။ ကျောက်မီးသွေးက မြန်မာပြည်မှာ ပေါပေါများများ မထွက်လို့ ပြည်ပကလည်း မဝယ်နိုင်ပါဘူး။ သဘာဝ ဓာတ်ငွေ့ကလည်း တိုင်းပြည်မှာ ၀င်ငွေမရှိတော့ ဒါကိုပဲ ရောင်းပြီး အခြား လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရတဲ့ အတွက် လျှပ်စစ်ထုပ်လုပ်ဖို့အတွက် ခက်ခဲနေတဲ့ ကာလဖြစ်နေပါတယ်။ စစ်အစိုးရ လက်ထက် စစ်လက်နက် ပစ္စည်း ဝယ်ယူမှုတွေ ကလည်း ဓါတ်ငွေ့ ရောင်းရငွေနဲ့ ပေးချေနေရတာပါ။
မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်နေသူများဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာထက် နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်နေတာက ပိုများပါတယ်။ ဒါကို အကြောင်းပြုပြီး အစိုးရကို အကြပ်အတည်း ရိုက်စေဖို့ အကြည်အညိုပျက်စေဖို့ ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက ပိုများနေတာကို တွေ့ရမှာပါ။ အမှန်တော့ NLD ကိုယ်တိုင် အာဏာရလည်း အဲဒီနေရာက ရေအားလျှပ်စစ်ကို မရရအောင် ထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။ အားလုံး ဆောင်ရွက်ရမှာက စီမံကိန်းကို ဖျက်ဆီးပစ်စေဖို့ မဟုတ်ဘဲ စီမံကိန်းကြောင့် ဖြစ်လာတဲ့ ဘေးထွက် ဆိုးကြိုးတွေကို ကာကွယ်နိုင်ဖို့ ရရှိလာတဲ့ လျှပ်စစ်စွမ်းအင်က ၀င်ငွေတွေကို ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် သုံးစွဲနိုင်ဖို့ ဧရာဝတီ မြစ်ကြီးကို ထိန်းသိမ်းဖို့ ကုန်ကျစရိတ်တွေကို ကျခံသုံးစွဲဖို့ ဒီစီမံကိန်းက ရလာတဲ့ နည်းပညာနဲ့ အတွေ့အကြုံတွေကို နောက်နောင် ရေကာတာများ ဆောက်လုပ်တဲ့အခါမှာ အသုံးချနိုင်ဖို့ ရလာတဲ့ လျှပ်စစ်ဓာတ်အားတွေကို တရုတ်ပြည်ကို ရောင်းချရတဲ့အတွက် တရုတ်နိုင်ငံနဲ့ ပိုမို ခိုင်မာတဲ့ သံမဏိ ဆက်ဆံရေး ထူထောင်နိုင်ဖို့ တရုတ်ပြည်သူများနဲ့ မြန်မာ ပြည်သူများ ပိုမို ချစ်ကြည်ရင်းနှီးပြီး ခိုင်မာတဲ့ အိမ်နီးနားချင်း ဆက်ဆံရေးများ တည်ဆောက်နိုင်ဖို့ ကမ္ဘာမှာ အထူး လိုအပ်နေတဲ့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို ထုတ်လုပ်နိုင်ခြင်းဖြင့် ကမ္ဘာဖန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လုပ်မှုကို လျှော့ချနိုင်ပြီး ကမ္ဘာကြီး သာယာစေရေးအတွက် ဧရာဝတီမြစ်ကြီးရဲ့ အခန်းကဏ္ဍကို ကမ္ဘာက သိအောင်လုပ်ဖို့ စတဲ့ ကမ္ဘာအဆင့်မှီ ရည်မှန်းချက်များထားရှိပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို ကမ္ဘာကြီးရဲ့ လိုအပ်ချက်အဖြစ် ဂုဏ်ယူနိုင်ကြဖို့ပဲ ဖြစ်ပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်းရဲ့ လျှပ်စစ်ဓာတ်အား ထွက်ရှိမှု ပမာဏဟာ မီဂါဝပ် တစ်သောင်း ရှစ်ထောင်ကျော် ရှိတယ်လို့ ဆိုတဲ့အတွက် ညူကလီးယား ဓာတ်အားပေးစက်ရုံ အလုံး ၂၀ ရဲ့ ပမာဏနဲ့ ညီမျှပါတယ်။ အချို့သော အလတ်စား ညူဓာတ်ပေါင်းဖို တစ်လုံးဟာ မီဂါဝပ် ၅၀၀ ထွက်ပြီး အကြီးစားတွေကတော့ မီဂါဝပ် ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ပါတယ်။ ညူဓာတ်ပေါင်းဖို တစ်လုံးရဲ့ ကုန်ကျစရိတ်က တစ်လုံးကို ဒေါ်လာသန်း ၁၀၀၀ ဖြစ်ပါတယ်။ ကမ္ဘာမှာ ညူဓာတ်အားပေး စက်ရုံ အလုံး ၂၀ လောက် ပိုင်တဲ့ နိုင်ငံဆိုတာ ခပ်ရှားရှားပဲ ဖြစ်ပါတယ်။ ညူဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ၁၀ နှစ်ခန့် အချိန်ယူရပြီး ဂျပန်ရဲ့ ညူဓာတ်အားပေး စက်ရုံများကတော့ လ ၄၀ ခန့်သာ ကြာတယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ အမြန်ဆုံး တည်ဆောက်နိုင်တဲ့ နည်းပညာ ပိုင်ဆိုင်သူက ဂျပန် ဖြစ်ပါတယ်။ ညူဓာတ်အားပေး စက်ရုံတစ်ရုံရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်းတစ်ထောင် တန်တယ်ဆိုလို့ ဒေါ်လာသန်း ၁၀၀၀ ပိုက်ပြီး ညူဓာတ်အားပေးစက်ရုံ တစ်ရုံကို ကမ္ဘာပတ်ပြီး ၀ယ်လို့ ဘယ်သူမှ ရောင်းမယ်မဟုတ်ပါဘူး။ နည်းပညာဆိုတာ ပိုက်ဆံပေးတိုင်း ရတာမဟုတ်ပါဘူး။ ကမ္ဘာမှာ လျှပ်စစ် ဓာတ်အားအတွက် ရာခိုင်နှုန်း အများဆုံး အသုံးပြုတဲ့ စွမ်းအင်က ကျောက်မီးသွေး ဖြစ်ပါတယ်။ ကျောက်မီးသွေး သုံးစွဲမှု ဟာ ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှုအတွက် ဘယ်စွမ်းအင်ကို အသုံးပြုကြမလဲ ဆိုတာကို စဉ်းစားကြဖို့ ဖြစ်ပါတယ်။ အခုတောင် မြန်မာပြည်က ကျောက်မီးသွေး လျှပ်စစ် စက်ရုံတစ်ရုံ တည်ဆောက်မယ့် စီမံကိန်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်တယ် ဆိုပြီး ကန့်ကွက်နေမှုများ ရှိကြပါတယ်။ သက်ဆိုင်ရာ နိုင်ငံကြီးများဟာ မိမိတို့ အမျိုးသား အကျိုးစီးပွားကိုသာ အဓိကထားပြီး အလုပ်လုပ်နေကြတာကို မြန်မာပြည်မှာ နိုင်ငံရေး လုပ်သူ လူငယ်များ ပါးနပ်ကြဖို့ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို မကြည့်ပဲ သူများအော်တိုင်း လိုက်အော်နေလို့ မဖြစ်ပါဘူး။
