ရက်တစ်ရာကျော် အထိ သွေးအေးနေခဲ့သော မြန်မာ့ နိုင်ငံရေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ လှုပ်ရှား လာခဲ့ပါတယ်။ အဓိကကတော့ အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ အရှိန်ရလာပြီး သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ အဆင့်ကို ရောက်ရှိ လာတာပဲ ဖြစ်ပါတယ်။
ဒီအချိန်ဟာ မြန်မာ့နိုင်ငံရေးရဲ့ အဓိက အင်အားစု နှစ်ခုဟာ ဆုံမှတ် တစ်ခုပေါ်မှာ ရောက်လာပြီး အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လမ်းကြောင်းပေါ်ကို ဦးတည်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ရှေ့ခရီးမှာ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင် ရဦးမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ပိုအရေးကြီးတယ်လို့ ထင်ရပါတယ်။ အရင်တုံးကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ဘက်က အယူအဆ ပြင်းထန်နေမှု၊ သံသယ ဖြစ်မှုတွေကို ကျော်လွှားပြီး စေ့စပ်ရေး စားပွဲဝိုင်းပေါ်ကို ဆွဲခေါ်နိုင်ဖို့က အရေးအကြီးဆုံး စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ အစိုးရသစ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ နိုင်သေးသူတွေနဲ့ ဘုံရပ်တည်ချက်ကို ရှာဖွေ အလုပ်လုပ်နိုင်ဖို့ အတွက် အသင့်ရှိတယ် ဆိုတာကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလာပြီး လက်တွေ့လည်း အကောင် အထည် ဖော်နေပြီ ဖြစ်တဲ့အတွက် ဒီစိန်ခေါ်မှုကို ကျော်လွှား နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်တယ်။ သမ္မတသစ်ဟာ ပြုပြင် ပြောင်းလဲမှုကို အမှန်တကယ် လိုလားတယ်လို့ သူထင်တဲ့ အကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီတစ်ခါ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ အပြင်က မဟုတ်ဘဲ ကိုယ့်အတွင်းထဲက လာမယ့် စိန်ခေါ်မှုလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ အဲဒီစိန်ခေါ်မှုဟာ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ လှုပ်ရှားသူများနဲ့ လက်နက်ကိုင် တိုက်ခိုက်ဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆိုတဲ့ နေရာနှစ်ခုကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
ပြည်တွင်း၊ပြည်ပရှိ ဒီမိုကရေစီလှုပ်ရှားသူများ ။ ဒီအသိုင်းအ၀န်းမှာ သဘောထား နှစ်မျိုးရှိတာကို သတိပြုမိပါတယ်။ ပထမ အုပ်စုကတော့ အစိုးရသစ်ဘက်က သဘောထား ပျော့ပြောင်း လာတာကို တိုးတက်မှုလို့ မမြင်ဘဲ ဖိအားပေးမှုများ၊ ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှုများရဲ့ ရလဒ်ကြောင့်လို့ မြင်သူများ ဖြစ်ပါတယ်။ သူတို့ကတော့ အခုအချိန်မှာ ကိုယ့်ဘက်က ပိုပြီး ဖိဖိစီးစီး လုပ်ဖို့၊ ဖိအားတွေ ပိုပေးဖို့ လိုတယ်၊ ဒါဆိုရင် အရှေ့ဥရောပမှာ ဖြစ်သလို အစိုးရက ပြိုကွဲ သွားလိမ့်မယ်လို့ ယူဆ နေသူများ ဖြစ်ပါတယ်။ ဒုတိယ အုပ်စုကတော့ မြန်မာပြည်ထဲက ပဋိပက္ခတွေကြောင့် ရလာတဲ့ အကျိုး အမြတ်တွေ အပေါ်မှာ သာယာ နေသူများ ဖြစ်ပါတယ်။ ဒီအုပ်စုကတော့ ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အစိုးရရဲ့ ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီး ပြည်ပကို ထွက်ခွာ လာခဲ့သူများ ဖြစ်ပါတယ်။ ပထမတော့ ထိုင်းနယ်စပ်မှာ အနစ်နာခံ၊ အပေတေခံပြီး လှုပ်ရှားခဲ့ ကြသူတွေပါ။ နောက်တော့ နိုင်ငံတကာရဲ့ ဂရုဏာသက်မှုနဲ့ စာနာ ထောက်ထားမှုတွေကြောင့် ပညာသင်ဆုတွေ၊ တတိယနိုင်ငံမှ အခြေချ နေထိုင်ခွင့်တွေ ရလာသလို အင်န်ဂျီအို လုပ်နည်း၊ ပရိုဂျက် လုပ်နည်းများကိုလည်း ကျွမ်းကျင် လာသူတွေ ဖြစ်ပါတယ်။ ဒီအုပ်စုအနေနဲ့ ကတော့ ပြည်တွင်းမှာ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ပဋိပက္ခ ဖြစ်နေတဲ့ အခြေအနေဟာ သူတို့အတွက် လှုပ်ရှား စည်းရုံးလို့ အကောင်းဆုံး အခြေအနေပါပဲ။ ဒီအခြေအနေ ပြေလည်သွားပြီ ဆိုတာနဲ့ ဒီကနေ့ သူတို့ ရရှိ ထားတဲ့ သက်တောင့် သက်သာ ဘ၀လေး ပျောက်သွား တော့မှာပါ။ ဒီလူတွေဟာ လူနည်းစု ဖြစ်ပေမယ့် အသံတော့ အတော် ကျယ်တဲ့အုပ်စု ဖြစ်ပါတယ်။
လက်နက်ကိုင်တိုက်ခိုက်ဆဲတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ။ ထိုအဖွဲ့များနှင့် ပတ်သက်ပြီး ပထမဆုံး သတိ ပြုသင့်သော အချက်ကတော့ ဒီအဖွဲ့တွေဟာ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ စစ်ဘုရင်တွေပဲ ဖြစ်ပြီး သူတို့ ထိန်းသိမ်းထားရာ နယ်မြေ၊ သူတို့ ခေါင်းဆောင်တဲ့ အဖွဲ့အစည်းကို တစ်သွေး တစ်သံ တစ်မိန့်နဲ့ အုပ်ချုပ်ထားတာ ဖြစ်ပါတယ်။ ဗမာတွေကို လူမျိုးကြီး ၀ါဒီတွေလို့ ပြောသလို သူတို့ ကိုယ်တိုင်လည်း လူမျိုးစွဲ ပြင်းထန်သူတွေ ဖြစ်ပါတယ်။ ဗမာနိုင်ငံရေး သမားတွေအပေါ် အမြဲ သံသယ ရှိသူတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံခဲ့တဲ့ အဓိက အကြောင်းက ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေပဲ ဆိုတဲ့ အယူအဆက အဓိက ဖြစ်ပါတယ်။ နယ်စပ် ဒေသမှာ လှုပ်ရှားခဲ့ဖူးတဲ့ ပြည်တွင်းက အင်န်အယ်လ်ဒီ၊ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်များ အနေနဲ့ ဒီအုပ်စုတွေရဲ့ သဘောထားကို သိကြပါတယ်။ ဒီခေါင်းဆောင်တွေ အနေနဲ့ သူတို့အဆို ဗမာနိုင်ငံရေး သမားတွေနဲ့ ပေါင်းရတာကို လိုအပ်ချက်အရ ပေါင်းရတဲ့ မဟာမိတ် (Unholy Alliance)လို့ သဘောထားတာပါ။ ဒီအတွေ့အကြုံကို ဦးနု ထိုင်းနယ်စပ်ကနေ တော်လှန်ရေး လုပ်တုံးကလည်း ကြုံခဲ့ပါတယ်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လကျာင်္နဲ့ ရဲဘော် အတော်များများဟာ ကေအင်ယူ သတ်လို့ သေခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် သင့်မြတ်မယ့် အခြေအနေကို ဗမာနိုင်ငံရေး သမားတွေ ပေါင်းပြီး ငါ့တို့ကို တိုက်လေမလားလို့ မြင်နေတာပါ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားမှာ ၂၀၀၈ အခြေခံဥပဒေ အပေါ်မှာ နားလည်မှု တစ်ခု တည်ဆောက်နိုင်မယ် ဆိုရင် အခြေခံဥပဒေကို ဆန့်ကျင်နေတဲ့ သူတို့ အနေအထားဟာ နိုင်ငံတကာ မျက်နှာစာမှာ အများကြီး အားနည်းသွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ဒီအုပ်စုနှစ်ခုလုံးက အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြား ဆက်ဆံရေး တိုးတက်လာတဲ့ အပေါ် သံသယရှိတဲ့ အမြင်တွေကို ထုတ်ပြောရုံမက စည်းကမ်းချက်တွေ သတ်မှတ် လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နောက်ဆုံး တွေ့ဆုံမှုအပြီး သတင်းထောက်များရဲ့ မေးခွန်းများကို ဖြေတဲ့အခါ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား နားလည်မှုရရှိရေး၊ သဘောတူညီချက် ရရှိရေးက အဓိက ပြဿနာ ဖြစ်တယ်။ ဒီပြဿနာ ပြေလည်ရင် အကျဉ်းသားတွေ လွှတ်ပေးရေး၊ ငြိမ်းချမ်းရေး စတဲ့ လက်အောက်ခံ ပြဿနာတွေ အားလုံး ပြေလည်မှာပါ ဆိုတဲ့ သဘောထားကို ပြောသွားခဲ့ပါတယ်။ ကျွန်တော့် အမြင် ပြောရရင် အခုအဆင့်က နှစ်ဘက်ကြားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အင်န်အယ်လ်ဒီ ပါတီ ရပ်တည်ခွင့်အပေါ် အစိုးရရဲ့ သဘောထား နှစ်ခုကို အရင် အဖြေရှာ နေတာလို့ ထင်မိပါတယ်။ ဒီပြဿနာ နှစ်ခုကို အဖြေရှာနိုင်ပြီး ဆုံမှတ်တစ်ခုပေါ် ရောက်သွားပြီ ဆိုရင် ကျန်တာတွေ ဖြေရှင်းဖို့ မခက်ပါဘူး။
ဒါပေမယ့် အုပ်စုနှစ်ခုလုံးက လက်အောက်ခံ ပြဿနာတွေကို ရှေ့တင်လာပြီး ဒါတွေလုပ်မှာ တိုးတက်တယ်လို့ ယူဆ နိုင်မယ်ဆိုတဲ့ သဘောထားကို လိုင်းတင် လာတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကြောင့် တိုက်ရိုက် မပြောရဲပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီအခြေခံတွေပေါ်က ဆွေးနွေးသင့်တယ် ဆိုတဲ့ နှပ်ကြောင်းပေးမှုတွေ လုပ်လာတာကို တွေ့နိုင်ပါတယ်။ ဒါ့ကြောင့်လည်း အခုအချိန်မှာ အတွင်းက လာနေတဲ့ စိန်ခေါ်မှုများကို ကျော်လွှားရေးဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် အရေးအကြီးဆုံးလို့ ဆိုချင်ပါတယ်။
မန်ဒဲလားရဲ့ သင်ခန်းစာ
ဒီကနေ့ မြန်မာ့နိုင်ငံရေးကို ပြောတဲ့အခါ သမ္မတ ဦးသိန်းစိန်ကို တောင်အာဖရိက သမ္မတ ဒီကလတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မန်ဒဲလားနဲ့ နှိုင်းပြီး ပြောနေကြပါပြီ။ ဒီတော့ မန်ဒဲလား ပေးခဲ့တဲ့ သင်ခန်းစာကိုပဲ ပြန်ညွှန်းချင် ပါတယ်။ သမ္မတ ဒီကလတ်က လူဖြူ အုပ်စိုးတဲ့စနစ်၊ အသားအရောင် ခွဲခြားတဲ့စနစ်ကို ဖျက်သိမ်းပြီး လူဖြူ၊ လူမည်းမခွဲ၊ လူတစ်ကိုယ် မဲတစ်ပြား ဒီမိုကရေစီ နည်းကျ အုပ်ချုပ်တဲ့ စနစ်ကို ပြောင်းဖို့ အတွက် ကြိုးစားတဲ့ အချိန်မှာ မန်ဒဲလားက အကျဉ်းကျ ခံနေရတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီအချိန်က သူ့ရဲ့လုပ်ဖော် ကိုင်ဘက် လေးဦးဟာ ထောင်ထဲမှာ အတူရှိနေပြီး အိုလီဗာတန်ဘို ခေါင်းဆောင်တဲ့ ANC ခေါင်းဆောင်များ ကတော့ အိမ်နီးချင်း အာဖရိက နိုင်ငံတွေမှာ အခြေစိုက်ပြီး လက်နက်ကိုင် တိုက်ပွဲ ဆင်နွဲနေပါတယ်။ ထောင်ဝင်စာ တွေ့ခွင့်ရနေတဲ့ မန်ဒဲလားရဲ့ ဇနီး ၀င်နီက ပြည်ပရောက် ANC ခေါင်းဆောင်တွေနဲ့ မန်ဒဲလားကြားမှာ ဆက်သားအဖြစ် လုပ်ပါတယ်။
လူဖြူသမ္မတ ဒီကလတ်ဘက်က ANC အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ လျှို့ဝှက် ကမ်းလှမ်းတဲ့ အချိန်က သူဘယ်လို စဉ်းစားခဲ့တယ် ဆိုတာကို မန်ဒဲလားက Long Walk to Freedom စာအုပ်မှာ အခု လိုရေးပြခဲ့ပါတယ်-
xx ကျွန်တော့်အနေနဲ့ အခုအချိန်ဟာ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကို စေ့စပ် ဆွေးနွေးမှုနဲ့ ရှေ့ဆက်ခြင်းကပဲ အကောင်းဆုံး ဖြစ်မယ်လို့ ကောက်ချက် ချမိတယ်။ ကျွန်တော်တို့ဟာ လူဖြူလူနည်းစု အုပ်ချုပ်ရေးကို ဆန့်ကျင် လာခဲ့တာ ရာစုနှစ်ရဲ့ သုံးပုံ တစ်ပုံရှိပြီ၊ လက်နက်ကိုင် တိုက်ပွဲ ဆင်ခဲ့တာက နှစ်နှစ်ဆယ် ကျော်ခဲ့ပြီ။ နှစ်ဘက်လုံးက လူတွေ အများကြီး သေခဲ့ရပြီ။ ကျွန်တော်တို့ ရန်သူတွေက အင်အား ကောင်းပြီး ခေါင်းမာတယ်။ ဒါပေမယ့် သူတို့မှာ ဗုံးကြဲ လေယာဉ်တွေ၊ တင့်ကားတွေ ရှိပေမယ့် သူတို့ဟာ သမိုင်းရဲ့ မှားတဲ့ဘက်မှာ ရောက်နေတယ် ဆိုတာကို သိနေတယ်။ ကျွန်တော်တို့ ဘက်မှာ အမှန်တရား ရှိတယ်။ ဒါပေမယ့် အင်အား မရှိဘူး။ ကျွန်တော့် အတွက်တော့ စစ်ရေး အောင်ပွဲ ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက် မဟုတ်ဘူး ဆိုရင်တောင် ဖြစ်လာဖို့ အတော် အလှမ်း ဝေးသေးတယ် ဆိုတာကို နားလည်မိတယ်။ နှစ်ဘက်လုံးက မလိုအပ်ဘဲနဲ့ လူတွေ ထောင်ချီပြီး အသေခံ တိုက်နေကြတဟာ အဓိပ္ပါယ် မရှိတော့ပါဘူး။ ဒါကို လူဖြူ အစိုးရဘက်ကလည်း နားလည် လာနေပါပြီ။ ဒီတော့ ဒီအချိန်ဟာ စကား ပြောရမယ့် အချိန်ပဲ။
ဒါပေမယ့် ဒီကိစ္စဟာ အတော်လေး သိမ်သိမ် မွေ့မွေ့ ကိုင်တွယ်ရမယ့် ကိစ္စဖြစ်ပါတယ်။ နှစ်ဘက်လုံးက ဆွေးနွေးမှု ဆိုတာ ဟာ ပျော့ညံ့မှုဖြစ်တယ်၊ သစ္စာဖောက်မှုဖြစ်တယ်လို့ ယူဆထားကြတယ်။ တစ်ဘက်က သိသိ သာသာ အလျှော့ပေးမှု မလုပ်ဘဲနဲ့ ဘယ်ဘက်ကမှ စေ့စပ်ရေး စားပွဲဝိုင်း ဆီကို လာမှာမဟုတ်ဘူး။ လူဖြူအစိုးရက ကျွန်တော်တို့ကို အကြမ်းဖက် သမားတွေ၊ ကွန်မြူနစ်တွေလို့ အကြိမ်ကြိမ် စွပ်စွဲထားပြီး သူတို့ဟာ ကွန်မြူနစ်တွေ၊ အကြမ်းဖက် သမားတွေနဲ့ မဆွေးနွေး နိုင်ဘူးလို့ ပြောတယ်။ ANC ဘက်တော့ အစိုးရဟာ ဖက်ဆစ် ၀ါဒီတွေ၊ လူမျိုးရေး ခွဲခြားသူတွေလို့ စွပ်စွဲပြီး ANC ကို အသိအမှတ် မပြုမခြင်း၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ မလွှတ်မခြင်း၊ မြို့နယ်တွေမှာ ချထားတဲ့ တပ်တွေကို မရုပ်သိမ်း မခြင်း အစိုးရနဲ့ မဆွေးနွေးနိုင်ဘူးလို့ ပြောတယ်။ xxxx
အစိုးရနဲ့ ဆွေးနွေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အလွန် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် လူဆန်ကာမှာသာ ဆုံးဖြတ်သင့်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ (ပြည်ပရောက် ANC ခေါင်းဆောင်များကို ဆိုလိုပါသည်။ ဘာသာပြန်သူ) ။ ဒါပေမယ့် အခုအချိန်မှာ စလုပ်သင့်ပြီလို့ ကျွန်တော်က ယူဆထားပြီး (အိုလီဗာ) တန်ဘိုနဲ့ အပြည့်အစုံ တိုင်ပင်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော့်တို့ဘက်က တစ်ယောက်ယောက်က ပထမဆုံး ခြေလှမ်းကို စလှမ်းဖို့ လိုနေပါပြီ။ xxxxxx
ကျွန်တော်က ကျွန်တော် ဘာလုပ်မယ် ဆိုတာကို ထောင်ထဲမှာ ရှိတဲ့ လုပ်ဖော် ကိုင်ဘက်တွေကိုရော၊ ပြည်ပက လူတွေကို ပါ မပြောဖို့ ဆုံးဖြတ်ခဲ့တယ်။ ANC ဟာ စုပေါင်းခေါင်းဆောင်မှုကို ကျင့်သုံးပေမယ့် အခုအချိန်မှာ အဲဒီလိုလုပ်ဖို့ အခြေအနေ မပေးပါဘူး။ ထောင်ထဲမှာ ရှိတဲ့ ကျွန်တော့် ရဲဘော်တွေက ကျွန်တော့် အကြံကို ရှုံ့ချမှာဖြစ်သလို မလုပ် ဖြစ်အောင်လည်း တားကြမှာ သေချာပါတယ်။ ဒါပေမယ့် ခေါင်းဆောင် တစ်ဦးဟာ သူ့နောက်လိုက်တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ခေါ်ဆောင် သွားနေတယ်လို့ ယုံကြည်လိုတဲ့ အတွက် အုပ်စုထဲကနေ ရှေ့ကို တိုးထွက်ပြီး နောက်ထပ် ဦးတည်ချက် တစ်ခုဆီကို လမ်းပြ ခေါ်ဆောင် သွားနိုင်ဖို့ လုပ်ရတဲ့ အချိန်မျိုး ကြုံကို ကြုံရလေ့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ အထိ သူမရဲ့ အနစ်နာခံမှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှုတွေနဲ့ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခု အချိန်မှာတော့ သူ့ရဲ့ ထိုးထွင်း ကြံဆမှု၊ အမျှော်အမြင်ရှိမှု၊ အသိပညာ ကြွယ်ဝမှုများနဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ကနေ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်ရမယ့် အဆင့်သစ်ကို ရောက်ခဲ့ပါပြီ။ နှစ်ဘက်ကြား သဘော တူညီချက်ရဖို့ ဆိုတာ နှစ်ဘက်လုံးက အလျှော့ပေး လိုက်လျော ရတာတွေ ရှိမှာပါ။ ဒါမှလည်း သူမနာ ကိုယ်မနာ ဖြေရှင်းရေး Win - Win Solution ကို ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က အပေးအယူ လုပ်ရတဲ့အခါမှာ မိမိ အဖွဲ့အစည်း တွင်းကပဲ ပေါ်ပေါက် လာနိုင်တဲ့ ဆန့်ကျင် ခုခံမှုများကို ကျော်လွှားဖို့ အတွက်ကတော့ မန်ဒဲလားရဲ့ အတွေ့အကြုံများဟာ အကောင်းဆုံး သင်ခန်းစာများ ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။
http://padaukmyay.blogspot.com/2011/09/blog-post_05.html မှ ကူးယူဖော်ပြပါကြောင်း

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ ရွှေတိဂုံတွင် ပြုလုပ် click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ (ရွှေတိဂုံဘုရား၊ ရန်ကုန်) (ဓာတ်ပုံ) click
- ဗြောင်မဲ​ပေး​စနစ်သာ ကျင့်​သုံး​တော့​မည်ဟု ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ​ကြေညာ click
- ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ၅ ခုကို ၁ နာရီအတွင်း ဆုံးဖြတ် click
- နိုင်ငံတကာဒီမိုက​ရေစီ​နေ့ ​နေပြည်​တော်တွင် ပထမဆုံး​ ကျင်း​ပမည် click
- UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ click
- ပြည်သူ့စစ်နှင့် တိုင်းရင်းသားများအား ရှေ့တန်းစစ်မျက်နှာ၌ အသေခံသုံး click
- မိုးညှင်းမြို့ ဆွေးနွေးပွဲမှ မြစ်ဆုံရေကာတာစီမံကိန်းအပေါ် ကန့်ကွက် click
- ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင် တိုရန်တိုတွင် ပြသရန် အသင့်ဖြစ်နေ click
- The Lady ဇာတ်ကားဖွင့်ပွဲ လွှတ်တော်အမတ်များ တက်ရောက်မည် click
- တဂိုး နှစ် ၁၅၀ ပြည့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည် click
- တဂိုး နှစ် ၁၅၀ ပြည့်ပွဲ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား click
- ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပထမဆုံး ဖော်ပြခွင့်ရ click
- ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပြည်သူ့ခေတ်တွင် ပါမည် click
- ဧရာဝတီမဂ္ဂဇင်းကို ဦးတင်ဦး နှစ်သက် click
- ဆရာတော် ဦးဥတ္တမနေ့ ဘန်ကောက်တွင် ကျင်းပ click
- စစ်တွေမြို့နယ် ကော်မီတီဖွဲ့ရန်နှင့် ဥတ္တမနေ့ ကျင်းပရန် ရတပပါတီ စည်းဝေး click
- မွန်ရဲဘော်နှစ်ကျိပ်ဝင် နိုင်မြသီး ကွယ်လွန် click
- ဘုရားကျောင်းအတွင်း စစ်တပ် မိုင်းထောင် click
- ခြင်္သေ့နှင့် ကျားဖြူ စုပေါင်းအာမခံမှ လယ်သမား ၄ ဦး ပြန်လွှတ် click
- ရဲတပ်ဖွဲ့ဝင်များ ဥပဒေမဲ့ ထိုးကြိတ်ရိုက်နှက် click
- သန်း​ရွှေ အလွန် (၂) click
- မင်းကိုနိုင်နဲ့ ကျနော်နဲ့ကို တပြိုင်တည်းဗျူးပြီး တပုဒ်တည်းမှာရေးတဲ့ သတင်းဆောင်းပါး click
- အာဏာရှင်ဟောင်းအတွက် စိုးရိမ်စရာဖြစ်နေမလား (ဆောင်းပါး) click
- ဦးကျော်ဆန်းနဲ့ ငြိမ်းချမ်းရေး (ဆောင်းပါး) click
- ဂျာမဏီနိုင်ငံရှိ NGO များနှင့် ဆက်စပ်နေသောသူများအကြောင်း (ဆောင်းပါး) click
- အမျိုးသားအကျိုးစီးပွားဆိုရာဝယ် ... (ဆောင်းပါး) click
- မြန်မာပြည်မှာ ငွေလဲလှယ်နှုန်း တကယ်ပြင်မှာလား (အပိုင်း ၁) (ဆောင်းပါး) click
- မြန်မာပြည် ငွေကြေးကိစ္စ အဆင်ပြေပြီဆိုပဲ click
- အမေရိကန်ဂီတအဖွဲ့ မြန်မာပြည် သွားမည် click
- မြေလတ်နှင့် အောက်ပိုင်း မိုးပိုနိုင် click
- ဆိုင်ကယ်လိုင်စင် မရှိသေးသူများ အဆမတန် ငွေညှစ်ခံနေရ click
- တာချီလိတ်ခရိုင် အားကစားရန်ပုံငွေ ကောက်ခံမှု ဒေသခံများ မကျေနပ် click
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆွေးနွေးဟောပြောပွဲ ကျင်းပ click
- ရခိုင်ပြည်နယ် ဓမ္မာရုံလုပ်တဲ့ ဆွေးနွေးပွဲ click
- အာဆီယံ ရိုးရာဝတ်စုံချုပ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး ၂ ဦး ပထမဆုရရှိ (ရုပ်သံ) click
- ဖို့တ်ဝိန်းက ကဗျာ၊ ပါဖောမင့်အနုပညာနဲ့ လှတဲ့ညနေခင်း (ဆောင်းပါး) click
- ပစ္စက္ခ … မြင်အောင်ကြည့်ကြပါ (ကဗျာ) click
- လုပ်ခ ဘတ် ၃၀၀ ပေးဖို့ ပညာရှင်တွေ သဘောတူ click
- တင်းမာမှုတွေ မြင့်နေတဲ့ တောင်တရုတ်ပင်လယ် click