Coal & Electricity ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုရဲ့ ၄၀% ကို ကျောက်မီးသွေးက ထုတ်လုပ်ပါတယ် Total World Electricity Generation by Fuel (2006) Source : IEA 2008 Other includes solar, wind, combustible renewable, geothermal & waste Mordern life is unimaginable without electricity. It lights houses, buildings, streets, provides domestic and industrial heat, and powers most equipment used in homes, offices and machinery in factories. Improving access to electricity worldwide is critical to alleviating poverty. Coal plays a vital role in electricity generation worldwide. Coal-fired power plants currently fuel 41% of global electricity. In some countries, coal fuels a higer percentage of electricity. Coal in Electricity Generation ကမ္ဘာ့နိုင်ငံကြီးတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် အသံကောင်းဟစ်နေပေမယ့် ကျောက်မီးသွေးကို အလွန်အကျွံသုံးစွဲနေတယ် ဆိုတာ ထင်ရှားနေပါတယ်။ South Africa 93% Poland 92% PR china 79% Australia 77% KaZakhstan 70% India 69% Israel 63% Czeh Rep 60% Morocc 55% Greece 52% USA 49% Germany 46% Source: IEA 2010 The importance of coal to electeicity generation worldwide is set to continue, with coal fuelling 44% of gobal electricity in 2030. (ကျောက်မီးသွေး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုဆိုင်ရာ ဆောင်းပါးကို သီးသန့်တင်ပြသွားမယ် ဖြစ်ပါတယ်။)
ဂျပန်မှာ လျှပ်စစ်ရဖို့ ညူစွမ်းအင် သုံးရာကနေ စက်ရုံပေါက်ကွဲတော့ ရေဒီယိုသတ္တိကြွမှုကို တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးက ခံစားလိုက်ရပါတယ်။ စက်ရုံပတ်ဝန်းကျင် ရေပိုင်နက်က ငါးတွေဆို နှစ်ပေါင်းများစွာ စားသုံဖို့ မဖြစ်နိုင် တော့ ပါဘူး။ ဒါကိုကြည့် ခြင်းအားဖြင့် လျှပ်စစ်မီး တစ်ပွင့် ရဲ့ တန်ဖိုးကို နားလည်နိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ လျှပ်စစ်မီးတစ်ပွင့် ရဖို့အတွက် ဘယ်လောက်တောင် ပေးဆပ်ရသလဲ ဆိုတာကို ဆိုလိုချင်တာဖြစ်ပါတယ်။ ကမ္ဘာမှာ စက်မှုတော်လှန်ရေး ကစတာကြာပြီဖြစ်ပေမဲ့ မြန်မာပြည်မှာတော့ အခုမှ စရမှာ ဖြစ်ပါ တယ်။ မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာပြည်ရဲ့ ပထမဦးဆုံးသော စက်မှု တော်လှန်ရေးအစလို့ ပြောနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ဒီမိုကရေစီရရှိရေးကိုသာ တော်လှန်ရေး အသွင်နဲ့ သွားရမှာ မဟုတ်ပဲ လျှပ်စစ်ဓာတ်အားရရှိရေးကို လည်း တော်လှန်ရေး တစ်ရပ်အသွင်နဲ့ ချီတက်ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးတိုင်းမှာ အထိအခိုက် ရှိနိုင်ပါတယ်။
ဧရာဝတီမြစ်ကြီးရဲ့ တန်ဖိုးကို ငါးရှာဖားရှာ၊ ရှည့်ရှာ တဲ့ အဆင့်လောက်ပဲ တန်ဖိုးထားမယ်ဆိုရင် နိမ့်ကျတဲ့ အတွေးအခေါ် တစ်ရပ်ပဲ ဖြစ်နိုင်ပါတယ်။ ဧရာဝတီ မြစ်ကြီး ဟာ ဖန်လုံအိမ် အာနိသင် လျှော့ ချပေးနိုင်မယ့် လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးရာ ကမ္ဘာ့စွမ်းအင် အရင်းအမြစ်ကြီး ဖြစ်နေပါပြီ။ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းက လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ပမာဏဟာ လက်ရှိ မလေးရှား နိုင်ငံတစ်နိုင်ငံလုံးရဲ့ လျှပ်စစ်သုံးစွဲမှုပမာဏနဲ့ညီမျှပါတယ်။ ဒါဟာ မြစ်ဆုံတစ်ခုတည်းက ထွက်နိုင်တဲ့ပမာဏကို ဆိုလိုတာပါ။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ဆက်လက် ထုတ်လုပ်နိုင်တဲ့ ပမာဏတွေ မပါဝင် သေးပါဘူး။ ကျွန်ုပ်တို့ တိုက်ဖျက်ရမှာက မြစ်ဆုံရေကာတာ စီမံကိန်းကို မဟုတ်ဘဲ လျှပ်စစ် ထုတ်လုပ်မှုက ထွက်လာမဲ့ဘေး ဆိုးကျိုးတွေကို ဘယ်လို ကာကွယ်မလဲ ဆိုတာကို ဦးစားပေးရမှာ ဖြစ်ပါတယ်။ မီဂါဝပ် တစ်သောင်းရှစ်ထောင် ကျော်ရဖို့ အတွက် မြန်မာတစ်နိုင်ငံလုံက သစ်တောတွေကို ထင်းဆိုက်ပြီး လျှပ်စစ် ထုတ်လုပ်တာတောင် မရနိုင်ပါဘူး။ ကျွန်ုတို့ တောင်းဆိုရမှာက မြစ်ဆုံစီမံကိန်းက ရလာမယ့် လျှပ်စစ်ဓါတ်အားခ ဝင်ငွေတွေကို ဧရာဝတီ မြစ်ကြီး ထိမ်းသိမ်းဖို့ အတွက် ဘယ်လောက် ကျခံ သုံးစွဲမလဲ ဆိုတာကို ဖြစ်ပါတယ်။