  • တဂိုး နှစ် ၁၅၀ ပြည့်ပွဲ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား - မဇ္စျိမ click here
  • နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပ - ဧရာဝတီ click here
  • ဘုရားကျောင်းဝင်းမှ မိုင်းများ ဖယ်ရှားပေးရန် မေတ္တာရပ်ခံ - ဧရာဝတီ click here
  • မြန်မာ ဆန်နှင့် မြောက်ကိုရီးယား လက်နက် လဲလှယ် - ဧရာဝတီ click here
  • ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပထမဆုံးဖော်ပြခွင့်ရ - ဧရာဝတီ click here
  • စစ်တွေမြို့နယ် ကော်မီတီ ဖွဲ့ရန်နှင့် ဥတ္တမနေ့ကျင်းပရန် ရတပ ပါတီ စည်းဝေး - နိရဉ္စရာ click here
  • ခြင်္သေ့နှင့် ကျားဖြူ စုပေါင်းအာမခံမှ လယ်သမား ၄ဦး ပြန်လွှတ် - သျှမ်းသံတော်ဆင့် click here
  • ဆရာတော်ဦးဥတ္တမနေ့ ဘန်ကောက်တွင် ကျင်းပ - ဧရာဝတီ click here
  • သန်းရွှေ အလွန်(၂) - ဒီဗွီဘီ click here
  • မြန်မာပြည်မှာ ငွေလဲလှယ်နှုန်း တကယ်ပြင်မှာလား (အပိုင်း ၁) (ဆောင်းပါး) - မဇ္စျိမ click here
  • မြောက်ကိုရီးယားလက်နက်ဖိုး မြန်မာစစ်အစိုးရ ဆန်နဲ့ ပေးချေခဲ့ကြောင်း Wikileaks ဖော်ပြ - အာရ်အက်ဖ်အေ click here
  • ဖလူး စခန်းထိုင် ကြံ့ဖွံ့အစိုးရ စစ်တပ်ကို DKBA ဝင်ရောက်တိုက်ခိုက် - နေ့သစ် click here
  • ဒီကေဘီအေ ရှိသေးကြောင်း တိုက်ပွဲဖော်ပြ - ဘီဘီစီ click here
  • မွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်ရာတွင် နှစ်ဖက်သေဆုံးမှုရှိ - မွန်သတင်းအေဂျင်စီ click here
  • ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးနဲ့ ပြည်သူ့ခေတ်ဂျာနယ် စာပေစိစစ်ရေး ခွင့်ပြု - အာရ်အက်ဖ်အေ click here
  • ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဂျာနယ်မှာ ဖော်ပြခွင့်ရ - ဘီဘီစီ click here
  • ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ပြည်တွင်းဂျာနယ် ဖော်ပြခွင့် ရရှိ - အာရ်အက်ဖ်အေ click here
  • ဒေါ်စု အင်တာဗျူးနှင့် ဆောင်းပါး ပုံနှိပ် ဖော်ပြခွင့်ရ - ဗွီအိုအေ click here
  • တရစ်လျှော့ပါပြီ တဲ့ - ဧရာဝတီဘလော့ဂ် click here
  • နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ စုပေါင်းဆုတောင်း - အာရ်အက်ဖ်အေ click here
  • နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ ဆုတောင်း - ဗွီအိုအေ click here
  • နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲ ရွှေတိဂုံတွင် ပြုလုပ် - ဒီဗွီဘီ click here
  • ပရဟိတ အသင်းပေါင်းစုံ နှီးနှောဖလှယ်ပွဲ ရန်ကုန်တွင်ပြုလုပ် - ဒီဗွီဘီ click here
  • မြန်မာ အစိုးရ ရခိုင်ပြည်နယ် အပေါ် ခွဲခြား ဖိနှိပ်နေကြောင်း လွှတ်တော်တွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာ တစ်ခုက သက်သေပြ - နိရဉ္စရာ click here
  • မြန်မာ နှစ်ဦးကို ဘင်္ဂလာဒေခ်ျ့ စစ်တပ်ကဖမ်း - နိရဉ္စရာ click here
  • Facebook စာမျက်နှာပေါ်တွင် ရခိုင်သတင်းများကို တစုတစည်းတည်း အလွယ်တကူ - နိရဉ္စရာ click here
  • စက်မှုဇုန် စွန့်ပစ်ပစ္စည်းမှာ အာဆင်းနစ်ပါ - ဧရာဝတီဘလော့ဂ် click here
  • ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၁) - ဗွီအိုအေ click here
  • ဘ၀ကိုအရှုံးမပေးသူ မစုပုံချစ်နှင့် တွေ့ဆုံခြင်း - မိုးမခ click here
  • မစ်ရှီဂန်ကပေးတဲ့စာ(၈၄) - မိုးမခ click here
  • ခေတ်ပေါ်ဂီတ ရေစီးကြောင်း - ဧရာဝတီဘလော့ဂ် click here
  • တောင်ကတုံးကို ရောင်ထုံးမယ် - မိုးမခ click here
  • မြန်မာအာဏာပိုင်တွေ တရားပွဲပိတ်ထားတဲ့ ရွှေည၀ါဆရာတော်ရဲ့ မိန့်ကြားချက်များ - ယနေ့မြန်မာ click here
  • ကျနော်တို့ အချိန်ဘယ်လောက်ကြာကြာ စောင့်နေရမှာလဲ (ဦးဝင်းတင်နဲ့ မေးခွန်းများ) - မိုးမခ click here
  • “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၂) - မိုးမခ click here