ပိုက်ဆံ အကုန်မခံနိုင်လို့ အင်းလေးကန်ကြီး တိမ်ကောနေတာကိုတောင် မနဲပြင်ဆင်နေရတယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ ဧရာဝတီမြစ်ကို ထိန်းသိမ်းဖို့အတွက် ဒေါ်လာ သန်းထောင်နဲ့ချီပြီး သုံးစွဲရမှာ ဖြစ်ပါတယ်။ မြစ်ဆုံက လျှပ်စစ်ဓါတ်အား တရုတ်ကို ရောင်းမယ်ဆိုရင်လည်း ပိုက်ဆံရမှာ ဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ ချစ်ကြည် ရင်းနှီးမှုလည်း အလွန်တိုးတက်လာမှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားကို သုံးစွဲမယ့် ပြည်သူတွေဟာလည်း တရုတ်ပြည်သူ တွေဖြစ်လို့ မြန်မာနဲ့ တရုတ်နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်ပြည်သူများက မြန်မာပြည်သူများကို လာမယ့် သမိုင်း တစ်လျှောက်လုံး ကျေးဇူးတင်ရှိနေမှာ ဖြစ်ပါတယ်။ တရုတ်ပြည်သူများ လျှပ်စစ်ဓါတ်အားကို ပိုမို သုံးစွဲနိုင်တဲ့အလျောက် တရုတ်မြန်မာ နယ်စပ်က သစ်တော ပြုန်းတီးမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အိမ်နီးနားချင်း ဖြစ်တဲ့အတွက် တရုတ်မှာ သစ်တော ပြုန်းတီးရင် မြန်မာနိုင်ငံ အတွက်လည်း ရာသီဥတု ဆိုးရွားမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အကြီးဆုံး လျှပ်စစ် ရေကာတာများကို တည်ဆောက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် လည်း မြစ်ဆုံရေကာတာ အတွက် လိုအပ်တဲ့ နည်းပညာဟာ တရုတ်နိုင်ငံမှာ အဆင်သင့်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာကို စီးပွားရေး ပိတ်ဆို့ထားတဲ့အတွက် လိုအပ်တဲ့နည်းပညာနဲ့ အရင်းအနှီးအတွက် တရုတ်ကို မှီခိုနေရတာပါ။ စီးပွားရေး ပိတ်ဆို့လို့ တိုင်းပြည်ဘာမှ မဖြစ်ပါဘူးဆိုတဲ့ သူတော်ကောင်း နိုင်ငံရေးသမားတွေနဲ့ ပညာရှင် ဆိုသူတွေကို လျှပ်စစ် ဓါတ်အားရအောင် နည်းပညာနဲ့ အရင်းအနှီးမရှိပဲ ဘယ်လိုလုပ်မလဲလို့ မေးလိုက်ချင်ပါတယ်။ အနောက်နိုင်ငံတွေ ဆိုတာ ဟာလည်း အငြင်းပွားမယ့် ကိစ္စမျိုးဆိုရင် လက်ရှောင်တတ်တာမို့ မြန်မာပြည်မှာ စွမ်းအားကြီးတဲ့ ရေကာတာ တည်ဆောက်ဖို့ အတွက် တရုတ်ကို မှီခိုနေရဦးမယ် ဖြစ်ပါတယ်။
ကျွန်ုပ်တို့မှာ မြစ်ဆုံလို ရေကာတာကြီး ဆောက်ဖို့ နည်းပညာလည်း မရှိပါဘူး၊ ငွေလည်း မရှိပါဘူး၊ အားလုံး ဘာမှ မရှိလို့ တရုတ်ကိုပဲ မှီခိုနေရတဲ့အတွက် ထွက်လာတဲ့ လျှပ်စစ်ဓါတ်ကို တရုတ်ကိုရောင်းရတယ် ဆိုတာလည်း ဘာမှမဆန်း ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးနားချင်း ပြည်သူများကို မီးလင်းစေဖို့အတွက် ကျွန်ုပ်တို့မှ မုဒိတာ ပွားနိုင်ရမယ် ဖြစ်ပါတယ်။ တရုတ်ပြည်သူများက မြန်မာပြည်သူများကို ထာဝရ ကျေးဇူးတင်ရှိနေမှာ ဖြစ်ပါတယ်။ မြစ်ဆုံ ရေကာတာပြီးလို့ မြန်မာ ပညာရှင်တွေ ကျွမ်းကျင်လာပြီ ဆိုတော့မှ နောက်ပိုင်းမှာ ကိုယ်တိုင်တည်ဆောက် လာနိုင်တော့မှာပါ။ နည်းပညာ တစ်ခု ရဖို့အတွက် အလွန်ပဲ ပေးဆပ်ရတတ်ပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ အချို့သော ငါးမျိုးစိတ်တွေ ပျက်သုဉ်းတာမျိုး ရှိနိုင်ပါတယ်။ဒါဆို ကချင်ပြည်နယ်မှာ ဖွံ့ဖြိုးမှုနိမ့်ကျလို့ ပျောက်ကွယ်သွားနိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြောင်း ကျွန်ုပ်တို့ မစဉ်းစားကြတော့ဘူးလား။ မြစ်ဆုံရေကာတာကို ကန့်ကွက်နေတဲ့ သူတွေဟာ တိုင်းပြည်အတွက် လျှပ်စစ် ဘယ်လိုရ မယ်ဆိုတဲ့ နည်းကိုတော့ ရှာဖွေပေးနိုင်တာ မဟုတ်ကြပါဘူး။ မြန်မာ့ပတ်ဝန်းကျင် မပျက်စီးအောင်ဆိုပြီး ဘယ်နိုင်ငံကမှ ညူဓါတ်အားပေး စက်ရုံတစ်ခု လာတည်ဆောက်ပေးမှာ မဟုတ်ပါဘူး။ ညူဓါတ်အားပေးစက်ရုံ ဆိုတာကလည်း အင်မတန် ကြောက်စရာကောင်းတဲ့ နည်းပညာ အရင်းအမြစ် တစ်ခုဖြစ်ပါသေးတယ် ညူဓါတ်အားပေး စက်ရုံးဆိုတာ ပိုက်ဆံရှိတိုင်း ဝယ်လို့ရတဲ့ အမျိုးမဟုတ်ပါဘူး၊ မြန်မာ စစ်အစိုးရဟာ ညူနည်းပညာရဖို့အတွက် ရုရှားကို မျက်နှာလုပ်ရတဲ့ စရိတ်နဲ့တင် ညူစက်ရုံတစ်ရုံဖိုး မကတော့ပါဘူး။ စစ်အစိုးရဟာ ရုရှားနဲ့ပြေလည်ဖို့ ရုရှားဆီက လက်နက်ဝယ်ရပါတယ်။ MIG တိုက်လေယာဉ်တွေ ဝယ်ခဲ့ရပါတယ်။ နည်းပညာအတွက် ပညာတော်သင်တွေ ပိုက်ဆံ အကုန်ခံပြီး လွှတ်ခဲ့ရပါတယ်။ ဒါတောင် ရုရှားဟာ သူ့တိုင်းပြည် ဝင်ငွေ လိုအပ်ချက်အတွက် MIG တိုက်လေယာဉ်တွေကို လွယ်လွယ်ကူကူ ရောင်းခဲ့လို့ လေယာဉ်တွေ ဝယ်ယူရရှိရေးအတွက် မျက်နှာလိုမျက်နှာရ စရိတ်တွေ သက်သာခဲ့တာပါ။ အမှန်တော့ အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူခွင့်ရှိဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။