အခြေအနေအကြောင်းအမျိုးမျိုးကြော င့် ပြည်ပထွက်ပြီး ကျောင်းတက်ကြ အလုပ်လုပ်ကြရတာ ယနေ့ ခေတ်မှာအားလုံးသိရှိကြပြီးဖြစ် မှာပါ။ တချို့ က မိဘက ကိုယ့်သားသမီးနောင်ရေးအတွက်တွေးပြီး ကြည်ကြည်ဖြူဖြူ လွှတ်ကြတာရှိသလို တချိုက မိမိရဲ့ဘ၀တိုးတက်ရာ တိုးတက်ကြောင့် စိတ်ကူးတွေနဲ့  မိဘကိုနားပူနားဆာလုပ်ပြီး ထွက်လာကြတာ တွေရှိပါတယ်။ မိဘတွေထဲမှာ လဲအမျိုးမျိုးရှိပါတယ်။ တချို့ ပြေပြေလည်လည်ရှိကြတော့ သားသမီးကျောင်းတက်ဖို့  သက်တောင့်သက်သာ ပါပဲ။ ကျောင်းတက်ပြီး အလုပ်ဆက်လုပ်ပြီး ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်း ရှာပါစေ ရည်ရွယ်ချက်နဲ့ ပေါ့။ ဒီကိစ္စကလဲ အရင် အနေအထားနဲ့ ဆိုမှန်ပါတယ်။ ခုလို တကမ္ဘာလုံးစီးပွါးရေးချွတ်ခြုံကျနေချိန်မှာတော့ အလုပ်မရလို့ ပြန်သွားရတဲ့ သူတွေ ဒုနဲ့ ဒေးပါ။


တချို့ ကျောင်းလာတက်တဲ့ သူတွေကျတော့လဲ ကျောင်းကို မပူမပင်တက်နိုင်ပါတယ်။ အလုပ်မရလဲကိစ္စမရှိ အချိန်တန် မိဘဆီပိုက်ဆံ ပြန်မှာပြီး မပူမပင်နေနိုင်ကြပါတယ်။ ဒါပေမဲ့ လဲ ဒီလိုကျောင်းသား ကျောင်းသူမျိုးက လက်ချိုးရေလို့ ရပါတယ်။ အများစုကတော့ မိဘတွေက ကြံဖန်ပြီးသားသမီး ရှေ့ ရေးကို တွေးပြီး ရှိတာလေးတွေထုထခွဲရောင်းချပြီး စင်္ကာပူကို လွှတ်လိုက်တာပါပဲ။ မိဘမေတ္တာပေါ့။

တချို့ကတော့ ဒုက္ခသည်စခန်းတွေကနေ လွယ်လွယ်ကူကူနဲ့ပဲ ဘာမှ အရည်အချင်းမလိုပဲ ရောက်လာခဲ့ကြပါတယ်။ တောထဲမှာတုန်းကတော့ ဒုက္ခသည်ပါ၊ ဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရပါတယ် အော်နေပေမယ့် တတိယနိုင်ငံတွေကိုရောက်တော့ ဘဝကို မေ့ကုန်ကြပါတော့တယ်။ ဖိနိပ်ခံရလို့ လုပ်ချင်တာ မလုပ်ရဘူး ပြောခဲ့ပြီးမှ ဖိနိပ်မှုက လွတ်မြောက်ချိန်မှာတော့ မလုပ်သင့်တာတွေပဲ လုပ်ကြပါတယ်။ ဒီတော့ အရင်တုန်းက လုပ်ခွင့်မရတာတွေက မလုပ်သင့်တာတွေပါလားဆိုတာ ပိုပြီးသိလာနိုင်ပါတယ်။ နောက်ဆုံးကျတော့ ကိုယ်ပိုင် ရည်မှန်းချက်လည်း ပျောက်ကာ နိုင်ငံရေးရည်မှန်းချက်လည်း လုံးပါးပါးရပါတော့တယ်။



ွှရည်မှန်းချက်တွေနဲ့  ထွက်လာကြတဲ့ သူတွေမှာ အလုပ်မရပဲပြန်ရတော့ နောက်မှာ ရှိတဲ့ သူတွေလဲ ဘ၀ပျက်သွားကြတာတွေရှိပါတယ်။ အရင်းအနှီးက ကြီးပါတယ်။ အောင်မြင်ရင်တော့ ဘာမှပြောစရာမလိုပါဘူး။ မအောင်မြင်တော့ ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်း သိတော့တယ်ဆိုသလိုဖြစ်တော့တာပါပဲ။ တချို့ လဲ ကိုယ်တက်ထားတဲ့ ပညာနဲ့ စင်္ကာပူမှာ အလုပ်လာလုပ်ကြတာပါပဲ။ ဇနီး၊မယား သမီး သားတွေ ကိုခွဲပြီးတော့ တနယ်တကြေးမှစီးပွါးလာရှာကြရတာပါပဲ။

ဘယ်လိုအကြောင်းကြောင့်ပဲရောက်ရောက် စင်္ကာပူရောက်ပြီးဆိုပါတော့။ ရောက်ကြတာကလဲ အများစုက လူငယ်တွေပါ။ ဒီတော့ ချစ်သူတွေ ဖြစ်ကြ ချစ်ကြ ကြိုက်ကြ တာ မဆန်းပါဘူး။ ဒါပေမဲ့  ကိုယ့်လာရင်း ရည်ရွယ်ချက်ပါ ပျောက်ပြီး လက်မထပ်ပဲ အတူနေကြတဲ့ ကိစ္စကတော့  မြန်မာလူမျိုးအတွက်ရော ဘာသာရေး(ဗုဒ္ဓဘာသာအရပါ)တိုင်းတစ်ပါးသားလူမျိုးတွေရဲ့အမြင်မှာရောတယ်မကောင်းလှပါဘူး။

အချို့ ကပြောကြပါတယ် တချိန်လက်ထပ်မှာပဲတဲ့။ လောကကြီးမှာဖြစ်ချင်တာတွေ မဖြစ်ရတာတွေရှိတာသိကြမှာပါ။ ဘယ်လောက်သေချာပါတယ်ဆိုတဲ့ ကိစ္စတွေရှိလိုလဲ။ အနာဂတ်ကို ဘယ်သူကများ ကြိုတင်မြင်နိုင်ကြလို့ လဲ။နောက်ပြီး အနောက်နိုင်ငံတွေမှာက ဒီလို နေကြတာဟာ ပြဿနာတက်လာရင် အစိုးရက ခေါင်းခံပြီး ဖြေရှင်းပေးတယ်။ ခု ကိုယ်နေတာက သူတပါးတိုင်းပြည်မှာ ပြီးတော့ ဖြစ်လာရင် သံရုံးကလဲ အခွန်ကောက်ဖို့ ကလွဲလို့  ဘာမှ ကူညီမှာ မဟုတ်ပါဘူး။

ကိုယ်ဒီလိုနေတာကို မိဘက သိရင်လဲဘယ်လိုမှခွင့်ပြုမှာမဟုတ်ပါဘူး။ သိသိနဲ့ ခွင့်ပြူတယ်ဆိုရင်တောင် ဘာသာရေးမှာဘာမှဗဟုသုတ မရှိလိုပါပဲ။ တကယ်ဘာာရေးလိုက်စားတဲ့ မိဘဆိုရင်လဲ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။ ကိုယ့်သားသမီး သံသရာမှာ နစ်မွန်းမဲ့ ကိစ္စမျိုး ဘယ်မိဘကမှ လိုလားမှာမဟုတ်ပါဘူး။

ဒါကြောင့် ရှေးအစဉ်အဆက်ကထဲက သမီးရှင်မိန်းခလေးတွေက ကိုယ့်သားသမီးကို တစိမ်းယောင်္ကျားလေးနဲ့  ရောရောနှောနှော မနေဖို့  သမီးရည်စားဖြစ်နေကြရင်တောင် လက်မထပ်ခင် မိမိရဲ့ အပျိုရည် မပျက်အောင် ထိမ်းသိမ်းခိုင်းခဲ့ကြတာပါ။

ယောင်္ကျားလေးရှင် မိဘတွေ ဆိုရင်လဲ လက်မထပ်ခင် နှမသားချင်းကိုယ်ချင်းစာပြီး လွန်လွန်ကျူးကျူး မဖြစ်မိအောင်ဆိုဆုံးမခဲ့ကြတာပါပဲ။ ဒီကိစ္စကိုကိုယ်က မရှောင် နိုင်ရင်လဲ မြန်မြန်သာ လက်ထပ်ပြီး မိဘကိုအကြောင်းကြားပြီးနေကြပါလို့ အကြံပြုချင်ပါတယ်။ ခုခေတ်မှာအားလုံး အတူနေနေကြတာပဲ သဘောတူရင်ပြီးတာပဲလို့  တချို့ ကလွယ်လွယ်ပေါ့ပေါ့ ပြောတာကြားဖူးကြပါမှာ။

ကိုယ်နဲ့ အတူနေတဲ့သူနဲ့ လက်ထပ်ဖြစ်ကြရင် သိပ်ပြီး ကိစ္စမရှိပေမဲ့ လက်မထပ်ဖြစ်ခဲ့ရင် အကျိုးဆက်တွေအနေနဲ့  ယောင်္ကျားလေးက သိပ်မသိသာပေမဲ့ မြန်မာယဉ်ကျေးမှုဝန်းကျင်မှာ မိန်းခလေးက နှာခေါင်းရှုံခံရမှာ သေချာတယ်။