နည်းပညာမရှိတဲ့ တိုင်းပြည်တွေဟာ ကမ္ဘာမှာ နည်းပညာတစ်ခု ရဖို့အတွက် အမျိုးသားရေး စွမ်းဆောင်မှုအနေနဲ့ လမ်းစဉ် ချမှတ်ရပြီး တစ်မျိုးသားလုံး ဒုက္ခမျိုးစုံ ခံရလေ့ရှိပါတယ်။ ကိုယ်တိုင်မတတ်ရင် ညူနည်းပညာဆိုတာ တစ်နိုင်ငံ လုံးရဲ့ ပိုင်ဆိုင်မှုနဲ့ ရင်းနှီးပြီး ဝယ်ယူရတဲ့အရာပါ။ ကျွန်ုပ်တို့တိုင်းပြည်မှာ ညူစွမ်းအင်ကို အသုံးပြုနိုင်ဖို့ အနည်းဆုံး မျိုးတစ်ဆက် စောင့်ရပါဦးမယ်။ သူများတိုင်းပြည်က အလကားလာ ဆောက်ပေးတောင်မှ ကိုယ်တွယ်နိုင်မယ့် ပညာရှင် မရှိသေးပါဘူး။
ဒီဖော်ပြချက်တွေဟာ မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့ မျက်လုံးစုံမှိတ် အော်နေကြသူတွေ ထည့်သွင်းစဉ်းစားရမယ့် အချက်များ ဖြစ်ပါကြောင်း စုဆောင်း တင်ပြလိုက်ရပါတယ်။ မြစ်ဆုံသား

၂၅ . ၈ . ၂၀၁၁ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင် click
- သတင်းဆုပေး အကဲဖြတ်ရန် ကမ်းလှမ်းမှု ဦးဝင်းတင် ငြင်းပယ် click
- သမ္မတ ဦးသိန်းစိန်သည် အပြောင်းအလဲ လိုလားဟု ဆို click
- ၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီများ တရားဝင် ရပ်တည်ခွင့်ရရေး တောင်းဆို click
- ကင်တာနားကို လူ့အခွင့်အရေးချိုးဖောက်မှုများ တင်ပြကြ click
- နိုင်ငံရေးအကျဉ်းသားအရေး ကွင်တားနားနှင့် လေးပါတီ ဆွေးနွေး click
- အစိုး​ရ​ပြောင်း​သော်လည်း​ လူ့အခွင့်​အ​ရေး​အ​ခြေအ​နေ မတိုး​တက် click
- လွတ်လပ်သည့် လူ့အခွင့်အရေးကော်မတီ မကြာမီ ဖွဲ့စည်းမည် click
- ဒီပဲယင်းအရေး ကုလသို့ တင်မည် click
- နိုင်ငံရေးအကျဉ်းသားလွတ်ရေး တကိုယ်တော် ဆန္ဒပြ click
- အိန္ဒိယရေတပ်ဦးစီးချုပ်ကို ဓည၀တီရေတပ်ဌာနချုပ်မှူးက ရန်ကုန်လေဆိပ်မှာ သွားကြိုတာ ဘာကြောင့်လဲ click
- နယ်စပ်ခြံစည်းရိုး ဖျက်ဆီးထားမှု လာရောက်စစ်ဆေးမည် click
- ထိုင်း-မြန်မာနယ်ခြားကော်မတီ ချင်းရိုင်း၌ တွေ့ဆုံ၊ လွယ်လန်းဒေသ ပြန်ရရေး မြန်မာ တောင်းဆို click
- မူစယ်-မန္တလေးလမ်း၌ တိုက်ပွဲဖြစ်၊ အစိုးရတပ်ဘက် နှစ်ယောက် သေ click
- အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျိုင်းတုံမြို့နယ်အတွင်း မြန်မာစစ်တပ် လုံခြုံ ရေးတိုးချ click
- နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို ဒီကေဘီအေ ဖမ်းမိ click
- KIA ခြုံခိုတိုက်ခိုက်မှုတွင် မြန်မာစစ်သား ၂ ဦး ကျ၊ ၄ ဦး ဒဏ်ရာရ click
- မောင်ထွန်းစိန်အား ခလရ (၁၀၅) က ပစ်သတ် click
- က​လေး​စစ်သား​ ပြန်လွတ်​ရေး​ အိုင်အယ်လ်အိုကို တိုင်မည် click
- လူ့အခွင့်အရေးရှေ့နေ လိုင်စင်သိမ်းခံရမှု ဥပဒေနှင့် မညီဟု ဆို click
- လိုင်စင်သိမ်းခံ ရှေ့နေများ လိုင်စင်ပြန်ရရေး လျှောက်ထားကြမည် click
- အသက်မွေးဝမ်းကြောင်း လိုင်စင်နှင့် ပညာ ပြန်လည်သင်နိုင်ရေး အတိုက်အခံများ ကြိုးစားမည် click
- ဒီမိုကရေစီကွန်ရက် ချဲ့ထွင်ရေး ဗေဒါအင်စတီကျု စတင်ကြိုးပမ်း click
- တရား​ရုံး​မထီမဲ့​မြင်ပြုမှုဥပ​ဒေ ဖျက်သိမ်း​ရေး​အဆို ရှုံးနိမ့်​၊ လွှတ်​တော်၌ လျှို့ဝှက်မဲ​ပေး​စနစ် ပျက်​နေ click
- ရသေ့တောင်အမတ်ကို အနိုင်ပေး၊ ပေါက်တောအမတ် ၃ ဦးကို ရက်ရွှေ့ထား click
- ကျောက်ဖြူတွင် လူခွန်ကောက်သည်ကို ရပ်တန့်ရန် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ တောင်းဆို click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- RFA က ဧရာဝတီ စကားဝိုင်း (သြဂုတ် ၂၅၊ ၂၀၁၁) click
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် အင်န်အယ်ဒီပါတီ (ဆောင်းပါး) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂) (အောက်မေ့ဖွယ်) click
- စစ်အစိုးရရဲ့ ငြိမ်းချမ်းရေး ဘယ်တော့စမှာလဲ (ဆောင်းပါး) click
ထိုင်းရောက် မြန်မာတို့ နေ့တွက်ခ တိုးရမည်လော click
- ကျောက်ဖြူဆိပ်ကမ်း အခွန်လျှော့ရန် ဒေသခံတို့ တောင်းဆို click
- ဧက ရာနှင့်ချီ သိမ်းထားသည့် လယ်ကိစ္စကို ဦးသိန်းစိန်ထံ တင်ပြမည် click
- ဒေါ်လာဈေး ပြန်တက်သဖြင့် ဆန်တင်ပို့မှု ပြန်စ click
- အသေးစား ချေးငွေအတွက် အများကြီး လုပ်ဖို့လို click
- တောင်ကြီး ရွှေညောင် ရေဘေး လူ ၁,၇၀၀ ကယ်ဆယ်ရေးစခန်း ရောက် click
- ဒုတိယ ရေနက်ဆိပ်ကမ်း ပုသိမ်မြို့ ဖြစ်တော့မည် click
- အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ခေါ်မည် click
- ရေကြီး၍ ကရင်နီဒုက္ခသည်တဦး ရေမျော သေဆုံး click
- ရုပ်ထွက်မကောင်းသည့် ကားစုတ်များကို စာရင်းကောက်နေ click
- ဒီးမော့ဆိုတွင် အင်တာနက်ဆိုင် တဆိုင်သာ ရှိ၍ သုံးခ ဈေးကြီးနေ click
- ဖားကန့်သို့ အပြန်ခရီး (ဆောင်းပါး) click

- ဂီတစင်များ (အသံလွှင့်ဆောင်းပါး) click
- ယူနီ ... တူညီ ... မူအတည်ဖြစ်ဖို့ (ဆောင်းပါး) click
- ဝက်သတ်သမားများ (၀တ္ထုတို) click
- ဂဒါဖီ ဖမ်းနိုင်သူ ဆုငွေရမည် click
- လစ်ဗျားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ click
- ရုရှား လူမဲ့ ကုန်တင်အာဏာသယာဉ် ပျက်ကျ click
- ပြင်သစ်မှာ ခြိုးခြံချွေတာရေးအစီအစဉ်ကို အတည်ပြု click
- နျူကလီးယားဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား အသင့် click
- Apple ကုမ္ပဏီ တည်ထောင်သူ Steve Jobs ရာထူးမှ နှုတ်ထွက် click
- Apple ကုမ္ပဏီရဲ့ စီအီးအို Steve Jobs နှုတ်ထွက်လိုက်ပြီ click
- ပန်းသီးရဲ့ CEO, Technological Master mind, Steve Jobs အနားယူ click
- အင်တာနက်က ဖွံ့ဖြိုးဆဲနိုင်ငံရှိ အလုပ်သမားတွေအတွက် တံခါးတွေကို ဆွဲဖွင့်လိုက်ပြီလား click
- အိုမင်းသူတို့ကမ္ဘာ click

မြန်မာ့သစ်တော မူလအခြေအနေ ပြန်ရောက်ရန် နှစ် ၆၀ ခန့် ကြာ ပျိုးထောင်ရမည်


( ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်က မြန်မာ့သစ်တော အခြေအနေ သတင်းလေး ဖြစ်ပါ တယ်။ စိတ်ပျက် ဖွယ်ရာပါပဲ။ )
မြန်မာ့ သစ်တောများသည် တစ်နှစ်ထက် တစ်နှစ် အရည်အသွေး ကျဆင်းလျှက်ရှိရာ မူလ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲ အဆင့်သို့ ပြန်ရောက်အောင် ဆောင်ရွက်မည် ဆိုပါက အနှစ် ၆၀ ခန့် ကြာနိုင်သည်ဟု သစ်တော ပညာရှင် ဦးအုန်းက ပြောသည်။
ထိုကဲ့သို့ ဆောင်ရွက်မည် ဆိုပါက ဂေဟစနစ် တန်ဖိုး၊ ဇီဝမျိုးစုံ မျိုးကွဲများ၏ တန်ဖိုးကို ထည့်သွင်းစဉ်းစားသည့် အနာဂတ် သစ်တော အုပ်ချုပ်ရေး လိုအပ်နေပြီး သစ်တောတွင် လက်ရှိ တာဝန် ထမ်းဆောင် နေသော ၀န်ထမ်းများ၏ တာဝန်သိ၊ သစ္စာရှိမှုတို့ပေါ်တွင်လည်း တည်မှီနေသည်ဟု ဦးအုန်းက ဆက်လက် ပြောသည်။
မြန်မာ့ သစ်တောများသည် မြေအသုံးချမှုသို့ ပြောင်းပစ်နေခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့် ပျက်စီးနေရ သကဲ့သို့ သဘာဝကို ပြုစုပျိုးထောင်မှု မရှိခြင်းတို့ကြောင့် သစ်တော အရည်အသွေးများ ကျဆင်းနေကြောင်း၊ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် အတွင်း ကျွန်းနှင့် ပျဉ်းကတိုးတို့၏ ထုထည်နှင့် ပါဝင်မှု ရာခိုင်နှုန်းများ သိသိသာသာ ကျဆင်းခဲ့ရာ ကျွန်းသစ်သည် ၁၉၉၀ တွင် ကုဗမီတာ သန်းပေါင်း ၂၄၁ ဒသမ ၉၁ နှင့် ပါဝင်မှု ၈ ဒသမ ၆၃ ရာခိုင်နှုန်း ရှိနေရာမှ ကုဗမီတာ သန်းပေါင်း ၁၄၉ ဒသမ ၄ နှင့် ပါဝင်မှု ၅ ဒသမ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိပ်တန်းသစ် ၁၀မျိုးကို ကြည့်လျှင်လည်း ထုထည် ကုဗမီတာ သန်းပေါင်း ၁၃၄၀ ဒသမ ၀၅ နှင့် ပါဝင်မှု ၄၇ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေရာမှ ထုထည် ကုဗမီတာ သန်းပေါင်း ၅၅၉ ဒသမ ၆၂ ရာခိုင်နှုန်းနှင့် ပါဝင်မှု ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
" ပျဉ်းကတိုးဆိုရင် တော်တော် ဆိုးတယ်။ ၁၉၉၀ ကနေ ၂၀၀၀ အထိ သစ်တောတွေမှာ ပျဉ်းကတိုး ပါဝင်မှုက ၁၀ဒသမ ၁၈ ရာခိုင်နှုန်းကနေ ၁ ဒသမ ၆၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်ဝန်းကျင်က ကျွန်တော့် သစ်တောမှာ သင်းသတ်လုပ်ငန်း၊ ပင်ကျပ်နုတ် လုပ်ငန်းတွေ၊ တက္ကသိုလ် ကျောင်းသားတွေနဲ့ တောဆင်းတာတွေ ပြုလုပ်ပြီး နိုင်ငံအနှံ့ ရောက်ခဲ့ပါတယ်။ အဲဒီအချိန်က သစ်တောတွေမှာ ကျွန်းပါဝင်မှုက သစ်မျိုးအားလုံး ပါဝင်မှုရဲ့ ၁၂ ရာခိုင်နှုန်း အထက်မှာရှိပြီး ပျဉ်းကတိုး ပါဝင်မှုက ၂၀ ရာခိုင်နှုန်း အထက်ရှိခဲ့ပါတယ်။ အခုဆို ပျဉ်းကတိုး ပျောက်လုနီးပါး ဖြစ်နေပါပြီ " ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ၁၀ နှစ်တာ အတွင်း သစ်တော အရည်အသွေး သိသိသာသာ ကျဆင်း သွားသည်ကို ကြည့်ခြင်းအားဖြင့် ၎င်း ၁၀နှစ် အတွင်း၌ အဖိုးတန် သစ်များကို ထုတ်ယူခဲ့ သလောက် သစ်တောများ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ထိရောက်သော ပြုစု လုပ်ဆောင်ချက် နည်းပါးသည်မှာ ထင်ရှားကြောင်း ၊ ထို့အပြင် နိုင်ငံခြားသို့ တင်ပို့ရာတွင် ကျော်ကြား ခဲ့သော ကညင်နှင့် သင်းဝင်တို့ သည်လည်း လျော့နည်း ရှားပါး သွားသောကြောင့် ပြည်တွင်း၌ ရောင်းဝယ်သော သစ်မျိုး အသစ်ဖြစ်သည့် စဂတ်နှင့် သစ်စေးတို့ကို အစားထိုး ခဲ့ရကြောင်း သိရသည်။