မြန်မာ့ယဉ်ကျေးမှုမှာ ရည်စားများများတဲ့ မိန်းခလေးကိုတောင် နှာခေါင်းရှုံကြပါတယ်။ ခုလိုလက်မထပ်ပဲအတူနေတဲ့ မိန်းခလေးဟာ လင်ကောင်းသားကောင်း ရနိုင်ဖို့ လွယ်ပါတော့မလား၊ ယောင်္ကျားလေးတွေရဲ့ သဘောက ကိုယ်ကသာပွေချင် ပွေ ရှုပ်ချင်ရှုပ်မှာ ကိုယ်အိမ်ထောင်ဖက်မိန်းခလေးကို ခြောက်ပစ်ကင်း သဲလဲစင်စေချင်တာပါပဲ။ ခွင့်လွှတ်နိုင်ပါတယ်ဆိုပြီး လက်ထပ်ဦးတော့ လင်မယား အခန့် မသင့်ရင် နိုင်ကွက်ကိုင်ပြီး အနိုင်ယူခံရမှာ သေချာပါတယ်။ ဒီတော့ သြော် ငါတချိန်က ဒီလိုနေခဲ့မိတာ မှားလေစွ ဆိုပြီး နောင်တရကြမှာပါ။ ဒီတော့ ဒီကိစ္စကို လက်မထပ်ခင်ထိမ်းကြပါ။ လက်ထပ်ပြီးရင် ငြီးငွေ့ လာမှာ မပူပါနဲ့ ။ တဒင်္ဂ ပျော်ရွှင်မှုကို သံသရာမှာ နစ်မွန်းမဲ့ ကိစ္စနဲ့  အလဲအလှည် မလုပ်ကြပါနဲ့ ။ ကိုယ်ကဒီလို နေလိုက်တော့ အခြားကောင်းကောင်းမွန်မွန်နေတဲ့  စင်္ကာပူပြန်မိန်းခလေးတွေကိုလဲ မြန်မာပြည်ဝန်းကျင်က ဒီကောင်မလေးလဲ ဒီလိုပဲ ဟိုမှာ နေချင်သလိုနေလာမှာပဲလို့ ထင်ကြမှာ မလွဲပါဘူး။ ဒီတော့ဒီကိစ္စကို ၀ိုင်းဝန်းပြီး အသိပေးကြ ဆင်ခြင်စဉ်းစား ခိုင်းစေချင်ကြပါတယ်။

ဒါက အပျိုလူပျိုတွေအတွက်ပါ အိမ်ထောင်တန်းလန်းနဲ့  နေကြတဲ့ သူတွေကတော့ပိုပြီးဆင်ခြင်ရမှာပါ။ ကိုယ့်ဘာသာ ကျေနပ်လို့  ဘယ်လိုပဲ နေနေ ဘာသာရေးအရ ကာမေသု မိစ္ဆာစာရ ကံ နဲ့ ငြိစွန်းလို့ ပြောနေရတာပါ။ ဒီကံကို လွန်ကျူးမိရင် နောင်ဘ၀မှာ အချောက် ဖြစ်ရင်ဖြစ် မဖြစ်ရင် မိန်းမဘ၀ပဲ ဖြစ်တော့မှာပါ။ မြင့်မြတ်တဲ့ ယောင်္ကျားဘ၀ ကိုမရနိုင်တော့ပါဘူး။ မိန်းမဘ၀ပီပီပြင်ပြင်ဖြစ်ရင်လဲ တော်သေးပေါ့။

အခြောက်ကြီး ဖြစ်နေရင်စဉ်းသာ စားကြည့်ပေတော့။ ယောင်္ကျားလေးတွေ မသွားလာမလွန်ကျူးအပ်တဲ့ မိန်းခလေး အယောက် ၂၀ ရှိပါတယ်။ မာတုရက္ခိတ=အမေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ၊ ပိတုရက္ခိတ= အဖေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ ...စသည်ဖြင့်ပေါ့။

ဒီမိန်းမတွေမှာ ကာယကံရှင် မိန်းမလေးက သဘောတူတူမတူတူ ယောင်္ကျားလေးက သွားလာရင် ကာမေသုမိစ္ဆာစာရပါ။ စင်္ကာပူရောက်နေတဲ့ မိန်းခလေးအများစုဟာ အားလုံး မိဘတွေ အုပ်ထိမ်းမှုအောက်မှာ ရှိနေတယ်။ ဒါကြောင့်လဲ ကိုယ့်သမီးကို တဖွဖွ မှာနေ ဖုန်းဆက်နေကြတာပေါ့။ ဒီတော့ လက်မထပ်ပဲ အတူနေနေကြတဲ့ သူတွေ ဒီကိစ္စကို ကျမ်းဂန်တက်ဆရာတော်ကြီးတွေဆီမှာ လျောက်ထား မေးမြန်ကြပါ။ လောကအပြစ်က ခွင့်လွှတ်ပေမဲ့ ဓမ္မအပြစ်က ခွင့်မလွှတ်ပါဘူး။

မိဘတွေအနေနဲ့ လဲ ကိုယ်သားသမီးက ပူဆာတိုင်း မလွှတ်ကြပါနဲ့ ။ ဗုဒ္ဓဘာသာကိုလက်ခံယုံကြည်တယ်ဆိုရင်ပေါ့။ ဒီစာကို ဘယ်သူ့ ကိုမှ ပုတ်ခတ်လို အပြစ်ပြောလိုတဲ့ သဘောမျိုးနဲ့ ရေးတာမဟုတ်ပါဘူး။ ကာမဂုဏ် သာယာမှုအတွက်နဲ့  သံသရာမှာနစ်မွန်းကြမှာ စိုးလို့ ပါ။ အခု အတူုနေကြတဲ့ ချစ်သူတွေဟာ ဒီလိုအပြစ်ရှိတယ်ဆိုတာ တယောက်မှသိမှာမဟုတ်ပါဘူး။ သိတဲ့  သူဆိုရင် ဘယ်တော့မှ ဒီလိုနေဖို့ စိတ်ကူးမိမှာ မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ဒီကိစ္စဟာ တချိန် ကြုံမှာပဲ။ ခဏတာ စောင့်ထိမ်းရတာပါ။ ကိုယ့်ချစ်သူကို တကယ်ချစ်ရင်လဲ ချစ်သူသံသရာမှာ နစ်မွန်းစေမဲ့ကိစ္စကို ခွင့်မပြုသင့်ပါဘူး။စင်္ကာပူမှာနေတဲ့ သူငယ်ချင်းတယောက် အပြောအရ ဒီလိုနေကြတာ ၄၀ ရာနှုန်းလောက်ရှိတယ်တဲ့။ ရင်လေးစရာပါ။နော်တချက်က စင်္ကာပူမှာ လာပြီးနေ ကြသူတွေဟာ ပညာတက်အဆင့်အတန်းမြင့်ကြသူတွေပါ။ အချို့ဆိုရင် နိုင်ငံနဲ့လူမျိုးကို အလွန်ချစ်ကြောင်းနဲ့ နိုင်ငံတော် လူမျိုးအတွက် အလွန်လုပ်ပေးလိုကြောင်း အမြဲပြောကာ လက်ရှိအစိုးရကို အားမလိုအားမရနဲ့ ဝေဖန်နေကြသူတွေ များပါတယ်။ အင်တာနက်ပေါ်၊ အီးမေးတွေနဲ့ facebook နဲ့ ဘလော့တွေပေါ်မှာ စင်္ကာပူက လူတွေ ရေးလိုက်ရင် ကြီးကြီးကျယ်ကျယ်တွေများပါတယ်။ ဒါပေမယ့်လည်း လူ ၁၀၀ မှာ ၄၀ လောက်က LIVING TOGETHER နေနေကြတယ် ဆိုတာတော့ စိတ်ပျက်စရာပါ။ လူ ၁၀၀ မှာ အိမ်ထောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေ နှုတ်ရင် လူ ၆၀ လောက်ကျန်ပါလိမ့်မယ်။ လူ ၆၀ မှာ ၄၀ က LIVING TOGETHER နေတယ် ဆိုတာ အလွန်စိုးရိမ်စရာကောင်းပါတယ်။ ဒီလိုသူတွေက ဒီလိုဖြစ်နေကြရင် အနာဂတ် မြန်မာ့ယဉ်ကျေးမှုအတွက်ရော တိုင်းပြည်အတွက်ရော ရင်လေးစရာပါ။ အမေရိကားရောက်မြန်မာတွေ၊ ဂျပန်၊ ဆွတ်ဇာလန်၊ အင်္ဂလန်နဲ့ တခြား နိုင်ငံရောက် မြန်မာတွေ အားလုံးကလည်း LIVING TOGETHER နေကြပါတယ်။ အနည်းနဲ့ အများပဲကွာတာပါ။ ရုရှား ရောက် မြန်မာ တွေလောက်ပဲ ဒီကစ္စနဲ့ ကင်းနိုင်ကြတာပါ။ ဒါတောင် မနေနိင်မထိုင်နိုင် ရုရှားထိလိုက်သွားတဲ့ တခြားနိုင်ငံရောက် မြန်မာမတွေ ရုရှားထိလိုက်သွားချိန်မှာ LIVING TOGETHER နေတာတွေ တွေ့နေရပါသေးတယ်။ ရာခိုင်နှုံးနဲ့ ကြည့်ရင်တော့ ၀.၂ ရာခိုင်နှုံးလောက်ရှိပါတယ်။




LIVING TOGETHER နေတဲ့ ကိစ္စဆိုတာ မြန်မာ့ဓလေ့ထုံးစံနဲ့ လုံးဝဆန့်ကျင်နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားရောက်နေတဲ့ လက်တစ်ဆုပ်စာ မြန်မာတွေမှာပဲဖြစ်နေကြတာပါ။ အခုနောက်ပိုင်းဆိုရင် တစ်ချို့က ပေါ်ပေါ်ထင်ထင် ကြီးတွေနဲ့ အရှက်ကင်းမဲ့စွာ လုပ်ပြနေကြပါတယ်။ မြန်မာနိုင်ငံက မိဘဘိုးဘွားတွေများ သိရင် ရင်ကျိုးပြီး သေကြပါလိမ့်မယ်။ မြန်မာလူကြီးတွေ လက်မခံပဲ၊ မြန်မာ့ဓလေ့ထုံးစံကို ဆန့်ကျင်တဲ့အပြင် လူငယ်တွေအတွက်ပါ အကျိုးမရှိတဲ့ LIVING TOGETHER ကိစ္စကို အားလုံး ရှုံ့ချ ဆန့်ကျင်ကြပါစို့

http://myanmarexpress.blogspot.com    မှ ကူးယူဖော်ပြသည်


တစ်ချိန်တစ်ခါက အမေရိကန် ပြည်ထောင်စုကို ကြည့်ပြီး ကမ္ဘာက ရင်သပ်ရှုမောအံ့သြခဲ့ကြရတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန် နိုင်ငံက နိုင်ငံ တစ်နံတစ်လျား အဝေး ပြေးလမ်းမကြီးတွေ ဖောက်လုပ်ပြခဲ့ တယ်။ ကမ္ဘာပေါ်မှာ အကောင်း တကာ့ အကောင်းဆုံး ပညာရေး စနစ်တွေ ထူထောင်ဖန်ဆင်းပြတယ်။ ပြီးတော့ လူသားကို လကမ္ဘာပေါ် အရောက်ပို့ပေးခဲ့သေးတယ်မဟုတ် လား။ ဒါပေမယ့် အခုတော့ အရင်လို မဟုတ်တော့ဘူး။ ကြွေးတွေပိပြီး ခေါင်းမဖော်နိုင် ဖြစ်နေရှာတယ်။ ကလေးတွေကစားကြတဲ့ ညောင်ပင် တစ္ဆေကစားနည်းကို ပြန်သတိရမိ တယ်။ ညောင်ပင်တစ္ဆေ ဘယ်မှာနေ လဲမေးတော့ ညောင်ကိုင်းမှာနေတယ် တဲ့။ ဘာစားလဲမေးတော့ ညောင်သီး စားသတဲ့။ ဘာရေသောက်လဲ မေး တော့လဲ ညောင်ရေပဲသောက်တယ် တဲ့။ အခုတော့ အမေရိကန်နိုင်ငံလဲ ညောင်ပင်တစ္ဆေလိုပဲ ဖြစ်နေရှာတယ်။ ကြွေးနဲ့နေ ကြွေးနဲ့စား၊ ကြွေးရေ သောက်ပြီးပေါ့။
 
အကြွေးဇာတ်လမ်း 
 
  ဒီကနေ့ခေတ် အမေရိကန်နိုင်ငံ ဟာ သူ့ရဲ့ အကြွေးဇာတ်ကို ဘယ်လို စတင် ခင်းကျင်းခဲ့သလဲဆိုတာ အကြမ်းဖျင်းလောက်တော့ သိချင်ကြ မှာပါ။ ၁၉၈ဝ ရွေးကောက်ပွဲမှာ ဂျင်မီ ကာတာကို မဲအပြတ်အသတ်နဲ့ အနိုင် ရပြီး Ronald Reagan သမ္မတဖြစ် လာခဲ့တယ်။ အဲဒီအချိန်အမေရိကန် နိုင်ငံမှာ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တရားကြီးကလဲ ကြီးမား၊ အခွန် အတုပ်ကောက်ခံမှုကလဲမြင့်မားနေ တော့ ပြည်သူတွေ ညည်းညူနေကြ တဲ့အချိန်ဖြစ်တယ်။ သမ္မတ ရေဂင်က ဒါတွေအားလုံးဖြတ်ချပစ်မယ်လို့ ကြွေး ကြော်ခဲ့တယ်။ တကယ်လဲ အခွန် အတုပ်တွေကို ဖြတ်ချပစ်ခဲ့တယ်။ ရေဂင်က အခွန်ကို လျှော့ချခဲ့ ပေမယ့် သုံးစွဲမှုကိုတော့ မလျှော့ချ ခဲ့ဘူး။ တစ်ဘက်က အခွန်လျှော့ချ တဲ့အတွက် အစိုးရရဲ့ ဝင်ငွေကျဆင်း သွားတယ်။ အခြားတစ်ဘက်မှာ အသုံးအစွဲကို လျှော့ချခြင်းမရှိတဲ့ အပြင် ပိုတောင်သုံးစွဲလာခဲ့တယ်။ ဒီ တော့ ဒီနှစ်ခုကြားမှာ ကွာဟလာ တယ်။ အကျိုးဆက်က ဘာလဲဆို တော့ ငွေချေးငှားပြီး သုံးစွဲလာရ တယ်။ ရေဂင်လက်ထက်မှာ အမေ ရိကန်နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ- National Debt ဟာ ၁၉၈ဝ မှာ အမေရိကန်ဒေါ်လာ ၇၁၂ ဘီလီယံ ရှိခဲ့ရာမှ ၁၉၈၈ ခုနှစ်မှာ အမေရိ ကန်ဒေါ်လာ နှစ်ထရီလီယံအထိ ဖြစ် သွားတယ်။ အဲဒီအချိန်က အမေရိကန်ဟာ စီးပွားရေး သိပ်ကောင်းနေတဲ့အချိန် ဖြစ်လို့ ဒီအကြွေးလောက်ကိုတော့ ဒါ လေးများ စကားထဲတောင်ထည့် မပြောဘူး ဆိုတဲ့အချိန်။ နောက်ပိုင်း ကာလတွေမှာ ရေဂင်ဟာ အခွန်ကို အကြိမ်ကြိမ် အခါခါတိုးမြှင့် ကောက် ခံခဲ့ပေမယ့် ခြုံငုံသုံးသပ်ရင် သူ သမ္မတ ဖြစ်ခါစကထက် အခွန်ဟာ လျော့နည်းကျဆင်းသွားတယ်။ အရင် က GDP ရဲ့ ၂ဝ ရာခိုင်နှုန်းလောက် ရှိနေခဲ့တဲ့ အခွန်အတုပ်ဟာ သူ အိမ် ဖြူတော်နဲ့ ခွဲခွာချိန် ၁၉၈၉ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ပဲ ရှိတော့တယ်။ ဒါပေမယ့် ရေဂင်လက်ထက်မှာ သုံးစွဲမှုဟာ ထောင်တက်သွားတယ်။ ၁၉၇၁-၂ဝဝ၉ ခုနှစ်များအတွင်း ဘဏ္ဍာငွေ သုံးစွဲမှုဟာ ပျမ်းမျှအား ဖြင့် GDP ရဲ့ ၂ဝ.၆ ရာခိုင်နှုန်းရှိခဲ့ ပေမယ့် ရေဂင်လက်ထက်ကျတော့ ပျမ်းမျှ ၂၂.၄ ရာခိုင်နှုန်းရှိတယ်။ ရေဂင်ဟာ ကဏ္ဍတိုင်းမှာ ငွေကို ရေ လိုသုံးစွဲခဲ့တယ်။ အထူးသဖြင့်တော့ ကာကွယ်ရေး အသုံးစရိတ်ပါ။ ရေဂင်မတိုင်မီ အမေရိကန် သမ္မတတွေဟာ သမ္မတဖြစ်လာရင် ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ကို ဆိုဗီ ယက်ယူနီယံဆီသွားရောက်ပြီး ဆိုဗီ ယက်ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံ တတ်ကြတယ်။ ဒီအစဉ်အလာကို ရေဂင်က ရိုက်ချိုးပစ်ခဲ့တယ်။ ဆိုဗီ ယက်နိုင်ငံဆီ မသွားဘူး။ ကိုယ့်နိုင်ငံ လုံခြုံရေးအတွက် ကိုယ့်ဟာကိုယ် အစီအမံတွေ လုပ်ထားဖို့ပဲလိုတယ် ဆို ပြီး အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို အလွန်အကျွံ ချဲ့ကား သုံးစွဲပစ်ခဲ့တယ်။ Star Wars ဆိုတာ ရေဂင်ခေတ်က ထွက်ပေါ်ခဲ့တဲ့ စီမံကိန်း ဝေါဟာရတစ်ခုပါ။ ရေဂင် လက်ထက်မှာ အမေရိကန်စီးပွားရေး အထူးကောင်းမွန်ခဲ့တဲ့အတွက် သူ့ရဲ့ အသုံးအဖြုန်းတွေကို အမှတ်တမဲ့ ဂရု မထားမိခဲ့ကြဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်း တက်လာတဲ့ အမေရိကန်သမ္မတတိုင်း လိုလိုဟာ အကြွေးနဲ့ နှစ်ပါးသွားကဖို့ စိတ်ကူးပေါက်လာခဲ့ကြတယ်။
 
မျက်ဖြူဆိုက်တဲ့ဘ၀ရောက်လာ
အမေ ရိကန်နိုင်ငံရဲ့ ဖက်ဒရယ်အဆင့်မှာ သာ ကြွေးနဲ့မကင်းတာ မဟုတ်ဘူး။ ပြည်နယ်၊ မြို့နဲ့ ဒေသန္တရ အစိုးရ တွေလဲ ကြွေးမကင်းကြဘူး။ အိမ် ထောင်စုတစ်ခုမှာ အိမ်ထောင်ဦးစီးက စပြီး သားတွေ၊ သမီးတွေအထိ အကြွေးနဲ့မကင်းကြသလိုပဲပေါ့။ ဒီလို အကြွေးနဲ့ ဆယ်စုနှစ် သုံးခုလောက် နေလာလိုက်တာ အခုတော့ အကြွေး လည်ပင်းခိုက်ပြီး မျက်ဖြူဆိုက်တဲ့ ဘဝရောက်လာတယ်။ ဒီကြားထဲ အမေရိကန်သမ္မတ အချို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ ကြပါသေးတယ်။ eorge H.W Gush (ဂျော့ဘုရှ်ရဲ့ဖခင် ၄၁ ဦး မြောက်သမ္မတ)လက်ထက်မှာ အသုံး စရိတ်တွေကိုခြိုးခြံချွေတာသုံးစွဲခဲ့ပြီး သမ္မတ Bill Clinton လက်ထက်မှာြေ<ွကးကင်းသွားတဲ့အပြင် ငွေပိုငွေလျှံ Surplus တွေတောင် ရှိလာခဲ့သေး တယ်။ အဲဒီနောက်ပိုင်း ၂ဝဝ၁ ခုနှစ် မှာ George W. Bush ဟာ အမေရိ ကန်နိုင်ငံရဲ့ ၄၃ ဦးမြောက် သမ္မတ ဖြစ်လာခဲ့တယ်။
ကံဆိုးချင်တော့
ကံဆိုးချင်တော့ သူ သမ္မတဖြစ်လာပြီး သိပ်မကြာမီမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ်ပေါ်လာခဲ့တယ်။ ဂျော့ဘုရှ်ဟာ အခွန်အကောက်တွေကို အကြီး အကျယ် လျှော့ချပစ်ခဲ့တဲ့အပြင် ကျန်း မာရေး စောင့်ရှောက်မှုခံစားပိုင်ခွင့် တွေ ကိုလဲ တိုးမြှင့်ပေးခဲ့တယ်။ အာဖဂန် နစ္စတန်နဲ့ အီရတ်နိုင်ငံတွေမှာ အကြမ်း ဖက်ဆန့်ကျင်ရေး စစ်ပွဲတွေ ဆင်နွှဲ ခဲ့တယ်။ ဒီတော့သမ္မတ ကလင်တန် လက်ထက် က မူးစု ပဲစု စုထားခဲ့ တဲ့ စုဆောင်းငွေတွေ ပြောင်တလင်း ခါသွားတဲ့အပြင် ၂ဝဝ၈ ခုနှစ် ရောက် တော့ အမေရိကန် အမျိုးသားကြွေးမြီ ဟာ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီ ယံအထိ မြင့်တက်လာတယ်။ ဂျော့ ဘုရှ် လက်ထက်မှာ အဆိုးရွားဆုံး ဖြစ်ရပ်က ဆိုင်းမဆင့် ဗုံမဆင့် ဘဏ္ဍာ ရေး ပြဿနာ ဗြုန်းစားကြီး ပေါ် ထွက်လာပြီး အမေရိကန်စီးပွားရေး ရုတ်တရက် ဒလိမ့်ကောက်ကွေး ကျ ဆင်းသွားခြင်းပါပဲ။ ဒီစီးပွားရေးကျဆင်းမှုကြီးက အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်အဆင့် အခွန်ဘဏ္ဍာရငွေတွေကို တိုက်စား ပစ်လိုက်တယ်။ ဒီကြားထဲမှာ စီး ပွားရေး ပြန်လည်ရှင်သန်လာရေး အတွက် အခွန်အတုပ်တွေကို ပိုပြီး လျှော့ချ ဖြတ်တောက်တယ်။ နိုးထ ရှင်သန်ရေး စီမံကိန်းတွေနဲ့ လိုငွေပြ သုံးစွဲမှုတွေ တိုးတက်ပြုလုပ်ခဲ့တယ်။ နောက်ဆုံးတော့ ဒီတစ်နှစ်၊ နှစ်နှစ် ကာလလေးအတွင်းမှာပဲ အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီဟာ အမေရိကန် ဒေါ်လာ ၁၄.၃ ထရီလီ ယံအထိ တိုးမြင့်သွားတော့တယ်။
 