မင်းချစ်နိုင်
  • မသေချာရင် အားလုံး သေမှာ - ဧရာဝတီ click here
  • ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်စု ပါဝင် - ဗွီအိုအေ click here
  • မစ္စတာ ကင်တားနား မြန်မာနိုင်ငံ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေ ဒေါ်စုနဲ့ ဆွေးနွေး - ဗွီအိုအေ click here
  • လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ - ဗွီအိုအေ click here
  • လွတ်လပ်ခွင့်ကို ရှာယူနေရမယ် - ဧရာဝတီ click here
  • နယ်ခြားစောင့်တပ်ကို DKBA ၀င်တိုက်၊ သုံ့ပန်း ၇ ဦးရရှိ - ဧရာဝတီ click here
  • ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးသက် ၂၃ နှစ် ပြည့်ပြီ - ဧရာဝတီ click here
  • စိုးရိမ်မိတယ် ဧရာဝတီ - ဧရာဝတီ click here
  • မလေးမှ ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ် - ဧရာဝတီ click here
  • လိုငွေပြမှု သတင်းအမှောင်ချ - ဧရာဝတီ click here
  • မီဇိုရမ်ပြည်နယ်တွင် လုံခြုံရေးနှင့် ခိုးမှူ လျှော့ပါးရေး ကော်မရှင်ပစ္စည်း လှည့်ရောင်းခွင့် တားမြစ် - ခိုနူန်းထုန် click here
  • ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့ပြီ - ခိုနူန်းထုန် click here
  • "သိမ်ကြီးဈေးတစ်ဝိုက် ပြည့်တန်ဆာလုပ်ငန်းများ အတင့်ရဲနေ" - ရဲရင့်ငယ် click here
  • ကုလ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကင်တားနား ဆက်လက်ထောက်ခံ - ရဲရင့်ငယ် click here
  • အသေးစားချေးငွေ လိုအပ်ချက်၏ ၁ဝ ရာနှုန်းသာ ပေးနိုင်သေး - ရဲရင့်ငယ် click here
  • လိုင်စင်သိမ်းခံ ရှေ့နေများ လိုင်စင် ပြန်ရရေး လျှောက်ထားကြမည် - အာရ်အက်ဖ်အေ click here
  • ဒုတိယရေနက် ဆိပ်ကမ်း ပုသိမ်မြို့ ဖြစ်တော့မည် - အာရ်အက်ဖ်အေ click here
  • ဦးသိန်းစိန် အပြောင်းအလဲ တကယ် မြင်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ယူဆ - အာရ်အက်ဖ်အေ click here
  • အမေရိကန် ကိုယ်စားလှယ် Mr. Derek Mitchell မြန်မာနိုင်ငံကို အမြန်ဆုံး သွားလို - အာရ်အက်ဖ်အေ click here
  • ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန် ဆွေးနွေးမှု ဂျာမဏီ ကြိုဆို - အာရ်အက်ဖ်အေ click here
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်တာနားတွေ့ဆုံ - အာရ်အက်ဖ်အေ click here
  • မြန်မာစစ်တပ် မှားယွင်း ပစ်ခတ်၍ ပလောင်ရွာသား တဦး သေဆုံး - ကန္တရဝတီတိုင်းမ် click here
  • ဒီးမော့ဆိုတွင် အင်တာနက်ဆိုင် တဆိုင်သာ ရှိ၍ သုံးခ ဈေးကြီးနေ - ကန္တရဝတီတိုင်းမ် click here
  • လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်နှင့် လွှတ်တော်အမတ်များ နေပြည်တော်၌ ဆွေးနွေးစဉ် စစ်မြေပြင်ရှိ သျှမ်းရွာတရွာအား အစိုးရစစ်တပ်မီးရို့ - သျှမ်းသံတော်ဆင့် click here
  • လွှတ်တော် အစည်းအဝေးများ တိုးတက်မှု အနည်းငယ်ရှိဟု အမတ်များပြော - မဇ္ဈိမ click here
  • အင်းစိန်ထောင် အခြေအနေ တိုးတက်လာဟုဆို - မဇ္ဈိမ click here
  • ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ခေါင်းစဉ်ကြောင့် ဂျာနယ် သတိပေးခံရ - မဇ္ဈိမ click here
  • တိုင်းရင်းသား ဒေသနှင့် နိုင်ငံရေး အကျဉ်းသားအရေး ပါတီဟောင်း ၈ ခုတောင်းဆို - မဇ္ဈိမ click here
  • ရှမ်းပြည်တိုးတက်ရေး ဌာနချုပ်အနီး အစိုးရတပ် အင်အားတိုး - မဇ္ဈိမ click here
  • စစ်ပြေးဒုက္ခသည် စခန်းဖွင့်လှစ်နိုင်ရေးကိစ္စ ကင်းတာနားထံ ကျားဖြူပါတီတင်ပြ - သျှမ်းသံတော်ဆင့် click here
  • ယခုနှစ် ဧရာဝတီမြစ်အထက်ပိုင်း မြေနုကျွန်းများ ရေမမြှပ်သေး - သျှမ်းသံတော်ဆင့် click here
  • အိန္ဒိယ ရေတပ်ဦးစီးချုပ်ကို ဓည၀တီ ရေတပ် ဌာနချုပ်မှူးက ရန်ကုန်လေဆိပ်မှာ သွားကြိုတာ ဘာကြောင့်လဲ - နိရဉ္စရာ click here
  • ကင်တားနား စွမ်းဆောင်ရည်ဒေါ်စုယုံကြည် - ဘီဘီစီ click here
  • ကျန်းမားရေးအတွက် ဘတ်ဂျက်ငွေနည်း - ဘီဘီစီ click here
  • ဆန်ဖရန်မြန်မာ ဒီမိုအင်အားစု ၈၈အခမ်းအနား ရသုံးငွေစာရင်း ထုတ်ပြန်လက်ကျန်ငွေကို ဥက္ကလံမြို့ ဘုန်းတော်ကြီးကျောင်း ဝေယျဝစ္စအတွက် လှူမည် - မိုးမခ click here
  • နေပြည်တော် စီးပွားရေးမြှင့်တင်မှု ဆွေးနွေးပွဲ ရလဒ်ကောင်းမရှိဟု ဖလုံ-စဝေါ်ပြောကြား - KIC click here
  • ပင်လုံစာချုပ်အတိုင်း နိုင်ငံရေးဆွေးနွေးရေးမြန်မာအစိုးရလက်မခံ - KIC click here



နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့တာဟာ နိုင်ငံတော် စီးပွားရေးပိုမိုဖွံ့ဖြိုး တိုးတက်ဖို့ မက်ခရို စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ ဖြည့်စွက် သင့်တာတွေကို လုပ်နိုင်အောင် အတွက် ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်ဖို့ဆိုရင် မက်ခရို စီးပွားရေး ဆိုင်ရာတွေကို ပြုပြင် ပြောင်းလဲဖို့ လိုပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်း ပြောင်းလဲရုံနဲ့ မရပါဘူး။ ဘာလို့လဲဆိုတော့ တခြား အကြောင်း အရာတွေနဲ့လည်း အများကြီး ဆက်စပ်နေလို့ ဖြစ်ပါတယ်။ နိုင်ငံတော်က ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ ကမ္ဘာက ပစ်ထားရင်၊ စီးပွားရေး အင်အားကြီး နိုင်ငံတွေက ပိတ်ဆို့ထားရင် ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။
၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော် အစိုးရ လက်ထက်မှာ ဈေးကွက် စီးပွားရေး စနစ်ကို စတင် ကျင့်သုံးခဲ့ပြီး မက်ခရို စီးပွားရေး ဆိုင်ရာတွေနဲ့ ပတ်သက်လို့ လုပ်သင့်တာတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီ များ အက်ဥပဒေ စတာတွေကို ဖော်ထုတ် ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြပါတယ်။ အနောက်နိုင်ငံကြီးဟာ သူနဲ့စိတ်သဘောထား မတိုက်ဆိုင်တဲ့ နိုင်ငံတွေ အပေါ် ဒီမိုကရေစီရေး အကြောင်းပြချက်နဲ့ နိုင်ငံပေါင်း များစွာကို အကြိမ်ပေါင်း(၁၂ဝ)လောက် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့ နိုင်ငံတွေကိ IMF၊ Workd Bank နဲ့ နိုင်ငံတကာ အစိုးရတွေက ကူညီ ထောက်ပံ့မှုတွေ၊ ချေးငွေတွေ၊ သဘောတူ ခွင့်ပြုချက်တွေ ပေးပြီး ပူးပေါင်း ဆောင်ရွက်ပေးနေကြတာ တွေ့ရပါတယ်။ အဲဒီလိုအားတွေနဲ့မှ လည်း အမြန်ဖွံ့ဖြိုးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဈေးကွက် စီးပွားရေး ကျင့်သုံးနေပေမယ့် ဒေါ်စုကြည်နဲ့ NLD တို့ရဲ့ ပိတ်(၄)ပိတ် ဖြစ်တဲ့ (၁) ကူညီထောက်ပံ့မှု၊ ချေးငွေနဲ့ သဘောတူ ခွင့်ပြုချက်တွေ မပေးဖို့၊ (၂) မြန်မာနိုင်ငံမှာ ရင်းနှီး မြှပ်နှံ မှု မလုပ်ဖို့နဲ့ ရှိပြီးသား ရင်းနှီး မြှပ်နှံသူတွေကိုပါ ပြန်ထွက်သွားဖို့၊ (၃)ကုန်သွယ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှ ကျောက်မျက်၊ သစ် ဆိုရင် မဝယ်ကြဖို့၊ အလားတူ Dollar Transaction ကိုပါ ပိတ်ဖို့၊ (၄)ကမ္ဘာလှည့် ခရီးသွားတွေ ကိုလည်း မြန်မာနိုင်ငံကို မလာဖို့နဲ့ လာရင်နိုင်ငံ သက်ဆိုးရှည်လိမ့်မယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ဒေါ်စုကြည်နဲ့ ဦးတင်ဦး တို့က စာတွေပေးပို့ပြီး ပိတ်ဆို့ခဲ့တဲ့ အတွက် အောင်မြင်သင့် သလောက် မအောင်မြင်ခဲ့တာ တွေ့ရပါတယ်။
အစိုးရ အဖွဲ့သစ် အနေနဲ့ နိုင်ငံရဲ့ စီးပွားရေး အဆောက်အအုံ တစ်ခုလုံး ပြောင်းလဲ တိုးတက်စေဖို့ အတွက် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနဲ့ ရင်းနှီးမြုပ်နှံမှု မူဝါဒတွေကို ပြန်လည် သုံးသပ်ပြီး နိုင်ငံနဲ့ ပြည်သူရဲ့ အကျိုး အတွက် ပြုပြင် သင့်တာတွေကို ပြုပြင်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေကို ခေတ်စနစ်နဲ့ လျော်ညီအောင် ပြုပြင်ရေးဆွဲနေပြီး ဈေးကွက်စီးပွားရေးနဲ့ လျော်ညီတဲ့ ယှဉ်ပြိုင်မှု မူဝါဒ ဥပဒေ မူကြမ်းကိုလည်း ရေးဆွဲလျက် ရှိပါတယ်။
ယခုအခါ လက်ရှိ အောင်မြင်မှုတွေ ပိုမိုအောင်မြင်အောင် လုပ်နေကြပြီ ဖြစ်ပါတယ်။ ဒေါ်စုကြည်ဟာ အခုကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ (ဒုတိယနေ့ ပထမပိုင်း)ကို တက်ရောက်ခဲ့ပါတယ်။ 'ကျွန်မ ဒီကိုလာရတာ ဝမ်းသာပါတယ်၊ ဆရာဦးမြင့်ကလည်း ဖိတ်ထားတယ် ဆိုတော့လေ၊ ကျွန်မလည်း မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ကို အလွန်ပဲ စိတ်ဝင်စားပါတယ်' ဆိုပြီး ဒေါ်စုကြည်က ပြောခဲ့တဲ့ အကြောင်းလည်း သိရပါတယ်။ တစ်ဖက်က ကြည့်မယ် ဆိုရင်လည်း ဒေါ်စုကြည်ဟာ မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေ လုပ်ဖို့ ထောက်ခံနေတုန်းပဲ ဖြစ်ပါတယ်။ ဒီအချက် (၂)ချက်ကို ကြည့်ခြင်း အားဖြင့် ဒေါ်စုကြည်အနေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို လာတက်တာဟာ ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေကို လှည့်စားနေတာသာ ဖြစ်ပါတယ်။ နိုင်ငံတော်က ဘယ်လောက်ပဲ လုပ်လုပ် ပိတ်ဆို့မှုတွေ ရှိနေမယ်ဆိုရင် မတိုးတက်နိုင်တဲ့ အကြောင်း သာဓကတွေလည်း အများကြီး ရှိပါတယ်။ ဒေါ်စုကြည်ရဲ့ ဆောင်ရွက်မှုတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် တိုးတက်ဖို့ သူကပဲ လိုလားချင်ယောင် ဆောင်ပြီး မြန်မာနိုင်ငံကို ပိတ်ဆို့ဖို့သာ လုပ်နေတယ် ဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