ထိလွယ်ခိုက်လွယ်အခြေအနေ
ကြွေးပြဿနာ ဘယ်လိုရှင်းကြမလဲ အမေရိကန် ဘောဂဗေဒ ပညာ ရှင်အတော်များများက အမေရိကန် စီးပွားရေးဟာ ကွဲလွယ် အက်လွယ် တဲ့ အချိန်ရောက်နေမှန်းသိကြတယ်။ ဒီလိုအချိန်မှာ အသုံးစရိတ်ကိုလဲ မဖြတ်တောက်နဲ့။ ဆက်သုံး။ အခွန် ကိုလဲ မမြှင့်တင်နဲ့။ နဂိုအတိုင်းပဲ ထား သင့်တယ်လို့ ထင်မြင်ယူဆကြ တယ်။ ဒီလိုလုပ်တာက ပိုကောင်း တယ်လို့ မြင်ကြတယ်။ တကယ် တော့ မှန်သင့်သလောက်မှန်ပါတယ်။ ဒီကနေ့ အကောင်းဆုံး စီးပွားရေး မူဝါဒက နိုးထရှင်သန်ရေးအစီအမံ Stimulus တွေပိုလုပ်ပြီး နောင်လာ မယ့် နှစ်တွေမှာ လိုငွေပြသုံးစွဲမှုတွေ ကို လျှော့ချပစ်ဖို့ပါပဲ။ ဒါပေမယ့် ပြဿနာက ဒီလို ကောင်းမွန်တဲ့ မူဝါဒတွေ ကို ကျင့်သုံးဖို့ အမေရိကန် နိုင်ငံအနေနဲ့ လက်လှမ်းမီနိုင်ပါဦး မလား။ အမေရိကန်နိုင်ငံ ရေးသမားတွေ ထဲမှာ အမြင်ကွဲလွဲမှုတွေ ရှိနေတယ်။ အချို့က ပြည်သူ့အကျိုးကို သယ် ပိုးပေးနေတဲ့အစိုးရ- Big Govern-ment နဲ့ လျော့နည်းနိမ့်ကျတဲ့ အခွန် အတုပ်- Low Taxes ကြားမှာ ရွေး ချယ်စရာမလိုဘူး။ ဒီနှစ်ခုစလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ရနိုင် တယ်လို့တွက်ကြတယ်။ ဘဏ္ဍာငွေ က အထူးသဖြင့် လူလတ်တန်းစား တွေနဲ့ အဓိက ပတ်သက်နေတယ်။ ပမာအားဖြင့် ကျန်းမာရေးထောက်ပံ့ငွေ Medicare တို့၊ အိမ်ပေါင်အတိုးနှုန်း လျှော့ချတာတို့ လိုဟာတွေ။ ဒါပေ မယ့် အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ် အဆင့် အခွန်တွေဟာ GDP ရဲ့ ၁၅ ရာခိုင်နှုန်းပဲရှိတယ်။ အင်မတန် လျော့ နည်း နိမ့်ကျနေတယ်။ ဘဏ္ဍာငွေ သုံးစွဲမှုက GDP ရဲ့ ၂၄ ရာခိုင်နှုန်း ရှိတယ်။ ဒီကွာဟမှုကို နိဂုံးချုပ်ဖို့ အတွက်ဆိုရင် အခွန်တိုးမြှင့်ကောက် ခံရေးပဲရှိတယ်။ အခြားနည်းလမ်း မမြင်ဘူး။ အများပြည်သူ ဆန္ဒသဘော ထားကောက်ယူချက်တွေက ပြည်သူ တွေဟာ ကျန်းမာရေး စောင့်ရှောက် မှုအတွက် ထောက်ကူငွေတွေကို ဖြတ်တောက်ရေးနဲ့ နှိုင်းစာရင် အခွန် တိုးကောက်တာကို လိုလားနှစ်သက် ကြကြောင်း ဖော်ပြကြတယ်။ ဒါပေ မယ့် အမေရိကန်နိုင်ငံအတွက် တကယ့်လိုအပ်ချက်ကတော့ ထောက်ကူငွေကိုလဲ ဖြတ်၊ အခွန်ကို လဲ တိုးကောက်ဖို့ပဲဖြစ်တယ်။ ဇာတ်ဆရာကြီး ကွန်ဂရက် အမေရိကန်နိုင်ငံရေး သမားတွေ အဲသလို လုပ်နိုင်ပါ့မလား။ အမေရိ ကန် ကွန်ဂရက်လွှတ်တော်ကြီးက ရော လုပ်ရဲ ကိုင်ရဲတဲ့သတ္တိ ရှိပါ့ မလား။
 
 ကွန်ဂရက်အတွင်းမှာအကွဲကွဲအပြားပြား
 
ထောက်ကူတွေ ဖြတ်တောက် ရေးနဲ့ အခွန်တိုးကောက်ရေး အတွဲ ဟာ ၂ဝ၁၂ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဆွယ်တရား ဟောကြချိန်မှာ အဓိကဆွေးနွေးငြင်း ခုံပြောဆိုကြရမယ့် မူဝါဒသဘော တရားတိုက်ပွဲ ဖြစ်လာနိုင်ခြေရှိတယ်။ သြဂုတ်လဆန်း အြေ<ွကး ကန့် သတ်ဘောင် တိုးမြှင့် စဉ်တုန်းက အမေရိကန် ကွန်ဂရက် လွှတ်တော်ဟာ အကွဲကွဲအပြားပြား ဖြစ်နေတာတွေ့မြင်ခဲ့ကြရတယ်။ ဒီလို ကွဲပြားနေမှုကြောင့် ကွန်ဂရက်ဟာ မလှုပ်မရှားနိုင်ဖြစ်ခဲ့ရတယ်။ အကြွေး ကန့်သတ်ဘောင်ကို ကွန်ဂရက်က တိုးမြှင့်ပေးခဲ့တယ်ဆိုပေမယ့် အခွန် တိုးကောက်ရေး လက်ရှောင်ခဲ့ပြီး ထောက်ကူငွေ ဖြတ်တောက်ရေးကို ရွေးကောက်ပွဲလွန်ကာလအထိ ရွှေ့ ဆိုင်းခဲ့တယ်။ ၂ဝ၁၂ ဘတ်ဂျက် အပေါ် အမှန်တကယ် ဖြတ်တောက် ငွေကလဲ အမေရိကန်ဒေါ်လာ ၂၁ ဘီ လီယံ လောက်ပဲရှိတယ်။ သုံးစွဲဖို့ လျာ ထားငွေ အမေရိကန်ဒေါ်လာ ၃.၇ ထရီလီယံထဲက ၂၁ ဘီလီယံပဲ ဖြတ် တောက်ခဲ့တယ်ဆိုတော့ ရယ်စရာ ဖြစ်ခဲ့ရတယ်။
 
အိုဘားမားလက်ထက် ဘဏ္ဍာရေးဆိုင်ရာ ထိပ်တန်းရာထူးတွေမခန့်အပ်နိုင်
အိုဘားမားအစိုးရအဖွဲ့ဟာ တာ ဝန်ထမ်းရွက်နေတာ နှစ်နှစ်ကျော် ခဲ့ ပြီဖြစ်ပေမယ့် လွှတ်တော်အတွင်း အကွဲကွဲအပြားပြားဖြစ်နေမှုကြောင့် မခန့်အပ်ရသေးတဲ့ ရာထူးတွေ ရာနဲ့ ချီပြီးရှိနေတယ်။ အမေရိကန် ဘဏ္ဍာ ရေးဌာနမှာ ထိပ်တန်းရာထူးတွေ လစ်လပ်လျက်ရှိတယ်။ မခန့်ရသေး ဘူး။ ကွန်ဂရက်က သဘောမတူလို့။ ဒါမှမဟုတ် နှောင့်နှေးကြန့်ကြာ အောင် တမင်လုပ်ထားတဲ့အတွက် ကြောင့်လဲဖြစ်နိုင်တယ်။ ဒီတော့ ကွန် ဂရက်က အလုပ်မဖြစ်ဘူး။ အထက် လွှတ်တော်မှာ ဥပဒေကြမ်း ၈ဝ ရာခိုင်နှုန်းလောက်ဟာ ရီပတ်ဘလီ ကန်အမတ်တွေ သဘောမတူမှု ကြောင့် သောင်မတင်ရေမကျ တိုးလို့ တန်းလန်းဖြစ်လျက်ရှိတယ်။ လောလောဆယ် လွှတ်တော် အတွင်းမှာ အမေရိကန် နိုင်ငံရေး ပါတီတွေဟာ သန့်ရှင်းတဲ့ သဘော တရားတွေကိုင်စွဲပြီး တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ဥရောပ ပါလီမန် တွေမှာလို အလုပ်လုပ်နေကြတယ်။ တကယ်တော့ အမေရိကန် စနစ်က ဒီလိုမဟုတ်ဘူး။ လူတစ်ဦး ဒါမှ မဟုတ် တစ်ပါတီက လုံးလုံးလျား လျား အာဏာကို ချုပ်ကိုင်မထားနိုင် အောင် လုပ်ထားတဲ့ စနစ်ကြီးဖြစ် တယ်။ ဆိုလိုတာက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပြီး အဖြေရှာနိုင်အောင် လုပ် ထားတဲ့စနစ်ဖြစ်တယ်။ တကယ် တော့လဲ ဘယ်ပါတီကပဲ အစိုးရ ဖြစ် လာဖြစ်လာ လွှတ်တော်အတွင်းမှာ ပါတီအချင်းချင်း လက်တွဲပြီး ဆောင် ကြဉ်းနိုင်ခဲ့ကြတာချည်းပါပဲ။ ဒါပေ မယ့်...။
 
တီးပါတီ  
 
 မကြာသေးမီက ရီပတ်ဘလီ ကန်ပါတီအတွင်းအမြစ်မြေလှန် တော် လှန်ရေးသမားအချို့ ပေါ်ထွက်လာ တယ်။ သူတို့တစ်တွေကို ပေါင်းစု ပြီး တီးပါတီ -Tea PartYers လို့ သမုတ် ထားကြတယ်။ ပြီးခဲ့တဲ့ ရွေးကောက် ပွဲ နောက်ပိုင်းပေါ်ထွက်လာခဲ့တာပါ။ အစောပိုင်းမှာ ဘာရယ်လို့ မဟုတ် ပေမယ့် ၂ဝ၁ဝ သက်တမ်းထက် ဝက်ရွေးကောက်ပွဲကာလတုန်းက ဒီမို ကရက်တစ်အမတ်နေရာ ၆ဝ ကျော် လောက်ကို ပြုတ်ကျသွားစေခဲ့တဲ့ အတွက် သူတို့ရဲ့ စွမ်းပကားကို ဘယ် သူကမှ အထင်မသေးရဲကြတော့ဘူး။ အကြွေးကန့်သတ်ဘောင်ဆွေး နွေးပွဲတုန်းက သူတို့ရဲ့ တောင်းဆို ချက်ကို အခြားသော ရီဘတ်ဘလီ ကန်အမတ်တွေ မတွန်းလှန်ရဲခဲ့ကြ ဘူး။ သူတို့က အခွန်အကောက်တိုး မြှင့်ရေးကို လုံးဝ လက်မခံနဲ့။ အို ဘားမားအစိုးရ ရဲ့ ဘဏ္ဍာငွေ အရမ်း ကာရော သုံးစွဲမှုတွေကို ဖြတ်တောက် ပစ်လို့ ရီပတ်ဘလီကန်အမတ်တွေ ကို အမိန့်ပေး ညွှန်ကြားခဲ့ကြတယ်။ ပြီးတော့ သူတို့ကပဲ ရီပတ်ဘလီကန် အမတ်တွေကို ခင်ဗျားတို့ကို ကျုပ်တို့ က တင်မြှောက်ထားတာနော်။ တို့ ပြောသလို မလုပ်ရင် တို့ကဖြုတ်ချပစ် နိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ကြ သေးတယ်။ ဒီတော့ ရီပတ်ဘလီကန် အမတ်တွေ တုတ်တုတ်မျှ မလှုပ်ရဲခဲ့ ကြဘူး။ တီးပါတီက အမိန့်ပေးတဲ့ အတိုင်း လိုက်နာခဲ့ကြရတယ်။ သိကြတဲ့အတိုင်းပါပဲ။ ကန့် သတ်ဘောင်ကို တိုးမြှင့်ပေးတဲ့ ဆွေး နွေးညှိနှိုင်းမှုမှာ ရီဘတ်ဘလီကန် အမတ်တွေဘက်က တစ်ပြားသားမှ အလျှော့မပေးဘဲ ဒီမိုကရက်တစ် ဘက်ကပဲ တစ်ဘက်သတ် လျှော့ ပေးခဲ့ရတယ်။ ဒါကြောင့် အကြွေး ကန့်သတ်ဘောင်တိုးမြှင့်ရေး ဆွေးနွေး ပွဲဟာ တီးပါတီရဲ့ ပြန်ပေးဆွဲခံခဲ့ရ တယ်လို့ အများက ဝေဖန်ပြောဆို ခဲ့ကြတယ်။ တီးပါတီဟာ ရီပတ်ဘလီကန် ပါတီ ပရဝုဏ်အတွင်းက လူနည်းစု အုပ်စု တစ်စုသာဖြစ်ပေမယ့် အမျိုး သားရေးကို ဦးထိပ်ထားပြီး အမေရိ ကန်နိုင်ငံရေးလောကကို မောင်ပိုင်စီး ဖို့ ကြိုးပမ်းလာတယ်။ အစွန်းရောက် အမြင်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုကို ပစ် ပယ်တဲ့ အဖွဲ့အစည်းဖြစ်လာတယ်။ သူတို့က အမေရိကန် ကွန်ဂရက် လွှတ်တော်ကို အများစု အုပ်ချုပ်မှုက နေပြီး လူနည်းစု အုပ်ချုပ်ရေးဆီသို့ အသွင်ကူးပြောင်းချင်ပုံရတယ်။ တကယ်လို့ တစ်နေ့ တီးပါတီ ဝင် Tea Partyers အမေရိကန် နိုင်ငံ ရေးလောကမှာ အာဏာရလာပြီး လက်ယာစွန်း လမ်းစဉ်ကိုသာ ရွေး ချယ်ခဲ့ရင် ကမ္ဘာသူ၊ ကမ္ဘာသားများ အတွက် ကြေကွဲဝမ်းနည်းဖွယ်တွေနဲ့ များ ကြုံတွေ့ရနိုင်သလား...။
 
ရှေ့ဘာဆက်လုပ်ကြမလဲ
  ဒီကနေ့ အမေရိကန် စီးပွားရေး ဟာ လမ်းဆုံလမ်းခွရောက်နေတယ်။ နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက် က အခရာကျလာတယ်။ တစ်နည်း ပြောရရင် စီးပွားရေး ပြဿနာ အဝိုင်း အဝန်းကို ကျော်လွန်သွားခဲ့ပြီး နိုင်ငံ ရေး ပြဿနာဖြစ်လာတယ်။ နိုင်ငံရေး သမားတွေအနေနဲ့ လမ်းတစ်လမ်း တော့ ရွေးကြရမယ်။ လမ်းမှားလိုက် ခဲ့ရင်တော့ အမေရိကန် စီးပွားရေး ခေါင်းထောင်မှ ထောင်နိုင်ပါ့တော့ မလား...။ 
မင်းရွှေမောင်
Ref: Fareed Zakaria: " The Debt Deals Failure" Time. Aug, 15, 2011.
ဒီလင့် လေးက  ကူးယူဖော်ပြတယ်



  • ၀ီကီလိ ၀က်ဆိုက်က အကုန်ဖွင့်ချလိုက်ပြီ၊ မြန်မာပြည်အကြောင်း အများအပြား ပါဝင် - မိုးမခ click here
  • ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးနှင့် ကိုယ်တိုင်ရေးဆောင်းပါးများ ဖော်ပြခွင့်ရ - ဒီဗွီဘီ click here
  • DKBA ကို အသိအမှတ်မပြုကြောင်း KSDDP သဘောထားထုတ်ပြန် - KIC click here
  • လူထုကြားမှာ DKBA ရှိဆဲ - ဗွီအိုအေ click here
  • DKBA အဖွဲ့ နယ်ခြားစောင့်တပ်အဖြစ်ပြောင်း - ဘီဘီစီ click here
  • ကချင်ကျေးရွာတွေ အဓမ္မ ရွှေ့ပြောင်းခံရ - အာရ်အက်ဖ်အေ click here
  • အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်းမှု ရှမ်းမပါ - ဘီဘီစီ click here
  • မြန်မာ့အရေး EU ချဉ်းကပ်ပုံ တာဝန်မဲ့လုပ်ရပ်ဖြစ်နေ - အာရ်အက်ဖ်အေ click here
  • ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အခွန်လျှော့ချရန် သမ္မတထံ တင်ပြ - ဒီဗွီဘီ click here
  • နိုင်ငံခြားသား သတင်းထောက်တချို့ လွှတ်တော်သတင်း တက်ယူခွင့်ရ - အာရ်အက်ဖ်အေ click here
  • အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ နေပြည်တော်မှာ ကျင်းပမည် - အာရ်အက်ဖ်အေ click here
  • နိုင်ငံရေးအကျဉ်းသား ၄ ဦး ထပ်တိုးလာကြောင်း AAPP ကြေညာချက်ထုတ် - အာရ်အက်ဖ်အေ click here
  • နိုင်ငံရေးအကျဉ်းသား အသည်းကင်ဆာဖြစ် - အာရ်အက်ဖ်အေ click here
  • သံဃမဟာနာယက အဖွဲ့က မိုးပြာဆရာတော်ကို အနိုင်ကျင့် ထောင်ချသလား - မောက္ခ click here
  • အစိုးရ ကမ်းလှမ်းချက်တွေ မရိုးသားဘူးလို့ ဗကပ ဝေဖန် - ဘီဘီစီ click here
  • စစ်သား နှင့် ရဲ က နွားကုန်သည်များထံ ကျပ် သုံးသိန်းကျော် ငွေညှစ် - ခိုနူမ်းထုန် click here
  • ARAKAN ကို တရားမ၀င် အသုံးပြုနေခြင်းကို ကန့်ကွက်သည့် အခမ်းနား ရန်ကုန်မြို့တွင် ကျင်းပ - နိရဉ္စရာ click here
  • မန္တလေး ရေကြီးပြီး နှစ်ပတ်ကြာတဲ့ထိ ရေမကျသေး - ဘီဘီစီ click here
  • မြောက်ကိုရီးယားစာ ရန်ကုန်မှာ စားနိုင်ပြီ - ဧရာဝတီဘလော့ဂ် click here
  • ထန်းပင် ထန်းတောတို့  ဝေစည်နိုင်ဦးမည်လား - ဧရာဝတီဘလော့ဂ် click here
  • ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း - မိုးမခ click here
  • မြစ်ကြီးနားက “လုံခြုံရေးအရတိမ်းရှောင်လာသူများ” - မိုးမခ click here
  • သံလွင် ထာဝစဉ် စီးဆင်းရေး - ဗွီအိုအေ click here
  • အိမ်လွမ်းစိတ်နဲ့ တိမ်တိုက်မည်း (ဆောင်းပါး) - မိုးမခ click here
  • ရန်ကုန် တာမွေက ရှာဖွေရေး အနုကြမ်း (ပေးစာ) - နေ့သစ် click here
  • လမ်းပြင်ပေးပါ (ပေးစာ) - နေ့သစ် click here