မြန်မာမှန်ရင် မြန်မာလူမျိုးတွေအပေါ် ချစ်မြတ်နိုးစိတ်၊ သနားညှာတာ စိတ်တွေ ထားတတ်ရမှာ ဖြစ်ပါတယ်။ ဒေါ်စုကြည် ဟာ မြန်မာ့မြေပေါ် နေထိုင်ပြီး မြန်မာလူမျိုး အချင်းချင်း သွေးကွဲအောင်လုပ်၊ အစိုးရအပေါ် အတိုက်အခံလုပ်၊ စီးပွားရေး ပိတ်ဆို့မှုကို ဆက်လက် ထားရှိဖို့ပြော စတဲ့ ကျေးဇူးကန်းတဲ့ လုပ်ရပ်တွေနဲ့ တိုင်းရင်းသားတွေရဲ့ ဘဝနဲ့ အစိုးရကို အကျပ် အတည်းတွေ့အောင် ပြောဆိုလုပ်ကိုင် နေပါတယ်။ ဒါကြောင့် ''မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ကို အလွန် စိတ်ဝင် စားပါတယ်''လို့ ပြောဆိုမှုဟာ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ရှိနေတာကို မျက်လုံးစုံမှိတ် ငြင်းဆန်နေတဲ့ ဒေါ်စုကြည်ရဲ့ အယောင်ဆောင်မှုသာ ဖြစ်ပါကြောင်း။
သစ္စာမောင်မောင်



မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းဟာ ၂၀၀၈ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပ ပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုတဲ့ ကာလတွေကို အောမြင်စွာ ဖြတ်ကျော် လာနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို ဖြတ်သန်း လာခဲ့ရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ဖျက်သိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယနေ့ အချိန်ထိ ပြောမဆုံးပေါင်း တောသုံးထောင် ဖြစ်နေသေးတာ တွေ့နေရပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြန်ပြီးတဲ့ နေ့ရက်ကစပြီး ရက်ပေါင်း(၆၀)အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင် ရမယ်လို့ ပြဌာန်း ထားပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ဟာ ပြန်လည် မှတ်ပုံတင်ခြင်း မရှိတာကြောင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အရ တရားဝင် နိုင်ငံရေးပါတီ အဖြစ်ကနေ အလိုလို ပျက်ပြယ် သွားခဲ့ပါတယ်။ အခုလို ပျက်ပြယ် သွားခြင်း အတွက် မှားတယ်၊ မှန်တယ် အပြစ်ပြောဖို့ထက် ကိုယ့်လမ်း ကိုယ်လျှောက်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီး သွားတယ်လို့သာ ဆိုချင်ပါတယ်။ ပါတီ ဖျက်သိမ်းခြင်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ အကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီအတွက် တရားဥပဒေကြောင်းအရ မှားနေတယ်လို့ ဒေါ်စုကြည်က ဝေဖန် ပြောဆိုခဲ့ပါတယ်။
နောက်ပြဿနာ တစ်ခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) ခေါင်းဆောင် ဒေါ်စုကြည် လက်ရှိ နေထိုင်နေတဲ့ အိမ်ကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အမွေဆိုင်လုတဲ့ ကိစ္စ ဖြစ်တယ်။ ဒီကိစ္စမှာလည်း တရားရုံးကို အကြိမ်ကြိမ် ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီကိစ္စမှာလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိဘူးလို့ ထပ်မံပြီး ဝေဖန် ပြောဆို ခဲ့ပြန်ပါတယ်။
ဒီအဖြစ်အပျက်နှစ်ခုကို ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့အလိုဆန္ဒနဲ့ ဆန့်ကျင်တဲ့ ရလာဒ်ထွက်ပေါ်လာရင် တရားမျှတမှု မရှိဘူး၊ ဥပဒေစိုးမိုးမှု မရှိဘူး ဆိုတဲ့ ဝေဖန်မှုမျိုး ထွက်ပေါ်လာမှန်း သိသာပါတယ်။ ကိုယ်လိုချင်တဲ့ အဖြေတစ်ခု မရတိုင်း ဒီလို ပြောဆိုနေခြင်းဟာ မသင့်တော်ဘူးလို့သာ မှတ်ချက် ပြုရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဖြစ်နေတာတွေ များစွာရှိပါတယ်။ ကိုယ့်ရဲ့ဆန္ဒဟာ ဆန္ဒသာ ဖြစ်ပြီး အမှန်တရား မဟုတ်ဘူး ဆိုတာ ဆင်ခြင်သုံးသပ်ဖို့ လိုအပ် ပါတယ်။
ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ သက်ဝင် လှုပ်ရှားလိုရင်၊ လက်သုံး စကားဖြစ်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လိုလားရင်၊ တရား ဥပဒေကို လေးစား လိုက်နာသူ တစ်ယောက် အနေနဲ့ ရှု့မြင်ခံလိုရင် တရား လက်လွတ် ငှက်တောင်ကျွတ် ပြောနေတဲ့ စကားတွေကို ရှောင်ရှားဖို့ လိုနေပါပြီ။ ဒါမှသာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ချီတက်ရာမှာ ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာရော အချိုးညီညီ တိုးတက်လာမှာ ဖြစ်ကြောင်းပါဗျာ။ မျိုးချစ်မောင်